News @ M-Media
Tag: EPL 2015-16
  • ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော
    ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    vangaal
    – မန်ယူအသင်း၏ ကစားသမားများမှာ နည်းပြဗန်ဂါးလ်၏ ဒဿနနှင့် အစေးမကပ်ဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ကျဆင်းနေခြင်းဖြစ်သည်ဟု ဗလင်စီယာ ဂန္တ၀င်ကွင်းလယ်လူဟောင်း ဂိုက်ဇ်ကာ မင်ဒီယေတာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် သီတင်းပတ်များတွင် မန်ယူအသင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်နှင့်ပွဲတွင် မန်ယူမှာ အိမ်ကွင်း၌ပင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်ကိုလည်း ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ မင်ဒီယေတာကမူ မန်ယူ၏ နိမ့်ပါးနေမှုမှာ ကစားသမားများကြောင့်ဟု ပြောကြားခဲ့သည်။
    “အပြင်ကနေပြောရတာက ခက်တော့ခက်တယ်ဗျ။ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အသင်းက ဗန်ဂါလ်းရဲ့ပုံစံအတိုင်း အားထုတ်မှုမရှိဘူးဆိုတာကတော့ တော်တော်သိသာပါတယ်။ မန်ယူက ဘယ်လိုကစားရမလဲဆိုတဲ့ ဗန်ဂါးလ်ရဲ့ အယူအဆကို မမြင်ရပါဘူး။ သူ့ရဲ့ အတွေးအခေါ်တွေက ကစားသမားတွေဆီ မရောက်တဲ့ပုံပါပဲ” ဟု မင်ဒီယေတာက ပြောကြားခဲ့သည်။
    ထို့ပြင် အခြားသောလိဂ်များတွင် အောင်မြင်မှုသရဖူ အလီလီဆောင်းခဲ့သည့် ဗန်ဂါးလ် ပရီးမီးယားလိဂ်တွင် မအောင်မြင်ခြင်း၏ ပြဿနာများ နက်ရှိုင်းသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Goal
  • မိမိတို့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု လက်စတာကွင်းလယ်လူပြော
    မိမိတို့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု လက်စတာကွင်းလယ်လူပြော
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    dirnk
    – မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု လက်စတာစီးတီးအသင်း ကွင်းလယ်လူ ဒန်နီ ဒရင့်ဝါးတားက ပြောကြားလိုက်သည်။
    ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အာဆင်နယ်မှာ ချယ်ဆီးအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ မန်စီးတီးအသင်းမှာလည်း ၀က်စ်ဟမ်းကို သရေကျခဲ့သောကြောင့် စတုတ်စီးတီးအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် လက်စတာမှာ ပရီးမီးယားလိဂ်ကို ၃ မှတ်ဖြတ်၍ ဦးဆာင်နိုင်ခဲ့သည်။ စတုတ်အသင်းအား အဖွင့်ဂိုးသွင်းယူခဲ့သူ ဒရင့်ဝါးတားကမူ မိမိတို့မှာ ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။
    “ပရီးမီးယားလိဂ်မှာ ခက်ခဲတဲ့တစ်ရာသီကို ကျွန်တော်တို့ ဖြတ်သန်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဇယားထိပ်ဆုံးရောက်နေပြီး အသင်းအတွက်တော့ တော်တော်ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ကျွန်တော်တို့ဟာ အဲဒီနေရာနဲ့ ထိုက်တန်တယ်ဆိုတာ အမှတ်တွေက ပြသနေပါတယ်။ တစ်ကယ်လို့ တစ်ယောက်ယောက်က ဒီအတွက် သံသယဖြစ်နေမယ်ဆိုရင်တော့ သူတို့မှားကြောင်း ကျွန်တော်တို့ သက်သေပြသွားမှာပါ။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေက လက်စတာအသင်းသမိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းပါပဲ။ ဒါပေမယ့် ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေကို ချန်ထားပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဒရင့်ဝါးတားက ပြောကြားခဲ့သည်။
