News @ M-Media

Tag: Champions League

  • ဘေဆယ် ပရိတ်သတ်များ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် လီဗာပူးလ် အား လှောင်ပြောင်

    ဘေဆယ် ပရိတ်သတ်များ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် လီဗာပူးလ် အား လှောင်ပြောင်

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media

    23ECF18C00000578-2867795-image-a-3_1418171532244
    – ယနေ့နံနက်က အန်ဖီးလ်ကွင်းတွင် ၁ ဂိုးစီ သရေကစားခဲ့ပြီး လီဗားပူလ်အား ချန်ပီယံလိဂ်မှ ထွက်စေခဲ့ပြီးနောက် ဘေဆယ်ပရိတ်သတ်များမှာ ဆိုရှယ်မီဒီယာများတွင် လီဗာပူးလ်အား လှောင်ပြောင်သည့် ကာတွန်များ၊ မှတ်ချက်များကို ရေးသား ဖော်ပြခဲ့ကြသည်။

    အဆိုပါပွဲတွင် ဘေဆယ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ကာ လီဗာပူးလ်အား အခက်တွေ့စေခဲ့သည်။ လီဗာပူးလ်မှာ မိနစ် ၆၀ တွင် တစ်ယောက်အထုတ်ခံခဲ့ရပြီး ဂျရတ်က ပွဲပြီးကာနီးတွင် ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း လိုအပ်နေသည့် အနိုင်ဂိုးကို မရခဲ့သောကြောင့် အုပ်စုအဆင့်ဖြင့်ပင် ကျေနပ်ခဲ့ရသည်။

ုထိုပွဲပြီးနောက် ဘေဆယ်ပရိတ်သတ်များက ဆိုရှယ်မီဒီယာများတွင် လီဗာပူးလ်အသင်းအား လှောင်ပြောင်ခဲ့ပြီး ထိုအထဲမှ ကာတွန်းတစ်ခုတွင် ချယ်ဆီးနှင့် စပါးအသင်းကို ကိုယ်စားပြုထားသည့် လူ ၂ ယောက်မှာ လီဗာပူးလ်အသင်းကို ကိုယ်စားပြုထားသည့် လူတစ်ယောက်အား တွဲခေါ်သွားသည့် ပုံကို ဖော်ပြထားသည်။

    ဘေဆယ်မှာ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်တွင် ချယ်ဆီးအား စတမ်းဖို့ဘရစ်ခ်ျ၌ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်တွင်လည်း စပါးအသင်းကို ဖြုတ်ချနိုင်ခဲ့ကာ ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်းစပ်၍ အဆိုပါ ကာတွန်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

    လီဗာပူးလ်အသင်းခေါင်းဆောင် ဂျာရတ်ကမူ မိမိတို့အသင်းမှာ ဘေဆယ်နှင့် ပွဲတွင် ကစားပုံမကောင်းခဲ့ကြောင်း ထို့ပြင် နောက်တစ်ဆင့်တက်ရန်လည်း မထိုက်တန်ခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Daily Mail

  • ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိမည်ဟု တိုက်စစ်မှူး ပေါ့ဘာဆို

    ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိမည်ဟု တိုက်စစ်မှူး ပေါ့ဘာဆို

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media
    703812_heroa
    – အက်သလက်တီကိုအား သရေကစားကာ နောက်တစ်ဆင့်တက်ရောက်ခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသည့် အဆင့်ကို ရောက်ရှိ လိမ့်မည်ဟု ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။

    ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်အစပိုင်းတွင် ခြေစွမ်း မပြနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပုံစံမှန်ပြန်ရလာခဲ့ပြီး ယနေ့နံနက် ပွဲစဉ်ပြီးနောက် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    `ကျွန်တော်တို့အသင်းဟာ ရှေ့ကိုပိုသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ပါတယ်။ ဒါပေမယ့် ပွဲတွေဟာ မလွယ်ကူနိုင်တာကြောင့် ပိုမိုပေးဆပ်ဖို့တော့ လိုပါလိမ့်မယ်´ ဟု ပေါ့ဘာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် အက်သလက်တီကို၏ အပိုင်ဂိုးသွင်းခွင့်အချို့ကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့သည့် ၀ါရင့်ဂိုးသမား ဘူဖွန်ကလည်း အသင်း၏ နောက်တစ်ဆင့် တက်မှုအတွက် ချီးကျူးပြောဆိုခဲ့သည်။

    `အုပ်စု ပထမ၊ ဒုတိယ နေရာဆိုဟာ နည်းနည်းပဲ ကွာခြားတာပါ။ မကြာခင်မှာပဲ အတောင့်တင်းဆုံးအသင်းနဲ့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်´ ဟု ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ မဲခွဲခြင်းကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

  • နာဆရီရဲ့ ဦးဆောင်မှုနဲ့ နောက်တဆင့် တက်တဲ့ မန်စီးတီး၊ ရေကုန်ရေခန်း ကြိုးစားလို့  အကျိုးခံစားရတဲံ ရှော်လ်ကာ  ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲများ

    နာဆရီရဲ့ ဦးဆောင်မှုနဲ့ နောက်တဆင့် တက်တဲ့ မန်စီးတီး၊ ရေကုန်ရေခန်း ကြိုးစားလို့ အကျိုးခံစားရတဲံ ရှော်လ်ကာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲများ

    ဒီဇင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် နောက်ဆုံးအသုတ် အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး မန်စီးတီးတို့ အဝေးကွင်းမှာ ခြေစွမ်းပြအနိုင်ယူကာ နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။ ဂျာမန်ကလပ် ရှော်လ်ကာကလည်း နောက်ဆုံး ကောက်ရိုးတစ်မျှင်ကို အသေအချာ ဆုပ်ကိုင်နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ရောက်ခဲ့ပြီး ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မဲခွဲမှာဖြစ်ပါတယ်။

    အုပ်စု E

    ဘိုင်ယန် ၃-၀ စီအက်စ်ကေအေ
    ရိုးမား ၀-၂ မန်စီးတီး

    စီအက်စ်ကေအေတို့ ဒီပွဲနိုင်မယ်ဆိုရင် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် အနည်းငယ် ရှိလာနိုင်ပေမယ့် အိမ်ရှင်တို့ကို ယှဉ်လို့မရခဲ့ဘဲ ဂိုးပြတ် ရှုံးကာ အဆင့် ၄ နေရာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ပါ ဆုံရှုံးသွားခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဂိုးတွေကိုတော့ မူလာ၊ ရိုဒီနဲ့၊ ဂေါ့ဇီတို့က သွင်းယူပေးခဲ့တာပါ။
    2194565_w2
    ရောမမှာကစားခဲ့တဲ့ မန်စီးတီးနဲ့ ရိုးမားတို့ပွဲမှာတော့ အနိုင်ရရင် ၂ သင်းစလုံး နောက်တစ်ဆင့် တက်ခွင့် ရှိနေတာကြောင့် အကြိတ်အနယ်ရှိခဲ့ပါတယ်။ ရိုးမာတို့ အိမ်ရှင်ပီပီ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း ၆ ကြိမ်လောက်ရခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးနောက်တန်းနဲ့ ဂိုးသမားတို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာတဲ့ မန်စီးတီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမား နာဆရီက ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာ ရိုးမားတို့ ဂိုးရရေး ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ပွဲပြီးကာနီးမှာ နောက်ခံလူ ဇာဘလက်တာက ၁ ဂိုး ထပ်သွင်းပေးခဲ့လို့ မန်စီးတီးတို့ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။ ရိုးမားကတော့ ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    အုပ်စု F

