News @ M-Media

Tag: Champions League

  • ရီးယဲလ်ကလွဲလို့ ကျန်တဲ့အသင်းတွေ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့  ပွဲစဉ်များ

    ရီးယဲလ်ကလွဲလို့ ကျန်တဲ့အသင်းတွေ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်များ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    chp 3

    – ဥရောပရဲ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ၄ ပွဲကို
    ဒီတစ်ပတ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တို့မှာ ကစားခဲ့ပြီး သရေပွဲ ၃ ပွဲအထိ ရှိခဲ့ပါတယ်။

    ပီအက်စ်ဂျီ ၁-၁ ချယ်ဆီး

    အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ပီအက်စ်ဂျီတို့ ဒုတိယပိုင်းသွင်းဂိုးနဲ့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး အဲဒီအချိန်က ပြင်သစ်မြေမှာ အရှုံးပေးခဲ့ရတဲ့ ချယ်ဆီး ဒီတစ်ကြိမ်မှာတော့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ၃၆ မိနစ်မှာ အိုင်ဗန်နိုဗစ်က သွင်းပေးခဲ့တာပါ။ တစ်ယောက်အမှား တစ်ယောက် ချောင်းပြီး ကစားခဲ့တာကြောင့် ပွဲက အနည်းငယ်အေးခဲ့ပြီး အိမ်ရှင်တို့က ပိုပြီး ထိုးဖောက်နိုင်ခဲ့ပါတယ်။ ချယ်ဆီးဂိုးသမား ကော်တိုအစ်က ပီအက်စ်ဂျီဘက်က အပိုင်ဂိုးသွင်းခွင့်တစ်ချို့ကို ကာကွယ်နိုင်တာကြောင့်လည်း ချယ်ဆီးတို့ သက်သာရာ ရခဲ့ပါတယ်။ ပီအက်စ်ဂျီက ချယ်ဆီးနောက်ခံလူဟောင်း လူးဝစ်က မော်ရင်ဟိုကို လှောင်ပြောင်တဲ့ အမူအရာမျိုး ပြုလုပ်ခဲ့ပြီး၊ ချယ်ဆီးပရိတ်သတ်တွေကလည်း ပဲရစ်ရထားပေါ်မှာ လူမည်းတစ်ယောက်ကို လူမျိုးရေးခွဲခြားခဲ့တဲ့လုပ်ရပ် လုပ်ခဲ့လို့ ချယ်ဆီးတို့ မျက်နှာပျက်ခဲ့ရပါတယ်။

    ရှက်တာဒိုးနက် ၀-၀ ဘိုင်ယန်

    ဘိုင်ယန်က အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ အားလုံးက ထင်ထားခဲ့ကြပေမယ့် တစ်ကယ်တမ်းမှာတော့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှာ ဇာဗီအလွန်ဆို တိုက်ရိုက်အနီကဒ်နဲ့ ထွက်ခဲ့ရတာပဲ အဖတ်တင်ခဲ့ပါတယ်။ ပွဲအစမိနစ်တွေမှာ အိမ်ရှင်ကို အနည်းငယ် ထိုးဖောက်နိုင်တာကလွဲလို့ နောက်ပိုင်းမှာ ဘိုင်ယန်တို့ ရှက်တာဒိုးနက်ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ အိမ်ရှင်တို့ကလည်း ခံစစ်ဦးစားပေး ကစားတာကြောင့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

    ဘေဆယ် ၁-၁ ပေါ်တို

    ဒီပွဲမှာ ဧည့်သည်ပေါ်တိုတို့ တစ်ပွဲလုံး ကစားပုံကောင်းခဲ့ပြီး ဘေဆယ်ကိုလည်း တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစ ၁၁ မိနစ်မှာပဲ ဂွန်ဇာလက်က ဘေဆယ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့လို့ ပေါ်တိုတို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ ကစားကွက်သာပေမယ့် ဂိုးရဖို့တော့ ဧည့်သည်အသင်း ရုန်းကန်ခဲ့ရပြီး ၇၉ မိနစ်မှာရတဲ့ ပင်နယ်တီကို ဒန်နီလို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့်သာ နောက်တစ်ဆင့်တက်ဖို့ အလားအလာ ပိုရှိခဲ့တာဖြစ်ပါတယ်။

