News @ M-Media

Tag: Champions League

  • ချယ်ဆီးကို ချန်ပီယံလိဂ် ယူပေးခဲ့သည့် နည်းပြ ဒီမက်တီယိုအား မော်ရင်ဟို အကောင်းမပြော

    ချယ်ဆီးကို ချန်ပီယံလိဂ် ယူပေးခဲ့သည့် နည်းပြ ဒီမက်တီယိုအား မော်ရင်ဟို အကောင်းမပြော

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    Mourinho pours scorn on Chelsea's Champions League win under Di Matteo
    – ဒီမက်တီယိုလက်ထက် ၂၀၁၂ ခုနှစ်တွင် ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့ခြင်းမှာ ကောင်းမွန်သော စွမ်းဆောင်မှု၏ ရလဒ်ကြောင့် ရရှိခဲ့ခြင်းမဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မော်ရင်ဟို၏ ချယ်ဆီးမှာ ဒီမက်တီယိုကိုင်တွယ်သည့် ရှော်လ်ကာအသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် မန်ဖြန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဒီမက်တီယိုမှာ ၂၀၁၂ ခုနှစ်က ချယ်ဆီးအသင်း၏ ယာယီနည်းပြအဖြစ် FA ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၆ ဖြင့်သာ ရာသီသိမ်းနိုင်ခဲ့သည်။ အဆိုပါ ချန်ပီယံလိဂ် ဆုဖလားမှာ အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ရရှိသည့် ဆုဖလားလည်း ဖြစ်သည်။

    `ချန်ပီယံလိဂ်ဆိုတာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရဲ့ ရလဒ်မဟုတ်ဘူးဆိုတာ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ အဆိုးဝါးဆုံး ဘောလုံးရာသီမှာတောင်မှ ချန်ပီယံလိဂ်ကို ရနိုင်ပါတယ်။ အမှတ်ပေးဇယားမှာ အဆင့် ၅ လောက်ရပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ပါတယ်။ ဟုတ်ပါတယ်။ လီဗာပူးလ်လည်း ဒီလိုရခဲ့သလို ချယ်ဆီးကလည်း ဒီလိုရခဲ့ပါတယ်´ ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဒီမက်တီယို၏ အောင်မြင်မှုများကို အားကျခြင်းထက် မိမိအသင်း၏ လက်ရှိပုံစံကို တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချန်ပီယံလိဂ်တွင် အောင်မြင်ရန် မိမိတွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

  • ချယ်ဆီးနောက် တဆင့်တက်၊ မန်စီးတီး မျှော်လင့်ချက် ပြန်ရလာတဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၅ ပထမနေ့

    ချယ်ဆီးနောက် တဆင့်တက်၊ မန်စီးတီး မျှော်လင့်ချက် ပြန်ရလာတဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၅ ပထမနေ့

    နိုဝင်ဘာ  ၂၆ ၊ ၂၀၁၄
    M-Media

    – ဥရောပချန်ပီယံလိဂ် အုပ်စုလေးခုရဲ့ ပွဲစဉ် ၅ ကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး မော်ရင်ဟိုရဲ့ ချယ်ဆီးနဲ့ ရှက်တာဒိုးနက်တို့ နောက်တစ်ဆင့် တက်ရောက်ခွင့်လက်မှတ် ရသွားခဲ့ပါတယ်။ မန်စီးတီးကလည်း ဘိုင်ယန်ကို နာကျင်အချိန်ပိုဂိုးနဲ့ အနိုင်ယူခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ရေကုန်ရေခန်း ကစားရမှာပါ။