    ဘာစီလိုနာ ၃-၁ ပီအက်စ်ဂျီ
    အေဂျက်စ် ၄-၀ APOEL
    2194409_w2
    နျူးကမ့်က ဒီပွဲကတော့ အုပ်စုဗိုလ်လုတဲ့ပွဲဖြစ်ပြီး ၀ါရင့် ဘာစီလိုနာက နောက်ကလိုက်ကစားကာ အုပ်စုပထမနေရာကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို ၁၅ မိနစ်မှာ အသင်းရဲ့ ဂိုးသွင်းစက် အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့ပြီး ဘာကာအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ မက်ဆီ၊ နေးမာနဲ့ ဆွာရက်ဇ်တို့က ၁၉၊ ၄၂ နဲ့ ၇၇ မိနစ်တွေမှာ အသီးသီး သွင်းယူပေးခဲ့ပါတယ်။

    အေဂျက်စ်ကတော့ အိမ်ကွင်းမှ ဂိုးမြူးခဲ့ပြီး ချန်ပီယံလိဂ် ပထမဆုံး နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ၅ မှတ်နဲ့ အုပ်စု တတိယနေရာရသွားတဲ့ အေဂျက်စ် ယူရိုပါလိဂ်မှာ ဆက်ကစားရမှာပါ။

    အုပ်စု G

    ချယ်ဆီး ၃-၁ စပို့တင်း
    မာရီဘိုး ၀-၁ ရှော်လ်ကာ

    နောက်တစ်ဆင့်တက်သွားပြီဖြစ်တဲ့ အိမ်ရှင်ချယ်ဆီးတို့ စပို့တင်းကို မညှာခဲ့ပါဘူး။သရေရင်တောင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိပေမယ့် ၁၆ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာက စပို့တင်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၇ မှတ်နဲ့ အုပ်စု တတိယနေရာရခဲ့ပြီး နှစ်သိမ့်ဆုအဖြစ် ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာတော့ ရခဲ့ပါတယ်။
    2194587_w2
    ဂျာမန်ကလပ် ရှော်လ်ကာတို့ကတော့ လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး လုပ်ဆောင်သွားခဲ့ပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက် သွားခဲ့ပြီဖြစ်ပါတယ်။ စပို့တင်းတို့ ချယ်ဆီးကို ရှုံးခဲ့လို့သာ ရှော်လ်ကာရဲ့ ဒီအနိုင်ဟာ အသက် မမဲ့ခဲ့တာပါ။ အသင်းကို နောက်တစ်ဆင့် တက်ရောက်နိုင်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ မီယာက ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    အုပ်စု H

    ပေါ်တို ၁-၁ ရှက်တာဒိုးနက်
    ဘီဘာအို ၂-၀ BATE

    ပေါ်တိုနဲ့ ရှက်တာဒိုးနက်တို့ စောစောစီးစီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာကြောင့် သာမန်လောက်ပဲ ကစားခဲ့ပြီး ၁ မှတ်စီ ခွဲယူခဲ့ကြပါတယ်။

    ယူရိုပါလိဂ် တစ်နေရာစာအတွက် ဘီဘာအိုတို့ အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပြီး BATE ကတော့ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးပေးခဲ့ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

  • ဂျူဗင်တပ်စ်၊ မိုနာကိုတို့ နောက်တစ်ဆင့်တက်၊ ဘေဆယ် သမိုင်းသစ် ရေးတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ

    ဂျူဗင်တပ်စ်၊ မိုနာကိုတို့ နောက်တစ်ဆင့်တက်၊ ဘေဆယ် သမိုင်းသစ် ရေးတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်များ

    ဒီဇင်ဘာ ၁၀၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် ပထမ အုပ်စုလေးခုရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး ဂျူဗင်တပ်စ်၊ မိုနာကို၊ ဘေဆယ်တို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်က ရာနှုန်းပြည့်နိုင်ပွဲနဲ့ မှတ်တမ်းကောင်းတစ်ခု ရခဲ့ပြီး လီဗာပူးလ်တို့ကတော့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အခြေအနေနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

