News @ M-Media

Tag: EPL 2015-16

  • လက်စတာမှာ တစ်နိုင်ငံလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဟု ၀င်းဂါးပြော

    လက်စတာမှာ တစ်နိုင်ငံလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    leis 2

    – အံ့သြဖွယ် ခြေစွမ်းကောင်းများ ပြသကာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာအသင်းမှာ အင်္ဂလန်ပြည်သူများ၏ နှလုံးသား ကို ဖမ်းစားနိုင်ခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က မန်စီးတီးအသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် လက်စတာမှာ ဒုတိယနေရာမှ စပါးကို ၅ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်သည်။ ၀င်းဂါးကမူ လက်စတာ၏ အနေအထား၊ ကစားပုံများက အင်္ဂလိပ်ဘောလုံးပရိတ်သတ်များ၏ နှလုံးသားနှင့် မျှော်လင့်ချက်များကို ဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။

    “ရာသီကုန်အထိ လက်စတာရရှိမယ့် အရာတစ်ခုကတော့ ကျွန်တော်တို့ ပရိတ်သတ်၊ မန်စီးတီးပရိတ်သတ်နဲ့ စပါး ပရိတ်သတ်တို့ကလွဲလို့ တစ်နိုင်ငံလုံး သူတို့အနောက်မှာ ရှိနေမယ်ဆိုတာပါပဲ။ နာမည်ကြီးကစားသမားတွေ မ၀ယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဝေဖန်တယ်။ ဒါပေမယ့် နာမည်ကြီးကစားသမားတစ်ယောက်မှမရှိတဲ့ အသင်းကို ခင်ဗျားတို့ အားပေးရပါလိမ့်မယ်။ လက်စတာဟာ လက်ဖျားခါလောက်အောင်ကောင်းတာကိုမြင်ရတာ ကျေနပ်စရာလို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • မကြာခင် ဘောလုံးလောကထဲ ပြန်လာမည်ဟု မော်ရင်ဟို အတည်ပြု

    မကြာခင် ဘောလုံးလောကထဲ ပြန်လာမည်ဟု မော်ရင်ဟို အတည်ပြု

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    morinho 3

    – အနာဂတ်နှင့်ပတ်သက်၍ ကောလဟာလအများအပြား ထွက်ပေါ်နေမှုများကို ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက ချေဖျက်လိုက်ပြီး မိမိအနေဖြင့် မကြာမီ ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာမည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က GQ နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မော်ရင်ဟိုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိ၏ ၀ါသနာပါရာ နယ်ပယ်တွင် ရှိမနေသောကြောင့် လက်ရှိအခြေအနေကို အပြည့်အ၀ မကျေနပ်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအင်တာဗျူးမှာ ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်သည့် အင်တာဗျူးလည်းဖြစ်သည်။

    အကျဘက်ရောက်နေသည့် လက်ရှိအခြေအနေကို နှစ်သက်သလားဟု မေးမြန်းရာ မော်ရင်ဟိုက “နိုး၊ ကျွန်တော် မနှစ်သက်ပါဘူး။ တစ်ချိန်တည်းမှာပဲ နေတတ်အောင်၊ ကျေနပ်အောင် နေရမှာပေါ့လေ။ ကျွန်တော့်မှာ မိသားစုရှိတယ်။ မိတ်ဆွေတွေရှိတယ်။ သာယာတဲ့ဘ၀လည်း ရှိပါတယ်။ အဲဒီဘ၀ကို ကျွန်တော်ကြိုက်တယ်။ ပြီးတော့ ကျွန်တော့်မှာ ဘောလုံးဘ၀လည်းရှိပါတယ်။ ကျွန်တော့်မှာ အားလုံးအတူရှိနေပြီး တစ်ခုမှ စွန့်လွှတ်စရာ မလိုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မော်ရင်ဟိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းက မည်သည့်မှတ်ချက်မှ မပေးသော်လည်း ဘောလုံးလောကသို့ မကြာမီပြန်လာမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

    “အပြည့်အ၀ ပျော်ရွှင်ဖို့ဆိုရင်တော့ ကျွန်တော် အားလုံးလိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဘောလုံးလောကကို ပြန်သွားမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပင်ကိုအကျင့်ပါပဲ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက ဘောလုံးလောကထဲ ၀င်တာပါ။ ၂၀၀၀ ခုနှစ်လောက်ကတည်းက နည်းပြလုပ်ခဲ့တယ်။ ၂၀၀၇ ခုနှစ် ချယ်ဆီးကနေထွက်ပြီးနောက်ပိုင်း လအနည်းငယ်နားခဲ့တယ်။ အခုအချိန်ကတော့ ၁၅ နှစ်၊ ၁၆ နှစ်လောက်အတွင်းမှာ ဒုတိယအကြိမ် အနားယူတာပါ။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော် မကြာခင်ပြန်လာမှာပါ”

    Ref: Goal

  • ဗာဒီ၏ အရည်အသွေးကို မန်စီးတီးတိုက်စစ်မှူး အဂူရို ချီးကျူး

    ဗာဒီ၏ အရည်အသွေးကို မန်စီးတီးတိုက်စစ်မှူး အဂူရို ချီးကျူး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    verdy

    – လက်စတာအသင်း၏ ပရီးမီးယားလိဂ်ထိပ်ဆုံး၌ ရပ်တည်မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် တိုက်စစ်မှူး ဂျာမီ ဗာဒီမှာ ချီးကျူးမှုနှင့် ထိုက်တန်သည့် ကစားသမားဖြစ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားလိုက်သည်။