    2186981_w2

    အုပ်စု E

    မန်စီးတီး ၃-၂ ဘိုင်ယန်မြူးနစ်
    စီအက်စ်ကေအေ ၁-၁ ရိုးမား

    အိမ်ကွင်းမှာကစားရတဲ့ မန်စီးတီး အဂူရိုရဲ့ ဟက်ထရစ်နဲ့အတူ အနိုင်ရခဲ့ပေမယ့် ဘိုင်ယန်အပေါ် အသာရခဲ့တာတော့ မဟုတ်ပါဘူး။ ၂၂ မိနစ် ဘီနာတီယာအထုတ်ခံခဲ့ရပြီး ပင်နယ်တီရတဲ့အထိ ဘိုင်ယန်တို့က မန်စီးတီးအပေါ် စိုးမိုးနိုင်ခဲ့တာပါ။ ဒီပင်နယ်တီကို အဂူရိုက အမှားအယွင်းမရှိ ကန်သွင်းပြီး အိမ်ရှင်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ၀ါရင့်တဲ့ဘိုင်ယန်အတွက် မိနစ် ၄၀ နဲ့ ၄၅ မိနစ်တို့မှာ အလွန်ဆိုနဲ့ လီဝမ်ဒေါ့စကီးတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းခဲ့တာကြောင့် မန်စီးတီးတို့ ပြာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ တင်ကစားခဲ့ပြီး လမ်းပတ်နဲ့ ဂျီးဆပ်စ် နာဗက်စ်တို့ရဲ့ ဂိုးတွေကို နျူအာ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပေမယ့် ၈၅ မိနစ်နဲ့ နာကျင်အချိန်ပိုတွေမှာ ရခဲ့တဲ့ အဂူရိုရဲ့ အပိုင်ကန်သွင်းမှု ၂ ကြိမ်ကိုတော့ ဘယ်လိုမှ ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီပွဲအနိုင်ကြောင့် မန်စီးတီးတို့ ရမှတ် ၅ မှတ်နဲ့ ရိုမား စီအက်စ်ကေအေတို့နဲ့ အမှတ်တူနေပြီး နောက်ဆုံး ရိုးမားနဲ့ပွဲကို အနိုင်ကစားရတော့မှာဖြစ်ပါတယ်။

    ရိုးမားကလည်း ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးပိုများမှာဖြစ်ပြီး ၄၃ မိနစ် တော့တီရဲ့သွင်းဂိုးနဲ့ ပွဲချိန်ပြည့်တဲ့အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို ၃ မိနစ်မှာ အိမ်ရှင်အသင်းရဲ့ အလယ်တန်းကစားသမား ဘီရီဇွတ်စကီးရဲ့ အသဲခွဲဂိုးကြောင့် နောက်ဆုံး မန်စီးတီးနဲ့ ပွဲမှာ မဖြစ်မနေ အနိုင်ကန်ရပါတော့မယ်။ စီအက်စ်ကေအေကလည်း ဘိုင်ယန်နဲ့ပွဲကို ဂိုးများများနဲ့ အနိုင်ကစားနိုင်ရင်တော့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိမှာ ဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ပွဲစဉ် ၄ ပြီးကတည်းက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

    အုပ်စု F

    ပီအက်စ်ဂျီ ၃-၁ အေဂျက်စ်
    APOEL ၀-၄ ဘာစီလိုနာ

    ပွဲစဉ် ၄ ကတည်းက နောက်တစ်ဆင့်တက်သွားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ဖိအားမရှိခဲ့ဘဲ ပြိုက်ဘက် ၂ သင်းစလုံးကို အနိုင်ယူနိုင်ခဲ့ပါတယ်။ အေဂျက်စ်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီအတွက် ဂိုးတွေကိုတော့ ကာဗာနီက ၂ ဂိုးနဲ့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ အီဗရာဟီမိုဗစ်က ၁ ဂိုး သွင်းပေးခဲ့တာပါ။  ဘာစီလိုနာအတွက် ဂိုးတွေကိုတော့ မက်ဆီက ဟက်ထရစ်နဲ့  ဆွာရက်ဇ်က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဘာစီလိုနာအတွက် ဆွာရက်ဇ်ရဲ့ ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။

    အုပ်စု G

    ရှော်လ်ကာ ၀-၅ ချယ်ဆီး
    စပို့တင်း ၃-၁ မာရီဘိုး

    မော်ရင်ဟိုရဲ့ ချယ်ဆီးကလည်း အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် အခက်အခဲသိပ်မရှိခဲ့ဘဲ ပထမပိုင်းမှာတင် ၃ ဂိုးပြတ်နေခဲ့တာပါ။ ပွဲအစ ၂ မိနစ် ပထမဆုံး တိုက်စစ်ဆင်မှုမှာပဲ ဂျွန်တယ်ရီက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာက ချယ်ဆီးအတွက် အားဖြစ်စေခဲ့ပါတယ်။ ရှော်လ်ကာကတော့ ချယ်ဆီးကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ဘဲ ၂၉ မိနစ်မှာ ၀ီလီယံ၊ ၇၆ နဲ့ ၇၈ မိနစ်တို့မှာ ဒရော့ဘာ၊ ရာမီးရက်စ်တို့ရဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး နောက်ခံလူ ကီရ်ချော့ဖ်ကလည်း ကိုယ့်ဂိုးကိုယ် သွင်းပေးခဲ့တာကြောင့် ချယ်ဆီးတို့ ၅ ဂိုး ပြတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးတို့ ၁၁ မှတ်ရကာ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

