News @ M-Media
Tag: DailySportsNews
  • အေစီမီလန်အသင်းမှာ ပိုမိုတိုးတက်လာသည်ဟု ဘာလော့တယ်လီဆို
    အေစီမီလန်အသင်းမှာ ပိုမိုတိုးတက်လာသည်ဟု ဘာလော့တယ်လီဆို
    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media
    – ရာသီတစ်ဝက်ကျိုးချိန်အထိ ရုန်းကန်နေခဲ့ရပြီး အသင်းသို့ နည်းပြသစ် ဆီးဒေါ့ဖ် ရောက်ရှိလာပြီးနောက် အသင်းအနေဖြင့် ပိုမိုကောင်းမွန်လာသည်ဟု အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားလိုက်သည်။
    အေစီမီလန်အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းအလွန်ဆိုးရွားခဲ့ပြီး ရာသီအစတွင် ဇယား၏ အလယ်သို့ရောက်ရှိနေခဲ့သောကြောင့် နည်းပြ အယ်လီဂရီကို ထုတ်ပယ်ခဲ့ကာ ဆီးဒေါ့ဖ်ဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
    အေစီမီလန်သို့ရောက်ရှိလာခဲ့သည်မှာ ၁ နှစ်နီးပါးရှိနေပြီး၊ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့က ခေါ်ယူရန် ဆက်သွယ် ခြင်းခံခဲ့ရသည့် ဘာလော့တယ်လီက အေစီမီလန်အသင်းနေဖြင့် နည်းပြသစ်လက်အောက်တွင် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး၊ ဥရောပ၀င်ခွင့်အတွက် စိန်ခေါ်နိုင်သည့် အသင်းဖြစ်လာခဲ့ပြီဟုဆိုသည်။
    “ဒီလိုအသင်းကြီးမျိုးမှာ ကစားရတာကို ကျွန်တော်ပျော်ပါတယ်။ အထူးသဖြင့် ရုန်းကန်နေရတဲ့ အခိုက်အတန့်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ လူတိုင်း က လွယ်ကူတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ကြတယ်လေ။ ရုန်းကန်နေရတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အကောင်းဆုံး ပုံစံကို ရဖို့မလွယ်ပါဘူး” ဟု အသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းအား ဥရောပ၀င်ခွင့်ရနိုင်သည့် အဆင့် ၅ နေရာဖြင့် ရာသီ သိမ်းနိုင်အောင် မိမိ၏ သွင်းဂိုးများဖြင့် ကူညီသွားမည်ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန်ကိုလည်း မျှော်လင့်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Goal
  • မာတာအားခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်း၏ ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည်ဟု မိုယက်စ်ဆို
    မာတာအားခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်း၏ ပြောင်းလဲမှုများထဲမှ တစ်ခုဖြစ်သည်ဟု မိုယက်စ်ဆို
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    – မာတာအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်းတွင် ပြုလုပ်မည့် အပြောင်းအလဲများမှ တစ်ခုဖြစ်ပြီး မိမိအနေဖြင့် ကစားသမားခေါ်ယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဟု မန်ယူအသင်း၏ နည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။
    ယခုနှစ်ရာသီတွင် အသင်း၏ ရလဒ်များ ဆိုးရွားနေသောကြောင့် ဝေဖန်မှုများကို ခံနေရသည့် မိုယက်စ်က ၎င်းအနေဖြင့် မည့်သည့်အခါကမှ မာတာအား ခေါ်ယူနိုင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
    “ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဟာ ခက်ခဲ့တဲ့နွေရာသီလို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေကို စောင့်ကြည့်ခွင့်ရခဲ့ပြီး၊ အခုဆောင်းရာသီ အပြောင်းအရွှေ့ကို ရောက်လာပါပြီ။ အသင်းကို ကျွန်တော် အပြောင်းအလဲတွေလုပ်နေပြီး ဂျူအန်(မာတာ) ကတော့ ပထမဆုံး ပြောင်းလဲမှုပါပဲ” ဟု မိုယက်စ်က မာတာခေါ်ယူခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    မာတာကလည်း ယခုနှစ်ရာသီ ချယ်ဆီးအသင်းတွင် ရှိနေခဲ့သည့် ၆ လတာ ကာလမှာ ခက်ခဲခဲ့သည်ဟု ၀န်ခံခဲ့ပြီး အိုးထရက်ဖို့ဒ်တွင် မိမိ၏ ကစာသမားဘ၀ ပြန်လည်စတင်ရသည့် အတွက် ၀မ်းမြောက်မိကြောင်း၊ မန်ယူအသင်း အနေဖြင့်လည်း ပရီးမီးယားလိဂ် ဆုဖလားအား ကာကွယ်ရန် အခွင့်အရေးရှိကြောင်း စသဖြင့် ပြောကြားခဲ့သည်။
    Ref : Goal
  • ၀ါရင့်နည်းပြ အာဆင်ဝင်းဂါး အသင်းနှင့် သက်တမ်းတိုးမည်
    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    – ယခုနှစ် ဘောလုံးရာသီ အကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ပြည့်တော့မည့် အာဆင်ဝင်းဂါးအနေဖြင့် အာဆင်နယ်အသင်းနှင့် ဆက်လက် သက်တမ်းတိုးသွားမည်ဟု အသင်း၏ စီအီးအို အိုင်ဗန် ဂါဇီဒစ်က အတည်ပြုခဲ့သည်။
