News @ M-Media

Tag: DailySportNews

  • နည်းပြကိုယ်တိုင်၏ ဝေဖန်မှု ခံနေရသော်လည်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည့် တောရက်စ်

    နည်းပြကိုယ်တိုင်၏ ဝေဖန်မှု ခံနေရသော်လည်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည့် တောရက်စ်

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    386506_heroa

    – ချယ်ဆီးအသင်းတွင် ရုန်းကန်နေရသည့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က အသင်းရှိ တိုက်စစ်မှူးများတွင်  မော်ရင်ဟိုရွေးချယ်ရမည့် အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သက်သေပြသွားမည်ဟု ပြောဆိုလိုက်သည်။

    တောရက်စ်မှာ ၂၀၁၁ ခုနှစ်က လီဗာပူးလ်အသင်းမှာ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းများ မပြနိုင်ဘဲ ချယ်ဆီးအသင်းတွင် ရုန်းကန်နေရပြီး၊ ယခုနှစ်ဘောလုံးရာသီတွင်လည်း အသင်းအတွက် ၄ ဂိုးသာ သွင်းယူပေးထားနိုင်သည်။ နည်းပြမော်ရင်ဟိုကလည်း အသင်း၏ တိုက်စစ်အတွက် စိတ်ပျက်နေပြီး ပီအက်စ်ဂျီအသင်းအား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အပြီးတွင် တိုက်စစ်မှူးများအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    မော်ရင်ဟိုမှာ အက်သလက်တီကို အသင်း တိုက်စစ်မှူး ဒီယေဂိုကော်စတာအား လာမည့်နွေရာသီတွင်  ခေါ်ယူရန်ပစ်မှတ်ထားနေပြီး၊ တောရက်စ်ကမူ ၎င်းအနေဖြင့် မော်ရင်ဟို၏ အပြောင်းအရွှေ့အစီအစဉ်အား ပျက်သွားအောင် တွန်းအားပေးနိုင်မည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ဟာ အသင်းတိုက်စစ်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ သူထင်လာအောင် ကြိုးစားလုပ်ဆောင်ဖို့ပါပဲ” ဟု  Independent သတင်းစာသို့ တောရက်စ်ကပြောကြားခဲ့သည်။

    ချယ်ဆီးအသင်းက ပေါင်သန်း ၅၀ ပေးကာ လီဗာပူးလ်အသင်းမှ ၂၀၁၁ ခုနှစ်တွင် ခေါ်ယူခဲ့သောကြောင့် တောရက်စ်မှာ၊  ဗြိတိန်ဘောလုံးသမိုင်းတွင် ဈေးအကြီးဆုံးကစားသမားလည်းဖြစ်သည်။ တောရက်စ်အား အသင်းဟောင်း အက်သလက်တီကို အသင်းက ယခုနှစ်နွေရာသီတွင် ပြန်လည်ခေါ်ယူရန် ရှိနေသော်လည်း မော်ရင်ဟိုကမူ တောရက်စ်မှာ စတမ်းဖို့ဘရစ်တွင်သာ ရှိနေမည်ဟု တုံ့ပြန်ထားသည်။

    Ref : Goal

  • ဘာစီလိုနာ၏ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှု မိမိတို့ စနက် မဟုတ်ဟု ရီးယဲလ်ဆို

    ဧပြီ ၅၊ ၂၀၁၄
    M-Media

    – ဘာစီလိုနာအသင်းအား အပြောင်းအရွှေ့မပြုလုပ်ရန် ဖီဖာမှ ပြစ်ဒဏ်ချမှတ်ခဲ့သည့် အပေါ် မိမိတို့အသင်းအနေဖြင့် ပါဝင်ပတ်သက်မှု မရှိဟု ရီးယဲလ် ဒုတိယဥက္ကဌ ပက်ဒရို လိုပက်ဇ် ဂျီမီနက်ဇ်က ပြောကြားခဲ့သည်။

    386101_heroa

    အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမားများအား ခေါ်ယူစုဆောင်းခြင်းနှင့် ပတ်သက်သော စည်းကမ်းချက်များကို ဘာကာမှ ချိုးဖောက်မှုအတွက် လာမည့်အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားခေါ်ယူခြင်း၊ ရောင်းချခြင်းမပြုရန် ဖီဖာမှ မကြာသေးမီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    အသင်း၏ လူငယ်ကစားသမားပေါ်လစီအတွက် အမည်မဖေါ်လိုသည့် ကလပ်အသင်းတစ်ခုက ထူးခြားသည့် တိုင်ကြားမှုများ ရှိခဲ့သောကြောင့် ဖီဖာက စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဘာကာနည်းပြ ဘာတိုမြူက ယမန်နေ့တွင်ပြောကြားခဲ့ပြီးနောက်၊ ထိုတိုင်ကြားမှုတွင် ရီးယဲလ်အသင်းမှာ တစ်နည်းနည်းဖြင့် ပါဝင်သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း ဂျီမီနက်ဇ်ကမူ ၎င်းတို့၏ ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား ပြစ်ဒဏ်ချမှတ်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ဆိုသည်။