    အုပ်စု A

    ဂျူဗင်တပ်စ် ၀-၀ အက်သလက်တီကို
    အိုလံပီယာကော့စ် ၄-၂ မာလ်မို
    2193843_w2
    အိမ်ကွင်းမှာကစားခဲ့တဲ့ ဂျူဗင်တပ်စ်တို့ သရေတစ်မှတ် ယူနိုင်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ အသာရခြင်းတော့ မရှိပါဘူး။ အက်သလက်တီကိုက ဖိအားပေးနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့်သာ အနိုင်မရခဲ့တာပါ။ ဒီပွဲသရေဟာ ဥရောပပွဲတွေမှာ ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်း ၁၀ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ရရှိစေခဲ့ပြီး အက်သလက်တီကိုကတော့ ၅ ပွဲဆက်နိုင်ပွဲ ရပ်တန့်ခဲ့ပါတယ်။

    ဂျူဗင်တပ်စ်သာ ရှုံးခဲ့ရင် နောက်တစ်ဆင့်တက်နိုင်တာကြောင့် အိုလံပီယာကော့စ်တို့ အိမ်ကွင်းမှာ ကြိုးစားကစားခဲ့ပြီး ဂိုးပြတ်သွင်းကာ အနိုင် ၃ မှတ်ကိုလည်း ရရှိယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အုပ်စု တတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ယူရိုပါလိဂ်မှာပဲ ၀င်ပြိုင်ရပါတော့မယ်။

    အုပ်စု B

    လီဗာပူးလ် ၁-၁ ဘေဆယ်
    ရီးယဲလ် ၄-၀ လူဒိုဂိုးရက်စ်

    2193653_w2

    နောက်တစ်ဆင့်တက်ရေးအတွက် အနိုင်ရဖို့လိုနေတဲ့ လီဗာပူးလ်တို့ အနိုင်မရခဲ့တဲ့အပြင် မရှုံးအောင် အသည်းအသန်ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘေဆယ်တို့ အံ့သြဖွယ်ခြေစွမ်းပြခဲ့ပြီး ၂၅ မိနစ်မှာပဲ ဖရိုင်းက ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာလည်း ဘေဆယ်ကပဲ အသာရခဲ့ပြီး လီဗာပူးလ်ကတော့ စွဲမက်ဖွယ်ကစားပုံ မရှိခဲ့ပါဘူး။ မိနစ် ၆၀ မှာ မာကိုဗစ် အထုတ်ခံလိုက်ရတာက လီဗာပူးလ်အတွက် ပိုပြီး ဆိုးရွားစေခဲ့ပါတယ်။ အိမ်ရှင်တို့အတွက် သိက္ခာဆယ်ဂိုးကိုတော့ ၈၁ မိနစ်မှာ ဂျရတ်က သွင်းပေးခဲ့တာပါ။ ဘေဆယ်က ဒီပွဲသရေကြောင့် ၇ မှတ်နဲ့ ဒုတိယနေရာရပြီး ရီးယဲလ်နဲ့အတူ နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။

    2193696_w2

    ရီးယဲလ်ကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာ ကစားသွားခဲ့ပြီး ချန်ပီယံလိဂ် ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။ ဂိုးတွေကိုတော့ ရော်နယ်ဒို၊ ဘေးလ်၊ အာဘီလိုအာနဲ့ မီဒရန်တို့က သွင်းယူပေးခဲ့တာပါ။ ရီးယဲလ်တို့အဖို့ ပြိုင်ပွဲအားလုံးမှာ ၁၉ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုပွဲ ၆ ပွဲစလုံးအနိုင်ရတဲ့ ၆ သင်းမြောက် အသင်းလည်း ဖြစ်လာပါတယ်။

