ဧပြီ ၅၊ ၂၀၁၄
M-Media

-အာဂျင်တိုင်းဖြစ်သည့် မိမိနှင့် လိမ်ခေါက်မွှေနှောက်မှုကို နှစ်သက်ကြသည့်ဆွာရက်ဇ်တို့မှာ ပရီးမီးယားလိဂ်၏ မက်ဆီများ ဖြစ်ကြသည်ဟု မန်ချက်စတာစီးတီး တိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းနှင့် လီဗာပူလ်းအသင်းတို့မှာ ပရီးမီးယားလိဂ်ဖလားအား ရယူရန် ကြိုးစားနေကြသော ပြိုင်ဘက်များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ၂ ဦးအား လာလီဂါပြိုင်ဘက်များ ဖြစ်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၊ ဘာကာတိုက်စစ်မှူး မက်ဆီတို့နှင့် နှိုင်းယှဉ်ပြောဆိုကြသော်လည်း အဂူရိုကမူ ၎င်းတို့ ၂ ဦးစလုံးမှာ မက်ဆီနှင့်သာ ပိုတူသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ၂ ဦစလုံးဟာ မက်ဆီတွေပါ။ ပြောချင်တာက ကျွန်တော်ဟာ အာဂျင်တီးနားသားဖြစ်တဲ့အတွက် သူ(မက်ဆီ) နဲ့ တူပါတယ်။ ဆွာရက်ဇ်ကတော့ တောင်အမေရိကသားဖြစ်ပြီး လိမ်ခေါက်တာကို နှစ်သက်ပါတယ်။ ဒါဆို ဘာ့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ဟာ မက်ဆီတွေမဖြစ်ရမလဲ” ဟု FourFurTwo မဂ္ဂဇင်းသို့ အဂူရိုကပြောကြားခဲ့သည်။
ထို့ပြင် မက်ဆီမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားအောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မည်ဟုလည်း အဂူရိုက ထည့်သွင်း ပြောကြားခဲ့သည်။ အဂူရိုနှင့် ဆွာရက်ဇ်တို့မှာ မန်စီးတီးနှင့် လီဗာပူးလ်တို့အတွက် အရေးပါသော တိုက်စစ်မှူးများ ဖြစ်ကြသည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.