News @ M-Media

Tag: Egypt

  • Muslim Brotherhood အဖွဲ့ဝင် ငါးရာကျော်အား အာဏာသိမ်း စစ်တပ်နောက်ခံ အီဂျစ်တရားရုံး သေဒဏ်ပေး

    မတ် ၂၅၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲစခန်းများအား တိုက်ခိုက်ခဲ့သည်ဟူသော စွဲချက်ဖြင့် Muslim Brotherhood  အဖွဲ့ဝင် (၅၂၈) ဦးအား အီဂျစ်တရားရုံးက သေဒဏ်ပေးခဲ့သည်ဟု သိရသည်။

    140324102902-muslim-brotherhood-supporters-story-top

    ၎င်းတို့အားလုံးမှာ Muslim Brotherhood  အဖွဲ့ခေါင်းဆောင် သမ္မတမော်စီအား ပြီးခဲ့သည့်နှစ် ဇူလိုင်လက စစ်တပ်မှဖြုတ်ချ ခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်း မင်ယာပြည်နယ် မက်တိုင်းခရိုင်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ အဆောက်အဦးအား တိုက်ခိုက်မှုနှင့် ရဲအရာရှိ တစ်ဦးအား သတ်ဖြတ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။

    ထို့ပြင် အစိုးရအသင်းအဖွဲ့များအား ဖျက်ဆီးမှု၊ လုံခြုံရေးဝန်ထမ်းများကို ပစ်ခတ်မှု၊ ရဲတပ်ဖွဲ့၏ လက်နက်များ ခိုးယူမှု၊ ရဲစခန်းများအား မီးရှို့မှု၊ ဒေသခံများကို အကြမ်းဖက်မှု၊ ပြည်သူ့ငြိမ်းချမ်းရေး နှောက်ယှက်မှု စသည့် စွဲချက်များလည်းပါဝင်သည်။

    အဆိုပါ အဖွဲ့ဝင် ၅၂၈ ဦးမှာ မင်ယာပြည်နယ်တွင် ဖမ်းဆီးထားခဲ့သည့် Muslim Brotherhood  အဖွဲ့၏ အဖွဲ့ဝင် (၁၂၀၀) ကျော်ထဲမှဖြစ်ပြီး ကျန်ရှိသည့် အဖွဲ့ဝင် ၇၀၀ ကျော်အား မနက်ဖြန်တွင် တရားရုံး၌ စစ်ဆေးမည်ဖြစ်သည်။

    အီဂျစ်နိုင်ငံ၏ အာဏာရှင်ဟောင်း ဟိုစနီမိုဘာရက်အား ဖြုတ်ချကာ နိုင်ငံသမိုင်း ဒီမိုကရေစီနည်းလမ်းဖြင့် ပထမဆုံး သမ္မတဖြစ်လာသည့် Muslim Brotherhood အဖွဲ့ခေါင်းဆောင် မုဟမ္မဒ် မော်စီအား အီဂျစ်စစ်တပ်က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဖြုတ်ချခဲ့သည်။ ထို့နောက် အီဂျစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့သောကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ကာ၊ မော်စီအပါဝင် ထောင်ပေါင်းများစွာမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထို့ပြင် Muslim Brotherhood  အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရက သတ်မှတ်ခဲ့သည်။

    ဆင်ဟွာ

  • အီဂျစ်ထောင်တွင်းမှ လူမဆန်သော နှိပ်စက်မှုများ ဖြစ်ရပ်များ ဗီဒီယို မှတ်တမ်းများ အရ သိရ

    မတ် ၁၀၊ ၂၀၁၄
    M-Media
    20143885328159734_20
    – အီဂျစ်နိုင်ငံ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်အား လျှို့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထိုဗီဒီယိုမှတ်တမ်းများ အရ အကျဉ်းသားများအား နှိပ်စက်ခြင်း၊ အဓ္ဓမ သက်သေထွက်ဆိုခိုင်းခြင်း၊ အခန်းကျဉ်းများတွင် ပိတ်လှောင်ထားခြင်း စသည် လူမဆန်သော လုပ်ရပ်များ ရှိနေသည်ဟု သိရသည်။

    မိုဘိုင်းဖုန်းဖြင့်ရိုက်ကူးထားပြီး ဂျာနယ်လစ်များလက်သို့ ရောက်ရှိလာခဲ့သည့် အဆိုပါဗီဒီယိုတွင် လက်ရှိ အကျဉ်းကျခံနေရသူ တစ်ဦး၏ ထောင်အတွင်းနေထိုင် ရသည့် အတွေ့အကြုံများအား ဖော်ပြထားပြီး၊ ပထမဦးဆုံး ရိုက်ကူးနိုင်ခဲ့သည့် ဗီဒီယိုမှတ်တမ်းလည်းဖြစ်သည်။

