News @ M-Media

Tag: EPL 2015-16

  • ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ

    ယာယာတိုးရေးအား လစားများများပေး၍ ခေါ်ယူရန် တရုတ်ကလပ်များ စီစဉ်နေ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    toure

    – မန်စီးတီးမှ ထွက်ခွာတော့မည်ဟု သတင်းထွက်နေသည့် ယာယာတိုးရေးအား တရုတ်ကလပ်များက တစ်နှစ်လုပ်ခ ပေါင် သန်း ၃၀ ခန့်ပေးကာ ခေါ်ယူရန် စီစဉ်နေသည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။

    တိုးရေးအား မန်စီးတီးသို့ ဘာစီလိုနာမှ ရောင်းချခဲ့သည့် နည်းပြ ဂွာဒီယိုလာမှာ ရာသီကုန်တွင် မန်စီးတီးသို့ ရောက်ရှိမည်ဟု အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ပိုင်း တိုးယေး၏ မန်စီးတီးအသင်း အနာဂတ်မှာ မရေရာမသေချာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ တိုးရေးကို Jiangsu Suning အပါအ၀င် တရုတ်ကလပ် ၃ သင်းက ခေါ်ယူရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး လစာမှာလည်း မက်ဆီနှင့် ရော်နယ်ဒိုတို့အပြီး ကမ္ဘာပေါ်တွင် တတိယမြောက်အများဆုံးဖြစ်မည့် လစာကို ပေးချေရန် ရှိနေသည်ဟု ဆိုသည်။

    တိုးရေးမှာ မန်စီးတီးတွင် ဆက်နေရန် ဆန္ဒရှိနေသေးသော်လည်း ဂွာဒီယိုလာက ကစားသမားအသစ်များ ခေါ်ယူသွား မည့်အစီအစဉ် ရှိနေသောကြောင့် အနာဂတ်မှာ မသေချာခြင်းဖြစ်သည်။ အခြားသော ဥရောပအသင်းကြီးများကလည်း ၎င်းအား စိတ်ဝင်စားနေကြသည်။

    Ref : Goal

  • တိုက်စစ်မှူး နှစ်ဦးကို လက်စတာနည်းပြ ချီးကျူးခဲ့ပြီး အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ပြော

    တိုက်စစ်မှူး နှစ်ဦးကို လက်စတာနည်းပြ ချီးကျူးခဲ့ပြီး အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    lei

    – အသင်း၏ တိုက်စစ်မှူးများဖြစ်ကြသည့် ဂျာမီဗာဒီနှင့် ရီယာ့ဒ် မဟ်ရက်ဇ်တို့အကြား နားလည်မှုမှာ မယုံကြည်နိုင်လောက်စရာ ဖြစ်နေသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာမှာ မဟ်ရက်ဇ်၏ ဖန်တီးမှုက တစ်ဆင့် ကိုက် ၃၀ အကွာမှ မြေမကျကန်သွင်းသည့် ဂိုးတစ်ဂိုးအပါအ၀င် ဗာဒီ၏ သွင်းဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် လက်စတာမှာ ဒုတိယနေရာမှ မန်စီးတီးအား ၃ မှတ်ဖြတ်ကာ ဇယားထိပ်ဆုံးအား ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်သည်။

    “မဟ်ရက်ဇ်က ဗာဒီဆီကို ဘောလုံးပေးပို့တာ၊ ဗာဒီက အချိန်ကိုက် နေရာယူပြီး ဂိုးသမားရဲ့ လွတ်တဲ့နေရာကို ကန်သွင်းတာတွေဟာ မယုံနိုင်လောက်စရာပါပဲ။ သူတို့ဒီလိုလုပ်မယ်ဆိုတာ လူတိုင်းက သိခဲ့ကြပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ဘောလုံးကစားရတာကို ပျော်နေပါပြီ။ ရှုံးလည်း ကိစ္စမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်နေတာမို့လို့ပါ။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ခရီးဆုံးတဲ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ရာနီယေးရီက ယမန်နေ့ပွဲအပြီးတွင် Sky Sports သေို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    winger 3

    – ဖလား ၃ လုံးအောင်ပွဲ ရရှိချင်ပါက အသင်းမှာ တည်ငြိမ်ရမည်ဖြစ်ပြီး၊ ရာသီကုန်အထိ ယခုခြေစွမ်းမျိုး ဆက်ရှိနေရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရှိနေပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၃ မှတ်သာ ကွာဟသည်။ FA ဖလားတွင်လည်း ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ ရောက်ရှိနေသည်။ ၀င်းဂါးကမူ အသင်းမှာ ယခုနှစ်အတွင်း ဖလား ၃ လုံးအား စိန်ခေါ်နိုင်ရန် လုံးလောက်သည့် အခြေအနေမျိုး ရှိနေပြီး ထိပ်ဆုံးခြေစွမ်းတွင် တည်ငြိမ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ပြိုင်ပွဲ ၃ ခုမှာ ကစားနေရတာဟာ သိပ်တော့ မလွယ်ပါဘူး။ ဖလား ၃ လုံးစလုံးရနိုင်လားလို့ ခင်ဗျားမေးလာရင်တော့ နည်းနည်း မတူဘူးပေါ့လေ။ လွန်လွန်ကျွံကျွံပြောရရင်တော့ ဖလား ၃ လုံး ရနိုင်ပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာမျိုး မရှိဖို့နဲ့ ခြေစွမ်းကောင်းတွေကို အဆက်မပြတ် ပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်လိုမျိုး၊ ဘာစီလိုနာလိုမျိုး အသင်းတိုင်းရဲ့အထက်မှာ ရှိရမှာပေါ့လေ။ ခက်တော့ခက်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • ယခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်၏ သုံးစွဲမှု စံချိန်သစ်ထပ်တင်

    ယခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်၏ သုံးစွဲမှု စံချိန်သစ်ထပ်တင်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    nes

    – ဘောလုံးရာသီ ၁ ရာသီအတွင်း ပရီမီးလီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ယခုနှစ်တွင် စံချိန်တင်ပမာဏအဖြစ် ပထမဆုံးအကြိမ် စတာလင်ပေါင် ၁ ဘီလီယံသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

    ပရီးမီးယားလိဂ်အသင်းများမှာ လက်ရှိ ဇန်န၀ါရီအပြောင်းအရွှေ့တွင်ပင် ပေါင်း သန်း ၁၃၀ အသုံးပြုထားပြီး ရာသီအစ နွေရာသီအပြောင်းအရွှေ့နှင့် ပေါင်းပါက ပေါင် သန်း ၁ ထောင်ကျော် ရှိခဲ့ကာ ပြီးခဲ့သည့်နှစ်က အပြောင်းအရွှေ့အသုံးစားရိတ် ပေါင်း ၉၆၅ သန်းကို ကျော်တက်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ ပေါင် ၉၆၅ သန်းမှာလည်း စံချိန်တင် ပမာဏဖြစ်ခဲ့သည်။

    အပြောင်းအရွှေ့မှာ အင်္ဂလန်စံတော်ချိန် တနင်္လာနေ့ ၂၃ နာရီတွင် ပိတ်မည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ် အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပိုမိုမြင့်တက်ဖွယ် ရှိနေသည်။ ပြီးခဲ့သည့် ဘောလုံးရာသီ ဇန်န၀ါရီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့ အသုံးစားရိတ်မှာ ပေါင် ၄၅ သန်းသာ ရှိခဲ့သည်။

    ယခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့တွင် ပြောင်းအရွှေ့ကြေးအများဆုံး သုံးထားသည့်အသင်းမှာ နယူးကာဆယ်ဖြစ်ပြီး ကစားသမား ၃ ဦးအတွင် ပေါင် ၂၉ သန်း သုံးစွဲထားသည်။

    Ref: Goal

  • တစ်ကျော့ပြန်အိပ်မက်အတွက် ပါတိုက ချယ်ဆီးကို ကျေးဇူးတင်

    တစ်ကျော့ပြန်အိပ်မက်အတွက် ပါတိုက ချယ်ဆီးကို ကျေးဇူးတင်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၆
    M-Media

    pato 1

    – ဥရောပသို့ လာရောက်ကစားလိုသည့် မိမိ၏အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့သည့်အတွက် ချယ်ဆီးအား ကျေးဇူးတင်မိသည်ဟု ဘရာဇီးလ်တိုက်စစ်မှူးသစ် ပါတိုက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ပါတိုအား ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှ ရာသီကုန်အထိ ၆ လအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီး ယမန်နေ့တွင် အပြီးသတ် စာချုပ်ချုပ်နိုင်ခဲ့သည်။ ပါတိုမှာ လူငယ်ဘ၀က အေစီမီလန်အသင်းတွင် ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း နောက်ပိုင်း ခြေစွမ်းကျဆင်းမှုကြောင့် ဘရာဇီးလ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ယခုတွင်မူ ၎င်း၏ ဥရောပသို့ လာရောက်ချင်သည့်ဆန္ဒ ပြည့်ဝသွားသည့်အတွက် မိသားစုနှင့် ချယ်ဆီးအသင်းတို့အား ကျေးဇူးတင်ခဲ့သည်။

    “ကြီးကျယ်ပြီး၊ ထူးရှယ်ကလပ်က ကစားသမားတစ်ယောက် ဖြစ်လာတဲ့အတွက် ဒီနေ့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဥရောပကိုပြန်လာပြီး ကစားဖို့အိပ်မက်ကို ကျွန်တော် ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။ ဒီအိပ်မက် အမှန်တကယ်ဖြစ်လာအောင် ချယ်ဆီးက ကျွန်တော့ကို ကူညီလိုက်တာပါ။ ကျွန်တော့်မိသားစု၊ ချယ်ဆီးအသင်းနဲ့ ပရိတ်သတ်တွေရဲ့ထောက်ခံအားပေးမှုကို ကျွန်တော် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့ကတော့ ပျော်ရွှင်ဖွယ်ရာနေ့ပါပဲ” ဟု ပါတိုက ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Goal