News @ M-Media
Tag: Canada
  • ထရမ့်ကြောင့် ဒုက္ခရောက်သူများကို ကနေဒါက ယာယီနေထိုင်ခွင့်ပေးမည်
    ထရမ့်ကြောင့် ဒုက္ခရောက်သူများကို ကနေဒါက ယာယီနေထိုင်ခွင့်ပေးမည်
    ဇန်န၀ါရိ ၃၁၊ ၂၀၁၇
    M-Media
    – အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီကြောင့် လေဆိပ်တွင် ဒုက္ခရောက်သူများအတွက် မိမိတို့တိုင်းပြည်က ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမည်ဟု ကနေဒါ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး အဟ်မဒ် ဟူဆန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
    “နိုင်ငံတိုင်းက သူတို့ရဲ့ ပေါ်လစီတွေကို ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကျွန်တော်ပြောချင်တာက ခိုလှုံခွင့်တောင်းခံတဲ့သူတွအတွက် ကာလရှည် ကျင့်သုံးခဲ့တဲ့ တံခါးဖွင့်ရေး ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာပါပဲ”
    ထို့ပြင် မိမိတို့အနေဖြင့် ထရမ့်၏ ဗီဇာပိတ်ပင်မှုကြောင့် ဒုက္ခရောက်သူများအတွက် ယာယီနေထိုင်ခွင့် တိုးပေးသွားမည်ဟုလည်း ဟူဆန်က ထည့်သွင်းပြောကြားခဲ့သည်။
    ထရမ့်မှာ မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံအား ယာယီဗီဇာပိတ်ပင်ခြင်း၊ ဒုက္ခသည်များဝင်ရောက်မှုကို ကန့်သတ်ခြင်း စသည်တို့ပါဝင်သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့သည်။
    ထိုအမိန့်ကြောင့် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ရသူများ၊ ဂရင်းကဒ်ရထားသူများ နိုင်ငံအတွင်း ပြန်လည်ဝင် ရောက်သည့်အခါတွင် ထိန်းသိမ်းခံရမှုများရှိခဲ့ပြီး နိုင်ငံတစ်ဝှမ်း ထရမ့်၏ ထိုအမိန့်ကို ဆန့်ကျင်ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
    ထရမ့်က ဒုက္ခသည်များကို ကန့်သတ်လိုက်ခြင်းကြောင့် မိမိတို့ လက်ခံရန် စီစဉ်ထားသည့် အရေအတွက်ကို တိုးမြှင့်သွားမည်မဟုတ်ဟု ဟူဆန်က ထည့်သွင်းပြောဆိုခဲ့သည်။
    တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထရမ့်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံကို ရက် ၉၀ ဗီဇာပိတ်ပင်ခြင်းမှာ ဘာသာရေးကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။
    “အမေရိကန်ဟာ ပြောင်းရွှေ့အခြေချသူတွေနဲ့ ဂုဏ်တက်ခဲ့တဲ့နိုင်ငံပါ။ ကျွန်တော်တို့အနေနဲ့ ဖိနှိပ်မှုကို ခံစားနေရတဲ့သူတွေကို ဆက်လက်ပြီး စာနာသွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံသားတွေ၊ နယ်စပ်တွေကို ကာကွယ်ရင်းနဲ့ ဒါကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘေးအန္တရာယ်ကင်းကင်း၊ လွတ်လွတ်လပ်လပ်ဖြစ်အောင် ဆောင်ရွက်မှာပါ။ မီဒီယာတွေကို ဒါကို သိတယ်ဗျ။ မပြောကြတာ”
    Ref: Press TV
  • အဟ်မဒ် ဟူဆန် (သို့မဟုတ်) ဒုက္ခသည်ဘ၀မှ ကနေဒါ လ၀က၀န်ကြီး ဖြစ်လာသူ
    အဟ်မဒ် ဟူဆန် (သို့မဟုတ်) ဒုက္ခသည်ဘ၀မှ ကနေဒါ လ၀က၀န်ကြီး ဖြစ်လာသူ
    ဇန်ဝါရီ ၁၂၊ ၂၀၁၇
    M-Media
    ကနေဒါဝန်ကြီးချုပ် (ယာအစွန်နှင့်) အတူတွေ့ရသည့် လ၀က၀န်ကြီး အဟ်မဒ် ဟူဆန် (လယ်)
    – ဆိုမာလီနိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာသူတစ်ဦးကို ကနေဒါနိုင်ငံက ကတ်ဘိနတ်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နဲ့ နိုင်ငံသားဆိုင်ရာ ၀န်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
    အဟ်မဒ် ဟူဆန်ဆိုသူဖြစ်ပြီး အသ် ၁၆ နှစ်အရွယ်ကတည်းက ကနေဒါနိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာခဲ့သူပါ။
    ဟူဆန်ဟာ အွန်တာရီယိုပြည်နယ် ယော့ခ် ဆောက်သ် ၀က်စ်တန်ခရိုင် ကိုယ်စားပြု လွှတ်တော်အမတ်လည်းဖြစ်ပြီး ဆိုမာလီလွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး ဆိုမာလီ-ကနေဒီယန်တစ်ယောက်လည်း ဖြစ်ပါတယ်။