    အုပ်စု C

    မိုနာကို ၂-၀ ဇင်းနစ်
    ဘင်ဖီကာ ၀-၀ လေဗာကူဆင်

    ခံစစ်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ မိုနာကိုတို့ အိမ်ကွင်းမှာ အနိုင်ကစားပြီး နောက်တစ်ဆင့်ကို အုပ်စုပထမနေရာနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဇင်းနစ်ကလည်း အနိုင်ရရင် နောက်တစ်ဆင့်တက်နိုင်မှာဖြစ်လို့ ကြိုးစားကစားခဲ့ပေမယ့် ဂိုးသွင်းခွင့် မယ်မယ်ရရတော့ ရရှိခဲ့ခြင်း မရှိပါဘူး။ မိုနာကိုအတွက် နောက်တစ်ဆင့် တက်စေမယ့် ဂိုးတွေကိုတော့ အက်ဘ်ဒီနောရ်နဲ့ ဖာဘင်ဟိုတို့က ၆၃ မိနစ်နဲ့ ၈၉ မိတို့မှာ သွင်းယူပေးခဲ့တာပါ။ ဇင်းနစ်တို့ကတော့ ယူရိုပါလိဂ် ၀င်ခွင့်နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ပွဲကတည်းက နောက်တစ်တက်ရောက်နိုင်ခဲ့တဲ့ လေဗာကူဆင်အတွက် ဒီပွဲဟာ အုပ်စု ပထမ၊ ဒုတိယ အတွက်သာဖြစ်ပြီး အခွင့်အရေးအချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် သရေကျပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

    အုပ်စု D

    ဒေါ့မွန် ၁-၁ အန်ဒါလက်ခ်ျ
    ဂါလာတာစာရေး ၁-၄ အာဆင်နယ်
    2193814_w2
    ဒေါ့မွန်နဲ့ အာဆင်နယ် နှစ်သင်းစလုံး နောက်တစ်ဆင့်ကို တက်ပြီးသားဖြစ်လို့ ဒီပွဲဟာ ဒီနှစ်သင်းအတွက် အုပ်စု ပထမ၊ ဒုတိယ နေရာအတွက်သာ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ်အရှုံးအတွက် ဒီပွဲမှာ ပေါက်ကွဲပြခဲ့ပြီး ပထပိုင်းမှာပဲ ၃ ဂိုးပြတ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ခြေစွမ်းမပြနိုင်တဲ့အတွက် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး ပိုဒေါစကီးက ၂ ဂိုးနဲ့ ရမ်ဆေးက ၂ ဂိုး သွင်းပေးခဲ့တာပါ။ ဒေါ့မွန်ကတော့ အန်ဒါလက်ခ်ျနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အာဆင်နယ်နဲ့ ၁၃ မှတ်စီ အမှတ်တူခဲ့ပြီး ဂိုးကွာခြားချက်အရ ဒေါ့မွန်တို့ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

  • အက်သလက်တီကို၊ အာဆင်နယ်နဲ့ လေဗာကူဆင်တို့ နောက် တစ်ဆင့်တက်တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၅

    အက်သလက်တီကို၊ အာဆင်နယ်နဲ့ လေဗာကူဆင်တို့ နောက် တစ်ဆင့်တက်တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၅

    နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
    M-Media

    – ဥရောပချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး အာဆင်နယ်၊ အက်သလက်တီကိုတို့ အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    အုပ်စု A
    အက်သလက်တီကို ၄-၀ အိုလံပီယာကော့စ်
    မာလ်မို ၀-၂ ဂျူဗင်တပ်စ်

    အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အက်သလက်တီကိုတို့ ဒီပွဲမှာ သက်တောင့်သက်သာ ကစားသွားပြီး အနိုင်ရခဲ့ပါတယ်။ ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ သေချာပြီဆိုတာ သိနေတဲ့ အိမ်ရှင်တို့ လျင်လျင်မြန်မြန်နဲ့ပဲ ပွဲကို စတင်နိုင်ခဲ့ပြီး ၉ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ကာ ရာအူးလ်ဂါစီယာက ခေါင်းတိုက် သွင်းပေးခဲ့တာပါ။ နောက်ပိုင်းမှာလည်း အက်သလက်တီကိုတို့ပဲ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး မန်ဇူကစ်က ၃၈၊ ၆၂နဲ့ ၆၅ မိနစ်တွေမှာ ဟက်ထရစ်သွင်းပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် အက်သလက်တီကိုတို့ အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