    ပွဲစဉ် ၃ အထိ နိုင်ပွဲမရခဲ့တဲ့ စပို့တင်းတို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ရှော်လ်ကာကို အနိုင်ယူနိုင်ခဲ့ပြီး ဒီမနက်ပွဲမှာလည်း မာရီဘိုးကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာကြောင့် ၇ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီပွဲမှာလည်း မန်ယူရဲ့ အစွန့်ပစ်ခံကစားသမား နာနီ အထူးခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင်လည်း ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ ရှော်လ်ကာက ၅ မှတ်ရထားပြီး နောက်ဆုံးပွဲမှာ မာရီဘိုးနဲ့ တွေ့မှာဖြစ်တာကြောင့် အနိုင်ရဖို့များနေပြီး ချယ်ဆီးနဲ့တွေ့မယ့် စပို့တင်း အနိုင်ကစားနိုင်မှ နောက်တစ်ဆင့်တက်ဖို့ သေချာမှာဖြစ်ပါတယ်။

    အုပ်စု H

    BATE ၀-၃ ပေါ်တို
    ရှက်တာဒိုးနက် ၀-၁ ဘီဘာအို

    ပြီးခဲ့တဲ့ပွဲကတည်းက နောက်တစ်ဆင့်တက်ဖို့ သေချာခဲ့တဲ့ ပေါ်တိုတို့ အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာအတွက် ကြိမ်းသေသွားခဲ့ပါတယ်။ ရှက်တာဒိုးနက်ကလည်း ဘီဘာအိုနဲ့မကစားခင်မှာပဲ ပေါ်တိုရဲ့အနိုင်ကြောင့် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

  • ချန်ပီယံလိဂ်တွင် အသင်း၏ခြေစွမ်း ကျဆင်းမှုကို နားမလည်နိုင်ဟု မန်စီးတီးနည်းပြဆို

    ချန်ပီယံလိဂ်တွင် အသင်း၏ခြေစွမ်း ကျဆင်းမှုကို နားမလည်နိုင်ဟု မန်စီးတီးနည်းပြဆို

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    I don't understand why Manchester City can't perform in Europe
    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မိမိအသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် မည်သည့်အတွက်ကြောင့် ခြေစွမ်းမပြနိုင်သည်ကို ပြောမပြတတ်တော့ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ယနေ့နံနက်က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သော စီအက်စ်ကေအေမော်စကိုနှင့်ပွဲတွင် မန်စီးတီးမှာ ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက် ရှုံးပွဲလည်း ဖြစ်ခဲ့သည်။

    ထိုပွဲတွင် ဖာနန်ဒင်ဟိုနှင့် Playmaker တိုးယေးတို့မှာလည်း အထုတ်ခံခဲ့ရပြီး ပယ်လီဂရီနီကမူ အသင်းတွင် လုပ်ဆောင်စရာ အများကြီးရှိနေသးသည်ဟု ၀န်ခံခဲ့သည်။

    “သူတို့အားလုံးဟာ အရေးကြီးတဲ့ ကစားသမားတွေပါ။ ဒါ့ကြောင့် သူတို့ဘာလို့ ချန်ပီယံလိဂ်မှာ ကောင်းကောင်းမကစားနိုင်သလဲဆိုတာကို ကျွန်တော် နားမလည်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် ဒီလိုစွမ်းဆောင်ရည် နိမ့်သလဲဆိုတာကို နားလည်ဖို့ ကိစ္စတော်တော်များများကို ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပွဲအပြီးတွင် ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    ၄ ပွဲကစားပြီးချိန်တွင် အုပ်စု A ၌ ဘိုင်ယန်မှာ နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီး ရိုးမားနှင့် စီအက်ကေအေမော်စကိုတို့က ၄ မှတ်စီဖြင့် ဒုတိယနှင့် တတိယ နေရာတွင်ရှိနေကာ မန်စီးတီးမှာ ၂ မှတ်ဖြင့် အုပ်စုအောက်ဆုံးကို ရောက်ရှိနေသည်။ လာမည့် ၂ ပွဲတွင်လည်း ဘိုင်ယန် ရိုးမားတို့ဖြင့် ကစားရမည်ဖြစ်သောကြောင့် မန်စီးတီးအနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် ရုန်းကန်ရဖွယ်ရှိနေသည်။