    ရှော်လ်ကာ ၀-၂ ရီးယဲလ်

    လက်ရှိချန်ပီယံရီးယဲလ်တို့ အဝေးကွင်းမှာကစားခဲ့ရပေမယ့် အမှားအယွင်းမရှိခဲ့ပါဘူး။ ဂိုးသွင်းခွင့် အတော်များများရခဲ့ပြီး ရှော်လ်ကာက အသက် ၁၉ နှစ်အရွယ် ဂိုးသမားလေး ကောင်းလွန်းတာကြောင့်သာ ဒီထက် ပိုပြီး ဂိုးမပြတ်ခဲ့တာပဲဖြစ်ပါတယ်။ ရီးယဲလ်အတွက်ဂိုးတွေကိုတော့ ၂၆ မိနစ်မှာ ရော်နယ်ဒိုနဲ့ ၇၉ မိနစ်မှာ မာဆယ်လိုတို့က သွင်းယူပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီအဆင့်မှာ နှစ်ကျော့ပေါင်း ၉ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ ရီးယဲလ်တို့ ဒီနှစ်မှာလည်း နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းသွားခဲ့ပါပြီ။

  • ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ပဲရစ်တွင် လူမျိုးရေးခွဲခြားခဲ့သည့် ပရိတ်သတ်များကို ချယ်ဆီး အရေးယူမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    chlse

    – ယမန်နေ့က ပဲရစ်မြို့ရှိ ရထားဘူတာတွင် လူမည်းတစ်ယောက်အား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည့် မိမိတို့ပရိတ်သတ်များကို မည်သူမည်ဝါဖြစ်ကြောင်း သိရပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားလိုက်သည်။

    ယမန်နေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့ ပထမအကျော့ မကစားမီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲရစ်ရှိ မက်ထရိုရထားပေါ်သို့ တက်ရောက်ရန် ဟန်ပြင်နေသည့် လူမည်းတစ်ဦးကို ချယ်ဆီးပရိတ်သတ်များက တားဆီးကာ ပလက်ဖောင်းပေါ်သို့ ပြန်လည် တွန်းထုတ်ခဲ့သည်။

    ထို့ပြင် ချယ်ဆီးပရိတ်သတ်များမှာ “ငါတို့က လူမျိုးရေးခွဲခြားသူတွေ။ ဒါမျိုးကိုပဲ ငါတို့ကြိုက်တယ်” ဟု ဟစ်အော်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုမှာ အင်တာနက် စာမျက်နှာပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုသူများက အဆိုပါဗီဒီယိုအား တစ်ဆင့် ပြန်လည်မျှဝေခဲ့ပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ချယ်ဆီးဘက်ကလည်း ရှုတ်ချခဲ့ပြီး ပရိတ်သတ်များအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပြောကြားခဲ့သည်။

    “ဒီလိုအပြုအမူမျိုးဟာ စက်ဆုပ်စရာကောင်းပြီး ဘောလုံးလောကနဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိတဲ့ အပြုအမူမျိုးပါပဲ။ ဒီလုပ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ရာဇ၀တ်မှုအရ အရေးယူတာကို ကျွန်တော်တို့က ထောက်ခံအားပေးသွားမှာဖြစ်ပြီး ဒီအထဲမှာ ချယ်ဆီးရဲ့ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေပါရင် သူတို့ကို ပွဲကြည့်ရှုခွင့် ပိတ်ပင်ခြင်းအပါအ၀င် အသင်းအနေနဲ့ အပြင်းထန်ဆုံး အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: goal.com

  • ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲ၊ မန်စီးတီးနှင့် ဘာကာတို့ တွေ့ဆုံ

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲ၊ မန်စီးတီးနှင့် ဘာကာတို့ တွေ့ဆုံ

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media

    Champions League round of 16 draw

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကို ယနေ့တွင် မဲခွဲခဲ့ရာ မန်စီးတီးနှင့် ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံသော ပွဲစဉ်အပါအ၀င် စိတ်ဝင်စားစရာ ပွဲစဉ်များ ပါဝင်ခဲ့သည်။

