News @ M-Media

Tag: DailySportsNews

  • မိမိမှာ အင်္ဂလိပ်တစ်ချို့ထက် ပို၍ အင်္ဂလိပ်ပီသသည်ဟု မော်ရင်ဟိုပြော

    မိမိမှာ အင်္ဂလိပ်တစ်ချို့ထက် ပို၍ အင်္ဂလိပ်ပီသသည်ဟု မော်ရင်ဟိုပြော

    ဇန်န၀ါရီ ၂၀ ၂၀၁၄
    M-Media

    – ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် တစ်ခါတစ်ရံတွင် အင်္ဂလိပ်များထက် ပို၍ အင်္ဂလိပ် ပီသသည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က မန်ယူအအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲအပြီး နာရီအနည်းငယ်အကြာတွင် Savoy ဟိုတယ်၌ ပေးအပ်ခဲ့သည့် The guest of honour ဆုအား လက်ခံရယူပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

    “တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ တစ်ချို့အင်္ဂလိပ်တွေထက် ပိုပြီး အင်္ဂလိပ် ပီသတယ်လို့ ခံစားရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ဟာ နိုင်ငံ (ဗြိတိန်)နဲ့ အင်္ဂလိပ် ဘောလုံးလောက ကိုလည်း အများကြီး ကာကွယ်နေပါတယ်။ ဒါတွေကို ကျွန်တော်လုပ်တာဟာ လုပ်ရမယ်လို့ ခံစားရလို့ပါ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုတို့ မရှိဘဲ နည်းပြအလုပ်ကို လုပ်နိုင်မည် မဟုတ်ကြောင်း၊ လက်ထောက် နည်းပြများ မှာလည်း ညီအစ်ကိုများကဲ့သို့ဖြစ်ကြောင်း မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။

    အသက် ၅၀ အရွယ်ရှိ မော်ရင်ဟိုမှာ အင်္ဂလန် ဘောလုံးလောကသို့ စတင်ရောက်ရှိခဲ့သည့် ၂၀၀၅ ခုနှစ် ဘောလုံးရာသီကပင် အောင်မြင်မှုများ ရရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ် ဘောလုံးလောက၏ လိုအပ်ချက်များကို အမြဲလိုလို ထောက်ပြ ဝေဖန်လေ့ရှိသူဖြစ်သည်။

    Ref : Daily

  • ဂျူဗီအသင်း ဖလားနှစ်ခုရရှိရန် တီဗက်ဇ် ကူညီမည်ဟုပြော

    ဂျူဗီအသင်း ဖလားနှစ်ခုရရှိရန် တီဗက်ဇ် ကူညီမည်ဟုပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – အသင်းအနေဖြင့် စီးရီးအေနှင့် ယူရိုပါလိဂ်တွင် အောင်မြင်မှုများရရှိရန်အတွက် ကူညီသွားမည်ဟု ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်က ပြောကြားလိုက်သည်။

    တီဗက်ဇ်မှာ ပြီးခဲ့သည့်နွေရာသီက မန်စီးတီးအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စီးရီးအေ ၁၉ ပွဲကစားပြီး ၁၁ ဂိုးအထိ သွင်းယူ ပေးထားနိုင်ခဲ့ကာ၊ ဂျူဗင်တပ်စ်အသင်းမှာလည်း ဒုတိယနေရာမှ ရိုးမားအသင်းအား ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။

    “ပြိုင်ပွဲတွေအတွက်ပဲ ကျွန်တော် စဉ်းစားနေပါတယ်။ ကျွန်တော် (စီးရီးအေနဲ့ ယူရိုပါလိဂ်) ဖလားနှစ်ခုစလုံးကို လိုချင်ပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အင်္ဂလန်တို့တွေမှာ ဖလားတွေရခဲ့ပြီး၊ အီတလီမှာ ရမယ်ဆိုရင်တော့ ကျွန်တော့်အတွက် စတုတ္ထမြောက်နိုင်ငံဖြစ်လာမှာပါ။ အသင်းရဲ့ သမိုင်းမှာ မှတ်တမ်းရေးထိုးဖို့ အိပ်မက်မက်နေပါတယ်” ဟု တီဗက်ဇ်က အီတလီ အားကစား စာစောင်တစ်ခုသို့ ပြောကြားခဲ့သည်။

    Ref : Goal

  • ဝေါလ်ကော့၏ ခွဲစိတ်မှုအောင်မြင်ခဲ့သော်လည်း ကမ္ဘာ့ဖလားအား လွဲချော်မည်ဟု ၀င်းဂါးဆို

