News @ M-Media

Tag: China

  • တောင်တရုတ်ပင်လယ်တွင် ကန်နှင့်ပူးပေါင်းနိုင်ခြေအတွက် ဂျပန်ကို တရုတ်က ပြင်းထန်စွာ သတိပေး

    တောင်တရုတ်ပင်လယ်တွင် ကန်နှင့်ပူးပေါင်းနိုင်ခြေအတွက် ဂျပန်ကို တရုတ်က ပြင်းထန်စွာ သတိပေး

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    japan 3

    – တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ ကျွန်းတုများတစ်ဝိုက် အငြင်းပွားရေပိုင်နက်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ခေါင်းစဉ်ဖြင့် အမေရိကန်စစ်သင်္ဘောများနှင့်အတူ ကင်းလှည့်ရန် ဂျပန်က ဆုံးဖြတ်ခဲ့မည်ဆိုပါက စည်းဖောက်ခြင်းဖြစ်မည်ဟု တရုတ်က ပြင်းထန်စွာ သတိပေးလိုက်သည်။

    အဆိုပါ ပိုင်နက် အငြင်းပွားနေသော ကျွန်းများနှင့် တရုတ်မှာ မည်သို့မှ ပတ်သက်မှုမရှိဟု The Hague ရှိ နိုင်ငံတကာခုံရုံးက ကြေငြာခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်မှု ပြုလုပ်ရန် ရှိနေစဉ် တရုတ်၏ ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အများအပြားမှာ ၎င်း၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု ဆက်လက်ကြေငြာထားဆဲဖြစ်သည်။

    အမေရိကန်စစ်တပ်ကမူ တရုတ်က ဆောက်လုပ်နေသည့် ကျွန်းတုများအနီး စစ်သင်္ဘောများ ကင်းလှည့်မှုကို ယခုနောက်ပိုင်းတွင် တိုးမြှင့်လုပ်ဆောင်နေပြီး အကယ်၍ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များ ထိုလှုပ်ရှားမှုတွင် ပါဝင်ပါက စည်းဖောက်ခြင်း ဖြစ်မည်ဖြစ်ကြောင်း ဂျပန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ယွန်ဟွာက တိုကျိုရှိ ဂျပန်အရာရှိတစ်ဦးသို့ ပြောကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

    ထို့ပြင် ဂျပန်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်ကိုဖယ်ထုတ်ရန် ရည်ရွယ်သော အမေရိကန်စစ်တပ်၏ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွင် မပါဝင်သင့်ဟုလည်း ချန်ကဆိုပြီး တရုတ်နိုင်ငံအနေဖြင့် အချုပ်အခြာထိပါးမှုကို လက်ခံမည်မဟုတ်ဘဲ၊ စစ်ရေးကျူးကျော်မှုကိုလည်း ကြောက်ရွံ့နေမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါသတင်းရင်းမြစ်အရ ဂျပန်ကလည်း မိမိတို့အနေဖြင့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

    Ref : RT

  • ဂျပန်ပင်လယ်ပြင်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

    ဂျပန်ပင်လယ်ပြင်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    china naval drill

    – ဂျပန်ပင်လယ်ပြင်အတွင်း ဒုံးကျည်တပ် စစ်သင်္ဘောများ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို မိမိတို့က ပြုလုပ်ခဲ့သည်ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နေ့စဉ်သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

    စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်ပြင်၏ အစိတ်အပိုင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဟုသာ ရေးသားထားပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

    “များသောအားဖြင့် ပင်လယ်ပြင်ရဲ့ နိုင်ငံတကာရေပိုင်နက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက စစ်တပ်တွေဟာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်လေ့ရှိပါတယ်၊ ဒီနှစ်မှာတော့ အနောက်ပစိဖိတ်အခြမ်းအထိ စစ်ရေးလေ့ကျင်မှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ ရေတပ်ကို ပြင်ဆင်ထားပါပြီးပါပြီ” ဟု သတင်းစာက ဆိုသည်။