    “ဘာစီလိုနာ အပေါ် ဒီလိုပြစ်ဒဏ် ချမှတ်မှုဟာ ရီးယဲလ်အသင်းနဲ့ရော၊ ဖီဖာရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ရော ဘာမှ ပတ်သက်မှုမရှိပါဘူး။ ကစားသမားပြောင်းရွှေ့မှု အခြေအနေ စောင့်ကြည့်ရေးကော်မတီမှာ ကျွန်တော့်ရဲ့ အဖွဲ့ဝင်ဖြစ်မှုကလည်း ဖလော်ရန်တီနို ပီရက်ဇ်(ရီးယဲလ်ဥက္ကဌ)၊ ရီးယဲလ်အသင်းနဲ့ ဆက်စပ်မှု မရှိပါဘူး” ဟု ဂျီမီနက်ဇ်က AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းကမူ ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ကြာသာပတေးနေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဘာကာမှာ နေးမာ၏ အပြောင်းအရွှေ့ကိစ္စအတွက်လည်း တရားရုံး၌ တရားရင်ဆိုင်နေရသည်။
    Goal

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ မတိုင်ခင် ချယ်ဆီး ပရိတ်သတ်များ ပြင်သစ်တွင် သောင်းကျန်းခဲ့

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – ယမန်နေ့ နံနက်က ကစားခဲ့သည့် ပီအက်စ်ဂျီအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ချန်ပီယံလိဂ်ပွဲ မတိုင်မီ ချယ်ဆီးပရိတ်သတ်များမှာ ပဲရစ်မြို့အတွင်းရှိ ကော်ဖီဆိုင်များ၊ လမ်းဘေး ဈေးဆိုင်များအား ဖျက်ဆီးခဲ့သည်ဟု သိရသည်။

    article-2595428-1CC579A800000578-808_634x675

    ချယ်ဆီးပရိတ်သတ် ၄၀၀ ခန့်မှာ ပွဲမကစားမီ တစ်နေ့ခင်းလုံး သောက်စားမူယစ်ခဲ့ကြပြီး နာဇီပုံစံ အလေးပြုခြင်း၊ လူမျိုးရေးခွဲခြားသည့် ကြွေးကြော်သံများ ဟစ်အော်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် လူမည်းပဲရစ်မြို့သားများရှေ့တွင် အင်္ဂလန်လက်ယာစွန်းရောက်ပါတီ English Defence League မှ ထုတ်ဝေသည့် လူမျိုးရေးခွဲခြားသော သီချင်းများကို သီဆိုခဲ့ကြသည်။

    ထို့နောက် နှစ်ဘက်ပရိတ်သတ်အကြား ၃ မိနစ်ခန့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လာရောက်လူစုခွဲရာ ချယ်ဆီးပရိတ်ခန့် ၁၀၀ ခန့်ရှိသည့် အုပ်စုတစ်စုမှာ ကမ္ဘာလှည့်ခရီးသွားများစည်ကားရာ ပဲရစ်မြို့ရှိ Rue St Denis လမ်းထဲသို့ ထွက်ပြေးသွားခဲ့ပြီး ကော်ဖီဆိုင်များ၊ လမ်းဘေးဈေှးဆိုင်များနှင့် တွေ့မြင်သမျှအားလုံးကို ဖျက်ဆီးခဲ့ကြသည်။

    ထို့ကဲ့သို့ နှစ်ဖက် ပရိတ်သတ်များအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့၏ ပွဲကိုမူ အေးချမ်းစွာ ကျင်းပနိုင်ခဲ့သည်။ ထိုပြဿနာအတွက် ဖမ်းဆီးထားခြင်း ရှိ၊ မရှိကိုမူ ပဲရစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    ထိုပွဲအတွက် ချယ်ဆီးအသင်း၏ လက်မှတ်ခွဲတမ်းမှာ ၂၀၀၀ ဖြစ်သော်လည်း ထောင်ပေါင်းများစွာသော ချယ်ဆီး ပရိတ်သတ်များမှာ ပဲရစ်သို့ လာရောက်ခဲ့ကြသည်။ လူဆိုးစာရင်းဝင်သည့် ချယ်ဆီးပရိတ်သတ် ၃၀၀ မှာလည်း ၎င်းတို့အား စစ်ဆေးမှုကို ရှောင်လွှဲရန် ဘယ်လ်ဂျီယံမှတစ်ဆင့် ပြင်သစ်သို့ ၀င်ရောက်လာကြသည်ဟု ပြင်သစ်ထောက်လှမ်းရေးက ပြောကြားခဲ့သည်။

