News @ M-Media

Tag: EPL 2015-16

  • အသင်းအား အဖတ်ဆယ်ရန် ချန်ပီယံလိဂ်နှင့် FA တွင် ဗိုလ်လုပွဲရောက်ရမည်ဟု ချယ်ဆီးဂိုးသမားပြော

    အသင်းအား အဖတ်ဆယ်ရန် ချန်ပီယံလိဂ်နှင့် FA တွင် ဗိုလ်လုပွဲရောက်ရမည်ဟု ချယ်ဆီးဂိုးသမားပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    chelsea 2

    – ယခုဘောလုံးရာသီအတွင်း ကျဆင်းမှုများကို အဖတ်ဆယ်ရန်အတွက် အသင်းအနေဖြင့် ချန်ပီယံလိဂ် သို့မဟုတ် FA ဖလား ဖိုင်နယ်သို့ မဖြစ်မနေ တက်လှမ်းရမည်ဟု ချယ်ဆီးဂိုးသမား သီဘောက် ကော်တိုအစ်က ပြောကြားလိုက်သည်။

    လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ မော်ရင်ဟိုအား ထုတ်ပယ်ခဲ့ပြီးနောက် ပြိုင်ပွဲအားလုံးတွင် ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ရရှိထားသည်။ သို့သော်လည်း အဆင့် ၁၃ နေရာတွင် ရှိနေပြီး စတုတ္ထနေရာမှ မန်စီးတီးအသင်းနှင့် ၁၇ မှတ် ကွာဟနေသည်။

    ကော်တိုအစ်ကမူ ချန်ပီယံလိဂ်နှင့် FA တို့တွင် အောင်မြင်ပါမှ ၎င်းတို့၏ ကျဆင်းမှုကို အဖတ်ဆယ်နိုင်မည်ဟု ဆိုသည်။

    “နောက်တစ်ပတ် နယူးကာဆယ်နဲ့ပွဲပြီးရင် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်နဲ့ FA မှာ အသင်းကောင်းနှစ်သင်း (ပီအက်စ်ဂျီ၊ မန်စီးတီး) နဲ့ ကစားရမှာပါ။ အဲဒီပွဲတွေကို ကျွန်တော်တို့ နိုင်အောင် ကြိုးစားရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီရာသီမှာ အသင်းကို အဖတ်ဆယ်ဖို့က ဒီပြိုင်ပွဲတွေ နှစ်ခုစလုံး၊ ဒါမှမဟုတ် တစ်ခုခုမှာ နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်တာပါပဲ” ဟု ချယ်ဆီးဂိုးသမားက အသင်းဝဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာဗိုလ်စွဲမည်ဟု ၀ါရင့်ကစားသမားများ ပြောကြား

    ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာဗိုလ်စွဲမည်ဟု ၀ါရင့်ကစားသမားများ ပြောကြား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    lei

    – ရာသီတစ်ဝက်ကျော်သည်အထိ ပုံစံကောင်းများပြသနေကာ ထိပ်ဆုံးတွင်ရှိနေသည့် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည့်အခြေအနေ ရှိနေသည်ဟု အင်္ဂလန်ကစားသမားဟောင်းများဖြစ်ကြသော ဆိုးလ်ကမ်းဘဲလ်နှင့် ဒါရီယက်စ် ဗက်ဆဲလ်တို့က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ဘောလုံးရာသီက တန်းဆင်းဇုန်းတွင်သာ ကျင်လည်ခဲ့ရသည့် လက်စတာမှာ ယခုနှစ်တွင် အံ့သြဖွယ် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင် အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်၍ ဦးဆောင်ထားနိုင်ခဲ့သည်။

    စပါးကလည်း ဒုတိယနေရာသို့ ရောက်ရှိလာခဲ့ပြီး ဆိုးလ်ကမ်းဘဲလ်ကမူ ၎င်းတို့နှစ်သင်းမှာ ဖိအားများကို မည်ကဲ့သို့ကျော်ဖြတ်မည်ကို ခန့်မှန်း၍မရဟုဆိုသည်။