    2187713_w2

    ဂျူဗင်တပ်စ်ကတော့ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပေမယ့် လိုအပ်တဲ့အနိုင်ဂိုးတွေကိုတော့ ရအောင် ယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင်တို့ အသာစီးရဲခဲ့ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာတော့ ဂျူဗင်တပ်စ်တို့ အဖွင့်ဂိုးရခဲ့ပြီး ပီယာလိုရဲ့ ကွင်းလယ်ကနေ ဖြတင်ပေးမှုကို လော်ရန်တေးက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာပါ။ နောက်ပိုင်းမှာ ပွဲဟာ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်ခဲ့ပြီး ၈၈မိနစ်မှာ ဂျူဗင်တပ်စ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို တီဗက်ဇ်က ဧရိယာအတွင်းထဲကနေ အပြင်း ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဂျူဗင်တပ်စ်ဟာ ၉ မှတ်နဲ့ အုပ်စု ဒုတိယနေရာကို ရရှိထားပြီး နောက်ဆုံး အက်သလက်တီကိုနဲ့ပွဲမှာ သရေတစ်မှတ်ရတာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

    အုပ်စု B
    ဘေဆယ် ၀-၁ ရီးယဲလ်မက်ဒရစ်
    လူဒိုဂိုးရက်စ် ၂-၂ လီဗာပူးလ်
    2187593_w2
    ပွဲစဉ် ၄ ကတည်းက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရီးယဲလ်တို့ ဒီမနက်ပွဲမှာလည်း ဘေဆယ်ကို ပထမပိုင်း ၃၅ မိနစ် ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲစံချိန်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

    2187612_w2

    လီဗာပူးလ်ကတော့ ထုံးစံအတိုင်း ၈၇ မိနစ်အထိ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် သရေသာရခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ အိမ်ရှင်တို့ ဒါနီ အေဘာလိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ၈ မိနစ်မှာ လမ်ဘာ့တ်က ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ၃၇ မိနစ်မှာ လီဗာပူးလ်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး လမ်ဘာ့တ်၊ စတာလင်တို့ရဲ့ တွဲလုံးကနေတစ်ဆင့် ဟန်ဒါဆန်က အနီးကပ် သွင်းယူနိုင်ခဲ့တာပါ။ နောက်ပိုင်းမှာ အိမ်ရှင်တို့ကသာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး လီဗာပူးလ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ လူဒိုဂိုးရက်စ် ဂိုးပေါက်ကို ၂ ကြိမ်လောက်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ၈၈ မိနစ်မှာရတဲ့ ထောင့်ကန်ဘောကတစ်ဆင့် အိမ်ရှင်တို့ကို ချေပဂိုး ၁ ဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒါ့ကြောင့် လီဗာပူးလ်ဟာ ၄ မှတ်ရထားပြီး ၆ မှတ်ရထားတဲ့ဘေဆယ်နဲ့ နောက်ဆုံးပွဲမှာ အနိုင်ကစားနိုင်မှ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ လူဒိုဂိုးရက်စ်ကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။