    Ref : Goal
  • ထိပ်ဆုံးနေရာကို ၃ မှတ်အသာနဲ့ လက်စတာ ပြန်လည်ဦးဆောင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃
    ထိပ်ဆုံးနေရာကို ၃ မှတ်အသာနဲ့ လက်စတာ ပြန်လည်ဦးဆောင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ရှုံးကာ မန်စီးတီးက သရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာကို လက်စတာက ၃ မှတ်အသာနဲ့ ရယူနိုင်ခဲ့ပါတယ်။
    နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားတဲ့ လက်စတာဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ စတုတ်နဲ့ပွဲမှာ အနိုင် ၃ မှတ် ရအောင်ယူနိုင်ခဲ့ပါတယ်။ ခြေစွမ်းသိပ်မကွာပေမယ့် ၄၂ မိနစ်မှာ ဒန်နီယဲလ် ဒရင့်ဝါးတား ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တာက လက်စတာတို့ကို အသာရစေခဲ့ပါတယ်။ စတုတ်ရဲ့ မာမာကျောကျောတုံ့ပြန်ပုံကို ထိန်းချုပ်ကာ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ခဲ့တဲ့ အိမ်ရှင်တို့ ၆၆ မိနစ်နဲ့ ၈၇ မိနစ်တို့မှာ ဂိုးတွေ ထပ်ရခဲ့ပြီး ဂျာမနီ ဗာဒီနဲ့ လီယိုနာဒို အူလိုအာတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဗာဒီရဲ့ဒီဂိုးဟာ ဒီဇင်ဘာ ၁၄ ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ် ပထမဆုံးဂိုးလည်း ဖြစ်ပါတယ်။
    epl 2
    ဒီတစ်ပတ်ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ပွဲမှာတော့ ပွဲအစ ၅ မိနစ်မှာပဲ မာတာာဆက်ကာ အထုတ်ခံလိုက်ရတဲ့ အိမ်ရှင်ကို ဒီယေဂို ကော်စတာရဲ့ ၂၃ မိနစ်ဂိုးနဲ့အနိုင်ရကာ ချယ်ဆီးတို့ ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ အာဆင်ဝင်းဂါးကတော့ အသင်းအနေနဲ့ သရေလောက်တော့ ထိုက်တန်ခဲ့တယ်လို့ဆိုပြီး၊ ရှုံးနိမ့်ခဲ့ရပေမယ့် ကစားသမားတွေရဲ့ အားထုတ်မှုဟာ ချီးကျူးရမယ့် အားထုတ်မှုမျိုးလို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ပွဲစဉ် ၂၃ အပြီးမှာ လက်စတာက ဇယားကို ဦးဆောင်နေနိုင်တာဟာ မတော်တဆဖြစ်တာမျိုး မဟုတ်ဘူးလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
    epl 3
    အိမ်ကွင်းမာတဲ့ဝစ်က်ဟမ်းကို မန်စီးတီးတို့ နောက်ကလိုက်ကစားခဲ့ရပြီး ၂ ဂိုးစီနဲ့ သရေတစ်မှတ် ရခဲ့ပါတယ်။ မန်ယူကတော့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့အတူ အိမ်ကွင်းမှာ ဆောက်သက်တမ်ကို ၈၇ မိနစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ နည်းပြဗန်ဂါးလ်လည်း ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။
    လီဗာပူးလ်ကေepl 4တာ့ နော်ဝစ်ခ်ျကွင်းမှာ ဂိုးတွေအပြန်အလှန်သွင်းရင် နောက်ဆုံးမိနစ်ဂိုးကြောင့် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၄-၅ လီဗာပူးလ်
    ခရစ္စတယ်ပဲလေ့စ် ၁-၃ စပါး
    လက်စတာ ၃-၀ စတုတ်
    မန်ယူ ၀-၁ ဆောက်သက်တမ်
    ဆန်းဒါးလန်း ၁-၁ ဘုန်းမောက်
    အဲာတန် ၁-၂ ဆွမ်ဆီး
    အာဆင်နယ် ၀-၁ ချယ်ဆီး
  • အာဆင်နယ်မှထွက်ခွာရန် မစဉ်းစားဟု တိုက်စစ်မှူးဆန်းချက်ဇ်ပြော
    အာဆင်နယ်မှထွက်ခွာရန် မစဉ်းစားဟု တိုက်စစ်မှူးဆန်းချက်ဇ်ပြော
    ဇန်န၀ါရီ ၂၄၊ ၂၀၁၆