    ဝေါလ်ကော့၏ ခွဲစိတ်မှုအောင်မြင်ခဲ့သော်လည်း ကမ္ဘာ့ဖလားအား လွဲချော်မည်ဟု ၀င်းဂါးဆို

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – အသင်းရှိ တိုက်စစ်မှူး သီယိုဝေါလ်ကော့၏ခွဲစိတ်မှုမှာ အောင်မြင်ခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအမီ လုံးဝသက်သာပျောက်ကင်းနိုင်ဖွယ်မရှိဟု အာဆင်နယ် အသင်းနည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ ဝေါလ်ကော့မှာ ယခုလ အစောပိုင်းက စပါးအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိ သွားခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် အနည်းဆုံး ၆-လခန့် အနားယူရဖွယ်ရှိနေသည်။

    “(ခွဲစိတ်မှုဟာ) ရှောရှောရှူရှူဖြစ်သွားခဲ့ပါတယ်။ ဒဏ်ရာက ဒူးခေါင်းမှာဖြစ်တဲ့အတွက် ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။ ကမ္ဘာ့ဖလားမှာ ကစားဖို့ ကတော့ မျှော်လင့်ချက်မရှိတော့ပါဘူး။ ဒါက မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် သူရဲ့အနာဂတ်ကတော့ ကောင်းမွန်မှာပါ” ဟု ၀င်းဂါးက ပြောခဲ့သည်။

    Ref : Goal

  • မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် စဉ်းစားခဲ့ဖူးကြောင်း ရော်နယ်ဒို ၀န်ခံ

    မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် စဉ်းစားခဲ့ဖူးကြောင်း ရော်နယ်ဒို ၀န်ခံ

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ပူပူနွေးနွေးရရှိထားသည့် ရော်နယ်ဒိုက ၎င်းအနေဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းတွင် ပြန်လည်ကစားရန် စဉ်းစားခဲ့ဖူးသည်ဟု ပြောကြားလိုက်သည်။

    ရီးယဲလ်အသင်းတွင် ပြောင်မြောက်သောခြေစွမ်းများကို ပြသနေကာ Ballon d’Or ဆုတွင် မက်ဆီ၏ လေးနှစ်ဆက်တိုက်လွှမ်းမိုးမှုအား ချေဖျက်နိုင် ခဲ့သည့် ရော်နယ်ဒိုမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က မန်ယူနောက်ခံလူ ရီယို ဖာဒီနန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မန်ယူသို့ ပြန်လည်ပြောင်းရွှေ့န် နက်နက်နဲနဲ စဉ်းစားခဲ့ဖူးသည်ဟု ဆိုသည်။

    “မန်ယူနဲ့ ပသက်သက်လို့ ကျွန်တော် စဉ်စားခဲ့ဖူးပါတယ်။ မန်ယူဟာ ကျွန်တော်နှလုံးသားထဲမှာ ရှိနေတုန်းပါ။ ကျွန်တော် ၆ နှစ်လောက် ကစားခဲ့တဲ့ မန်ယူကို ကျွန်တော်ချစ်ပါတယ်” ဟု ရော်နယ်ဒိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ မန်ယူအသင်းတွင် ကစားစဉ် ၂၀၀၈ ခုနှစ်ကလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ဖူးသည်။

    Ref : Goal

  • ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာနိုင်ဟု မော်ရင်ဟိုပြော

    ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာနိုင်ဟု မော်ရင်ဟိုပြော

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – အသင်းရှိ ရင့်ကျက်လာသော အလယ်တန်းကစားသမား ဟဇာ့ဒ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်နိုင်သည့် အရည်အချင်းများ အားလုံးရှိနေသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ဘယ်လ်ဂျီယံကွင်းလယ်လူ ဟဇာ့ဒ်မှာ ယခုအချိန်အထိ အသင်းအတွက် ၁၁-ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ်သို့ ရောက်ရှိလာသည့် ၂- နှစ်တာ အတွင်း အဆင့်တစ်ခုသို့ ရောက်ရှိခဲ့သည်ဟု မော်ရင်ဟိုက မှတ်ယူနေသည်။

    “အေဒင်(ဟဇာ့ဒ်)ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ပါရမီနဲ့ လက်တွေ့ဖျော်ဖြေမှုအကြားနဲ့၊ တစ်ပွဲကောင်း ခြေစွမ်းနဲ့ အမြဲတမ်းအစွမ်းပြနိုင်မှုတို့အကြား ကွာဟမှုတွေဘယ်လောက်ရှိလဲဆိုတာ သူသိလာပြီး၊ အဲဒီကွာဟချက်တွေကို ကျဉ်းမြောင်းသွားအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာလဲ သူနားလည်လာပါပြီ” ဟု မော်ရင်ဟိုက လန်ဒန်ရှိ သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    Ref : Goal