    ဂျပန်ပင်လယ်ပြင်တွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင်မှုတွင် ဖျက်သင်္ဘော Xi’an၊ ဖရီးဂိတ် Hengshui နှင့် ထောက်ပံ့ရေးသင်္ဘော Goyouhu တို့ ပါဝင်ခဲ့သည်။ လေ့ကျင့်မှုကို ကွပ်ကဲခဲ့သည့် တပ်မှူး Xu Haihua ကမူ အဆိုပါ လေ့ကျင့်မှုမှာ နှစ်စဉ်ပြုလုပ်နေကြ လေ့ကျင့်မှုတစ်ခုဖြစ်ပြီး ပင်လယ်ပြင်တွင် ရေတပ်၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်စစ်ဘက်နေ့စဉ်သတင်းစာကမူ အဆိုပါစစ်ရေးလေ့ကျင့်မှုကို နိုင်ငံတကာဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံ၊ ဒေသ၊ ပစ်မှတ်ကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref; Presstv

  • ဆီးရီးယားအစိုးရနှင့် စစ်ဖက်ဆက်ဆံရေး တရုတ်တိုးမြှင့်မည်

    ဆီးရီးယားအစိုးရနှင့် စစ်ဖက်ဆက်ဆံရေး တရုတ်တိုးမြှင့်မည်

    သြဂုတ် ၁၈၊ ၂၀၁၆
    M-Media

    china 2

    – မိမိတို့အနေဖြင့် ဆီးရီးယားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုမြှင့်သွားမည်ဟု တရုတ်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စစ်ရေးအကြီးအကဲ ဂွမ်ယူဖိုင်းက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

    ဂွမ်မှာ ဆီးရီးယားကာကွယ်ရေးဝန်ကြီး ဖာဟဒ် ဂျက်ဆင် အလ်-ဖရီးဂ်ျနှင့် ဆွေးနွေးရန် ဆီးရီးယားသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှာ ဆီးရီးယားနှင့် ပိုမိုနီးကပ်သည့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုသည်ဟု ဆိုသည်။

    “တရုတ်နဲ့ ဆီးရီးယားစစ်တပ်တွေဆိုတာ အစဉ်အလာအရ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပြီးသားပါ၊ တရုတ်စစ်တပ်အနေနဲ့ ဆီးရီးယားစစ်တပ်နဲ့အတူ အပြန်အလှန် ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာအားကောင်းအောင် ထိန်းသိမ်းလိုတဲ့ဆန္ဒ ရှိနေပါတယ်” ဟု ဂွမ်က ပြောကြားခဲ့သည်

    တရုတ်စစ်တပ်အနေဖြင့် ဆီးရီးယားပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန်အတွက် ဂွမ်၏ ထိုခရီးစဉ်တွင် နှစ်ဖက် သဘောတူညီခဲ့ကြကာ၊ ဆီးရီးယားစစ်သားများအား တရုတ်စစ်တပ်မှ လေ့ကျင့်ပေးနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

    တရုတ်မှာ ရုရှား၏ ဆီးရီးယားတွင် အကြမ်းဖက်ဆန့်ကျင်ရး ဆောင်ရွက်မှုများကို နှုတ်ဖြင့် ထာက်ခံထားသည်။

    Ref : Presstv

  • ကွမ်တန်ဂြိုဟ်တုလွှတ်တင်ကာ အာကာသ သမိုင်းတွင် တရုတ်က မှတ်တိုင်သစ် စိုက်ထူ

    ကွမ်တန်ဂြိုဟ်တုလွှတ်တင်ကာ အာကာသ သမိုင်းတွင် တရုတ်က မှတ်တိုင်သစ် စိုက်ထူ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    quantam

    – တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ကွမ်တန်ဆက်သွယ်ရေးဂြိုဟ်တုအား Long March-2D ဒုံးပျံကို အသုံးပြု၍ ကမ္ဘာပတ်လမ်းကြောင်းထဲသို့ လွှတ်တင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆိုက်ဘာတိုက်ခိုက်မှုခေတ်ကို ကျော်လွှားနိုင်မည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်သည်။

    ဂိုဘီသဲကန္တာရရှိ ဂျီကွမ်း အာကာသစခန်းမှ သြဂုတ်လ ၁၆ ရက်နေ့ (ယနေ့) ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၀ တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဂြိုဟ်မှာ ကီလိုဂရမ် ၆၀၀ ကျော်လေးကာ ဘီစီ ၅ ရာစု တရုတ်ဒဿနပညာရှင်၏ အမည်ကို အစွဲပြု၍ QUESS ဟု အမည်ပေးထားသည်။

