ဒီဇင်ဘာ ၁၉၊ ၂၀၁၅
M-Media
– မိမိမှာ အ၀တ်လဲခန်းတွင် အသင်းသားများအား ပဋိပက္ခဖန်တီးပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းက ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိခြင်း၏ အဓိကသော့ချက်ဖြစ်သည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။
ရာသီအစကတည်းက ခြေစွမ်းပျက်ခဲ့ပြီး ဇယားအောက်သို့ရောက်ရှိခဲ့သည့် နယူးကာဆယ်မှာ ပြီးခဲ့သည့် နှစ်ပွဲတွင် လီဗာပူးလ်၊ စပါးတို့အား ဆက်တိုက်အနိုင်ယူကာ အဆင့် ၁၅ သို့ ပြန်လည်တက်ရောက်လာနိုင်ခဲ့သည်။
“တစ်ခါတစ်လေမှာ ပြဿနာနည်းနည်းလောက် ဖန်တီးပေးရပါတယ်။ ပြဿနာနည်းနည်းလောက်ပါ။ အဓိက ကိစ္စတွေက ကျွန်တော်တို့ပေးတဲ့ သတင်းစကားတွေ လျော်ကန်ဖို့ပါ။ ကျွန်တော်တို့နိုင်တဲ့အခါ၊ ရှုံးတဲ့အခါ၊ သရေကျတဲ့အခါ အဲဒါကို ဆန်းစစ်ပြီး သုံးသပ်ပါတယ်။ မှန်ခဲ့တယ်။ ဒါမှမဟုတ် မှားခဲ့တယ်လို့ ကျွန်တော်တို့ ပြောရတယ်။ နောက်တစ်ပွဲအတွက် အမှားကို မှန်ကန်အောင်လုပ်ရပါတယ်။ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ ဒါပေမယ့် အပြောထက်၊ လက်တွေ့က ခက်ပါတယ်” ဟု မက္ကလာရင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.