    “ထိပ်ဆုံးမှာ အာဆင်နယ်တို့၊ မန်ယူတို့ ရှိမယ်ဆိုရင်တော့ ဇာတ်လမ်းက တစ်မျိုးဖြစ်မှာပေါ့လေ။ ဒါပေမယ့် တစ်ခါမှ အဲဒီနေရာကို မရောက်ဖူးတဲ့အသင်းတွေကို မြင်နေရတာကြောင့် ဘယ်သူဗိုလ်စွဲမလဲဆိုတာကို မသိနိုင်ပါဘူး။ အချို့အသင်းတွေ ကျသွားနိုင်ပြီး တစ်ချို့ကလည်း တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကံသေကံမ ဘာမှ ပြောလို့မရပါဘူး။ အခုအချိန်မှာတော့ လက်စတာက ထိပ်ဆုံးမှာပါ။ တကယ်လို့ ဒီအခြေအနေမျိုးကို သူတို့ ဆက်ထိန်းမယ်ဆိုရင်တော့ ဗိုလ်စွဲဖို့ သူတို့ လုပ်နိုင်မှာပါ” ဟု ကမ်းဘဲလ်က ပြောကြားခဲ့သည်။

    အင်္ဂလန်တိုက်စစ်မှူးဟောင်းဖြစ်သူ ဗက်ဆဲလ်ကလည်း ပရီးမီးယားလိဂ်ဖလားမှာ လက်စတာ၏လက်ထဲတွင်သာ ရှိနေသည်ဟုဆိုသည်။

    “သင်္ချာနည်းအရပြောရရင် သူတို့ ဖလားရနိုင်ပါတယ်။ ရာနီယေးရီက အခုအချိန်မှာ ဒါကို ပြောမှာမဟုတ်သေးပါဘူး။ အဲဒီအဆင့်ကို ရောက်ပြီဆိုတဲ့အတွေးကတော့ သိပ်မကြာတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူတို့ ကစားတဲ့ပုံစံမျိုး ကစားတဲ့အသင်းတွေ ရာသီကုန်အထိ ပြဿနာကြီးကြီးမားမားဖြစ်တာ ကျွန်တော် မတွေ့ဖူးပါဘူး” ဟု ဗက်ဆဲလ်က ပြောကြားခဲ့သည်။

    လက်စတာနှင့် စပါးအသင်းမှ တစ်သင်းသင်း ဗိုလ်စွဲပါက ၁၉၉၂ ခုနှစ်က စတင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၆ သင်းမြောက် ချန်ပီယံကလပ်လည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Goal

  • လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    roger

    – လီဗာပူးလ်အသင်းပိုင်ရှင်များအနေဖြင့် ကစားသမားများကို ရောင်းချ၍ ငွေရှာမလားဆိုသည်နှင့် ၎င်းတို့အားထိန်းသိမ်းကာ အောင်ြမင်မှုရယူမလားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်နေသည်ဟု လီဗာပူးလ်အသင်းနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်နည်းပြအဖြစ် တာဝန်ယူစဉ်က အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ အသင်းမှ အပြောင်းအရွှေ့ကော်မတီ၏ ဆုံးဖြတ်ချက်အောက်တွင်သာ အလုပ်လုပ်ရသည့် ရော်ဂျာမှာ အသင်းအား ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက လီဗာပူးလ်အသင်းမှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

    ရော်ဂျာကမူ အသင်းအနေဖြင့် စီးပွားရေးပုံစံမျိုး မဆောင်ရွက်သင့်ဟု အကြံပြုခဲ့သည်။

    “စီးပွားရေးပုံစံသွားမှာလား ဒါမှမဟုတ် အသင်းအောင်မြင်ဖို့ သွားမှာလားဆိုတာကို ကလပ်က သူ့အခြေအနေ ပြန်ကြည့်ဖို့လိုပါတယ်။ အောင်မြင်ဖို့အတွက် သွားချင်တယ်ဆိုရင်တော့ တတ်နိုင်လောက် ကစားသမားတွေကို ခေါ်ရမယ် အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး။ အချို့အသင်းတွေက ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ စိတ်ထဲရှိပါတယ်။ အခြား အသင်းတွေကတော့ အောင်မြင်ဖို့ ၀ယ်မယ့်အစား ကစားသမားဝယ်ပြီး ပြုစုပျိုးထောင်ပေးကာ ဈေးများများနဲ့ပြန်ရောင်းဖို့ စဉ်းစားကြပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goal