    အဆိုပါ မဲခွဲပွဲကို ဆွဇ်လန်နိုင်ငံ နီယွန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးနှင့် ဘာစီလိုနာတို့မှာ အဆိုပါ အဆင့်တွင် ၂ နှစ်ဆက်တိုက် တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

    ယမန်နှစ် ကွာတားဖိုင်နယ်တွင် တွေ့ဆုံခဲ့သည့် ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့မှာ ယခုနှစ် ၁၆ သင်းအဆင့်တွင် တွေ့ဆုံခဲ့ပြီး၊ ရီးယဲလ်မက်ဒရစ်ကမူ ရှော်လ်ကာအသင်းနှင့် တွေ့ဆုံခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရန် အလားအလာပိုနေကာ ယမန်နှစ် ဒုတိယရခဲ့သည့် အက်သလက်တီကိုမက်ဒရစ်ကမူ ဂျာမနီကလပ် လေဗာကူဆင်နှင့် တွေ့ဆုံနေသည်။

    အုပ်စုနောက်ဆုံးပွဲမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ဂျူဗင်တပ်စ်ပ်ကမူ ဒေါ့မွန်နှင့် တွေ့ဆုံခဲ့ပြီး ဘိုင်ယန်မြူးနစ်မှာ ရှက်တာဒိုးနက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    အာဆင်ဝင်းဂါး၏ အာဆင်နယ်ကမူ မိုနာကိုနှင့်တွေ့ဆုံပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် ဘေဆယ်ကမူ ပေါ်တိုအသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။

    ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်များကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇၊ ၁၈နှင့် ၂၄၊ ၂၅ ရက်များတွင် ကစားရမည်ဖြစ်ပြီး ဒုတိယအကျော့ကိုမူ မတ်လ ၁၀၊ ၁၁ နှင့် ၁၇၊ ၁၈ ရက်များတွင် ကစားမည်ဖြစ်သည်။

  • ရောမမှာ ပင်ပန်းသမျှ လေယာဉ်ပေါ်မှာ အတိုးချအိပ်ခဲ့ရတဲ့ မန်စီးတီး ကစားသမားများ

    ရောမမှာ ပင်ပန်းသမျှ လေယာဉ်ပေါ်မှာ အတိုးချအိပ်ခဲ့ရတဲ့ မန်စီးတီး ကစားသမားများ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၄
    M-Media
    23FA805200000578-2870312-image-a-16_1418317106059
    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် ရောမမြေမှာ ဖောင်ဖျက်ကစားခဲ့ကြတဲ့ မန်စီးတီး ကစားသမားတွေရဲ့ ရယ်စရာ ဓာတ်ပုံတစ်ခုပေါ်ထွက်လာပါတယ်။

    ဒါကတော့ အီတလီကနေ အင်္ဂလန်အပြန် လေယာဉ်ပေါ်မှာ မန်စီးတီးကစားသမားတွေ ပိုးလိုးပက်လက် ဖြစ်နေတဲ့ပုံပါပဲ။

    ဗုဒ္ဓဟူးနေ့ညက ရိုးမားကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးတဲ့နောက် မန်စီးတီးအသင်းဟာ ကောင်းကောင်းတောင် မပျော်လိုက်ရဘဲ စနေနေ့ လက်စတာနဲ့ ပွဲအတွက် အဆင်သင့်ဖြစ်ဖို့ ကြာသာပတေးနေ့ အစောကြီးထပြီး ရိုးမားရဲ့ မြို့ခံပြိုင်ဘက် လာဇီယိုအသင်းရဲ့ လေ့ကျင့်ကွင်းမှာ လေ့ကျင့်ခန်း ဆင်းခဲ့ရပါတယ်။

    အဲဒီနောက် အင်္ဂလန်အပြန်လမ်းမှာတော့ သူတို့ဟာ အိနြေ္ဒတောင် မဆည်နိုင်ခဲ့ဘဲ လေယာဉ်ပေါ်မှာ အတိုးချ အနားယူခဲ့ပြီး တစ်ချို့ဆို အိပ်ငိုက်လွန်းလို့ ခန္ဓာကိုယ်တောင် ဟန်ချက်ပျက်နေကြပါတယ်။

