News @ M-Media

Tag: Egypt

  • Muslim Brotherhood’sးအဖွဲ့ ဦးသျှောင် အပါအ၀င် လူ တစ်ရာကျော်အား အီဂျစ်စစ်တပ် သေဒဏ်ချမှတ်ပြန်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    20146717564520734_20
    – စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံခဲ့ရသည့် မွတ်စလင်ညီအကိုတော်များ အဖွဲ့၏ ဦးသျှောင် မိုဟာမက် ဘာဒီအပါအ၀င် အဖွဲ့ဝင် ၁၈၀ ဦးအား အီဂျစ်တရားရုံးက ယမန်နေ့က သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ရှေ့နေများက ထိုပြစ်ဒဏ်ချမှတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ယနေ့တွင် အတည်ပြုခဲ့ပြီး အယူခံဝင်နိုင်သည်ဟု ပြောကြားခဲ့သည်။ အီဂျစ်နိုင်ငံ သမိုင်းတွင် ဒီမိုကရေးစီနည်းကျ ပထမဆုံး ရွေးကောက် တင်မြှောက်နိုင်ခဲ့သည့် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ သမ္မတ မိုဟာမက်မော်စီအား အီဂျစ်စစ်တပ်က ပြီးခဲ့နှစ် ဇူလိုင်လတွင် ဖြုတ်ချပြီးနောက် ဖမ်ဆီးခဲ့သော အဖွဲ့ဝင်ထောင်ပေါင်းများစွာတွင် ဘာဒီလည်းပါဝင်ခဲ့သည်။

    ဘာဒီအား ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့က နိုင်ငံတောင်ပိုင်း မင်ယာမြို့ရှိ ရဲစခန်းတစ်ခုအား တိုက်ခိုက်မှုဖြင့် တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကိုင်ရိုရှိ မွတ်စလင်ညီအကိုတော်များအဖွဲ့ဝင် ရာပေါင်းများစွာကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုအား တုံ့ပြန်ခြင်းအားဖြင့် အဆိုပါရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

    ထိုအချိန်မှစ၍ မွတ်စလင် ညီအကိုတော်များအဖွဲ့အား အာဏာသိမ်း အီဂျစ်စစ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်ထောင်ပေါင်းမျာစွာကို ဖမ်းဆီးခဲ့ကာ၊ အစုလိုက် အပြုံလိုက် သေဒဏ်ပေးခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်ချခြင်းများကို ပြုလုပ်ခဲ့သည်။

    Ref: Al Jazeera and agencies
  • အီဂျစ်ရွေးကောက်ပွဲ စစ်တပ် အကြီးအကဲဟောင်း စီစီ အပြတ်အသတ်နိုင်

    မေ ၃၀ ၊ ၂၀၁၄
    M-Media

    အီဂျစ်ရွေးကောက်ပွဲ စစ်တပ်အကြီးအကဲဟောင်း စီစီ အပြတ်အသတ်နိုင်၊ မျှတမှုမရှိသော ရွေးကောက်ပွဲဟု အတိုက်အခံပြော

    0,,17663537_303,00
    – အီဂျစ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ယခင်စစ်တပ် အကြီးအကဲဟောင်း အဘ်ဒဲလ် ဖသ်တာ အလ်စီစီမှာ မဲအရေအတွက် ၉၃.၃ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရသွားပါတယ်။

    ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ  စီစီ ရဲ့  ပြိုင်ဘက် လက်ဝဲယိမ်း ဟမ်ဒီန်း ဆာဘာဟီက မဲအရေအတွက် ၃ ရာခိုင်နှုန်းသာရခဲ့ပေမယ့် ယမန်နေ့က ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပါတယ်။ သို့သော်လည်း ၄င်းက ရွေးကောက်ပွဲမှာ မျှတမှုမရှိဘဲ ဒီမိုကရေစီ ရည်ရွယ်ချက်အား ချိုးဖောက်ကာ သမာသမတ်ကျခြင်း မရှိဟု ပြောကြားခဲ့သည်။

    ကျင်းပမည့်ရက်ကို ၂ ရက်သာ သတ်မှတ်ထားသော်လည်း မဲပေးသူအရေအတွက်မှာ အလွန်နည်းပါးသောကြောင့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ပြည်သူများကို တိုက်တွန်းကာ တစ်ရက်ထပ်တိုးခဲ့ပြီး စီစီအားထောက်ခံမှုများလည်း ထိုတစ်ရက်အတွင်းပင် ၄၇ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။

