News @ M-Media
Tag: DailySportNews
  • ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ခွင့်မှာ ပြီးဆုံးခဲ့ပြီဟု အိုဝင်ဆို
    ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ခွင့်မှာ ပြီးဆုံးခဲ့ပြီဟု အိုဝင်ဆို
    မေ ၂၃ ၊ ၂၀၁၄
    M-Media
    294590_heroa
    – အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်စွဲနိုင်သည့် အခွင့်အရေးမှာ ပြီးဆုံးခဲ့ပြီး လက်ရှိ အင်္ဂလန်အသင်းမှာလည်း တောင့်တင်းခြင်း မရှိဟု လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်က ပြောကြားလိုက်သည်။
    အိုဝင်မှာ အင်္ဂလန်အသင်း၏ ရွှေရောင် မျိုးဆက်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၈၊ ၂၀၀၂နှင့် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပွဲများတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ Perform သတင်းဝဘ်ဆိုဒ်သို့ အိုဝင်က ပြောကြားရာတွင် ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ အတောင့်တင်းဆုံးဖြစ်ခဲ့ပြီး တစ်ခါတစ်ရံတွင် အကောင်းဆုံးသင်းမှာ ဗိုလ်စွဲခြင်း မရှိဟု ဆိုသည်။ လက်ရှိအင်္ဂလန်အသင်းနှင့် ပတ်သက်၍ အိုဝင်က
    “လက်ရှိအင်္ဂလန်အသင်းက အရမ်းတောင့်တင်းမှုမရှိပါဘူး။ ထိပ်တန်းကစားသမားတွေ ထွက်လာဖို့နဲ့ ဒီပြိုင်ပွဲတွေမှာ အခွင့်အရေးတစ်ခုရလာဖို့ ကျွန်တော်တို့ ဆုတောင်းနေကြပါတယ်” ဟု ပြောကြားခဲ့သည်။
    အင်္ဂလန်အသင်းမှာ ကမ္ဘာဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၁၉၆၆ ခုနှစ် တစ်ကြိမ်သာ ဗိုလ်စွဲထားနိုင်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အမြင့်ဆုံးအဖြစ် ဆီးမီးဖိုင်နယ်အထိသာ တက်ရောက်နိုင်ခဲ့သည်။
  • ဘွန်ဒစ်လီဂါတွင် ဂိုးလိုင်းနည်းပညာ အသုံးပြုရန် ဘိုင်ယန်တောင်းဆို
    မေ ၂၃ ၊ ၂၀၁၄
    M-Media
    361826_heroa
    – ဂျာမန်ဘွန်ဒစ် လီဂါပြိုင်ပွဲများတွင် ဂိုးလိုင်းနည်းပညာကို အသုံးပြုရန် ဂျာမနီဘောလုံးလိဂ် DFL သို့ ဘိုင်ယန်မြူးနစ်အသင်းက တောင်းဆိုလိုက်သည်ဟု သိရသည်။
    ဂိုးလိုင်း နည်းပညာကို အင်္ဂလန်တွင် ၂၀၁၃-၁၄ ဘောလုံးရာသီက စတင် အသုံးပြုခဲ့သော်လည်း ဂျာမနီပရိုဘောလုံးပြိုင်ပွဲများတွင် ထိုနည်းပညာ အသုံးပြုရန် ဂျာမနီ ပထမတန်းနှင့် ဒုတိယတန်းမှ ၃၆ သင်းက ကန့်ကွက်ခဲ့သည်။
    ပြီးခဲ့သည့် စနေနေ့ ဘိုင်ယန်က ဒေါ့မွန်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည့် ဂျာမန်ရှုံးထွက် ဖလားဗိုလ်လုပွဲတွင် ဒေါ့မွန်အသင်းမှ ဟမ်မဲလ်စ်သွင်းယူခဲ့သော ဂိုးမှာ ဖြတ်ထုတ်ခြင်း မခံရမီ ဂိုးစည်းကျော် သွားခဲ့သော်လည်း ဒိုင်လူကြီးက ဂိုးမပေးခဲ့ချေ။
    ထိုပွဲပြီးနောက် ဘိုင်ယန်ဥက္ကဌ ရိုင်ဟာ့ဒ် ရူဘောလ်က DFL သို့ စာတစ်စောင်ပို့ခဲ့ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲများတွင် ဂိုးလိုင်း နည်းပညာအား အသုံးပြုရန် တောင်းဆိုခဲ့သည်။ ဘိုင်ယန်၏ ထိုတောင်းဆိုချက်ကို DFL အဖွဲ့ဝင် ကလပ်အသင်းများက လာမည့်အစည်းအဝေးတွင် ဆွေးနွေးကာ လက်ခံရန်သင့်မသင့်ကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။
  • အသက် ၁၇ နှစ်အောက် ဥရာပ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန်လူငယ် အသင်း ဗိုလ်စွဲ
    မေ ၂၂ ၊ ၂၀၁၄
    M-Media
    408979_heroa