    မန်စီးတီးပရိတ်သတ်တွေကတော့ သူတို့ရဲ့ သူရဲကောင်းတွေရဲ့ အဲဒီရယ်စရာ ဓာတ်ပုံကိုကြည့်ပြီး ဆိုရှယ်မီဒီယာတွေမှာ `အဂူရိုက ဘယ်တော့မှ အဲလို မအိပ်ဘူး´ `သူတို့မငိုရဘဲ အိပ်နေရတာ ကောင်းတာပေါ့´ စတဲ့ ပြောင်ချော်ချော် မှတ်ချက်တွေလည်း ပေးခဲ့ကြပါသေးတယ်။

    ရိုးမားကို အနိုင်ရလိုက်တာကြောင့် မန်စီးတီးနည်းပြ ပယ်လီဂရီနီလည်း ဖိအားတွေ လျော့သွားခဲ့ပြီး ယခုလက်ရှိ ပစ်မှတ်ကတော့ ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နေတဲ့ ချယ်ဆီးကို အမှီလိုက်ရေးပဲဖြစ်ပါတယ်။

    DailyMail

  • အဂူရိုနှင့် တိုးယေး မပါသော်လည်း အနိုင် ကစားနိုင်သည်ဟု မန်စီးတီး ကွင်းလယ်လူ နာဆရီဆို

    အဂူရိုနှင့် တိုးယေး မပါသော်လည်း အနိုင် ကစားနိုင်သည်ဟု မန်စီးတီး ကွင်းလယ်လူ နာဆရီဆို

    ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
    M-Media
    708692_heroa
    – အဂူရိုနှင့် ယာယာတိုးယေးတို့ မပါဝင်သော်လည်း မိမိတို့အသင်းမှာ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်ကို ရိုးမားနှင့်ပွဲတွင် ပြသနိုင်ခဲ့ကြောင်း မန်တီးတီးကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    ယနေ့နံနက် ရောမတွင် ကစားခဲ့သော ရိုးမားနှင့်ပွဲတွင် အသင်း၏ အဓိက ကစားသမားများဖြစ်သည့် တိုးယေးနှင့် အဂူရိုတို့ မပါဝင်နိုင်ခဲ့သော်လည်း မန်စီးတီးမှာ ၂ ဂိုး ပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရောက်ခဲ့သည်။

    ထိုပွဲတွင် နာဆရီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါသည့် ဦးဆောင်ဂိုးကိုလည်း ဧရိယာအပြင်မှ လှပစွာ ကန်သွင်းပေးခဲ့သည်။

    `အသင်းရဲ့စွမ်းဆောင်ရည်ကတော့ အံ့သြစရာပါပဲ။ ခွဲစိတ်ပြီးတဲ့နောက် ပြည့်ဝတဲ့အဆင့်ကို ပြန်ရောက်ဖို့အတွက် အချိန်အနည်းငယ် ယူခဲ့ရတာကြောင့် ဒီလို ဂိုးသွင်းနိုင်တာဟာ ကျွန်တော့်အတွက် အရေးပါပါတယ်။ ယာယာ (တိုးယေး) မပါဘူး။ ကွန် (အဂူရို) မပါဘူး။ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာ ပြသနိုင်ပြီး အကောင်းဆုံး လုပ်နိုင်ခဲ့တာက ကျွန်တော်တို့အတွက် အရေးပါပါတယ်´ ဟု နာဆရီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ၁ ဂိုး ဂိုးမရှိဖြင့် မန်စီးတီးက ဦးဆောင်နေချိန်တွင် ရိုးမားအသင်း၏ အပိုင်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့သည့် ဂိုးသမား ဂျိုးဟတ်ကိုလည်း နာဆရီက ချီးကျူးခဲ့သည်။

    ရိုးမားနည်းပြ ဂါစီယာကမူ ချန်ပီယံလိဂ်အရှုံးကို မေ့ပစ်ပြီး စီးရီးအေတွင် အာရုံစိုက်ရန်အတွက် ကစားသမားများအား တိုက်တွန်းခဲ့သည်။