    အီဂျစ်သမိုင်းတွင် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ သမ္မတမော်စီအား ပြီးခဲ့သည့်နှစ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စီစီမှာ စစ်တပ်မှအနားယူခဲ့ပြီး သမ္မတအဖြစ် ၀င်ရောက်အရွေးခံခဲ့ခြင်းဖြစ်ပါတယ်။

    ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် အီဂျစ်၏ ၅ ယောက်မြောက် တပ်ထွက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

    Ref: Al Jazeera and agencies

    ဓါတ်ပုံ- ရိုက်တာ

  • ပြည်သူ့ဘဏ္ဍာ ခိုးယူမှုဖြင့် အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

    မေ ၂၁ ၊ ၂၀၁၄
    M-Media
    20145219646168734_20
    – သမ္မတတာဝန် ထမ်းဆောင်ခဲ့စဉ်က ပြည်သူ့ဘဏ္ဍာငွေများ ခိုးယူခဲ့မှုဖြင့် အီဂျစ် သမ္မတဟောင်း ဟိုစနီမူဘာရက်အား ကိုင်ရို ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက ထောင်ဒစ် ၃ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။

    သမ္မတ အိမ်တော် ပြုပြင်ရန်ဟုဆိုကာ ကန်ဒေါ်လာ ၁၇.၆ သန်းအား အလွဲသုံးစားလုပ်၍ ကိုယ်ပိုင် အိမ်များကို ပြုပြင်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသောကြောင့် တရားရုံးက ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်ဖြစ်သည်။ ထိုစွပ်စွဲမှုတွင် ပါဝင်ခဲ့သော မူဘာရက်၏ သားများဖြစ်ကြသည့် အာလာနှင့် ဂါမာလ်တို့ကိုလည်း ထောင်ဒဏ် လေးနှစ်စီ ချမှတ်ခဲ့သည်။ မူဘာရက်မှာ ၂၀၀၁ ခုနှစ် လူထုအုံကြွမှု အတွင်း ဆန္ဒပြသူများအား သတ်ဖြတ်မှုအပါအ၀င် အမှုတော်တော်များများကို ရင်ဆိုင်နေရသူဖြစ်သည်။

    အစိုးရ ဆန့်ကျင်ရေး ၁၈ ရက်ကြာ ဆန္ဒပြမှုအတွင်း အီဂျစ်အစိုးရက လူရာချီ သတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် မူဘာရက်မှာ ၂၀၁၂ ခုနှစ်ဇွန်လက ထောင်ဒဏ် တစ်သက် တကျွန်းကျ ခံနေရသူဖြစ်သည်။ လက်ရှိအချိန်တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်သည့် မိုဘာရက်မှာ ကျန်းမာရေး အခြေအနေ ဆိုးရွားမှုကြောင့် ကိုင်ရိုရှိ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

    Ref: Al Jazeera And Reuters

  • အီဂျစ်တရားရုံးက မွတ်စလင်ညီအကိုများ အဖွဲ့ဝင် ၇၀၀ နီးပါးအား သေဒဏ် အမိန့်ချမှတ်

    ဧပြီ ၂၈ ၊ ၂၀၁၄
    M-Media
    – စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရတရားရုံးက မွတ်စလင်ညီအကိုများပါတီအား ထောက်ခံသူ ၆၈၃ ဦးအား သေဒဏ်ပေးရန် ယနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
    20144288548828734_20
    သေဒဏ်ပေးခံရသူများတွင် အဆိုပါအဖွဲ့၏ ဦးသျှောင် မိုဟာမက် ဘာဒီလည်း ပါဝင်ခဲ့သည်။ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် တရားခံများ၏ မိသားစုဝင်များက တရားရုံးဝင်း အတွင်း အော်ဟစ်ကြိမ်းမောင်းခဲ့ကြပြီး၊ အမျိုးသမီး အများအပြားမှာလည်း မေ့လဲသွားခဲ့ကြသည်။

    ထိုအမှုအားစောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ Amnesty International မှ သုတေသနပညာရှင် မိုဟာမက် အဲလ်မက်စီရီက တရားရေးအဖွဲ့မှာ အခြေခံအချက်ဖြစ်သည့် တရားမျှတမှုအား အာမခံပေးခြင်း မရှိဟု ဆိုသည်။

    တရားခံရှေ့နေများကလည်း တရားရုံး၏ ကြားနာမှုကို သပိတ်မှောက်ခဲ့ကြပြီး တရားသူကြီးအား  သားသတ်သမားဟု ခေါ်ဝေါ်ခဲ့သည်။ တရားခံ ၂၅ ဦး၏ ရှေ့နေဖြစ်သူ မိုဟာမက် အဘ်ဒဲလ် ၀ါဟစ်ဘ်ကမူ ယခင်က တရားရုံးတွင် ကြားနားမှုမှာ အနည်းဆုံး ၄ နာရီခန့်ကြာခဲ့သော်လည်း ယခုကြားနာမှုမှာ ငါးမိနစ်သာကြာခဲ့ပြီး အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အီဂျစ်နိုင်ငံသမိုင်းတွင် ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်နိုင်ခဲ့သော မွတ်စလင်ညီအကိုများအဖွဲ့မှ သမ္မတမော်စီကို အီဂျစ်စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အဖွဲ့ဝင်များကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ ထိုအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာခဲ့ပြီး မကြာသေးခင်က ဖင်ဆီးခံထားရသည့် မွတ်စလင်ညီအကိုများအဖွဲ့ဝင် ၅၂၉ ဦးကို တရားစွဲဆိုခဲ့ကာ ၃၇ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ် ၂၅ နှစ်အဖြစ် ပြောင်းလဲခဲ့သည်။
    Al Jazeera

  • ရွေးကောက်ပွဲဝင်ရန် အီဂျစ် စစ်တပ် အကြီးအကဲ အလ်စီစီ ယူနီဖောင်းချွတ်

    မတ် ၂၇၊ ၂၀၁၄
    M-Media

    – ဒီမိုကရေစီနည်းကျ ပထမဆုံးတင်မြှောက်ခဲ့သော သမ္မတ မော်စီအား ဖြုတ်ချခဲ့သည့် အီဂျစ် စစ်တပ် အကြီးအကဲ အဘ်ဒဲလ် ဖာတာ အလ်စီစီမှာ ရှေ့လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ရာထူးမှ နှုတ်ထွက်ခဲ့သည်ဟု သိရသည်။

    egypt-s-army-chief-abdel

    စစ်ယူဖောင်း အပြည့်အစုံ ၀တ်ထားကာ နိုင်ငံအား ယမန်နေ့က မိန့်ခွန်းပြောကြားခဲ့သည့် စီစီက ၎င်းအနေဖြင့် စစ်ဝတ်စုံဝတ်ခြင်းမှာ နောက်ဆုံးဖြစ်ပြီး နိုင်ငံအားကာကွယ်ရန် ယူနီဖောင်း ချွတ်တော့မည်ဖြစ်ပြီး၊ ရွေးကောက်ပွဲတွင် လွယ်လွယ်ကူကူအနိုင်ရရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “နိုင်ငံရဲ့အကျိုးအတွက် ကျွန်တော့်ဘ၀တစ်ခုလုံးကို စစ်တပ်မှာကုန်ဆုံးခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ သမ္မတနေရာမှာ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ကျွန်တော်ပြောပါမယ်။ ပြီးတော့ ခင်ဗျားတို့ဆီကထောက်ပံ့မှုဟာ ကျွန်တော့်ကို ဒီလိုအခွင့်အရေး ပေးပါလိ့မ်မယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အီဂျစ်နိုင်ငံအား အကြမ်းဖက်များက ခြိမ်းခြောက်နေပြီး၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ ပြန်လည်ရရှိရေးကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အသက် ၅၉ နှစ်အရွယ်ရှိ စီစီမှာ လာမည့်လတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု အများစုက မျှော်မှန်းထားကြသည်။ စီစီ သမ္မတဖြစ်လာပါက ၁၉၅၂ ခုနှစ်မှစတင်ကာ စစ်တပ်က  ကျောထောက်နောက် ခံပြုထားသည့် သမ္မတ နိုင်ငံအား အုပ်ချုပ်သည့် စနစ်မှာ အီဂျစ်တွင် ပြန်လည် ထွန်းကားလာဖွယ်ရှိနေသည်။

    တိုင်းပြည်၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတ မိုဟာမက်မော်စီအား ဖြုတ်ချခဲ့ပြီးနောက် စီစီမှာ နိုင်ငံတွင်  သြဇာရှိသောသူ တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် မော်စီ၏ မွတ်စလင်ညီနောင်များအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိုအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့ဟု ကြေညာခဲ့သည်။

    ထို့ပြင် ယခုသီတင်းပတ်အတွင်း မွတ်စလင်ညီအကိုများအဖွဲ့ဝင် ၅၀၀ ကျော်အား သေဒဏ်ပေးခဲ့သေးသည်။

    Al Jazeera and agencies