News @ M-Media

Tag: EPL 2015-16

  • မန်ယူမှာ ပရီးမီးယားလိဂ်မှတစ်ဆင့် ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်တော့သည်ဟု ဗန်ဂါးလ်ဝန်ခံ

    မန်ယူမှာ ပရီးမီးယားလိဂ်မှတစ်ဆင့် ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်တော့သည်ဟု ဗန်ဂါးလ်ဝန်ခံ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    van gal 2

    – ပရီးမီးယားလိဂ်မှတစ်ဆင့် ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်တော့ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ၀န်ခံလိုက်ပြီး ယူရိုပါလိဂ်ကသာ ချန်ပီယံလိဂ်အတွက် လမ်းကြောင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့် ပရီးမီးယားလိဂ်တွင် မန်ယူမှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စတုတ္ထနေရာမှ မန်စီးတီးနှင့် တစ်ပွဲပို ၆ မှတ်အကွာဖြင့် အဆင့် ၅ နေရာတွင် ရှိနေသည်။ ဗန်ဂါးလ်ကမူ ထိုအမှတ်ကွာဟမှုကို လျော့ချရန် အလွန်ခက်ခဲမည်ဟု ၀န်ခံခဲ့သည်။

    “အခုဆိုရင် သိပ် ခက်ခဲသွားပါပြီ။ ဒီလိုပွဲမျိုးကို အနိုင်ကစားရမှာဖြစ်ပေမယ့် ကျွန်တော်တို့ မကစားနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမှာပါ။ ဆန်းဒါးလန်းက ကျွန်တော်တို့ထက်ပိုပြီး နိုင်လိုစိတ်ရှိတယ်။ ပြီးတော့ ကျွန်တော်တို့က ဘောလုံးကို မကိုင်ထားနိုင်တာကြောင့် ဒီနိုင်လိုစိတ်ကို ကျွန်တော်တို့ မကျော်ဖြတ်နိုင်ပါဘူး။ ယူရိုပါလိဂ်သာ (ချန်ပီယံလိဂ်အတွက်) အကောင်းဆုံးလမ်းကြောင်းဆိုတာ ဒီပွဲအပြီးမှာ ကျွန်တော် သိလိုက်ပါတယ်။ ဒါပေမယ့် သိပ်တော့ မလွယ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီပြိုင်ပွဲမှာ အသင်းကောင်းတွေ တော်တော်များများ ရှိနေလို့ပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူမှာ ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားပြီးနောက် ရမှတ် ၄၁ မှတ်သာ ရရှိထားပြီး တစ်ပွဲပျမ်းမျှ ၁.၅၇ မှတ်သာ ရရှိကာ ၁၉၉၁ နောက်ပိုင်း ပရီးမီးယာလိဂ်တွင် အမှတ်အနည်ဆုံးဖြင့် အဆုံးသတ်ရမည့်အခြေအနေ ရှိနေသည်။

    Ref: Goal

  • ယခုနှစ်တွင် အာဆင်နယ် ဖလားမရပါက ကပ်ဆိုက်မှုဖြစ်မည်ဟု လက်စတာနည်းပြော

    ယခုနှစ်တွင် အာဆင်နယ် ဖလားမရပါက ကပ်ဆိုက်မှုဖြစ်မည်ဟု လက်စတာနည်းပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    leis 3

    – ယခုနှစ်တွင် အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလား မရရှိပါက ကပ်ဆိုက်မှု ဖြစ်လိမ့်မည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသကာ ထိပ်ဆုံးနေရာကို ရယူထားသည့် လက်စတာနှင့် တတိယနေရာမှ အာဆင်နယ်မှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ ရာနီယေးရီကမူ အာဆင်နယ်၏ အားနည်းချက်ကို ထိုးနှက်ခဲ့သည်။

    “ဒီပွဲက သူ့အတွက် အဓိကပွဲ ဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့အတွက်တော့ မဟုတ်ပါဘူး။ အာဆင်နယ်မှာ ဖိအားရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့အသင်းဟာ နှစ်စဉ် ငွေကြေးအမြောက်အများ သုံးစွဲထားပြီး ဖလားမရရင်တော့ ကပ်ဆိုက်မှုပဲဖြစ်မှာပါ။ လူတွေက အစတုန်းကတော့ “အေးလေ – လက်စတာဟာ သိပ်မကြာခင်မှာ အောက်ရောက်သွားမှာပါကွာ” လို့ ပြောကြပါတယ်။ အခုသော အချို့က လက်စတာဟာ ပရီးမီးယားလိဂ်ရနိုင်တယ်လို့ ထည့်တွက်လာကြပါပြီ။ ကျွန်တော်တို့အလုပ်က ပြီးသွားပြီဗျ။ ဒီထက်ပိုရရင်တော့ ပိုကောင်းတာပေါ့လေ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းလူစာရင်းနှင့်ပတ်သက်သည့် ဝေဖန်မှုကို ကလော့ပ် တုံ့ပြန်

    အသင်းလူစာရင်းနှင့်ပတ်သက်သည့် ဝေဖန်မှုကို ကလော့ပ် တုံ့ပြန်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    klop

    – ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မိမိအနေဖြင့် ကစားသမား ခေါ်ယူမည်ဖြစ်သော်လည်း ငွေကြေး အများအပြားသုံးစွဲသွားမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ဇန်န၀ါရီအပြောင်းအရွှေ့တွင် လှုပ်ရှားမှုမရှိခဲ့ဘဲ အသက် ၁၉ နှစ်အရွယ် မာကို ဂရူဂျစ်တစ်ဦးကိုသာ ၀ယ်ယူခဲ့သည်။ ပရိတ်သတ်များနှင့် ဝေဖန်ဆန်းစစ်သူများကမူ အသင်း၏ လူစာရင်း မတောင့်တင်းမှုကြောင့် ရလဒ်များဆိုးရွားခြင်းကို ထောက်ပြခဲ့သော်လည်း ကလော့ပ်ကမူ အသင်းမှာ လုံလောက်သည့်တောင့်တင်းမှုရှိသည်ဟု ပြောကြားခဲ့သည်။

    “နွေရာသီအပြောင်းအရွှေ့ဈေးကွက်က အရေးကြီးပါတယ်။ တိုးတက်ဖို့အတွက် ကျွန်တော်တို့ အများကြီး လိုအပ်ပါတယ်။ တစ်ခုက အပြောင်းအရွှေ့ဖြစ်ပြီး အခြားတစ်ခုကတော့ အချိန်ပါပဲ။ ကျွန်တော်တို့မှာ ပိုက်ဆံရှိပေမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားတွေကို စာချုပ်ချုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ ကျွန်တော်တို့ လူစာရင်းဟာ ကောင်းမွန်ပြီးဖြစ်တာကြောင့် ဈေးပြိုင်ပေးပြီး ခေါ်ယူဖို့လည်း လုပ်မှာမဟုတ်ပါဘူး” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း ပေးဆပ်မည်ဟု မန်စီးတီးဂိုးသမားပြော

    ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း ပေးဆပ်မည်ဟု မန်စီးတီးဂိုးသမားပြော

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    man city

    – ရာသီကုန်တွင် ထွက်ခွာရတော့မည်ဖြစ်သည့် နည်းပြ ပယ်လီဂရီနီအတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားမည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ပယ်လီဂရီနီမှာ မန်စီးတီးအသင်းအား ၃ နှစ်ကြာကိုင်တွယ်မှုအတွင်း ပရီးမီးယားလိဂ် ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးကို ဆွတ်ခူးပေးထားနိုင်သည်။ ရာသီကုန်တွင် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာမှာ အသင်းသို့ ရောက်ရှိမည်ဟု မန်စီးတီးက မကြာသေးမီတွင် ကြေငြာခဲ့ပြီး ကစားသမားများနှင့် ပရိတ်သတ်များအကြား စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်။

    သို့သော်လည်း ဂျိုးဟတ်ကမူ ပယ်လီဂရီက ထောက်ခံအားပေးခဲ့သည်။

    “သူက လူကောင်းတစ်ယောက်ပါ။ ဘောလုံးရဲ့ပြင်ပမှာ ကိုယ်ပိုင်အမြင်အတွက် ကျွန်တော်ဟာ အမြဲတမ်း သူနဲ့ ဆွေးနွေးပါတယ်။ ကျွန်တော် သူ့ကို သဘောကျပါတယ်။ သူထွက်ခွာသွားတာကို ကြည့်ရမှာ ၀မ်းနည်းစရာပါပဲ။ အသင်းအတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တယ်ဆိုတာ မှန်ပေမယ့် ဒါက နောက်နှစ်မှပါ။ ဒီရာသီ ကျွန်တော်တို့မှာ ပယ်လီဂရီနီရှိနေတယ်။ သူနဲု့အတူ အဆုံးအထိ တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဂျိုးဟတ်က BT Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ရာသီကုန်တွင် မိမိမှာ မန်ယူနည်းပြဖြစ်မည်ဟု မော်ရင်ဟိုက မိတ်ဆွေများကို ပြောကြားထား

    ရာသီကုန်တွင် မိမိမှာ မန်ယူနည်းပြဖြစ်မည်ဟု မော်ရင်ဟိုက မိတ်ဆွေများကို ပြောကြားထား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    vangal 3

    – မိမိမှာ ရာသီကုန်တွင် မန်ယူနည်းပြ ဗန်ဂါးလ်၏ နေရာကို အစားဝင်မည်ဖြစ်ကြောင်း မော်ရင်ဟိုက ၎င်း၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအား ပြောကြားခဲ့သည်ဟု ဗြိတိန်သတင်းစာများ ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    အိုးထရက်ဖို့ဒ်တွင် မိမိဝင်ရောက်လုပ်ကိုင်ရမည်မှာ သဘောတူညီပြီးသား ကိစ္စဖြစ်သည်ဟု အသက် ၅၃ နှစ်အရွယ်ရှိ မော်ရင်ဟိုက ပြောကြားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အမည်မဖော်လိုသော ရင်းမြစ်တစ်ခု၏ ပြောကြားမှုကို ကိုးကား၍ Daily Mail၊ Daily Star၊ Daily Mirror နှင့် Daily Telegraph စသည့် အင်္ဂလိပ်သတင်းစာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

    ဒီဇင်ဘာလက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ မန်ယူနည်းပြဖြစ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ပြီးခဲ့သည့်တစ်ပတ်က အင်တာဗျူးတွင်လည်း မော်ရင်ဟိုက မကြာမီ အင်္ဂလန်တွင် နည်းပြအဖြစ် ပြန်လည် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ မန်ယူနှင့် မော်ရင်ဟိုတို့အကြား ဆွေးနွေးနေသည်ဆိုသော သတင်းများမှာ မီဒီယာများ၏ ဖန်တီးမှုဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    Ref: Channelnewsasia