    “ပြောလို့မရတဲ့ ပုံစံမျိုးတွေနဲ့ ကျွန်တော့်ကို သူတို့နှိပ်စက်ခဲ့ကြပါတယ်။ ထွက်ချက်ကို အလွတ်ကျက်ဖို့ကျွန်တော့်ကိုခိုင်းတယ်၊ ပြီးတော့ “မင်းလူ တစ်ယောက်ရှေ့မှာရပ်ပြီး၊ ငါတို့ပြောတာကို တစ်လုံးမကျန် ပြောရမယ်” လို့ သူတို့ ကျွန်တော့်ကို ပြောပါတယ်” ဟု တက္ကသိုလ်ကျောင်းသားဟုဆိုသည့် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းမသိသောမေးခွန်းများ၊ မသိသောသူများကို မေးမြန်းကြောင်း၊ နှိပ်စက်မှုများနှင့် ခြိမ်းခြောက်မှုများကိုမခံနိုင်သောကြောင့် ၎င်းတို့ ခိုင်းစေသမျှကို ပြောမည်ဟု ပြောခဲ့ရကြောင်း၊ ၎င်းတို့၏ မေးခွန်းများကို မဖြေပါက ရိုက်နှက်ကြောင်း အဆိုပါလူငယ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထောင်အတွင်း၌ ညှင်းပန်းနှိပ်စက်မှုများရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ အီဂျစ် ပြည်ထဲရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနက မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ သို့သော်လည်း ပြည်ထဲရေး ၀န်ကြီး မိုဟာမက် အီဗရာဟင်ကမူ ထိုင်သတင်းအား ငြင်းဆိုခဲ့ပြီး၊ မည်သူတစ်ဦး တစ်ယောက်မှ တင်းအဓ္ဓမ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမှု မရှိဘဲ ၎င်းတို့မှာ ရမ်းကားသော ဆန္ဒပြမှုများနှင့် လက်နက်ကိုင်ဆောင်မှုများ အတွက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုဗီဒီယို မှန်ကန်မှုရှိ မရှိကို အတိအကျပြော၍ မရသေးပေ။

    Al Jazeer

  • အာဏာသိမ်း စစ်တပ်အစိုးရကို မကျေနပ်၍ အီဂျစ်ကျောင်းသားများ ဆန္ဒပြ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    Egyptian protesters near a cloud of teargas in Cairo

    – အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတ မိုဟာမက် မော်စီအစိုးရကို ဇူလိုင်လအတွင်းက ဖြုတ်ချခဲ့ပြီးနောက် အာဏာသိမ်းထားသော စစ်တပ်ဦးဆောင်သည့် အစိုးရအား မကျေနပ်သောကြောင့် မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို ထောက်ခံသူ အီဂျစ် တက္ကသိုလ်ကျောင်းသားများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    Al-Azhar တက္ကသိုလ်ပရ၀ုဏ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် ထိုဆန္ဒပြမှုအား ရဲတပ်ဖွဲ့က နှိမ်နှင်းမှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး အခြားလေးဦးမှာ ဒဏ်ရာရရှိခဲ့ကာ ၁၀၀ ကျော် အဖမ်းခံခဲ့ရသည်။ ကျောင်းသားများကလည်း တက္ကသိုလ်အတွင်းရှိ အဆောက်အဦးနှစ်ခုအား မီးရှိုမ်ဖျက်ဆီးခဲ့ကြသည်။

    စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အီဂျစ်နိုင်ငံအတွင်း မငြိမ်းသက်မှုများဖြစ်ပွားနေခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်က မွတ်စလင်ညီနောင်များအဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် အာဏာသိမ်းအစိုးရက ကြေညာခဲ့ပြီးနောက် ထိုအဖွဲ့ကို ထောက်ခံသူများက ဆန္ဒပြမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ကြသည်။

  • သမ္မတဟောင်း မော်စီကို ထောက်ခံပြီး ဆန္ဒပြမှုဖြင့် ဖမ်းခံသည့် အမျိုးသမီး ၂၁ ဦးအား အာဏာသိမ်း အီဂျစ်အစိုးရ ပြန်လွှတ်ပေး

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    2013127193753524734_21
    – ငြိမ်းချမ်စွာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် အီဂျစ် အမျိုးသမီး ၂၁ ဦအား အီဂျစ်အစိုးရက အချို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ၊ အချို့ကို ယမန်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    ထို ၂၁ ဦးအနက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် ၁၄ ဦးအားထောင်ဒဏ် တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့ကာ၊ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် အမျိုးသမီးငယ် ၇ ဦးအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