  • ၃ ဂိုးပြတ်နိုင်နေရာမှ သရေကျခဲ့သည့် အန်ဒါလက်ခ်ျနှင့် ပွဲအတွက် စိတ်ပျက်မိသည်ဟု  အာဆင်ဝင်းဂါးဆို

    ၃ ဂိုးပြတ်နိုင်နေရာမှ သရေကျခဲ့သည့် အန်ဒါလက်ခ်ျနှင့် ပွဲအတွက် စိတ်ပျက်မိသည်ဟု အာဆင်ဝင်းဂါးဆို

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    555301_heroa
    – ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် အန်ဒါလက်ခ်ျအသင်းနှင့်ပွဲတွင် အသင်း၏ ရလဒ်အတွက် စိတ်ပျက်မိပြီး ဖြုန်းတီးမှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    ထိုပွဲ အနိုင်ရရှိပါက နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရောက်နိုင်မည့် အာဆင်နယ်မှာ မိနစ် ၆၀ အထိ ၃ ဂိုးပြတ်ဖြင့် ဦးဆောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ၃ ဂိုးပြန်ပေးရကာ သရေတစ်မှတ်သာ ရခဲ့သည်။

    “ရလဒ်က သိပ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ပထမချေပဂိုးက လူကျွံအနေအထားကနေ ပေးလိုက်ရတဲ့အတွက် ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ နောက်ပြီး (၃ ဂိုးပြတ်နေတဲ့ အချိန်မှာ) ကျွန်တော်တို့အလုပ်ပြီးသွားပြီလို့ထင်ပြီး အာရုံစူးစိုက်မှုလည်း လျော့ခဲ့ပါတယ်။ ပွဲကိုအဆုံးသတ်ဖို့အတွက် ကျွန်တော်တို့ ပြသနာရှိခဲ့ပြီး ခံစစ်ကလည်း ပွဲအစကနေ အဆုံးအထိ ဆိုးရွားခဲ့ပါတယ်” ဟု အာဆင်ဝင်းဂါက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အာဆင်နယ် ပါဝင်သည့် အုပ်စု D တွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှာ ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီး အာဆင်နယ်မှာ ပွဲစဉ် ၅ တွင် အနိုင်ကစားနိုင်ပါက နောက်တစ်ဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

    အန်ဒါလက်ချက်နှင့်ပွဲအတွက် စိတ်ဆိုခြင်း သို့မဟုတ် စိတ်ပျက်ခြင်း ရှိလားဟု မေးမြန်းရာ အာဆင်ဝင်းဂါးက ၂ ခုစလုံးဖြစ်ကြောင်း၊ သို့ရာတွင် အန်ဒါလက်ခ်ျမှာလည်း အသင်းကောင်းတစ်သင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • ဂိုအပြန် အလှန်သွင်းမှုတွေနဲ့ အတူ နောက် တစ်ဆင့်တက်တဲ့ ၄ သင်း ပေါ်ထွက်လာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ

    ဂိုအပြန် အလှန်သွင်းမှုတွေနဲ့ အတူ နောက် တစ်ဆင့်တက်တဲ့ ၄ သင်း ပေါ်ထွက်လာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    ချန်ပီယံလိဂ် ကျန်တဲ့ အုပ်စု ၄ ခုရဲ့ အုပ်စု ပွဲစဉ် ၄ ကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဘိုင်ယန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ပေါ်တိုတို့ အနိုင်ရကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင် ခဲ့ပါပြီ။ မန်စီးတီးကတော့ အိမ်ကွင်းမှာ စီအက်စ်ကေအေကို အရှုံးပေးခဲ့ရပြီး၊ ချယ်ဆီးကလည်း မာရီဘိုးကို အဝေးကွင်းမှာ အခွင့်အရေးတွေရခဲ့ပေမယ့် ၁ ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။