    Daily Mail

  • ကိုးမားဖြစ်နေသည့် ရှူးမိတ်ကာ၏ အခြေအနေ အနည်းငယ်တိုးတက်ဟု မန်နေဂျာဆို

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    – နှင်းလျောစီးရာမှ မတော်တဆဖြစ်ပြီး ကိုးမားရောဂါ ခံစားနေရသည့် ပြိုင်ကားမောင်းချန်ပီယံဟောင်း မိုက်ကယ် ရှူးမိတ်ကာ၏ အခြေအနေမှာ အနည်းငယ်တိုးတက်လာခဲ့ပြီဟု ၎င်း၏ မန်နေဂျာဖြစ်သူက ပြောကြားခဲ့သည်။

    michael-schmacher-main-2970335

    ဖော်မြူလာဝမ်း ချန်ပီယံ ၇ ကြိမ်ဖြစ်ထားသည့် ရှူးမိတ်ကာအား ပြင်သစ်နိုင်ငံတောင်ပိုင်း Grenoble မြို့ရှိ ဆေးရုံးတွင် အထူးကြပ်မတ်ကာ ကုသနေရဆဲဖြစ်ပြီး တိုးတက်သည့် လက္ခဏာများကို တွေ့နေရပြီဟု မန်နေဂျာဖြစ်သူ ဆဘီယင် ခမ်းက ပြောကြားခဲ့သည်။

    “ကျွန်မတို့ကိုအားတက်စေတဲ့ လက္ခာတွေ ရှိနေတယ်လို့ ကျွန်မပြောနိုင်ပါတယ်” ဟု ခမ်က ဆိုသည်။

    ရှူးမိတ်ကာ၏ အခြေအနေမှာ ပြန်လည်ကောင်းမွန်ရန် အလားအလာနည်းသောကြောင့် မိသားစုများက ဆွဇ်ဇလန်ရှိ ၎င်း၏နေအိမ်ကို ပေါင် ၁၀ သန်းတန်ဖိုးရှိမည့် ဆေးရုံသဖွယ်ပြုလုပ်ကာ ရှူးမိတ်ကာအား ဆေးရုံမှ ပြန်လည်ခေါ်ဆောင်ရန် ပြင်ဆင်နေသည်ဟူသောသတင်းအား ခမ်က ငြင်းဆိုခဲ့သည်။

    ရှူးမိတ်ကာမှာ ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းရှိ အပန်းဖြေစခန်းတစ်ခုတွင်  ပြီးခဲ့သည့် ဇန်န၀ါရီလနှောင်းပိုင်းက နှင်းလျောစီးရာမှ မတော်တဆဖြစ်ကာ ဦးခေါင်းမှာ ကျောက်တုံးနှင့် ရိုက်မိခဲ့သည်။ ထိုအချိန်မှာစ၍ ရှူးမိတ်ကာမှ သတိပြန်လည်လာခြင်းမရှိဘဲ ကိုးမားရောဂါခံစားနေရခြင်းဖြစ်သည်။
    Mirrror

  • ပြင်သစ်မြေမှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ၁၀-ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အိပ်မက်

    ပြင်သစ်မြေမှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ၁၀-ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အိပ်မက်

    ဧပြီ ၃၊ ၂၀၁၄
    M-Media

    ပြင်သစ်မြေမှာ ဒူးထောက်ခဲ့ရတဲ့ ချယ်ဆီး၊ အိမ်ကွင်းမှာ အမှားမရှိခဲ့ဘဲ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အိပ်မက်နဲ့ နီးကပ်လာတဲ့ ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲများ

    3.4.14

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ လက်ကျန် ၂-ပွဲကို ယနေ့မနက်မှာကစားခဲ့ပြီး အိမ်ရှင်တွေဖြစ်တဲ့ ရီးယဲလ်နဲ့ ပီအက်စ်ဂျီတို့ ဒေါ့မွန်၊ ချယ်ဆီးတို့ကို ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။

    ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ကြိုးစားနေတဲ့ ရီးယဲလ်တို့ ဘာနေဗျူးမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို သက်တောင့်သက်သာကစားပြီး ၃-ဂိုးပြတ်နဲ့အနိုင်ရခဲ့တာပါ။ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်ကိုရှုံးပြီး ဒုတိယရခဲ့တဲ့ ဒေါ့မွန်တို့ရဲ့ ကစားပုံဟာ စွဲမက်စရာမရှိခဲ့ဘဲ တစ်ပွဲလုံးမှာမှ ရီးယဲလ်ဂိုးပေါက်ကို ၂-ကြိမ်လောက်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    ရီးယဲလ်ကတော့ ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာတို့ တိုက်စစ်အတွဲနဲ့ ဒေါ့မွန်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ရော်နယ်ဒို၊ ဘေးလ်တို့ရဲ့ ဖရီးကစ်ကန်ချက်တွေ ဂိုးမ၀င်တာကြောင့်သာ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။ ရီးယဲလ်အတွက်ဂိုးတွေကိုတော့ ရော်နယ်ဒို၊ ဘေးလ်နဲ့ အစ္စကိုတို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြ ပါတယ်။

    ပြင်သစ်မြေမှာသွားကစားခဲ့တဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီးတို့ ကစားပုံကောင်းခဲ့ပြီး မိနစ် ၆၀ အထိ သရေ ရထားခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ ပီအက်စ်ဂျီကို အရှုံးပေးခဲ့ရပါတယ်။ ချယ်ဆီးရဲ့ ပွဲထွက်လူစာရင်းမှာ တိုက်စစ်မှူး တစ်ယောက်မှ မပါခဲ့ဘဲ တောင်ပံကစားသမား အန်ဒရီရှရဲလ်ကို အထောင်တိုက်စစ်မှူးအဖြစ် သုံးခဲ့တာက ထူးခြားမှုတစ်ခုပါ။ ဒါပေမယ့် အိမ်ရှင်ပီအက်စ်ဂျီကိုတော့ ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့ပါတယ်။

    ပွဲအစ ၄ မိနစ်မှာ အဖွင့်ဂိုးရလိုက်တာက ပီအက်စ်ဂျီတို့အတွက် စိတ်ဓာတ်ရေးရာ အသာစီးရမှု ဖြစ်ခဲပါတယ်။ ဒီဂိုးကိုတော့ တယ်ရီရဲ့ခေါင်းတိုက် ဖျက်ထုတ်မှု လာဗက်ဇီဆီရောက်သွားပြီး သူက ရင်ဘတ်နဲ့တစ်ချက်ထိန်းကာ ဘယ်ခြေနဲ့ လှလှပပကန်သွင်းယူခဲ့တာပါ။ ၂၇ မိနစ်မှာတော့ ချယ်ဆီးတို့ ချေပဂိုးရခဲပါတယ်။ အော်စကာကြောင့် ရတဲ့ ပင်နယ်တီကို ဟဇာ့ဒ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာလည်း ချယ်ဆီးတို့ ကစားပုံကောင်းခဲ့ပြီး ၃၉ မိနစ်မှာ ၀ီလီယံရဲ့ကန်တင်မှုကို ဟာဇာ့ဒ်မြေမကျကန်သွင်းချက် တိုင်ထိထွက်ခဲ့တာက ချယ်ဆီးတို့အတွက် နစ်နာမှု ဖြစ်ခဲ့ရပါတယ်။

    ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တို့ ဖိကစားနိုင်ခဲ့ပေမယ့် ချယ်ဆီးခံစစ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ ပီအက်စ်ဂျီတို့ ရရှိခဲ့ပါတယ်။ ၆၁ မိနစ်မှာ ဘယ်ခြမ်းက ဖရီးကစ်ကန်ချန် ချယ်ဆီးနောက်ခံလူ လူးဝစ်နဲ့ထိကာ တစ်ဂိုးရခဲ့ပြီး၊ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ပက်စ်တိုရီက ချယ်ဆီးနောက်ခံလူ ၂ ယောက်ကို လှလှပပ ကျော်ဖြတ်ပြီး ဂိုးသမား ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

    မော်ရင်ဟိုရဲ့ ချယ်ဆီးကတော့ အိမ်ကွင်းပွဲစဉ်မှာ အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ကစားရတော့မှာဖြစ်ပြီး၊ နောက်တစ်ဆင့်တရက်ရေးအတွက် ရုန်းကန်ရတော့မှာပါ။

    ယနေ့မနက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၃-၀ ဒေါ့မွန်
    ပီအက်စ်ဂျီ ၃-၁ ချယ်ဆီး