ဒီဇင်ဘာ ၂၀၊ ၂၀၁၅
M-Media
– ဘိုင်ယန်မြူးနစ်းနည်းပြ ဂွါဒီယိုလာမှာ တစ်ချိန်ကျလျှင် မိမိအသင်းသို့ လာရောက်နည်းပြခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
ဂွါဒီယိုလာမှာ ၎င်း၏ ဘိုင်ယန်အနာဂတ်နှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖွင့်ဟပြောကြားမည်ဖြစ်ပြီး ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု အများစုက ယူဆနေကြသည်။ မန်ယူနှင့် မန်စီးတီးတို့မှာ ဂွါဒီယိုလာအား ခေါ်ယူရန်အတွက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်စီးတီးသို့ရောက်ရန် ပို၍ အလားအလာရှိနေသည်။
“ပက်ပ် (ဂွါဒီယိုလာ) နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောလို့မရပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နည်းပြတိုင်းဟာ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ချင်ကြပါတယ်။ ဒီကိုမလာချင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့နေ့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ အလုပ်လုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ မန်စီးတီးမှာ အခွင့်အရေး ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုချစ်ပြီး၊ အသင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ပါတယ်။ ပြီးတော့ သူ (ဂွါဒီယိုလာ) ဟာ အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.