    ၁၉၉၃ ခုနှစ်က ကနေဒါကို ရောက်ရှိခဲ့ပြီးနောက် ဟူဆန်ဟာ တိုရွန်တိုမှာ အခြေချနေထိုင်ခဲ့ပြီး အခုဆိုရင် အသက် ၄၀ ရှိနေပါပြီ။ ဟူဆန်ကတော့ ဆိုမာလီတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေပြီး၊ လွှတ်တော်မှာ ဆိုမာလီတစ်ဦးထက်ပိုပြီး ရှုမြင်ခံရဖို့လည်း မျှော်လင့်နေပါတယ်။
    “လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ကတ်ဘိနတ် ၀န်ကြီးပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်ယောက်ချင်းစီဟာ လူ့အဖွဲ့အစည်းက အတွေ့အကြုံအမျိုးမျိုးကို စားပွဲပေါ် ယူလာကြတာပါ။ ကျွန်တော်လည်း အဲဒီလိုမျိုးပါပဲ။ ကနေဒါကို ရောက်လာတဲ့ ပြောင်းရွှေ့အခြေချသူတစ်ယောက်ရဲ့ အတွေ့အကြုံ၊ လူဝင်မှုကြီးကြပ်ရေး ရှေ့နေတစ်ဦးအဖြစ် ကျင်လည်ခဲ့တဲ့အတွေ့အကြုံ၊ ရာထူးမယူခင် လူမှုတက်ကြွလှုပ်ရှားသူ၊ လူမှုသဟဇာတဖြစ်ရေး စီစဉ်ဆောင်ရွက်သူ၊ လူမှုအသိပညာပေးသူအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်လာတဲ့ အတွေ့အကြုံတွေကို အသုံးချသွားမှာပါ” လို့ ဟူဆန်က ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
    ဟူဆန်ဟာ ကနေဒါမှာ အထက်တန်းကျောင်းပြီးကတည်းက Hamilton-Wentworth ရဲ့ လူမှုဝန်ဆောင်မှုဌာနမှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ တိုရွန်တိုကိုပြန်ကာ York တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။
    မစ္စတာ ဟူဆန်ဟာ ၂၀၀၂ ခုနှစ်မှာ Regent Park Community ကောင်စီကို တည်ထောင်ခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျတဲ့ ဒေသ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်ပေါ်လာရေး ကူညီပေးခဲ့ပါတယ်။
    နိုင်ငံရေးလောကကိုတော့ အတိုက်အခံခေါင်းဆောင် ဒါလ်တန် မက်ဂွင်တီရဲ့ လက်ထောက်အဖြစ် ပြည်နယ်အဆင့်ကနေ စတင်ဝင်ရောက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ လစ်ဘရယ်တွေအနိုင်ရပြီး မစ္စတာ မက်ဂွင်တီ ၀န်ကြီးချုပ်ရုံး ရောက်လာတဲ့အခါမှာ ဟူဆန်လည်း ပါလာခဲ့ပါတယ်။ မက်ဂွင်တီကတော့ ဟူဆန်ဟာ ‘ရိုးဖြောင့်တဲ့ ခေါင်းဆောင်’ ဖြစ်တယ်လို့ အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။
    အိုတာဝါ ဥပေဒတက္ကသိုလ်ကို တက်ရောက်ခဲ့တဲ့ မစ္စတာ ဟူဆန်ဟာ ရာဇ၀တ်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နဲ့ လူ့အခွင့်အရေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်ခဲ့ပြီး ‘ကနေဒါ ဆိုမာလီကွန်ဂရက်’ ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကနေဒါက ဆိုမာလီလူ့အဖွဲ့အစည်းအတွင်း အစွန်းရောက်ဝါဒ သွတ်သွင်းခံရမှုနဲ့ပတ်သက်လို့ မစ္စတာဟူဆန်ဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ပြည်တွင်းလုံခြုံရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
    ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ ဟူဆန်ဟာ အင်္ဂလိပ်၊ ဆိုမာလီနဲ့ ဆွာဟီလီ ဘာသာစကားတို့ကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါတယ်။
    Ref: The Globe and Mail
  • ဆီးရီးယား ဒုက္ခသည် မိသားစုကို သွားတွေ့စဉ် ငိုကြွေးခဲ့တဲ့ ကနေဒါ ၀န်ကြီးချုပ်
    ဆီးရီးယား ဒုက္ခသည် မိသားစုကို သွားတွေ့စဉ် ငိုကြွေးခဲ့တဲ့ ကနေဒါ ၀န်ကြီးချုပ်
    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    canadian-prime-minister-justin-trudeau
    ကနေဒါ ဝန်ကြီးချူပ် ဂျက်စတင် ထရူဒေါတစ်ယောက် ဆီးရီးယားက ဒုက္ခသည်မိသားစုကို သွားရောက်တွေ့ဆုံတဲ့ အချိန် ဖြေမဆယ်နိုင်အောင် ငိုကြွေးခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။