  • ထိပ်ဆုံးက လက်စတာ ၅ မှတ်ဖြတ်၊ စပါး ဒုတိယနေရာရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅

    ထိပ်ဆုံးက လက်စတာ ၅ မှတ်ဖြတ်၊ စပါး ဒုတိယနေရာရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    epl 3

    – ဒီတစ်ပတ်ပရီးမီးယားလိဂ်က စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ လက်စတာဟာ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပြီး အာဆင်နယ်ကလည်း ဘုန်းမောက်ကို အနိုင်ရခဲ့ကာ ချယ်ဆီးနဲ့ မန်ယူတို့ပွဲကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

    ထိပ်ဆုံးကနှစ်သင်း တွေ့ဆုံမှုဖြစ်တဲ့ မန်စီးတီးနဲ့ လက်စတာတို့ပွဲမှာတော့ ဧည်သည့်အသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ၃ မိနစ်မှာတင် နောက်ခံလူ ရောဘတ်ဟုသ် ဦးဆောင်ဂိုးသွင်းနိုင်တာက လက်စတာအတွက် အားဖြစ်စေခဲ့တာပါ။ လက်စတာရဲ့ ခံစစ်ကစားပုံ ကျစ်လစ်ပြီး တန်ပြန်တိုက်စစ်အစွမ်းကို မန်စီးတီးတို့ ဘယ်လိုမှ မခုခံနိုင်ခဲ့ဘဲ ဂိုးသွင်းစက် ရီယဒ်မဟ်ရက်ဇ်က ၄၈ မိနစ်မှာ ဒုတိယဂိုး၊ မိနစ် ၆၀ မှာ ဟုသ်က တတိယဂိုး သွင်းယူကာ လက်စတာရဲ့ ထိပ်ဆုံရပ်တည်မှုကို ပြတ်သားစေခဲ့ပါတယ်။ မန်စီးတီးအတွက် နှစ်သိမ့်ဂိုးကိုတော့ ၈၇ မိနစ်ကျမှ အဂူရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    epl 1

    ပြီးခဲ့တဲ့လေးပွဲ နိုင်ပွဲပျောက်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ကတော့ ဘုန်းမောက်ကို တစ်ပွဲလုံး ထိန်းချုပ်နိုင်မှုနဲ့အတူ အိုဇေးလ်နဲ့ ချိန်ဘာလိန်တို့ရဲ့ ပထမပိုင်း ၁ မိနစ်ခြား ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက လက်စတာကို ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၀င်းဂါးကတော့ ဒီအနိုင် ၃ မှတ်ဟာ ခက်ခဲပြီး အရေးပါတဲ့ ၃ မှတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယနေရာက စပါးနဲ့ အမှတ်တူကာ ဂိုးကွာခြားချက်ကြောင့် တတိယနေရာရောက်နေတဲ့ အာဆင်နယ် ၅ မှတ်ကွာနေတဲ့ ထိပ်ဆုံးက လက်စတာနဲ့ လာမယ့်တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပါတယ်။

    epl 3

    အိမ်ကွင်းမှာ မန်ယူကိုဧည့်ခံကစားရတဲ့ ချယ်ဆီးတို့ ဒီယေဂိုကော်စတာရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ ဟစ်ဒင့်လက်ထက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၆၁ မိနစ်မှာ လင်ဂါ့တ်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကလိုက်ကစားရပေမယ့် ချယ်ဆီးတို့ ညံ့ဖျင်းခဲ့တာတော့ မဟုတ်ပါဘူး။ အိုင်ဗန်နိုဗစ်နဲ့ ဖာဘရီဂက်စ်တို့အပါအ၀င် တိုက်စစ်မှူးအချို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ် လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ ဟစ်ဒင့်ကတော့ ၁ မှတ်ရတာကိုပဲ ကျေနပ်တယ်လို့ ဆိုပါတယ်။

