News @ M-Media
Tag: China
  • တရုတ်-ပြင်သစ် နျူစီမံကိန်းကို တရုတ်ပြည်သူများ ကန့်ကွက်
    တရုတ်-ပြင်သစ် နျူစီမံကိန်းကို တရုတ်ပြည်သူများ ကန့်ကွက်
    သြဂုတ် ၉၊ ၂၀၁၆
    M-Media
    china 7
    – အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိသည့် တရုတ်-ပြင်သစ် နျူကလီးယားစီမံကိန်းကို ဆန့်ကျင်သောအနေဖြင့် တရုတ်နိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ Lianyungang တွင် ဒေသခံထောင်ပေါင်းများစွာက လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ထိုစီမံကိန်းမှာ နျူကလီးယားစွန့်ပစ်ပစ္စည်းသန့်စင်သည့် စက်ရုံဖြစ်ပြီး ရဲတပ်ဖွဲ့က သတိပေးခဲ့သော်လည်း ပြည်သူများမှာ အစိုးရရုံးများ၏ အရှေ့တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
    ၂၀၁၂ ခုနှစ်က ပြင်သစ်နျူကလီးယားလောင်စာလုပ်ငန်း Areva နှင့် တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်း (CNNC) တို့အကြား နျူကလီးယားပြန်လည်သန့်စင်ရေး စက်ရုံတစ်ခု တည်ဆောက်မည့် သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး တည်ဆောက်မည့်နေရာအား အတိအကျ သတ်မှတ်ထားခြင်းမရှိပေ။
    Lianyungang မြို့ ဒေသခံများကမူ ၎င်းတို့ဒေသအနီးတွင် ကြီးမားသော နျူဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်လျက်ရှိနေသောကြောင့် ယင်းစက်ရုံအနီး ထိုနျူစွန့်ပစ်ပစ္စည်း သန့်စင်စက်ရုံစီမံကိန်း ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြသည်။
    ဆန္ဒပြသူများမှာ အလံများလွှင့်၍၊ ကျွေးကြော်သံများကိုလည်း ကျွေးကျော်ခဲ့ကြပြီး ထိုနျူစီမံကိန်းက ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်မှုအတွက် စိုးရိမ်မိသည်ဟု ဆိုသည်။
    Ref : Presstv
  • တရုတ်ရှိ ဟာလာလ်စီးပွားရေးလုပ်ငန်းတစ်ခုက ချို့တဲ့သည့် မိသားစု ၁၀၀၀၀ ကို အလုပ်ပေးမည်
    တရုတ်ရှိ ဟာလာလ်စီးပွားရေးလုပ်ငန်းတစ်ခုက ချို့တဲ့သည့် မိသားစု ၁၀၀၀၀ ကို အလုပ်ပေးမည်
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    china halal
    – တရုတ်နိုင်ငံရှိ အကြီးဆုံး ဟာလာလ်အသားထုတ်လုပ်သော လုပ်ငန်းမှာ နိုင်ငံအတွင်းရှိ အဆင်းရဲဆုံးဒေသတွင် စိုက်ပျိုးမွေးမြူရေးဇုန်တစ်ခု တည်ထောင်ရန် ဆောင်ရွက်လျက်ရှိနေပြီး အဆိုပါလုပ်ငန်းက ဒေသတွင်းရှိ မိသားစုပေါင်း ၁၀၀၀၀ ခန့်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။
    Henan Dayong Bangjie Food လုပ်ငန်းဖြစ်ပြီး Guangxi ပြည်နယ် Xincheng ဒေသအစိုးရနှင့် ယွမ်သန်းပေါင်း ၂၅၀ (ကန်ဒေါ်လာ ၃၇ သန်း) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် သဘောတူညီချက်လည်း ရရှိပြီးဖြစ်သည်။ ၎င်းတို့တည်ထောင်မည့် စိုက်ပျိုး  မွေးမြူရေးဇုန်တွင် ကျွဲနွားမွေးမြူလုင်ငန်းနှင့် ကောက်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတို့ ပါဝင်မည်ဖြစ်သည်။
    အဆိုပါလုပ်ငန်းမှာ အသင့်ထုတ်ပိုးပြီးသား အသားများတင်ပို့မှုတွင် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များကိုပါ ထိုးဖောက်ရန် ရည်ရွယ်ထားသည်။