    M-Media
    arsenal
    – မိမိအနေဖြင့် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ရရှိရေးကိုသာ အာရုံစိုက်ထားပြီး လက်ရှိအချိန်တွင် အသင်းမှထွက်ခွာရန် ဆန္ဒမရှိဟု ချီလီတိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်က ပြောကြားလိုက်သည်။
    တံကောက်ကြောဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် ဆန်းချက်ဇ်မှာ ယနေ့ည ချယ်ဆီးအသင်းနှင့် ကစားမည့် လန်ဒန်ဒါဘီပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ရသည်။ ရည်မှန်းချက်ကြီးသည့် ဆန်းချက်ဇ်မှာ အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ၎င်းကမူ ထိုသတင်းကို ငြင်းဆိုခဲ့သည်။
    “အာဆင်နယ်မှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ အသင်းကထွက်ဖို့ မစဉ်းစားသေးပါဘူး။ ဒီက ပရိတ်သတ်တွေ၊ ကစားသမားတွေနဲ့ အသင်းအကြားမှာ စည်းလုံးညီညွတ်မှုဟာ ကြီးမားပါတယ်။ ပြီးတော့ အားပေးသူတွေကလည်း လက်ဖျားခါလောက်စရာပါပဲ။ အရှုံးကို အတူတူ ခံစားကြသလို အောင်မြင်မှုကိုလည်း အတူတကွ စံစားကြပါတယ်။ ဒီနှစ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် အဓိက စိန်ခေါ်သူဖြစ်ကြောင်း ကျွန်တော်တို့ ပြသနေပါတယ်။ ဒီအချိန်မှာ ချန်ပီယံဖြစ်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကတော့ သံသယဖြစ်စရာ မလိုပါဘူး” ဟု ဆန်းချက်ဇ်က ပြောကြားခဲ့သည်။
    ဆန်းချက်ဇ်မှာ အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရရှိပါက အမှတ်တရ ဆေးမင်ကြောင်ထိုးသွားမည်ဟုလည်း စောစောပိုင်းက ပြောကြားခဲ့သည်။
    Ref: Goal
  • မန်ယူမှာ ပရီးမီးယားလိဂ်ကို ရနိုင်ဆဲဟု ဗန်ဂါးလ်ပြော
    မန်ယူမှာ ပရီးမီးယားလိဂ်ကို ရနိုင်ဆဲဟု ဗန်ဂါးလ်ပြော
    ဇန်န၀ါရီ ၂၃၊ ၂၀၁၆
    M-Media
    vangal
    – မန်ယူမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်သေးသည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်ပြီး ခါးသီးသော ပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီးထက် ပိုကောင်းသည့် ရလဒ်ရရှိရန် ခက်ခဲသည်ဟု ၀န်ခံခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် မန်ယူမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၇ မှတ် ကွာဟနေပြီး အဆင့် ၅ နေရာတွင်ရှိနေသည်။ ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံးတွင်ကစားခဲ့သည့် ၄ ပွဲတွင် ၃ ပွဲအနိုင်ရထားက တစ်ပွဲသရေကျထားသောကြောင့် ဖိအားများလျော့နည်းခဲ့သည့် ဗန်ဂါးလ်ကမူ ၎င်း၏ အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေသည်ဟု ဖွင့်ဟခဲ့သည်။
    “ကျွန်တော်တို့အတွက် အခက်အခဲက ကျွန်တော်တို့အထက်မှာ ၄ သင်း ရှိနေတာပါပဲ။ ဒါ့ကြောင့် ရလဒ်ပိုင်းမှာ အဲဒီ ၄ သင်းကို ကျွန်တော်တို့ ကျော်နိုင်အောင်လုပ်ရမယ်။ ဒါဟာ ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကိုပဲ ကျွန်တော်ပြောခဲ့တာပါ။ အရမ်းကို ခက်ခဲနေတုန်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာမကဘဲ အခြားလိဂ်တွေမှာလည်း ကျွန်တော်တို့ ဒါမျိုးတွေ တွေ့ခဲ့ပြီးပါပြီ။ ဒ့ါကြောင့် ဒါက ဖြစ်နိုင်ပါတယ်။ ယုံကြည်ဖို့ပဲလိုတာပါ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal