News @ M-Media

Tag: DailySportNews

  • အသင်း အနေဖြင့် အရှုံးမှ အမြန် ပြန်လာရမည်ဟု ၀င်းဂါးဆို

    ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
    M-Media
    367286_heroa
    – လီဗာပူးလ်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ် အသင်း အနေဖြင့် ထိုအရှုံးမှ လျင်မြန်စွာ ပြန်လာရမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောဆိုလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ်အသင်းမှာ ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပင် လီဗာပူးလ် အသင်း၏ သွင်းဂိုး ၄ ဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲအပြီး၌ ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

    “ဒီရလဒ်ကနေ့ ကျွန်တော်တို့ရုန်းထွက်ရပါမယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် ဆိုးရွားခဲ့တဲ့အတွက် အထူးသဖြင့် မတူညီနဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြန်လာရမှာပါ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထိုအရှုံးမှ ရှာဖွေစရာ အဖြေများစွာရှိကြောင်း၊ လီဗာပူးလ်အသင်းမှာ မိမိတို့ထက် ပိုကောင်းခဲ့ပြီး၊ အာဆင်နယ်အသင်း ပရိတ်သတ်များမှာလည်း အသင်းအား အကောင်းဆုံးအားပေးခဲ့ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုပွဲအရှုံးမှာ အာဆင်နယ်အသင်း၏ ယခုနှစ်ရာသီ ၄ ပွဲမြောက် အရှုံးဖြစ်ပြီး မန်စီးတီးအသင်းအား အီတီဟတ်တွင် ၆ ဂိုး ၃ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုးဝါးဆုံး အရှုံးလည်းဖြစ်သည်။

    Ref: Goal

  • အမှားအယွင်းမရှိခဲ့ဘဲ ဇယားထိပ်ဆုံးကို ရောက်လာတဲ့ ချယ်ဆီး၊ ဂိုးပေါက် ဆက်ပျောက်ခဲ့တဲ့ မန်းစီးတီး

    ဖေဖော်ဝါရီ ၉၊ ၂၀၁၄
    M-Media

    အမှားအယွင်းမရှိခဲ့ဘဲ ဇယားထိပ်ဆုံးကို ရောက်လာတဲ့ ချယ်ဆီး၊ ဂိုးပေါက် ဆက်ပျောက်ခဲ့တဲ့ မန်းစီးတီး  ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ စနေနေ့ည ပွဲများ

    che-new-1314-080214-ps26
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ မနေ့က ကစားခဲ့တဲ့ ၈ ပွဲမှာ ထိပ်ဆုံးက အာဆင်နယ် လီဗာပူးလ်ကို စောစောစီးစီးရှုံးသွားခဲ့လို့ နောက်ကလိုက်နေတဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ အခွင့်ရေးကောင်းတွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ချယ်ဆီးတစ်သင်းသာ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပြီး မန်စီးတီးကတော့ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

    ပထမအကျော့ စိန့်ဂျိးမ်စ်ပါ့က်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ ချယ်ဆီး အိမ်ကွင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး လိုချင်တဲ့အနိုင်ဂိုးတွေကို ရခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဟာဇာဒ့် အခုပွဲမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ချယ်ဆီးရဲ့ အနိုင်ဂိုး ၃ ဂိုးစလုံးကို သူကပဲသွင်းယူပေးသွားခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဆို့ ဇယားထိပ်ဆုံးကို ၁ မှတ်အသာနဲ့ ရောက်ရှိခဲ့ပါတယ်။

    ပရီးမီးယားလိဂ်တိုက်စစ်အကောင်းဆုံးဖြစ်တဲ့ မန်စီးတီးတို့ကတော့ ဒီတစ်ပတ်မှာလည်း ဂိုးပေါက်ဆက်ပျောက်ခဲ့ပြီး အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားနိုင်ပေမယ့် ဇယားအောက်ခြေနားက နော်ဝစ်ခ်ျကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ပထမအကျော့ အီတီဟတ်မှာ ၇ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတဲ့ နော်ဝစ်ခ်ျအသင်းရဲ့ အိမ်ကွင်းကစားပုံ မာကျောတာက မန်စီးတီးတို့အတွက် အခက်အခဲဖြစ်စေခဲ့ပါတယ်။

    ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ ရှုံးထားတဲ့ ဆွမ်းဆီးအသင်းကတော့ အိမ်ကွင်းမှာ နည်းပြသစ်နဲ့အတူ ကာဒစ်ဖ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအသင်းကို လိဂ်ဖလားရရှိအောင် နည်းပြပေးနိုင်ခဲ့တဲ့ လော့ဒရပ်ထွက်ခွာ သွားပြီးတဲ့နောက် နည်းပြသစ် ဂယ်ရီမော့ကတော့ အနိုင်နဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်ကတော့ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဆွမ်ဆီးအသင်းအတွက် ဂိုးတွေကို ဒုတိယပိုင်းမှ ရခဲ့တာဖြစ်ပြီး ရုသ်လက်ဒ်၊ ဒိုင်ယာနဲ့ ဘိုနီတို့က သွင်းယူပေးခဲ့တာပါ။

    တန်းဆင်းဇုန်က ၀က်စ်ဟမ်းက အဝေးကွင်းမှာ ကီဗင်နိုလန်ရဲ့ ဒုတိယပိုင်းအစ သွင်းဂိုး ၂ ဂိုးနဲ့အတူ အက်စတွန်ဗီလာကိုအနိုင်ရခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်ကလည်း အိမ်ကွင်းမှာ ကစားသမားသစ်နှစ်ဦးရဲ့ ဂိုးတွေနဲ့ ၀က်စ်ဘရွန်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ နယူးကာဆယ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဆန်းဒါးလန်းဟာ အိမ်ကွင်းမှာ ဟားလ်စီးတီးကို ၂ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ပွဲအစသုံးမိနစ်မှာ နောက်ခံလူ ၀က်စ်ဘရောင်း တိုက်ရိုက်အနီကတ်နဲ့ထုတ်ခံလိုက်ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တာပါ။

    ဆောက်သက်တမ်ကတော့ အိမ်ကွင်းမှာ ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ကို ထိမ်းမထားနိုင်ခဲ့တာကြောင့် သရေတစ်မှတ် နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ စနေနေ့ည ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗာပူးလ် ၅-၁ အာဆင်နယ်
    ခရစ္စတယ်ပဲလေ့စ် ၃-၁ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၂ ၀က်စ်ဟမ်း
    ချယ်ဆီး ၃-၀ နယူးကာဆယ်
    နော်ဝစ်ခ်ျ ၀-၀ မန်စီးတီး
    ဆောက်သက်တမ် ၂-၂ စတုတ်စီးတီး
    ဆန်းဒါးလန်း ၀-၂ ဟားလ်စီးတီး
    ဆွမ်ဆီး ၃-၀ ကာဒစ်ဖ်

    Photo-premierleague.com

    #DailySportNews

  • လက်ရှိခြေစွမ်းကို မက်ဆီကျေနပ်၊ နိုင်ငံနှင့် ကလပ် နှစ်ခုစလုံးအတွက် သမိုင်းတွင်မည့် နှစ်ဖြစ်အောင် ကြိုးစားသွားမည်ဟုဆို

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    364476_heroa
    – ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ပြသသည့် ၎င်း၏ခြေစွမ်းနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း မိမိအနေဖြင့် အားရကျေနပ်မှု ရှိသည်ဟု ဘာစီလိုနာ အသင်း၏ ကွင်းလယ်လူ မက်ဆီက ပြေကြားလိုက်သည်။

    မက်ဆီမှာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့သည့် သီတင်းပတ်များက အနားယူနေခဲ့ရပြီးနောက် ပြန်လည်ကစားနိုင်ခဲ့သည့် ပွဲများတွင် ခြေစွမ်းမပြနိုင်ဟု လူအများက ဝေဖန်နေကြပြီး၊ ဘာစီလိုနာ လက်ထောက်နည်းပြဟောင်း အိန်ဂျယ် ကပ်ပါကလည်း မက်ဆီနေဖြင့် နိုင်လိုစိတ်ပျောက်ဆုံးနေသည်ဟု ယခုသီတင်းပတ် အစောပိုင်းက မှတ်ချက်ပေးခဲ့သည်။

    သို့သော်လည်း မက်ဆီက ၎င်းအနေဖြင့် ယခင်ကကဲ့သို့ စိတ်အားထက်သန်မှုရှိနေပြီး ကလပ်နှင့် နိုင်ငံ နှစ်သင်းစလုံးအတွက် ထူးခြားသော ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်ရန်အတွက် မျှော်လင့်ထားသည်ဟု ပြောဆိုခဲ့သည်။

    “ကျွန်တော်အဆင်ပြေပါတယ်။ စွမ်းအားတွေပြည့်ဝနေပြီး၊ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ကျနော့်ရဲ့ လက်ရှိပုံစံနဲ့ပက်သက်ပြီး ကျွန်တော်ကျေနပ်ပါတယ်။ နှေးကွေးပေမယ့် ဒီနှစ်မှာ မျှော်လင့်ထားတဲ့ အောင်မြင်မှုဆီကို ကျွန်တော်သွားနေမှာတော့ သေချာပါတယ်” ဟု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၄ ကြိမ်ရ မက်ဆီက ဘီဘီစီ သတင်းဌာနသို့ပြောကြားခဲ့သည်။

    Ref: Goal

  • ဘရာဇီး ဘောလုံးသမိုင်း တစ်လျှောက် ဖရီးကစ် အကန် အကောင်းဆုံး ကစားသမား စာရင်းထွက်ပေါ်၊ ရော်နယ်ဒင်ဟို မပါ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၄
    M-Media

