News @ M-Media

Tag: EPL 2015-16

  • မန်ယူတွင် ပြီးဆုံးသည်အထိ နေသွားမည်ဟု ဗန်ဂါးလ်ပြော

    မန်ယူတွင် ပြီးဆုံးသည်အထိ နေသွားမည်ဟု ဗန်ဂါးလ်ပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၆
    M-Media

    Man U

    – ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် နှုတ်ထွက်ရန်အတွက် အသင်းဒုတိယ ဥက္ကဌအား ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းကို မန်ယူနည်းပြ ဗန်ဂါးလ်က ငြင်းဆိုလိုက်ပြီး မိမိမှာ မည်သည့်အခါမှ နှုတ်ထွက်သွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် စနေနေ့က ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲပြီးနောက် ဗန်ဂါးလ်မှာ မန်ယူအမှုဆောင် ဒုတိယဥက္ကဌ အဒ်ဝုဒ်ဝါ့ဒ်နှင့် တွေ့ဆုံကာ နှုတ်ထွက်ရန် ကမ်းလှမ်းခဲ့ကာ အသင်းမှ လက်မခံခဲ့ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

    သို့သော်လည်း ဗန်ဂါးလ်မှာ ထိုသတင်းကို ယမန်နေ့က ငြင်းဆိုခဲ့ကာ အိုးထရက်ဖို့ဒ်တွင် ဆက်ရှိနေမည်ဟု ထပ်မံပြောကြားခဲ့သည်။

    “ကျွန်တော် ဒါမျိုး မပြောခဲ့ဘူးဗျ။ ကျွန်တော်ဟာ အမြဲတမ်း တိုက်ပွဲဝင်နေတာပါ။ ဒီမှာ ၃ နှစ်စာချုပ် ချုပ်ဆိုထားတယ်။ ဒါက ကာလတစ်ခုပါ။ တစ်ပွဲတည်းမဟုတ်ပါဘူး။ အဆုံးအထိ ကျွန်တော် ဆက်လျှောက်ချင်ပါတယ်။ ကျွန်တော် ဒါမျိုးလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲအရင်ကတည်းက ကျွန်တော် ဒီမှာ ၀င်ခဲ့မှာ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနည်းပြခဲ့သည့် အသင်းတိုင်းတွင် အမှုဆောင်များ၊ ပိုင်ရှင်များဖြင့် ရင်းရင်းနှီးနှီးဆက်ခဲ့ပြီး ၎င်းတို့အားလုံးက မိမိအား အမြဲတမ်း ထောက်ခံအားပေးခဲ့သည်ဟု ယုံကြည်ကြောင့် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဘရာဇီးလ်တိုက်စစ်မှူး ပါတိုအား ချယ်ဆီးက အငှားဖြင့်ခေါ်ယူ

    ဘရာဇီးလ်တိုက်စစ်မှူး ပါတိုအား ချယ်ဆီးက အငှားဖြင့်ခေါ်ယူ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၆
    M-Media

    pato

    – အေစီမီလန်အသင်း၏ တိုက်စစ်မှူဟောင်း အလက်ဇန်ဒရို ပါတိုအား ချယ်ဆီးအသင်းက ၆ လ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်ဟု သိရသည်။

    လူငယ်ဘ၀က အေစီမီလန်အသင်းတွင် အောင်မြင်ခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ပါတိုမှာ နောက်ပိုင်းတွင် ခြေစွမ်းကျဆင်းမှုကြောင့် ဘရာဇီးကလပ် ကိုရင်သီယန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်တွင် ဆော်ပေါ်လိုအသင်းတွင်ကစားကာ ခြေစွမ်း ကောင်းများကို ပြန်လည်ပြသနေသည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ပါတိုမှာ ယမန်နေ့က လန်ဒန်သို့ ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုများ ပြုလုပ်နေကာ ယနေ့တွင် ချယ်ဆီးအသင်းနှင့် အပြီးသတ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။

    “သိပ်ပျော်ပါတယ်။ ဒီကို ကျွန်တော့်ရဲ့ အိပ်မက်အတွက် ရောက်လာတာပါ။ ချယ်ဆီးဟာ ကျွန်တော့်ရဲ့ အိုးသစ်အိမ်သစ်ပါပဲ။ ချယ်ဆီးပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ Instagram၊ Twitter နဲ့ Facebook က ကျွန်တော့်ရဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု လန်ဒန်သို့ရောက်ရှိပြီးနောက် ပါတိုက ပြောကြားခဲ့သည်။

    ပါတိုမှာ ချယ်ဆီးနည်းပြ ဂူဟစ်ဒင့်၏ ဇန်န၀ါရီတွင် ပထမဆုံးခေါ်ယူသော ကစားသမားလည်းဖြစ်သည်။

    Ref: ESPN

  • ပရီးမီးယားလိဂ်မရပါက ၀င်းဂါး အာဆင်နယ်မှ နှုတ်ထွက်သင့်ဟု ပရိတ်သတ်အများစု ယူဆ

    ပရီးမီးယားလိဂ်မရပါက ၀င်းဂါး အာဆင်နယ်မှ နှုတ်ထွက်သင့်ဟု ပရိတ်သတ်အများစု ယူဆ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    winger

    – ယခုနှစ်ပရီးမီးယားလိဂ်ဖလားအား အာဆင်နယ်အသင်း မရရှိပါက ၀င်းဂါးမှာ နှုတ်ထွက်သင့်သည်ဟု ပရိတ်သတ်အများစုက ယူဆနေကြကြောင်း နာမည်ကျော် ဘောလုံး ၀ဘ်ဆိုက်တစ်ခုဖြစ်သည့် Goal ၏ စစ်တမ်းကောက်ယူမှု အရ သိရသည်။

    ယခုတစ်ပတ်တွင် ချယ်ဆီးကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ဦးဆောင်သူ လက်စတာနှင့် ၃ မှတ်ကွာဟသွားခဲ့ပြီဖြစ်ပြီး ထိုအရှုံးက ပရီးမီးယားလိဂ်ဖလားကို မျှော်မှန်းနေသည့် အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

    အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား မရရှိမှုမှာ ၁၂ နှစ်တာ ကြာမြင့်နေပြီဖြစ်ပြီး အခွင့်အရေးကောင်းများရှိနေသည့် ယခုနှစ်တွင် အရမယူနိုင်ပါက သက်တော်ရှည်နည်းပြ ၀င်းဂါးမှာ ရာထူးမှနှုတ်ထွက်သင့်သည့်ဟု Goal ၏ စစ်တမ်းကောက်ူမှုတွင်ပါဝင်ခဲ့သည့် ၆၆ ရာခိုင်နှုန်းက မှတ်ချက်ပြုခဲ့ကြသည်။

    အာဆင်နယ်မှာ စနေနေ့တွင် FA ဖလားပွဲအဖြစ် ဘန်လေနှင့် အိမ်ကွင်းတွင် ကစးရမည်ဖြစ်ပြီး၊ ထို့နောက် Boxing Day က ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ဆန်းဒါးလန်း၊ ကစားရခက်သည့် ဘုန်းမောက်၊ ဦးဆောင်သူ လက်စတာတို့နှင့် ပရီးမီးယားလိဂ်တွင် ဆက်တိုက် တွေ့ဆုံရမည်ဖြစ်သည်။

    Ref : Goal

  • ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ချင်နေတဲ့ အဒီဘာယော

    ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ချင်နေတဲ့ အဒီဘာယော

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    bayor

    – ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းယူသူ အာဖရိက ကစားသမားအဖြစ် စာရင်းဝင်သည့် ဒရော့ဘာ၏ စံချိန်ကို ချိုးဖျက်ရန် ဆန္ဒရှိနေသည်ဟု ခရစ္စတယ်ပဲလေ့စ်၏ တိုက်စစ်မှူးသစ် အီမန်နျူယဲလ် အဒီဘာယောက ပြောကြားလိုက်သည်။

    အာဆင်နယ်၊ မန်စီးတီနှင့် စပါးအသင်းတို့၏ တိုက်စစ်မှူေးဟောင်း အဒီဘာယောမှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ရာသီကုန်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒရော့ဘာမှာ ပရီးမီးယားလိဂ်တွင် ၁၀၄ ဂိုးသွင်းထားကာ ဂိုးအများဆုံးသွင်းသည့် အာဖရိက ကစားသမား ဖြစ်နေပြီး အဒီဘာယောကမူ ထိုစံချိန်ကို ချိုးဖျက်ရန် ၈ ဂိုးသာလိုတော့သည်။

    “အခုအချိန်အထိ ဘောလုံးလောကမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် ကျွန်တော် တော်တော်လေး ကျေနပ်ပါတယ်။ ဘယ်လောက်ပဲနှစ်တွေကြာကြာ တိုဂိုက တိုဂိုပါပဲ။ ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပြီးတော့ ဂိုးတွေ ဒီလောက်သွင်းခွင့်ရတဲ့ တစ်ဦးတည်းသော တိုဂိုကစားသမားပါပဲ။ ဒ့ါကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ တကယ်လို့ (ဒရော့ဘာရဲ့စံချိန်ကို) ချိုးနိုင်မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် အကောင်းဆုံးသောအရာ ဖြစ်မှာပါ။ မချိုးနိုင်ရင်လည်း ကျွန်တော် ဆက်ပြီး ပျော်ရွှင်နေမှာပါပဲ။ တိုက်စစ်မှူးတစ်ယောက်အတွက် အရေးကြီးဆုံးက ဂိုးတွေသွင်းဖို့ပါပဲ” ဟု အဒီဘာယောက ပြောကြားခဲ့သည်။

    အဒီဘာယောမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှစ၍ ပရီးမီးယားလိဂ်တွင် ၁၇ မိနစ်သာ ကစားထားသောကြောင့် ၎င်း၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်။

    Ref : Goal

  • အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    epl 3

    – ပြီးခဲ့သည့်သီတင်းပတ်အတွင်း နည်းပြ ဗန်ဂါးလ်က အသင်းမှထွက်ခွာရန် ကမ်းလှမ်းခဲ့သော်လည်း မန်ယူက လက်မခံခဲ့ဟု အင်္ဂလန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် အသင်း၏ ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်နှင့်တွေ့ဆုံကာ မိမိမှာ နှုတ်ထွက်ရန် အသင့်ရှိနေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသင်းအား ပြန်လည်နာလန်ထူလာစေရေး ဆောင်ရွက်ရန်သာ ၀ုဒ်ဝ့ါဒ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာက စတုတ်အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြောက်ရွံ့နေလားဟု မေးမြန်းရာတွင် ဗန်ဂါးလ်က အသင်းမှ ထုတ်ပယ်စရာမလိုဘဲ၊ မိမိကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဒ် ၀ုဒ်ဝါ့ဒ်နှင့် ကိုယ်တိုင် စကားပြောဆိုရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ထိုပွဲပြီးနောက်မန်ယူမှာ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့်အတွက် ဗန်ဂါးလ်အပေါ် ဖိအားများ လျော့ကျခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ၃ နှစ်စာချုပ်ဖြင့် မန်ယူနည်းပြဖြစ်လာသည့် ဗန်ဂါလ်းက မန်ယူမှာ မိမိနည်းပြဘ၀ နောက်ဆုံးအသင်းဖြစ်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref : Goal