    စပါးအသင်းကလည်း အိမ်ကွင်းမှာ ၀က်ဖို့ဒ်ကို အသာစီးကစားကာ နောက်ခံလူ ထရစ်ပီယာရဲ့ ၁ လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယနေရာကို ရောက်လာခဲ့ပါepl 4တယ်။ လီဗာပူးလ်ကတော့ မိနစ် ၈၀ ကျော်အထိ ၂ ဂိုးပြတ်ဦးဆောင်နေရာကနေ နောက်ဆုံး ၈ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးလိုက်ရတာကြောင့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။

    ဇယားအောက်ခြေမှာ ကျောက်ချနေတဲ့ အက်စတွန်ဗီလာဟာ ဘ၀တူနော်ဝစ်ခ်ျကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၁-၃ လက်စတာ
    အက်စတွန်ဗီလာ ၂-၀ နော်ဝစ်ခ်ျ
    လီဗာပူးလ် ၂-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ ၀က်စ်ဘရွန်း
    စတုတ် ၀-၃ အဲဗာတန်
    ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
    စပါး ၁-၀ ၀က်ဖို့ဒ်
    ဆောက်သက်တမ် ၁-၀ ၀က်စ်ဟမ်း
    ဘုန်းမောက် ၀-၂ အာဆင်နယ်
    ချယ်ဆီး ၁-၁ မန်ယူ

  • ဒုတိယနေရာ ရောက်သည့်အတွက် နှလုံးပီတိ ဂွမ်းဆီထိရသည်ဟု စပါးနည်းပြပြော

    ဒုတိယနေရာ ရောက်သည့်အတွက် နှလုံးပီတိ ဂွမ်းဆီထိရသည်ဟု စပါးနည်းပြပြော

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    spur

    – ၀က်ဖို့ဒ်အသင်းအား အနိုင်ယူကာ ပရီးမီးယားလိဂ်ဇယား၏ ဒုတိယနေရာကို မိမိတို့အသင်း တက်လှမ်းနိုင်ခဲ့သည့်အတွက် အလွန်အမင်း ကျေနပ်ပီတိဖြစ်ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ကစားပုံကောင်းခဲ့သည့် စပါးမှာ နောက်ခံလူ ထရစ်ပီယား၏ ဒုတိယပိုင်း တစ်လုံးတည်းသောဂိုးဖြင့် စပါးက အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး၊ အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးက ထိပ်ဆုံးမှ လက်စတာကို ရှုံးနိမ့်သွားသောကြောင့် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

    “သိပ်ကို ကြီးကျယ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နှလုံးပီတိ ဂွမ်းဆီထိရပါတယ်ဗျာ။ ကစားပုံကလည်း ပြောစရာမရှိတော့ အချိုပေါ်သကာလောင်းလိုက်သလိုပေါ့။ ကစားသမားတွေအတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ အားထုတ်မှုကတော့ ပြောစရာကို မရှိဘူး။ ကျွန်တော်တို့ ဆက်သွားဖို့လိုတယ်။ ပိုပိုကောင်းနိုင်တယ်လို့ အမြဲတမ်း ယုံကြည်ရမယ်။ တိုးတက်ဖို့လည်း ကြိုးစားရပါမယ်။ နောက်တော့ ရာသီအဆုံးမှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပေါ။ အခု လက်ရှိတော့ ကျွန်တော်တို့ဟာ ဒုတိယနေရာရောက်နေတယ်။ ဒါပေမယ့် တကယ့် စမ်းသပ်မှုအစစ်မှန်ကတော့ (လာမယ့်တစ်ပတ်) မန်စီးတီးနဲ့ပွဲပါပဲ” ဟု ပိုချက်တီနိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal