News @ M-Media

Tag: DailySportNews

  • ၄င်းအား နည်းပြအဖြစ် ကမ်းလှမ်းခြင်း ရှိ/မရှိကို ဖာဂူဆန် စကား နားမလည်၍ မသိခဲ့ဟု ဂွာဒီယိုလာ အရွှန်းဖောက်

    ဧပြီ ၁ ၊ ၂၀၁၄
    M-Media

    ဖာဂူဆန်၏ လေသံအား နားမလည်သောကြောင့် မန်ယူနည်းပြအဖြစ် ကမ်းလှမ်းခံခဲ့ရခြင်း ရှိ၊ မရှိကို မိမိမသိရှိခဲ့ကြောင်း ဂွာဒီယိုလာ အရွှန်းဖောက်ပြောကြား

    160713_heroa

    – ၂၀၁၂ ခုနှစ် ဖာဂူဆန်နှင့်တွေ့ဆုံစဉ် မန်ယူနည်းပြအဖြစ် မိမိအား ကမ်းလှမ်းကောင်း ကမ်းလှမ်းနိုင်ပြီး မိမိ၏ အင်္ဂလိပ်စွမ်းရည် မကောင်းသောကြောင့် နားမလည်ခြင်းသာဖြစ်နိုင်သည်ဟု ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    မန်ယူအသင်းနှင့် မနက်ဖြန်နံနက်တွင် ကစားမည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မန်ယူအသင်း၏ နည်းပြအဖြစ် ဖာဂူဆန်က ကမ်းလှမ်းခဲ့ဖူးလားဟု မေးမြန်းမှုအား ဂွာဒီယိုလာက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ဖာဂူဆန်နှင့် ဂွာဒီယိုလာတို့မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ညစာအတူစားခဲ့ကြပြီး ထိုအချိန်တွင် ဖာဂူဆန်က ဂွာဒီယိုလာအား မန်ယူနည်းပြအဖြစ် ကမ်းလှမ်းခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

    “သိပ်ကောင်းတဲ့ စားသောက်ဆိုင်ကို သူ(ဖာဂူဆန်)က ကျွန်တော့်ကို ဖိတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အင်္ဂလိပ်က သိပ်မကောင်းတော့ ဖာဂူဆန် မြန်မြန်ပြောတဲ့အခါ နားမလည်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်ကမ်းလှမ်းမှုခံခဲ့ရလားဆိုတာ မသိခဲ့ပါဘူး” ဟု အရွှန်းဖောက်ပြောကြားသွားခဲ့သည်။

    ထိုညစာစားပွဲမှာ ကောင်းမွန်သောညစာစားပွဲဖြစ်ခဲ့ပြီး မန်ယူအသင်းအား ကိုင်တွယ်ရန် ဖာဂူဆန်က ကမ်းလှမ်းမှုမရှိခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားသွားခဲ့သည်။ ထို့ပြင် ရလဒ်များဆိုးများနှင့် ရင်ဆိုင်နေရသည့် မိုယက်စ်ကိုလည်း ဂွာဒီယိုလာက နှစ်သိမ့်ပြောကြားခဲ့သည်။ ဘိုင်ယန်အသင်းမှာ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ဖာဂူဆန်ကိုင်တွယ်သည့် မန်ယူအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သော်လည်း ရှာရင်ဂမ်နှင့် ဆိုးလ်ရှားတို့၏ နောက်ကျဂိုး ၂ ဂိုးကြောင့် အရှုံးပေးခဲ့ရဖူးသည်။
    Ref: Goal

  • အင်္ဂလန်ရှိ ရေဘေးသင့်ပြည်သူများအား မွတ်စလင် စေတနာ့ဝန်ထမ်းများက အကူအညီများပေးအပ်

    အင်္ဂလန်ရှိ ရေဘေးသင့်ပြည်သူများအား မွတ်စလင် စေတနာ့ဝန်ထမ်းများက အကူအညီများပေးအပ်

    မတ် ၂၈၊ ၂၀၁၄
    M-Media

    28(1)

    – အင်္ဂလန်တွင် မြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများအား မွတ်စလင်စေတနာ့ဝန်ထမ်းအဖွဲ့များက အကူအညီများ ပေးအပ် ခဲ့ကာ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့တောင်ပိုင်းရှိ ဆာရေးနှင့် မစ်ဒဲလ်ဆက်ဒေသများတွင် ဖောဖော်ဝါရီလအတွင်းက သိမ်းမြစ်ရေလျှံမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၄၇ နောက်ပိုင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုလည်းဖြစ်ခဲ့သည်။ ထို့နောက် ရေဘေးသင့်ပြည်သူမျာအား အင်္ဂလန်တောင်ပိုင်းရှိ Sunbury စေတနာ့ ၀န်ထမ်းအဖွဲ့တစ်ခုမှ ကူညီမှုများပြုလုပ်ခဲ့ပြီး မွတ်စလင် စေတနာ့ဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ကလည်း ၎င်းတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။

    “ကျွန်တ်ာတို့ ဆမန်းရက်စ်နဲ့ စတိန်းဒေသတွေကို သွားခဲ့ပြီး၊ အဲဒီမှာ Sunbury အဖွဲ့နဲ့ တွေ့ခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ စေတနာ့ဝန်ထမ်း လိုက်ပါ တာတင်မဟုတ်ပါဘူး။ တံမြက်စည်းတွေ၊ သန့်ရှင်းရေးစက်တွေနဲ့၊ ပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်” ဟု မွတ်စလင် ကူညီကယ်ဆယ်ရေး အဖွဲ့၏ တာဝန်ရှိသူ အဟ်မဒ် တီလာဒီယာက Get Surrey သတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

    အဖွဲ့ဝင် ၂၅ ဦးပါသည့် အဆိုပါ မွတ်စလင်အဖွဲ့မှာ ဗြိတိန်မွတ်စလင် ကူညီကယ်ဆယ်ရေးအေဂျင်မှဖြစ်ပြီး၊ Sunbury အဖွဲ့နှင့်အတူ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ၂ ပတ် စနေ၊ တနင်္ဂနွေနေ့များက ရေဘေးသင့် ဒေသများတွင် ပြုလုပ်ခဲ့သည့် သန့်ရှင်းရေးလုပ်ငန်းများတွင်လည်း ၎င်းတို့ပါဝင်ခဲ့ပြီး၊ နောက်ထပ်သုံးပတ်အထိ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

    ထို့ကဲ့သို့ မွတ်စလင်အဖွဲ့များ၏ ကူညီမှုကို Sunbury အဖွဲ့က အလွန်အရာရောက်သည့် ဆောင်ရွက်မှုဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။ ထို့ပြင် မီဒီယာများမှ အစ္စလာမ်နှင့်ပတ်သက်သည့် မှားယွင်းသော ဖော်ပြမှုများကိုလည်း အမှန်အတိုင်း သိမြင်လာခဲ့ပြီဟု ဆိုသည်။

    “ကျွန်တော်တွေ့ခဲ့လူတွေထဲမှာ ချစ်ဖို့အကောင်းဆုံး ဒီလိုလူ ၂၅ ဦးနဲ့ ဆုံရတာ သိပ်ကို ကံကောင်းပါတယ်။ ဘာသာတရားတွေက တစ်ယောက်နဲ့ တစ်ယောက်သည်းခံဖို့၊ အတူတကွအလုပ်လုပ်ဆောင်ဖို့ စတာတွေရဲ့ အရေးကြီးပုံ သင်ယူမှုတွေကို ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော် အရမ်း အလေးထားပါတယ်။ ကျွန်တော့်ရဲ့ မသိနားမလည်မှုကြောင့် နည်းနည်းလေး အားထုတ်လိုက်တာနဲ့ (ဒီသင်ကြားချက်တွဟာ) ဒီလို လွယ်ကူပြီး အောင်မြင်မယ်လို့ သတိမပြုမိခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက်တော့ စေတနာ့ဝန်ထမ်းအဖွဲ့ထက်ကို ပိုပါတယ်။ အံ့သြစရာပါပဲ” ဟု အဆိုပါအဖွဲ့မှ အလီဆန် ရစ်ဖစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအဖွဲ့၏ ဒုတိယတာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုပစ်ကီကလည်း မွတ်စလင်များ၏ ကူညီမှုများမှာ တန်ဖိုးမဖြတ်နိုင်သော ကူညီမှုများဟု ပြောကြားခဲ့ သည်။