    – မော်လ်တာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အသက် ၁၇ နှစ်အောက် ဥရောပ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန်အသင်းမှာ နယ်သာလန်အား နောက်ဆုံး ဗိုလ်လုပွဲ၌ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    အင်္ဂလန်အသင်းအတွက် ပွဲချိန် ၂၅ မိနစ်တွင် ချယ်ဆီး လူငယ် တိုက်စစ်မှူး ဒိုမီနစ် ဆိုလန်ကီ က ဦးဆောင်ဂိုး သွင်းယူပေးခဲ့သော်လည်း ၅ မိနစ်အကြာတွင်  နယ်သာလန် အသင်းက ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။ နောက်ပိုင်း ပွဲချိန်များတွင် မည်သူမျှ ဂိုးထပ် သွင်းယူနိုင်ခြင်း မရှိဘဲ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ အင်္ဂလန်အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    အင်္ဂလန်အသင်းမှာ ၂၀၁၀ ခုနှစ်ကလည်း ထိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ အင်္ဂလန်လက်ရွေးစင် အသင်းမှာ အောင်မြင်မှုများနှင့်ဝေးကွာနေသော်လည်း လူငယ် အသင်းများမှာ အောင်မြင်မှုများကို ရရှိလျက်ရှိနေပြီး FA ကမူ အင်္ဂလန် လူငယ်ကစားသမားများ ပရီးမီးယားလိဂ်တွင် ပိုမို ပါဝင်နိုင်ရေး စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်။
  • ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 
    ယခုနှစ် ဂျူဗင်တပ်စ် အောင်မြင်မှုမှာ အသင်း သမိုင်းတွင် မမေ့နိုင်သည့်နေ့ ဖြစ်လာမည်ဟု နည်းပြ ကွန်တီဆို 
    မေ ၁၉၊ ၂၀၁၄
    M-Media
    407142_heroa
    – စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီး စံချိန်တင် ၁၀၂ မှတ်ဖြင့်ရာသီသိမ်းခဲ့သည့် ယခုနှစ်ရာသီမှာ ဂျူဗင်တပ်စ်သမိုင်းတွင် မမေ့နိုင်စရာနေ့တစ်နေ့ဖြစ်မည်ဟု နည်းပြ ကွန်တီက ပြောကြားခဲ့သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ကယ်ဂလီယာရီကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲရခဲ့ကာ စံချိန်တင်နိုင်ခဲ့သည်။ ကွန်တီကလည်း အသင်းသားများကို ချီးကျူးခဲ့သည်။ 
    “အခုအချိန်အထိ အသင်းအသားတွေအားလုံး အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့ဟာ အားလုံးထက် သာလွန်ခဲ့ပြီး သူတို့လုပ်ခဲ့တာတွေကလည်း ထူးခြားတဲ့အရာပါပဲ။ သူတို့ကို ကျေးဇူးတင်ကြောင်း” ဟု ကွန်တီ၏ ပြောကြားချက်အား ဂျူဗင်တပ်စ်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။ 
    ဆီနာအသင်းမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေချန်ပီယံဆုအား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကွန်တီက ရိုမားအသင်းကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
    Ref : Goal
  • FA ဖလားအောင်ပွဲမှာ ဘ၀တွင် အရေးပါဆုံးဟု ၀င်းဂါးဆို
    မေ ၁၉ ၊ ၂၀၁၄
    M-Media
    – ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်နေရာမှ ၃ ဂိုးသွင်းယူကာ FA ဖလားအား ဆွတ်ခူးရရှိခဲ့ပြီးနောက် ထိုဖလားမှာ မိမိဘ၀တွင် အရေးပါဆုံးဖလားဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    Arsenal manager Arsene Wenger lifts the FA Cup
    “ဒီအချိန်ဟာ ဒီအသင်းမှာရှိနေတဲ့ ကျွန်တော်အတွက် အရေးပါတဲ့အချိန်ပါပဲ။ ဒီနေ့ ရှုံးခဲ့ရင် အဓိက ထိုးနှက်မှုဖြစ်လာမှာဖြစ်ပြီး နိုင်ခဲ့တာ ကတော့ လာမယ့်နှစ်မှာ တောင့်တောင့်တင်းတင်းပြန်လာဖို့ အတွက် အခြေအနေကောင်းတစ်ခုကို ကျွန်တော်တို့ရခဲ့တာပါ” ဟု ဆိုသည်။
    ထို့ပြင် ၀င်းဂါမှာ အသင်းသာများအားလုံးကိုလည်း ချီးကျူးခဲ့ပြီး မိမိတို့၏ ပရီးမီးယားမီးယားလိဂ် ပွဲစဉ်မှာ အလွန်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၀င်းဂါးမှာ အာဆင်နယ်အသင်းနှင့် မကြာမီ သက်တမ်းတိုးတော့မည်ဖြစ်သည်။