    အာဆင်နယ် အသင်းမှာ ယခုနှစ် ရာသီအစကတည်းက သက်တမ်းတိုးရန် အတွက် အာဆင်ဝင်းဂါးနှင့် ဆွေးနွေးနေခဲ့ခြင်း ဖြစ်ပြီး၊ အာဆင်ဝင်းဂါးက ယခုနှစ် အသင်း၏ အောင်မြင်မှုကို ကြည့်၍ စာချုပ်သစ်ကိစ္စအား ဆုံးဖြတ်မည်ဟု စောစောပိုင်းက ပြောဆိုထားခဲ့သည်။
    “ကျွန်တော်တို့ အမြဲတမ်း အာဆင်(၀င်းဂါး) ကို ထောက်ခံပါတယ်။ ဘုတ်အဖွဲ့ဝင်တွေအားလုံး သူ့ရဲ့နောက်မှာ လုံးဝရှိပါတယ်။ အာဆင်ဟာ သူရဲ့ စိတ်ကို  အသင်းမှာ အမြဲတမ်း နှစ်မြှုပ်ထားပါတယ်။ သူဟာ အသင်းနဲ့ သက်တမ်း တိုးသွားမှာဖြစ်ပြီး သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော်တို့ တရားဝင် ကြေညာသွားမှာပါ” ဟု လာမည့်နှစ်တွင် ၀တ်ဆင်ကစားမည့် ဂျာစီအတွက် Puma အသင်းနှင့် စံချိန်တင် စာချုပ်ချုပ်ဆိုမှု အပြီးတွင် ဂါဇီဒစ်က ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အသင်းကွင်းလယ်လူ ရိုစစ္စကီးနှင့် နောက်ခံလူ မာတီဆက်ကာတို့ကိုလည်း အာဆင်နယ်က စာချုပ် သက်တမ်း တိုးနိုင်ခဲ့သည်။
    ပြင်သစ်နိုင်ငံသား အာဆင်ဝင်းဂါးမှာ အာဆင်နယ် အသင်းသို့ ၁၉၉၆ ခုနှစ်ကတည်းက စတင်ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အား ပရီးမီးယားလိဂ်တွင် တောင့်တင်းသော အသင်းဖြစ်လာအောင် ဆောင်ရွက်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ FA ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၄ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့် ၈ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အာဆင်ဝင်းဂါးမှာလည်း ဝေဖန်မှု များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုနှစ်ရာသီတွင် အိုးဇေးလ်အား ၀ယ်ယူနိုင်ခဲ့ခြင်းနှင့်အတူ ပရီးမီယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နိုင်အောင် ၀င်းဂါးက စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
    Ref : Goal
  • သြစတေးလျအိုးပင်း အမျိုးသား တင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာဗိုလ်စွဲ
    သြစတေးလျအိုးပင်း အမျိုးသား တင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာဗိုလ်စွဲ
    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media
    – သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သြစတေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား ပွဲစဉ်တွင် ဆွစ်ဇလန် တင်းနစ်သမား စတာနစ် လက်စ် ၀ါဝရင်ကာက ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ယမန်နေ့က ကစားခဲ့သည့် ဗိုလ်လုပွဲတွင် ၀ါဝရင်ကာမှာ စပိန်တင်းနင်းသမား ရာဖေးလ်နာဒယ်နှင့် ယှဉ်ပြိုင် ကစားခဲ့ရခြင်း ဖြစ်ပြီး ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၃ ဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ ယခု ဆုဖလားမှာ ၀ါဝရင်ကာ၏ ပထမဆုံး ဂရန်းစလင်း ဆုဖလားလည်း ဖြစ်သည်။ ယခုပွဲတွင် နာဒယ်လ်မှာလည်း နောက်ကျော ဒဏ်ရာရရှိခဲ့သည်။
    Ref : SkySports
  • အီဂျစ်တိုက်စစ်မှူး ဆာလာဟ်အား ချယ်ဆီးသို့ရောက်ပြီ
    အီဂျစ်တိုက်စစ်မှူး ဆာလာဟ်အား ချယ်ဆီးသို့ရောက်ပြီ
    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media
    – သီတင်းတစ်ပါတ်ကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ဘေဆယ်အသင်း၏ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အားခေါ်ယူနိုင်ခဲ့ပြီဟု ချယ်ဆီး အသင်းက အတည်ပြု ပြောဆိုခဲ့သည်။
    အသင်းကွင်းလယ်လူ မာတာအားရောင်းချခဲ့ပြီးနောက် အားဖြည့်သည်အနေဖြင့် အသက် ၂၁ နှစ်အရွယ်ရှိ ဆာလာဟ်အား ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၅ နှစ်ခွဲ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဘေဆယ်တွင် စွဲမက်ဖွယ် ခြေစွမ်းများကို ပြသခဲ့သော ဆာလာဟ်အား လီဗာပူးလ်အသင်းက စိတ်ဝင်စားခဲ့ သော်လည်း ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
    အသင်းတွင် ကျောနံပါတ် ၁၅ အား ၀တ်ဆင်ကစားမည့်ဆာလာက
    “ဒီလိုအသင်းကြီးမျိုးနဲ့ စာချုပ်ချုပ်ဆိုရတာကို ကျွန်တော် ပျော်ရွှင်မိပါတယ်။ ချယ်ဆီးပရိတ်သတ်တွေကို ပျော်ရွှင်အောင် ကျွန်တော် ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ချယ်ဆီးအသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
    Ref : Goal