News @ M-Media

Tag: DailySportsNews

  • အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    အသင်း၏ အောင်မြင်မှုတွင် ဇီဒိန်းက အဓိက ကျသည်ဟု အန်ဆယ်လော့တီပြော

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်နေသော ရီးယဲလ်အသင်း အောင်မြင်နေခြင်းမှာ ရီးယဲလ် ကစားသမားဟောင်း ဇီဒိန်း၏ နည်းစနစ်များက အဓိကကျသည်ဟု ရီးယဲလ် နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် နွေရာသီက အန်ဆယ်လော့တီအသင်းသို့ ရောက်ရှိလာပြီးနောက် ဇီဒိန်းမှာ ရီးယဲလ်အသင်းတွင် ဒုတိယအရးပါသူဖြစ်လာခဲ့ပြီး ၎င်း၏ နည်းစနစ်များကြောင့် ဘင်ဇီမာ၊ မော်ရာတာနှင့် ဂျီစီတို့မှာ ခြေစွမ်းပြနိုင်ခြင်းဖြစ်သည်။

    “ဇီဒိန်းဟာ ကျွန်တော့အတွက်တော့ အရေးပါပါတယ်။ ဘင်ဇီမာ၊ မော်ရာတာနဲ့ ဂျီစီတို့အတွက် သူ့ရဲ့လုပ်ဆောင်မှုက အကျိုးဖြစ်ထွန်းနေပါတယ်။ အသင်းကစားပုံ ကောင်းမွန်နေတာဟာ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပြီး နည်းပြအနေနဲ့ အကောင်းဆုံး လုပ်ဆောင် နေတာ ကြောင့်လို့လည်း ပြောလို့ရပါတယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရီးယဲလ်အသင်းမှာ ရာသီအစက အနည်းငယ်ယိမ်းယိုင်မှုများရှိခဲ့ပြီ ဦးဆောင်သူ ဘာစီလိုနာနှင့် အမှတ်ပြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ခြေစွမ်းပြကာ ယခုလက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ထက် ၁ မှတ်သာ ကွာဟ တော့သည်။

    Ref : Goal

  • နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ

    နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    နေးမာ၏ အပြောင်းအရွှေ့တွင် မိဘများအား သန်း ၄၀ ပေးခဲ့ရသည်ဟု ဘာကာဝန်ခံ၊ အရှုပ်အရှင်းများဖြစ်နေချိန်တွင် ပထမဆုံး ၀န်ခံခြင်းလည်းဖြစ်

    – ဘရာဇီးကလပ်ဆန်းတို့စ် အသင်းမှ တိုက်စစ်မှူး နေးမာအား ယူရို ၅၇.၁ သန်းဖြင့် ခေါ်ယူခဲ့ရာတွင် သန်း ၄၀ မှာ နေးမာ၏ မိဘများကို ပေးချခဲ့ရခြင်း ဖြစ်သည်ဟု ဘာစီလိုနာ ဥက္ကဌသစ် ဘာမူတိုက ယမန်နေ့တွင်ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ဥက္ကဌ ရာထူးကို စတင်ရယူခဲ့ပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ နေးမာ၏ အပြောင်းအရွှေ့ အရှုပ်အရှင်း အကြောင်းကို ပထမဆုံး ၀န်ခံလိုက်ခြင်းလည်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စကို ကိုင်တွယ်နေသည့် ရှေ့နေဖြစ်သူ Felipe Izquierdo ကလည်း ထိုအရှုပ်အရှင်းတွင် ဘာမူတိုနှင့် အသင်း၏ စီးပွားရေးဆိုင်ရာ ဒုတိယဥက္ကဌ ဂျာဗီယာဖောက်လည်း ပါဝင် ပက်သက်သည်ဟု ပြောဆိုထားသည်။ “ကျွန်တော့်အနေနဲ့ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း ဖြစ်ချင်ပါတယ်။ နေးမာရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၅၇.၁ သန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လိမ်ညာထားတာ မရှိဘူးဆိုတာကို အာမခံပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ စာချုပ်တွေအပေါ် ကျွန်တော်တို့ အပြည့်အ၀ တာဝန်ယူပါတယ်” ဟု ဘာမူတိုက နျူးကမ့်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    နေးမာအား ခေါ်ယူရာတွင် ယူရို ၅၇.၁ သန်းသုံးစွဲခဲ့သည့်ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ဆန်းတို့စ်အသင်းက မိမိတို့အနေဖြင့် ပြောင်းရွှေ့ကြေး အနည်းငယ်သာ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာ ပရိတ်သတ်တစ်ဦးက အပြောင်းအရွှေ့ကိစ္စနှင့် ပက်သက်၍ မသမာမှုများ ရှိနေသည်ဟု စပိန်တရားရုံးအား တိုင်ကြားခဲ့သောကြောင့် လက်ရှိတွင် တရားရုံးက ထိုအပြောင်းအရွှေ့ကိစ္စအား ကြားနား စစ်ဆေးလျက် ရှိနေသည်။