    Guangxi ပြည်နယ်သည် မဖွံ့ဖြိုးသေးသော ကျေးလက်ဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆင်းရဲဆုံးသော ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော်လည်း မကြာသေးမီကာလအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ မျက်စိကျရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
    Ref;IINA
  • အငြင်းပွားကျွန်းအနီး သင်္ဘောများ ခုတ်မောင်းမှု တရုတ်ကို ဂျပန် ကန့်ကွက်
    အငြင်းပွားကျွန်းအနီး သင်္ဘောများ ခုတ်မောင်းမှု တရုတ်ကို ဂျပန် ကန့်ကွက်
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    japan 3
    – အရှေ့တရုတ်ပင်လယ်အတွင်းမှာ ဂျပန်နဲ့ တရုတ် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းရဲ့ ရေပိုင်နက်အနီး တရုတ်ရဲ့ ကမ်းခြေစောင့်သင်္ဘောတွေနဲ့ ငါးဖမ်းသင်္ဘောတွေ သွားလာမှုအတွက် ဂျပန်က ဆန့်ကျင်ကြောင်း ပြောကြားလိုက်ပြီး ၂ ရက်အတွင်း ဒုတိယမြောက် ကန့်ကွက်မှုလည်း ဖြစ်ပါတယ်။
    ဂျပန်က ဆန်ကာကူလို့ခေါ်ပြီး တရုတ်က ဒေယူးလို့ခေါ်တဲ့ ကျွန်းအနီးမှာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်ကမ်းခြေစောင့်သင်္ဘော ၇ စီးနဲ့ ငါးဖမ်းသင်္ဘော ၂၃၀ လောက်ဟာ ဂျပန်က ပိုင်ဆိုင်ကြောင်း ကြေငြာထားတဲ့ ရေပိုင်နက်အနီး ဒီနေ့မှာ ခုတ်မောင်းခဲ့ကြတာဖြစ်ကာ ကမ်းခြေစောင့်သင်္ဘော ၄ စင်းမှာတော့ လက်နက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
    တရုတ်ကလည်း ဒီကျွန်းကို ပိုင်ဆိုင်ကြောင်း ကြေငြာထားပြီး ကမ်းခြေစောင့်ရေယာဉ်တွေကို မကြာခဏလွှတ်လေ့ရှိပေမယ့် ငါးဖမ်းသင်္ဘောတွေကိုတော့ အခုလို လွှတ်လေ့မရှိပါဘူး။ ဂျပန်ရဲ့ ဆန့်ကျင်မှုအတွက် တရုတ်ဖက်က ဘာမှ တုန့်ပြန်မှု မရှိသေးပါဘူး။
    Ref: Aljazeera
  • ပင်လယ်ပြင်တွင် စစ်ဖြစ်နိုင်မှုအတွက် ပြင်ဆင်ထားရန် ပြည်သူများကို တရုတ်သတိပေး
    ပင်လယ်ပြင်တွင် စစ်ဖြစ်နိုင်မှုအတွက် ပြင်ဆင်ထားရန် ပြည်သူများကို တရုတ်သတိပေး
    သြဂုတ် ၄၊ ၂၀၁၆
    M-Media
    war
    – တောင်တရုတ်ပင်လယ်က တင်းမာနေတဲ့အခြေအနေတွေဟာ ထိပ်တိုက်တွေ့နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပြီး စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူတွေအနေနဲ့ တိုင်းပြည်ရဲ့ နယ်မြေပိုင်နက်ကို ကာကွယ်ရေး အသင့်ပြင်ထားဖို့ တရုတ်ကာကွယ်ရေးဝန်ကြီး ချန် ၀မ်ကွမ်က သတိပေးလိုက်ပါတယ်။
    နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ ကျီကျင်းမှာ စစ်ဘက်ရေးရာ နေရာချထားမှုကို စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း ၀န်ကြီးက ကြေငြာချက်ထုတ်ကာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး အထူးသဖြင့် ပယ်လယ်ပြင်မှာ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ရတဲ့အခါမှာ အမျိုးသားလုံခြုံရေးနဲ့ အရေးပါမှုကို သတိပြုရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