    “(သူတို့ဟာ) ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ဘယ်လိုမျှော်လင့်ချက်မှမထားဘဲနဲ့ လန်ဒန်အရှေ့ပိုင်းကနေ လာခဲ့ကြ ပါတယ်။ ဒီဆောင်ရွက်မှုက ယူသင့်တဲ့ အဓိက အရာကတော့ ကျွန်တော်တို့ ဘယ်မှာနေတယ်ဆိုတာကို ဂရုမထားဘဲ၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား၊ ဒါမှမဟုတ် လူမျိုးတွေနဲ့ ဆက်စပ်မှုမရှိဘဲ ဒုက္ခရောက်နေတဲ့သူတွေကို အတူတကွ ကူညီတာပါပဲဖြစ်ပါတယ်။ စိတ်ရော၊ ကိုယ်ရော ကူညီနိုင်သူ အချို့ကတော့ တစ်နေရာကနေ ကျွန်တော်တို့ကို ထိုင်ကြည့်နေပါတယ်”

    Ref : Onislam

  • ချန်ပီယံဆုအတွက် အလှည့်အပြောင်းဖြစ်နိုင်သော ပွဲစဉ်များရှိနေသေးသည်ဟု ၀င်းဂါးဆို

    ချန်ပီယံဆုအတွက် အလှည့်အပြောင်းဖြစ်နိုင်သော ပွဲစဉ်များရှိနေသေးသည်ဟု ၀င်းဂါးဆို

    မတ် ၂၈၊ ၂၀၁၄
    M-Media

    28

    – နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းမှ ဖယ်ပေးခဲ့ရပြီဟု ပြောဆိုမှုများအား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်သည်။

    အာဆယ်နယ်အသင်းမှာ ပြီးခဲ့သည့် စနေနေ့က ချယ်ဆီးအသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့ကလည်း ဆွမ်ဆီးအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သည်။ နှစ်ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့် အာဆင်နယ်အသင်းမှာ အဆင် ၄ နေရာသို့ ရောက်သွားခဲ့ကာ လက်ကျန် ၇ ပွဲသာ ကျန်ရှိအချိန်တွင် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၆ မှတ်ကွာဟသွားခဲ့သည်။

    ထို့ကြောင့် အာဆင်နယ်အသင်းမှာ ချန်ပီယံပြေးလမ်းကြောင်းမှ ဖယ်ပေးခဲ့ရပြီဟု မှတ်ချက်များထွက်ပေါ်လာခဲ့ပြီး ၀င်းဂါးကမူ ရာသီမသိမ်းခင် အပြောင်း အလဲများရှိမည်ဟု ပြောကြားခဲ့သည်။

    “အဲဗာတန်ဟာ ကျွန်တော်တို့နေရာ(စတုတ္ထနေရာ)ကို ယူဖို့လာနေပြီလို့ လူတိုင်းက ပြောကြပါတယ်။ ဒါဆို ကျွန်တော်တို့ဟာ ဘာ့ကြောင့် အရှေ့က အသင်းတွေနေရာကို ပြန်မရောက်ရမှာလဲ။ အလှည့်အပြောင်းဖြစ်လာမယ့်ပွဲတွေ ရာသီကုန်အထိ အများကြီးရှိနေပါသေးတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် လောလောဆယ်တွင် ချန်ပီယံပြေးလမ်းကို မစဉ်းစားဘဲ၊ ပွဲများနိုင်ရန်အတွက်သာ စဉ်စားနေကြောင်း၊ နောက်ဆုံးရလဒ်က ပရီးမီးယားလိဂ် အသင်းများအကြား ကွာခြားမှုအနည်းငယ်သာရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း ၀င်းဂါးက ထပ်လာင်းပြောကြားသွားခဲ့သည်။ အာဆင်နယ်မှာ ယခုတစ်ပတ်တွင် ပထမအကျော့က အဝေးကွင်းတွင် ၆ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားသည့် မန်စီးတီးအသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားရမည်ဖြစ်သည်။

    Ref : Goal

  • မိုယက်စ်အား ဝေဖန်မှုများ မျှတမှုမရှိဟု အက်စတွန်ဗီလာနည်းပြဆို

    မိုယက်စ်အား ဝေဖန်မှုများ မျှတမှုမရှိဟု အက်စတွန်ဗီလာနည်းပြဆို

    မတ် ၂၈၊ ၂၀၁၄
    M-Media

    380609_heroa

    – ဖာဂူဆန်က ခန့်အပ်ခဲ့သည့် စကော့တလန်သား မိုယက်စ်အား ဝေဖန်မှုများမှာ မျှတမှုမရှိဟု အက်စတွန်ဗီလာ အသင်း၏ နည်းပြဖြစ်သူ ပေါလ်လမ်ဘာ့တ်က ပြောကြားခဲ့သည်။

    မိုယက်စ်မှာ နည်းပြဟောင်း ဖာဂူဆန်တည်ဆောက်ပေးခဲ့သည့် ပုံစံကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ရလဒ်များ ဆိုးရွားမှုကြောင့် ဝေဖန်မှုများခံနေသည်။ ထို့ပြင် ၎င်း၏အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဗီလာနည်းပြ လမ်ဘာ့တ်ကမူ မိုယက်စ်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေပြီး၊ မိုယက်စ်အား ဝေဖန်သည့် နဖူးစည်းအား မန်ယူပရိတ်သတ်များက ပွဲကစားချိန်တွင် လေယာဉ်ဖြင့် ဖော်ပြမည်ဟု သတင်းထွက်ပေါ်မှုများကိုလည်း ဝေဖန်ခဲ့သည်။

    “အက်စတွန်ဗီလာမှာ ကျွန်တော်ကြိုးစားနေသလို မန်ယူမှာလည်း မိုယက်စ်ဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါ။ အရင်တုန်းကတော့ (အောင်မြင်မှုရအောင်လုပ်ဖို့) အချိန်တွေအများကြီးရပါတယ်။ ဒါပေမယ့် အခုခေတ်မှာတာ့ လူတွေဟာ အောင်မြင်မှုကို ချက်ချင်းရချင်ကြပါတယ်” ဟု လမ်ဘာ့တ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိုယက်စ်အား အလိုမရှိဟု လေယာဉ်ဖြင့် ကြေညာခြင်းမှာ အနည်းငယ်အစွန်းရောက်နေကြောင်း၊ အချို့ဝေဖန်မှုများမှာ လိုသည်ထက် ပိုနေ ကြောင်း ၎င်းးက ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ ပြည်တွင်းရှုံးထွက်ဖလားအားလုံးတွင် ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၇ နရာတွင်ရှိနေသည်။ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သော်လည်း လက်ရှိချန်ပီယံ ဘိုင်ယမန်မြူးနစ်နှင့် တွေ့ဆုံနေပြီး နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

    Ref : Goal

  • လာမည့်နှစ်အပြောင်းအရွှေ့တွင် ပေါင် သန်း ၁၂၀ အထိ ဘာကာ သုံးစွဲနိုင်သည်ဟု အသင်းဥက္ကဌဆို

    မတ် ၂၆၊ ၂၀၁၄
    M-Media

    – လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ကစားသမားများ ၀ယ်ယူရန်အတွက် အသင်းမှာ ယူရိုသန်း ၁၂၀ အထိ သုံးနိုင်သည်ဟု ဘာစီလိုနာအသင်း၏ ဥက္ကဌ ဘာတိုမြူက ပြောကြားလိုက်သည်။
    159023_heroa
    ပြီးခဲ့သည့်နွေရာသီက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရာဇီးလ်တိုက်စစ်မှူး နေးမာအား ခေါ်ယူခဲ့သည့် ဘာစီလိုနာမှာ ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည့် ဂိုးသမား ဗစ်တာ ဗားလ်ဒက်စ်နှင့် နောက်ခံလူ ပူးလ်ယိုးလ်တို့နေရာအား ဖြည့်တင်းရန် ပြင်ဆင်နေသည်။

    “ဘောလုံးရာသီတစ်ခုချင်းစီမှာ ကျွန်တော်တို့ရဲ့ အသားတင်သုံးနိုင်တဲ့ငွေက ယူရိုသန်း ၁၂၀ လောက်ရှိပါတယ်။ များသောအားဖြင့်တော့ အပြောင်းအရွှေ့ဈေးကွက်မှာ တစ်ဝက်လောက်သုံးပြီး၊ ကျန်တဲ့တစ်ဝက်ကိုတော့ အကြွေးဆပ်ပါတယ်။ ဒါပေမယ့် အဲဒီငွေ အကုန်လုံးသုံးတဲ့ နှစ်တစ်နှစ်တော့ ရှိနိုင်ပါတယ်” ဟု ဘာတိုမြူက El Periodico သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းမှာ ဂိုးသမားနေရာအတွက် ဂျာမန်ကလပ်မိုချန်ဂလလ်ဘက်ခ်ျအသင်းမှ ဂိုးသမား စတီဂျန်အား ခေါ်ယူရန် သေချာသလောက်ရှိနေပြီး နောက်ခံလူနေရာအတွက် ဒေးဗစ်လူးဝစ်၊ ဂျန် ဗာတွန်ဟန်နှင့် အဲလီယာကွင်း မန်ဂလာတို့အား ခေါ်ယူနိုင်ရေး ဆက်သွယ်လျက်ရှိနေသည်။