    366046_heroa

    – ဘရာဇီးနိုင်ငံ၏ ဘောလုံးသမိုင်း တစ်လျှောက် ဖရီးကစ် အကောင်းဆုံး ကစားသမား ၁၀ ဦးအား Goal.com ထုတ်ပြန်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်စောပိုင်းက ဘရာဇီးအသင်းနှင့် အတူ ခြေစွမ်းပြခဲ့ပြီး “အဖြူရောင်ပီလီ” ဟု နာမည်ကျော်သည့် အလယ်တန်းကစားသမား ဇီကိုက ထိပ်ဆုံးတွင် ရှိနေခဲ့သည်။

    တနင်္လာနေ့က ဘောလုံးကစားသမား ဘ၀မှာ အနားယူသွားခဲ့သည့် အလယ်တန်း ကစားသမား ဂျူနင်ဟိုမှာ အဆင့် ၄ နေရာတွင်ရှိနေခဲ့သည်။ ဂျူနင်ဟိုမှာ ၎င်း၏ခေတ်တွင် ဆယ်စုနှစ် တစ်ခုအထိ ကမ္ဘာ့အကောင်းဆုံး ဖရီးကစ်အကန်ကောင်းသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

    ၁၉၉၇ ခုနှစ်က ပြစ်သစ်အသင်းနှင့် ခြေစမ်းပွဲတွင် မယုံနိုင်စရာကောင်းသည့် ဖရီးကစ်ဂိုးကို သွင်းယူပေးခဲ့သည့် ဘယ်နောက်ခံလူ ရော်ဘတ်တို ကားလို့စ်မှာ အဆင့် ၇ နေရာတွင်ရှိနေပြီး၊ ဘရာဇီး၏ ဂန္တ၀င်ကစားသမား ပီလီမှာ အဆင့် ၉ နေရာတွင်လည်းကောင်း ၁၉၉၀ ပြည့်နှစ်များက ကျော်ကြားခဲ့သည့် ရီဗယ်ဒိုက အဆင့် ၁၀ နေရာတွင်လည်းကောင်း အသီးသီးရှိနေကြသည်။

    သို့သော်လည်း ဘာစီလိုနာအသင်းနှင့် ခြေစွမ်းကောင်းများပြသခဲ့သည့် ကွင်းလယ်လူ ရော်နယ်ဒင်ဟိုမှာ အဆိုပါစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့ပေ။

    ဘရာဇီး ဘောလုံးသမိုင်း တစ်လျှောက် ဖရီးကစ်အကောင်းဆုံး ကစားသမား ၁၀ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ ဇီကို
    ၂။ ဒီးဒီး
    ၃။ ရီဗီလီနို
    ၄။ ဂျူနင်ဟို
    ၅။ ဘရန်ကို
    ၆။ ဒီရ်စီအူ
    ၇။ ရော်ဘတ်တိုကားလို့စ်
    ၈။ အီဒါ
    ၉။ ပီလီ
    ၁၀။ ရီဗယ်ဒို

    Ref: Goal.com

  • မက်ဆီမှာ အသင်းသို့ စရောက်ကာစတွင် ရုန်းကန်ခဲ့ရသည်ဟု ပီကေးဆို

    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    357572_heroa
    – ဘာစီလိုနာ အသင်းတွင် ခြေစွမ်းပြလျက်ရှိနေပြီး အောင်မြင်မှုများရရှိနေသော မက်ဆီမှာ ဘာစီလိုနာအသင်းသို့ စရောက်စဉ်တွင် ရုန်းကန်ခဲ့ရသည်ဟု အသင်းဖော် နောက်ခံလူ ပီကေးက ပြောကြားခဲ့သည်။

    မက်ဆီမှာ အသက် ၁၃ နှစ်အရွယ်က ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် အခက်အခဲတစ်ချို့နှင့် ရင်ဆိုင်ရခဲ့ကြောင်းကို  “ကျွန်တော် မှတ်မိပါသေးတယ်။ အသင်းကိုစရောက်စ လအနည်းငယ်မှာ လီယို(မက်ဆီ)ဟာ အခုလို ကြံ့ခိုင်မှုမရသေးပါဘူး။ အ၀တ်လဲခန်းမှာ သူ့ဟာသူ ထိုင်နေတာပါပဲ။ သူဟာ စကားလည်းနည်းပါတယ်။ ပြီးတော့ရှက်လည်းရှက်တတ်ပြီး အချိန်ယူခဲ့ရပါတယ်” ဟု ပီကေးက ပြောကြားခဲ့သည်။

    ထို့ပြင် လေ့ကျင့်ကွင်းတွင် အသင်းဖော်များက သူအား ထိန်းနိုင်ခြင်းမရှိဘဲ အသင်းတွင် အလျင်အမြန် နေရာရလာခဲ့ကြောင်း၊ ပါရမီရှိသောကစားသမား တစ်ဦးဖြစ်ကြောင်းကို ပီကေးက ထည့်သွင်းပြောကြားခဲ့သည်။

    မက်ဆီမှာ၂၀၀၄-၀၅ ဘောလုံးရာသီတွင် ဘာစီလိုနာအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ယခုအချိန်အတွက် အသင်းအတွက် ဂိုးပေါင်း ၃၀၀ ကျော် သွင်းယူပေးထားသည်။