    အုပ်စု E
    ဘိုင်ယန် ၂-၀ ရိုးမား
    မန်စီးတီး ၁-၂ စီအက်စ်ကေအေ
    2177693_w2
    ပွဲစဉ် ၃ ရောမမြေမှာ ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်တို့ အိမ်ကွင်းမှာလည်း ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ ပွဲအစပိုင်းမှာ ရိုးမားတို့ အသာရခဲ့တာကြောင့် အိမ်ရှင်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ၃၈ မိနစ်မှာ ရီဘာရီက အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘိုင်ယန်တို့ လုံးဝ ပုံစံပြောင်းသွားပြီး ရိုမားမားဘက်ကို ပြန်ဖိအားပေးနိုင်ခဲ့ကာ ၅၄ မိနစ်မှာ ဂေါ့ဇီက ဧရိယာအတွင်းထဲကနေ အပြင်းကန်သွင်းပြီး ဘိုင်ယန်တို့အတွက် ဒုတိယဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဂါဗင်ဟိုနဲ့ နိုင်ဂိုလန်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို နျူအာကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ သက်သာရာရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်ဟာ ချန်ပီယံလိပ်အုပ်စုအဆင့်မှာ အုပ်စုပထမနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ ပထမဆုံး ဂျာမန်ကလပ် ဖြစ်လာပါတယ်။
    2177603_w2
    မန်စီးတီးကတော့ အိမ်ကွင်းမှာ ကစားသမား နှစ်ယောက်အထုတ်ခံရမှုနဲ့အတူ စိတ်ပျက်စရာ အရှုံးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ဒမ်ဘီယာရဲ့ အဖွင့်ဂိုးကို အိမ်ရှင်တို့ ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်စီးတီးတို့အတွက် ၈ မိနစ်မှာ ယာယာတိုးယေးက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း မန်စီးတီး ကသာ ဖိကစားနိုင်ခဲ့ပေမယ့် စီအက်စ်ကေအေရဲ့ တန်ပြန်တိုက်စစ်ဟာ အိမ်ရှင်နောက်တန်းကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီတန်ပြန်တိုက်စစ်ကနေပဲ ၃၄ မိနစ်မှာ ဒမ်ဘီယာက အနိုင်ဂိုးသွင်းပေးခဲ့တာပါ။ ဒုတိယပိုင်း မိနစ် ၇၀ နဲ့ ၈၂ မိနစ်မှာတော့ ဖာနန်ဒင်ဟိုနဲ့ တိုးယေးတို့ အထုတ်ခံခဲ့ရပါတယ်။ အင်္ဂလန်မြေမှာ ပထမဆုံးအနိုင်နဲ့အတူ စီအက်စ်ကေအေတို့ ၄ မှတ်ရခဲ့ပြီး ရိုးမာနဲ့ အမှတ်တူကာ နောက်တစ်ဆင့် တက်ရေးအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ မန်စီးတီးကတော့ ၂ မှတ်နဲ့ အောက်ဆုံးမှာပါ။

    အုပ်စု F
    ပီအက်စ်ဂျီ ၁-၀ APOEL
    အေဂျက် ၀-၂ ဘာစီလိုနာ

    ပီအက်စ်ဂျီတို့ကတော့ အိမ်ကွင်းမှာ အေးအေးဆေးဆေး ကစားသွားပြီး ဂိုးသွင်းစက် ကာဗာနီရဲ့ ပွဲအစ ၁ မိနစ် သွင်းဂိုးနဲ့ အနိုင် ၃ မှတ်ရယူကာ နောက်ဆုံး ၃ နှစ်ဆက်တိုက်အဖြစ် နောက် တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကာဗာနီရဲ့ ဒီဂိုးဟာ ပီအက်စ်ဂျီအတွက် ဥရောပပြိုင်ပွဲ အမြန်ဆုံးဂိုးလည်း ဖြစ်ပါတယ်။
    2177900_w2
    အဝေးကွင်းမှာ သွားကစားခဲ့ရတဲ့ ဘာစီလိုနာကလည်း အခက်အခဲမရှိခဲ့ဘဲ မက်ဆီရဲ့ ၃၆ မိနစ်နဲ့ ၇၆ မိနစ်တွေမှာ သွင်းယူပေးခဲ့တဲ့ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    အုပ်စု G
    မာရီဘိုး ၁-၁ ချယ်ဆီး
    စပို့တင်းလစ္စဘွန်း ၄-၂ ရှော်လ်ကာ