    ထိုအမျိုးသမီးများအား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဖြုတ်ချခံ သမ္မတမော်စီအား ထောက်ခံသောအနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုနှင့် ဆက်စပ်မှုရှိသောကြောင့် ဖမ်းဆီးထိမ်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး၊ ထိုဖမ်းဆီးမှုအား ဒေသတွင်းနှင့် နိုင်ငံတကာက ဆန့်ကျင်ခဲ့ကြသည်။

    Ref:  Al Jazeera and agencies

  • ပိတ်ပင်တားဆီးခံ သမိုင်းတစ်ပုဒ် သို့မဟုတ် အီဂျစ်နိုင်ငံမှ မွတ်စ်လင်မ် ညီနောင်များအဖွဲ့

    စက်တင်ဘာ၊ ၂၈
    M-Media

    muslim-brotherhood

    ၈၅ နှစ်သက်တမ်းရှိနေပြီး ချောင်ထိုးခံထားရတဲ့ မွတ်စ်လင်မ် ညီနောင်များ အဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ တရားဝင်ဖြစ်လာခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာတော့ ပြန်လည် ပိတ်ပင်ခံရတယ်။

    အာဏာရှင် မူဘာရက်ပြုတ်ကျပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတဟောင်း မုဟမ္မဒ် မိုရ်စီကို ထောက်ခံကြသူတွေအပေါ် စစ်တပ် ကျားကန်ထားတဲ့ အစိုးရက ကြမ်းတမ်းစွာ နှိမ်နင်းပြီးတဲ့နောက် မွတ်စ်လင်မ်ညီနောင်များအဖွဲ့ကို ဖျက်သိမ်းဖို့၊ ၄င်းရဲ့ပိုင်ဆိုင်မှုအ၀၀ကို ဖယ်ရှားဖို့ အီဂျစ်တရားရုံးတစ်ခုက အမိန့်ထုတ်ပြန်ခဲ့တယ်။

    မွတ်စ်လင်မ်ညီနောင်များအဖွဲ့၊ ဒီအဖွဲ့ရဲ့အတွေးအမြင်၊ ပိုင်ဆိုင်မှု နဲ့ ငွေကြေးထောက်ပံ့မှု ရှိနေတဲ့ NGO မှန်သမျှ ပိတ်ပင်ကြောင်း ကိုင်ရိုတရားစီရင်ရေးရုံးချုပ်က စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့မှာ အရေးပေါ်အနေအထားအရ ထုတ်ပြန်ကြေငြာခြင်းဖြစ်တယ်။

    မွတ်စ်လင်မ်ညီနောင်များအဖွဲ့နဲ့ ချိတ်ဆက်နေတဲ့ ကျောင်း၊ ဆေးရုံ စတဲ့ လူမှုဝန်ဆောင်လုပ်ငန်းတွေ၊ ဒါနအဖွဲ့တွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒီအမိန့်နဲ့ထုတ်ပြန်ရခြင်းရဲ့အကြောင်းရင်းကို တရားရုံးက မပြောကြားပါဘူး။ Tagammu လို့ကျော်ကြားတဲ့ လက်ဝဲပါတီ National Progressive Unionist Party က မွတ်စ်လင်မ်ညီနောင်များအဖွဲ့အပေါ် အကြမ်းဖက်သမား၊ နိုင်ငံရေးအားဖြင့် ဘာသာရေးကိုဖျက်ဆီးနေသူဆိုပြီး စွပ်စွဲတိုင်တန်းချက်ကြောင့်လို့ ယူဆဖွယ်ရှိပါတယ်။

    ၈၅ နှစ်သက်တမ်းရှိနေပြီး ချောင်ထိုးခံထားရတဲ့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ တရားဝင်ဖြစ်လာခဲ့တယ်။ အဲ့ဒီနောက် ၂၀၁၃ ခုနှစ်၊ မတ်လမှာ အရပ်သားလူ့အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့တယ်။

    မွတ်စ်လင်မ်ညီနောင်များအဖွဲ့ကိုပိတ်ပင်ကြောင်း အဆောတလျင်ဆုံးဖြတ်ရတဲ့အကြောင်းရပ်များကတော ……..