    အုပ်စု C
    ဇင်းနစ် ၁-၀ ဘင်ဖီကာ
    လေဗာကူဆင် ၀-၁ မိုနာကို

    စိန့်ပီတာဇဘက်မှာ ကစားခဲ့တဲ့ပွဲမှာ ဘင်ဖီကာတို့ အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အိမ်ရှင်တို့ကတော့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ၇၉ မိနစ်မှာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမား ဒန်နီက သွင်းပေးခဲ့တာပါ။ ၇ မှတ်ရထားပြီး တတိယနေမှာရှိနေတဲ့ ဇင်းနစ်တို့ ၈ မှတ်နဲ့ ဒုတိယ နေရမှာရထားတဲ့ မိုနာကိုနဲ့ နောက်ဆုံးပွဲကို ယှဉ်ပြိုင်ကစားရမှာကြောင့် အနိုင်ရမှ နောက်တစ်ဆင့် တက်နိုင်မှာဖြစ်ပါတယ်။

    လေဗာကူဆင်ကတော့ အိမ်ကွင်းမှာ အသာစီးကစားနိုင်ခဲ့ပေမယ့် အရှုံးပေးခဲ့ရပါတယ်။ မိုနာကိုအတွက် နောက်တစ်ဆင့်တက်ရေး အသက်ဆက်စေမယ့်ဂိုးကိုတော့ ၇၂ မိနစ်မှာ အိုကမ်ပို့စ်က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ရမှတ် ၉ မှတ်ရထားတဲ့ လေဗာကူဆင်ကတော့ နောက်ဆင့်တက်ခဲ့ပြီး နောက်ဆုံး ဘင်ဖီကာနဲ့ပွဲမှာ အနိုင်ရရင်တော့ အုပ်စုပထမနဲ့ရမှာ ဖြစ်ပါတယ်။

    အုပ်စု D

    အာဆင်နယ် ၂-၀ ဒေါ့မွန်
    အန်ဒါလက်ခ်ျ ၂-၀ ဂါလာတာစာရေး
    2187790_w2
    ပြီးခဲ့တဲ့တစ်ပတ်တည်းက အန်ဒါလက်ခ်ျဂို ၃ ဂိုးပြတ်နဲ့ဦးဆောင်ပြီး နောက်တစ်ဆင့်တက်ဖို့ သေချာနိုင်ပေမယ့် နောက်ခံလူတွေရဲ့ ပေါ့လျော့မှုကြောင့် ၃ ဂိုးပြန်ပေးခဲ့ရကာ သရေသာရခဲ့တဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ အမှားအယွင်းမရှိခဲ့ပါဘူး။ ပွဲအစကတည်းက လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပြီး ၂ မိနစ်မှာပဲ ဆာနိုဂိုက အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ မိနစ် ၂၀ နောက်ပိုင်းမှာတော့ ဒေါ့မွန်တို့ အာဆင်နယ်ဘက်ကို ပြန်လည်ခြိမ်းခြောက်လာနိုင်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ ဒုတိပိုင်း ၅၇ မိစနစ်မှာ ဂိုးသွင်းစက် ဆန်းချက်ဇ်က အာဆင်နယ်အတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းပေးခဲ့ပြီး အာဆင်နယ်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    2187738_w2

    ပွဲစဉ် ၄ မှာ အာဆင်နယ်ကို နောက်က ၃ ဂိုးလိုက်သွင်းပြီး သရေယူနိုင်ခဲ့တဲ့ အန်ဒါလက်ခ်ျ ဒီမနက်မှာလည်း ဂါလာတာစာရေးကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့ အရေးမပါခဲ့ဘဲ့ သိက္ခာဆယ်နိုင်ပွဲသာ ဖြစ်ခဲ့ပါတယ်။ လက်ရှိ ၁၂ မှတ်နဲ့ အုပ်စုကိုဦးဆောင်နေတဲ့ ဒေါ့မွန်က နောက်ဆုံးပွဲမှာ အန်ဒါလက်ခ်ျနဲ့ ကစားရမှာဖြစ်ပြီး ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဒုတိယ အာဆင်နယ်က ဂါလာတာစာရေးနဲ့ ကစားရမှာဖြစ်တာကြောင့် အုပ်စု ပထမ၊ ဒုတိယကို ဘယ်သူရမလဲဆိုတာ ရင်ခုန်ရအုံးမှာပါ။