    Ref : Goal

  • မန်ယူမှာ ချန်ပီယံပြေးလမ်းကြောင်းတွင် ရှိနေသည်ဟု နည်းပြဟောင်း ဖာဂူဆန် အံ့အားသင့်ဖွယ်ပြောဆို

    မန်ယူမှာ ချန်ပီယံပြေးလမ်းကြောင်းတွင် ရှိနေသည်ဟု နည်းပြဟောင်း ဖာဂူဆန် အံ့အားသင့်ဖွယ်ပြောဆို

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media

    –  ၁၉၈၉ နောက်ပိုင်း ဆိုးရွားသော ရလဒ်များကို တွေ့ကြုံနေရသော်လည်း အသင်းအနေဖြင့် ယခုနှစ်တွင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့အား ကာကွယ်နိုင်သေးသည်ဟု မန်ယူအသင်း၏ ဂန္ထ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။

    ဖာဂူဆန်မှာ အသင်းအတွက် အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ်ဖလားအား ရယူပေးခဲ့ပြီးနောက် ၂၀၁၂-၁၃ ဘောလုံးရာသီ အကုန်တွင် အနားယူ သွားခဲ့သူဖြစ်ပြီး လက်ရှိနည်းပြ ဒေးဗစ်မိုယက်စ်ကိုလည်း ၎င်းကိုယ်တိုင်ပင် လွှဲပေးခဲ့ခြင်းဖြစ်သည်။

    “ယူနိုက်တက်(မန်ယူ)ဟာ ဘာမဆို လုပ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ အတွေးအမြင်တွေ၊ သမိုင်းကြောင်းတွေ ရှိပါတယ်။ သူတို့ အမြဲတမ်းကောင်းကောင်း လုပ်နိုင်ပါတယ်” ဟု ဖာဂူဆန်က Sky Sport သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူ၏ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ ကောင်းမွန်သော အနေအထားတွင် ရှိနေကြောင်း၊ အာဆင်နယ်အသင်းမှာလည်း အခွင့်အရေး ကောင်းများရှိနေကြောင်း ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    Ref : Goal

  • မိမိစွမ်းရည်များမှာ အကောင်းဆုံး အနေအထားတွင်ရှိနေဆဲဟု တိုက်ဂါးဝုဒ်ဆို

    မိမိစွမ်းရည်များမှာ အကောင်းဆုံး အနေအထားတွင်ရှိနေဆဲဟု တိုက်ဂါးဝုဒ်ဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    Untitled

    – အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က မိမိ၏စွမ်းရည်မှာ အကောင်းဆုံးအနေအထားတွင်ရှိနေသည်ဟု ပြောကြားလိုက်ပြီး၊ အဓိက ဂေါက်သီးရိုက် ပြိုင်ပွဲကြီးများတွင် ၁၈-ကြိမ် ဗိုလ်စွဲနိုင်သည့် တစ်နိုင်ငံတည်းသား ဂေါက်သီးသမား ဂျက် နစ်က်လပ်စ်၏ စံချိန်အား လိုက်မီနိုင်မည် မဟုတ်ဟု ၀န်ခံခဲ့သည်။

    အသက် ၃၈-နှစ်အရွယ် ရှိပြီဖြစ်သည့် တိုက်းဂါးဝုဒ်မှာ ၂၀၁၃-ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဂေါက်သီးရိုက် ပြိုင်ပွဲ ၅-ခုတွင် ဗိုစွဲခဲ့သော်လည်း ကလေးဘ၀ ကတည်းက ရည်ရွယ်ထားသည့် နစ်ကလပ်စ်၏ စံချိန်ကို ချိုးနိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

    တိုက်ဂါးဝုဒ်မှာ အဓိက ဂေါက်သီးရိုက် ပြိုင်ပွဲကြီးများတွင် ၁၄ ကြိမ် ဗိုလ်စွဲထားသူ ဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် ယနေ့စတင်ယှဉ်ပြိုင်မည့် PGA Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။

    “ဒါ(နစ်က်လပ်စ်ရဲ့ စံချိန်ကိုမီဖို့)ကို ကျွန်တော် လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကောင်းဆုံး အချိန်တွေ ရှိနေတုန်းပဲလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ကောင်းကောင်း ကစားနိုင်တုန်းပါပဲ” ဟု တိုက်ဂါးဝုဒ်က ပြောကြားခဲ့သည်။

    Ref : Channel News Asia

  • လိဂ်ဖလားမှ ထွက်ခွာရခြင်းမှာ ထိုက်တန်သည်ဟု မိုယက်စ်ဆို

    လိဂ်ဖလားမှ ထွက်ခွာရခြင်းမှာ ထိုက်တန်သည်ဟု မိုယက်စ်ဆို

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media

    – လိဂ်ဖလားဆီးမီးဖိုင်နယ်တွင် ဆန်းဒါးလန်း အသင်းအား ရှုံးနိမ့်ပြီး ထွက်ခွာရခြင်းမှာ ထိုက်တန်သော ရှုံးနိမ့်မှု ဖြစ်သည်ဟု မန်ယူအသင်း နည်းပြ ဒေးဗစ် မိုယက်စ်က ပြောကြားခဲ့သည်။

    မန်ယူ အသင်းမှာ ထိုပွဲတွင် အချိန်ပိုအထိ ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေ ဖြစ်နေ သောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ဆန်းဒါးလန်း အသင်းက အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။

    အသင်းအနေဖြင့် ကောင်းမွန်စွာကစားနိုင်ခဲ့ခြင်း မရှိသောကြောင့်၊ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဟု မိုယက်စ်က ၀န်ခံခဲ့သည်။

    “နောက်တစ်ဆင့်တက်ဖို့ အတွက် ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ၊ လိုအပ်တဲ့ အကောင်းဆုံး ကစားပုံမျိုးလည်း မရခဲ့ပါဘူး။ ဆန်းဒါးလန်း ကတော့ ဗိုလ်လုပွဲကို တက်ရောက်ဖို့ ထိုက်တန်ခဲ့ပါတယ်။ နောက်ပြီး ပင်နင်တီ ကန်သွင်းခွင့် ရတဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ ပင်နယ်တီက ဆိုးရွားခဲ့ ပါတယ်” ဟု ပွဲအပြီးတွင် မိုယက်စ်က သတင်းထောက်များအား ပြောကြေားခဲ့သည်။

    နည်းပြ မိုယက်စ် စတင် ကိုင်တွယ်ပြီးနောက်ပိုင်း ကစားပုံ ဆိုးရွားနေခဲ့သည့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာတွင်ရှိနေပြီး၊ FA ဖလားနှင့် လိဂ်ဖလား ပြိုင်ပွဲတို့တွင်လည်း ထွက်ခဲ့ရသည်။

    Ref : Goal