    – ၁၉၂၈ ခုနှစ်မှာ အီမာမ် ဟတ်စာန်း အလ်ဘန်နားမှ စတင်ထူထောင်ခဲ့တဲ့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့ဟာ ဘုရင် ဖာရူးက်လက်ထက် ပါလက်စတိုင်းကနေခွဲထွက်ပြီးတဲ့နောက် ၁၉၄၈ ခုနှစ်မှာ ပထမဆုံး ပိတ်ပင်ခံခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက မွတ်စ်လင်မ်ညီနောင်များအဖွဲ့မှာ ဌာနခွဲ ၂၀၀၀ နဲ့ အဖွဲ့သား သို့မဟုတ် ထောက်ခံအားပေးသူပေါင်း ခန့်မှန်းချေ ၅ သိန်းအထိ ရှိနေခဲ့တယ်။

    – အဲ့ဒီနောက် အမျိုးသားရေးဝါဒီစစ်အရာရှိများနဲ့ပူးပေါင်းပြီး အီဂျစ်နိုင်ငံရဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ကို ၁၉၅၂ ခုနှစ်မှာဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင်တွေက လောကီရေးသက်သက်ဝါဒကို သွတ်သွင်းလာတဲ့အခါ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့အတွက် ပျားရည်ဆမ်းခရီးလမ်းက ၁၉၅၄ ခုနှစ်မှာ အချိန်တိုတိုအတွင်း အဆုံးသတ်သွားရတယ်။ အဖွဲ့ကို နောက်ထပ်တစ်ကြိမ် ပိတ်ပင်ခံရတယ်။ ဒီတစ်ခေါက်မှာတော့ အဖွဲ့သားတွေထောင်နဲ့ချီပြီး ထောင်သွင်းအကျဉ်းချခံလိုက်ရတယ်။ ထိန်းသိမ်းရေးစခန်း နဲ့ အကျဉ်းထောင်ထဲ နှစ်ပေါင်းများစွာ လူအမြောက်အများ ညှင်းပန်းနှိပ်စက်ခံခဲ့ကြရတယ်။

    – နာဆာအစိုးရရဲ့နောက် ၁၉၇၀ ခုနှစ် အန်ဝါ ဆဒဒ် အီဂျစ်သမ္မတဖြစ်လာတော့ အကျဉ်းစံအဖွဲ့ဝင်တွေကို ဖြည်းဖြည်းချင်း လွှတ်ပေးခဲ့တယ်။ အဖွဲ့အစည်းက မသိမသာ ကျယ်ပြန့်ကြီးထွားလာပြန်တယ်။ ဒါပေမယ့် တရားမ၀င် အဖြစ်သတ်မှတ်ပြီး ကာလအတိုင်းအတာတစ်ရပ်ထိ နှိပ်ကွက်ခံရတယ်။ အထူးသဖြင့် ၁၉၇၄ ခုနှစ် အစ္စရေးနဲ့ ငြိမ်းချမ်းရေးသဘောတူ စာချုပ်ချုပ်ဆိုပြီး တဲ့နောက်ပိုင်း ဖြစ်တယ်။

    – သမ္မတ ဟော့စ်နီ မုဘာရပ် လက်ထက် ၁၉၈၀ ခုနှစ်များအတွင်း အစ္စလာမ့်ရေးရာလှုပ်ရှားသူကျောင်းသားပေါင်းများစွာ မွတ်စ်လင်မ်ညီနောင်များအဖွဲ့နဲ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ အီဂျစ်ကျောင်းသားအသင်းအဖွဲ့များ နဲ့ တတ်သိပညာရှင်များအပေါ် မွတ်စ်လင်မ်ညီနောင်များအဖွဲ့က လွှမ်းမိုးလာခဲ့တယ်။ မုဘာရပ်လက်ထက်တစ်လျှောက်လုံး ပိတ်ပင်ခံအုပ်စုအဖြစ်သဘောထားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဖြိုလဲမှုကို ခံခဲ့ရလင့်ကစား နောက်ဆယ်နှစ်အကြာမှာတော့ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က ပိုမိုလက်တွေ့ဆန်တဲ့ ဒီမိုကရေစီနည်းကျ နိုင်ငံရေးစံနစ်ကို အပြန်တလဲလဲတောင်းဆိုခဲ့ကြတယ်။

    လက်ရှိ ၂၀၀၃ ခုနှစ်မှာ မွတ်စ်လင်မ်ညီနောင်များအဖွဲ့က ထပ်မံပိတ်ပင်တားဆီးခံရသော်လည်း သူ့ရဲ့အဖွဲ့ဝင်အင်အားပမာဏ အနည်းဆုံး ၃ သိန်းက တစ်သန်းအထိရှိနေတယ်လို့ ခန့်မှန်းရတယ်။ အီဂျစ်လူဦးရေ ၈၅ သန်းထဲက အများစုထဲမှာလည်း မထင်မရှားနဲ့ များပြားစွာ ကျန်ရှိနေဆဲပါ။

    Muslim Brotherhood … A History of Bans အား မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။