    ထိုဂြိုဟ်တုမှာ sun-synchronous ကမ္ဘာပတ်လမ်းကြောင်းမှနေ၍ မိနစ် ၉၀ တိုင်း ကမ္ဘာကို တစ်ကြိမ်ပတ်မည်ဖြစ်သည်။

    “အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ တရုတ်ကို လက်ရှိအိုင်တီကဏ္ဍရဲ့ နောက်လိုက်အဖြစ်ကနေ အနာဂတ် အိုင်တီကဏ္ဍ အောင်မြင်မှုတွေကို လမ်းပြပေးမယ့် ခေါင်းဆောင်တွေထဲက တစ်ယောက်အဖြစ် အသွင်ပြောင်းပေးမှာပါ” ဟု QUESS စီမံကိန်း၏ အင်ဂျင်နီယာချုပ်ဖြစ်သော ပန်ဂျီယံဝေက ပြာကြားခဲ့သည်။

    အဆိုပါဂြိုဟ်တုဖြင့် ဆောင်ရွက်မည့် ဆက်သွယ်ရေးကွန်ယက်မှာ ကြားဖြတ်ဖမ်းယူ၍မရဘဲ၊ ကွမ်တန်နည်းပညာသုံး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာရေး အရေးပါမည်ဖြစ်သည်။

    Ref: RT

  • တရုတ်မှာ မိမိတို့ပိုင်နက်ကို ကျူးကျော်သည်ဟု ဂျပန်ပြော

    တရုတ်မှာ မိမိတို့ပိုင်နက်ကို ကျူးကျော်သည်ဟု ဂျပန်ပြော

    သြဂုတ် ၉၊ ၂၀၁၆
    M-Media

    japan 3

    – အရှေ့တရုတ်ပင်လယ်ပြင်ရှိ မိမိတို့ပိုင်ဆိုင်သည်ဟု ယူဆထားသည့် ပိုင်နက်အတွင်းကို တရုတ်က ကျူးကျော်ဝင်ရောက်လာခဲ့သည်ဟု ဂျပန်ဘက်က စွပ်စွဲပြောကြားလိုက်ပြီး ထိုကိစ္စအတွက် မိမိတို့မှာ တည်တည်ငြိမ်ငြိမ်ဖြင့် အသေအချာတုန့်ပြန်သွားမည်ဟု ဆိုသည်။

    ဂျပန်ကက်ဘိနက်အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါက ယမန်နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်ကဲ့သို့ နိုင်ငံရပ်ခြား အင်အားကြီးနိုင်ငံများ ပါဝင်လာနိုင်သည့် ထိုအငြင်းပွားမှုကို အရှိန်တက်အောင် မလုပ်ရန်လည်း တရုတ်ကို သတိပေးခဲ့သည်။

    နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားနေသည့် ရေပိုင်နက်ထဲသို့ တရုတ်သင်္ဘော ၁၄ စီးမှာ ပြီးခဲ့သည့် သီတင်းပတ်က ၀င်ရောက်ခဲ့ပြီး လက်ရှိတွင် ၁၂ စီး ကျန်ရှိနေကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အပါအ၀င် မိမိတို့၏ အဖွဲ့အစည်းအများအပြားမှာ အခြေအနေအား ရင်ဆိုင်ဆောင်ရွက်နေပြီး ထိုဒေသအတွင်း ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်နေကြာင်း ဆူဂါက ထပ်လောင်း ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များအတွက် ဂျပန်မှာ ယခုနောက်ပိုင်းတွင် ဆန့်ကျင်ကန့်ကွက်မှု အများအပြား ပြုလုပ်ခဲ့ပြီး ကမ်းလွန်ဓာတ်ငွေ့တူးဖော်မှုလုပ်ငန်းတွင် တရုတ်က ရေဒါတပ်ဆင်မှုအတွက်လည်း သောကြာနေ့တွင် ဂျပန်က ကန့်ကွက်ခဲ့သည်။

    Ref; Presstv