    ဗာဒီမှာ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ၁၈ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးသွင်းယူသူ စာရင်းတွင် ဦးဆောင်နေသည်။ အဂူရိုကမူ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ခြေစွမ်းကောင်းများ မပြသနိုင်ခဲ့သော်လည်း ပြို င်ပွဲအားလုံး နောက်ဆုံး ၅ ပွဲတွင် ၆ ဂိုး သွင်းယူထားနိုင်သည်။

    လက်စတာနှင့် မန်စီးတီးတို့မှာ ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    “တိုက်စစ်မှူးတစ်ယောက်ဟာ ဂိုးအများအပြားသွင်းယူပြီး တော်တော်လေး တည်ငြိမ်နေတဲ့အခါ အဲဒီအတွက် ချီးကျူးပြောဆို ခံရမှာပါပဲ။ သူဟာ အမြဲတမ်း ဂိုးသွင်းဖို့ချောင်းနေပြီး၊ ဂိုးသွင်းဖို့ အာရုံခံနိုင်မှု၊ ဂိုးရှေ့မှာ စေ့စပ်သေချာမှုတွေလည်း ရှိပါတယ်။ သူဟာ ဒီနှစ်မှာ လက်ဖျားခါလောက်အောင် ကောင်းနေပြီး သူရရှိနေတဲ့ ချီးကျူးမှုနဲ့လည်း ထိုက်တန်ပါတယ်” ဟု အဂူရိုက ချီးကျူးပြောဆိုခဲ့သည်။

    Ref: Goal

  • ဂျူဗင်တပ်စ်နည်းပြကို ချယ်ဆီးက စာချုပ်ချုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

    ဂျူဗင်တပ်စ်နည်းပြကို ချယ်ဆီးက စာချုပ်ချုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    chelsea

    – ဂျူဗင်တပ်စ်အသင်း၏ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီအား ချယ်ဆီးအသင်းက ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီး ယခုနှစ်ကုန်တွင် ဂူဟစ်ဒင့်နေရာကို အစားထိုးတော့မည်ဟု အီတလီဝဘ်ဆိုက်တစ်ခုဖြစ်သော Calciomercato.com က ဖော်ပြခဲ့သည်။

    ချယ်ဆီးမှာ မော်ရင်ဟိုအား ဒီဇင်ဘာတွင် ထုတ်ပယ်ပြီးနောက် ဂူစ် ဟစ်ဒင့်ကို ခန့်အပ်ခဲ့သော်လည်း ရာသီကုန်အထိသာဖြစ်ပြီး ရေရှည်ခန့်အပ်ထားရန် ဆန္ဒမရှိဘဲ နည်းပြသစ်တစ်ဦးကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းမှ ရည်မှန်ထားသည့် နည်းပြများတွင် ဘိုင်ယန်မှ လာမည့်ရာသီတွင် ထွက်ခွာတော့မည့် ဂွါဒီယိုလာလည်း ပါဝင်ပြီး ၎င်းကမူ မိမိမှာ မန်စီးတီးသို့ ပြောင်းရွှေ့မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုပြောဆိုခဲ့သည်။

    အသက် ၄၈ နှစ်အရွယ်ရှိ အယ်လီဂရီမှာ ဂျူဗင်တပ်စ်နှင့် ၂၀၁၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ချယ်ဆီးနှင့် ပေါင် ၅.၃ သန်းတန် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်လာခဲ့သည်။ မန်ယူအသင်းကလည်း မော်ရင်ဟိုအား ခေါ်ယူရန် နီးစပ်နေပြီဟု ပြီးခဲ့သည့်ရက်များက သတင်းထွက်ပေါ်ခဲ့သည်။

    Ref: Goal

  • မော်ရင်ဟို မန်ယူသို့ရောက်တော့မည်ဟု သတင်းများထွက်ပေါ်

    မော်ရင်ဟို မန်ယူသို့ရောက်တော့မည်ဟု သတင်းများထွက်ပေါ်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၆
    M-Media

    morinho 2

    – လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသည့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာ မန်ယူနှင့် စာချုပ်ချုပ်ရန် နီးကပ်နေပြီဟု Sky Sport Italia သတင်းဌာနက ဖော်ပြခဲ့သည်။

    ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးကတည်းက မော်ရင်ဟိုကို မန်ယူက ဆက်သွယ်ခဲ့သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ဂွါဒီယိုလာက မန်စီးတီးသို့ လာရောက်မည်ဟု အတည်ပြုခဲ့ပြီးနောက် မော်ရင်ဟို၏ ဇာတ်လမ်းမှာ ပိုမိုကျယ်လောင်လာခဲ့သည်။

    မန်ယူနည်းပြဗန်ဂါးလ်ကို ပရိတ်သတ်များက စိတ်ပျက်လျက်ရှိနေကြပြီး ပြီးခဲ့သည့်သီတင်းပတ်များအတွင်း လှောင်ပြောင်မှုများပင် ရှိခဲ့သည်။ ဗန်ဂါးလ်ကမူ ဂွါဒီယိုလာ ပရီးမီးယားသို့ လာရောက်မည်ကို ကြိုဆိုသည်ဟု ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့မှာ လာလီဂါတွင် ခါးသီးသောပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့ကို ကိုင်တွယ်ကာ ထိပ်တိုက်တွေ့ဆုံဖူးသူများ ဖြစ်သည်။

    Ref: Goal