    ဒဗာနင် ဂါရာဘီဒီယန်ဆိုတဲ့ ဆရာဝန်တစ်ဦးနဲ့ မိသားစုဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်က ထရူဒေါ ခွင့်ပြုခဲ့တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက ကနေဒါကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂါရာဘီဒီယန်ဟာ ဆရာဝန်အဖြစ် အသက်မွေးနေပါတယ်။
    “တစ်ကိုယ်ရေစိတ်ခံစားမှုပါ။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျားတို့ကို မြင်ရတဲ့အခါ စိတ်ကောင်းဖြစ်ဖို့ ကျွန်တော့်ကိုကျနော် အားတင်းခဲ့ပါသေးတယ်။ ဒီအချိန်ဟာ ကျွန်တော့်အတွက် အင်မတန် အံ့သြစရာကောင်းတဲ့ အချိန်ပါ။ ပြီးတော့ ဒါဟာ ကနေဒါနိုင်ငံရဲ့ အကောင်းဆုံးကို ရောင်ပြန်ဟပ်တာလည်း ဖြစ်ပါတယ်” လို့ သူ့ရဲ့ စိတ်မထိန်းနိုင်မှု အကြောင်းအရင်းကို ဖွင့်ဟခဲ့ပါတယ်။
    ဂါရာဘီဒီယန်ကလည်း ကနေဒါက သူတို့ကို ကြိုဆိုတဲ့အတွက်၊ ကနေဒါနိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ဂုဏ်ယူမိတယ် လို့ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆီးရီးယားဒုက္ခသည် ၃၅၀၀၀ လောက်ဟာ ကနေဒါကို ရောက်ရှိလာခဲ့ပါတယ်။ အစိုးရရဲ့ ဒီဒုက္ခသည်လက်ခံတဲ့ အစီအစဉ်ကို ကနေဒါပြည်သူ ၄၈ ရာခိုင်နှုန်းလောက်က နှစ်သက်ကြပြီး နောက်ပိုင်းလေ့လာမှုတွေအရတော့ ဒီအစီအစဉ်ကို လက်မခံတဲ့သူတွေက ပိုများခဲ့ပါတယ်။
    ref:Channel 4 News
  • ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
    ဇွန် ၈၊ ၂၀၁၆
    M-Media
    abd78902-56cc-4a87-821d-fe6e27506062_16x9_788x442
    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက မွတ်စလင်တွေနဲ့အတူ ဥပုသ်အထွက်မှာ ၀ါဖြေညစာ စားသောက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။
    .
    Facebook စာမျက်နှာပေါ် ရောက်ရှိလာတဲ့ အဲဒီဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှု အကြိမ် ၄ သန်းရှိခဲ့ပါတယ်။ ထရူဒူဟာ အရှေ့အလယ်ပိုင်းနဲ့ အာရှရိုးရာ အစားအသောက်တွေကို စားသောက်ခဲ့တယ်ဆိုတာ အဲဒီဗီယိုဖိုင်မှာ တွေ့ခဲ့ရပါတယ်။
    .
    .
    ref: english.alarabiya.,Justin Trudeau twitter
  • ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်
    ကနေဒါက ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံ လက်ခံမည်
    ဧပြီ ၃၊ ၂၀၁၆
    M-Media
    canada
    – ကနေဒါရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဂျွန် မက်ကော်လမ်က ပြီးခဲ့တဲ့လမှာ ဒုက္ခသည် ၂၅၀၀၀ ကျော် လက်ခံထားပြီးဖြစ်တဲ့ မိမိတို့နိုင်ငံဟာ နောက်ထပ် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀ ထပ်မံလက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
    ကနေဒါ အသံလွှင့်ဌာနဖြစ်တဲ့ CBC ကို အခုရက်ပိုင်းအတွင်း ပြောကြားလိုက်တာဖြစ်ပြီး ဆီးရီးယားဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးချင်နေတဲ့ ကနေဒါအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
    “ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ဆန္ဒကို အလျင်မီအောင် ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ မက်ကောလမ်က ဆိုပါတယ်။
    လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကနေဒါမှာ မတ်လ ၂၈ ရက်အထိ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း ၂၆၂၀၀ ကို လက်ခံထားပြီး တရားဝင်ရောက်လာကြခြင်း မရှိသေးပေမယ့် နောက်ထပ် ၁၆၀၀၀ နီးပါးလောက် စီစစ်နေကာ တစ်ချို့ကို အပြီးသတ်ပြီးပြီလို့လည်း သိရပါတယ်။
    မက်ကောလမ်က ၎င်းအနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ချင်တဲ့ အဖွဲ့တွေရဲ့ လျှောက်လွှာတွေကို မတ်လ ၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားရာကနေ မတ်လ ၃၁ ရက်နေ့အထိတိုးမြှင့်ပေးဖို့ အဆင့်ဆင့်ညွှန်ကြားထားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: IINA