    နောက်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ နိုင်ငံသားတွေအနေနဲ့ ပင်လယ်ပြင်စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ နိုင်ငံရဲ့ အချုပ်အခြာနဲ့ ပိုက်နက်တွေဟာ အန္တရာယ်တွေရှိနေတာကြောင့် ပြည်သူလူထုကို နိုင်ငံတော်ကာကွယ်ရေး ကိစ္စတွေနဲ့ပက်သက်လို့ အသိပညာပေးသင့်ကြောင်း ၎င်းက ထပ်လာင်းပြောကြားခဲ့ပါတယ်။
    တောင်တရုတ်ပင်လယ်အတွင်းက တရုတ်နဲ့ အာရှနိုင်ငံတစ်ချို့ ပိုင်နက်အငြင်းပွားမှုတွေ ဖြစ်ပွားနေတဲ့ ကျွန်းစုတွေအနီးမှာ အမေရိကန်ရေတပ်က တိုက်ရေယာဉ်တွေ၊ လေယာဉ်တွေကို တပ်ဖြန့်ခြားထားပြီး၊ ဒေသအတွင်းက စစ်ရေးလေ့ကျင်မှုတွေမှာ ပါဝင်မှုကိုလည်း အမေရိကန်က တိုးမြှင့်လုပ်ဆောင်နေပါတယ်။
    တရုတ်ကတော့ အဲဒီလုပ်ရပ်တွေကို ရှုတ်ချထားပြီး အမေရိကန်ဟာ ရန်စနေတာသာဖြစ်ကြောင်း ပြောကြားထားကာ တောင်တရုတ်ပင်လယ်အတွင်း ၎င်းထိန်းချုပ်ထားတဲ့ ကျွန်းစုတွေမှာလည်း သင်္ဘောဖျက်ဒုံးတွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေကို ချထားပါတယ်။
    Ref : RT
  • တာလီဘန်ကိုစားလှယ်အဖွဲ့ တရုတ်သို့သွားကာ အာဖဂန်အရေး ဆွေးနွေးခဲ့
    တာလီဘန်ကိုစားလှယ်အဖွဲ့ တရုတ်သို့သွားကာ အာဖဂန်အရေး ဆွေးနွေးခဲ့
    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media
    taliban
    – အနောက်နိုင်ငံ ကျောထောက်နောက်ခံပြု အစိုးရနဲ့ စစ်သွေးကြွတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန်က အခြေအနေတွေကို ဆွေးနွေးဖို့အတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ တရုတ်နိုင်ငံသို့ ဒီလအစောပိုင်းက သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
    အဲဒီကိုယ်စားလှယ်အဖွဲ့ကို ကာတာရှိ တာလီဘန်နိုင်ငံရေးရုံးဥက္ကဌ အဘတ်စ် စတာနက်ဇိုင်က ဦးဆောင်တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုကြောင့် ပေကျင်းကို ဇူလိုင် ၁၈ ရက်ကနေ ၂၂ ရက်အထိ သွားရောက်ခဲ့တာဖြစ်တယ်လို့ တာလီဘန်အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
    “ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံတော်တော်များများနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိပါတယ်၊ တရုတ်ကလည်း အဲ့ဒီနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကျူးကျော်ဝင်ရောက်လာတဲ့ တပ်ဖွဲ့တွေရဲ့ ပိုင်နက်သိမ်းပိုက်မှုတွေ၊ အာဖဂန်ပြည်သူတွေအပေါ် သူတို့ရဲ့ ရက်စက်မှုတွေနဲ့ပက်သက်လို့ တရုတ်အရာရှိတွေကို ကျွန်တော်တို့ အသိပေးထားပြီးဖြစ်ပါတယ်။ ဒီအရေးကိစ္စတွေကို ကမ္ဘာ့ဖိုရမ်တွေမှာ ဆွေးနွေးတင်ပြဖို့၊ ကျူးကျော်သိမ်းပိုက်နေတဲ့ တပ်တွေရဲ့လက်နေ ကျွန်တော်တို့လွတ်မြောက်မှုရဖို့အရေး ကူညီကြဖို့ တရုတ်ရဲ့ဦးဆောင်မှုကို ကျွန်တော်တို့လိုချင်ပါတယ်” လို့ အမည်မဖော်ပြလိုတဲ့ တာလီဘန်အရာရှိတစ်ဦးက ပြောပါတယ်။
    အဆိုပါလည်ပတ်မှုကို အမည်မဖော်ပြလိုတဲ့ အခြားသော အကြီးတန်းတာလီဘန်အရာရှိတွေကလည်း အတည်ပြုခဲ့ပါတယ်။ အမည်မဖော်ရတဲ့ အကြောင်းအရင်းကတော့ ကာတမှာရှိနေတဲ့ နိုင်ငံရေးရုံးရဲ့ ပြောရေးဆိုခွင့်ကို မရရှိထားလို့ဖြစ်တယ်လို့ ဆိုပါတယ်။
    Ref: Reuters