    2178034_w2
    ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၆ ဂိုး ပြတ်နဲ့ အနိုင်ယူထားတဲ့ ချယ်ဆီး ဒီနေ့ မနက်ပွဲမှာတေ့ ဟဇာဒ့်ရဲ့ ပင်နယ်တီမ၀င်မှုနဲ့အတူ သရေတစ်မှတ်သာ ရခဲ့ပါတယ်။ ချယ်ဆီးတို့ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကိုတော့ အိမ်ရှင် မာရီဘိုးတို့က မိနစ် ၅၀ မှာ ရရှိခဲ့တာဖြစ်ပြီး အီဗရိုင်မီက သွင်းပေးခဲ့တာပါ။ ချယ်ဆီးတို့ကတော့ ဂိုးပေါက် ကန်သွင်းခွင့် ၁၀ ကြိမ်လောက်ရပြီး အပိုင်ဂိုးသွင်းခွင့် ၅ ကြိမ်လောက်ကို မာရီဘိုးဂိုးသမား ဟန်ဒါနိုဗစ်က လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ချယ်ဆီးအတွက် လိုအပ်နေတဲ့ ချေပဂိုးကို မာတစ်က ၇၃ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပွဲပြီးကာနီးမှာ ပင်နယ်တီ တစ်လုံးရခဲ့ပေမယ့် ဟဇာဒ့်ရဲ့ ကန်သွင်းမှုကို ဟန်ဒါနိုဗစ်က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာကြောင့် ချယ်ဆီးတို့ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    ပေါ်တူဂီမှာကစားခဲ့တဲ့ စပို့တင်းတို့ရဲ့ ပွဲကတော့ မြိုင်ခဲ့ပြီး မန်ယူကွင်းလယ်လူဟောင်း နာနီရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရှော်လ်ကာကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဂျာမနီမြေမှာ ကစားတုန်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရှော်လ်ကာတို့ ဒီပွဲမှာတော့ စပို့တင်းဂိုးပေါက်ကို ၂ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ရတဲ့ ၂ ဂိုးမှာလည်း ၁ ဂိုးက ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရခဲ့တာပါ။ စပို့တင်းအတွက် ဂိုးတွေကိုတော့ ၂၅၊ ၅၂၊ ၇၂ မိနစ်မှာ ဆာရ်၊ ဂျက်ဖာဆန်၊ နာနီတို့နဲ့ နောက်ဆုံး မိနစ်မှာ ဆလိုင်မာနီကတို့က အသီးအသီး သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ၄ မှတ်ရသွားတဲ့ စပို့တင်း ၅ မှတ်ရထားတဲ့ ရှော်လ်ကာရဲ့အောက် တတိယနေရာမှာ ရှိနေကာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှန်သန်လာပါပြီ။

    အုပ်စု H
    ဘီဘာအို ၀-၂ ပေါ်တို
    ရှက်တာဒိုးနက် ၅-၀ BATE

    ပေါ်တိုကလည်း အဝေးကွင်းမှာ ဘီဘာအိုကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ရမှတ် ၁၀ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ၃ ပွဲကစားပြီး ၁ မှတ်သာရထားတဲ့ ဘီဘာအိုတို့ ကြိုးစားကစားခဲ့ပေမယ့် အရည်အသွေးပိုင်းမှာ ပေါ်တိုကို မယှဉ်နိုင်ခဲ့ဘဲ ပေါ်တိုဂိုးပေါက်ကိုလည်း တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ပေါ်တိုအတွက် ဂိုးတွေကိုတော့ မာတီနက်ဇ်နဲ့ ဘရာဟီမီတို့က ၅၆ နဲ့ ၇၃ မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

    ရှက်တာဒိုးနက်ကတော့ အိမ်ကွင်းမှာ အက်ဒရီယာနိုရဲ့ ဟက်ထရစ်နဲ့အတူ ၁၆ သင်းအဆင့်တက်ဖို့ သေချာသလောက်ဖြစ်သွားပြီး နောက်ပွဲမှာ သရေတစ်မှတ်သာလိုပါတော့တယ်။