News @ M-Media
Tag: EPL 2015-16
  • အနိုင်ရမည့်ဖော်မြူလာ တွေ့ရှိပြီဟု နယူးကာဆယ်နည်းပြ ပြော
    အနိုင်ရမည့်ဖော်မြူလာ တွေ့ရှိပြီဟု နယူးကာဆယ်နည်းပြ ပြော
    ဒီဇင်ဘာ ၁၁၊ ၂၁၀၅
    M-Media
    news
    – မိမိတို့အသင်းမှာ ပွဲအား အနိုင်ကစားနိုင်မည့် ဖော်မြူလာတစ်ခုကို တွေ့ရှိခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ပုံစံအတိုင်း
    ကစားနိုင်ပါက ပွဲတိုင်းကို အနိုင်ရရှိလိမ့်မည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။
    လီဗာပူးလ်နှင့် ကစားခဲ့သည့် ထိုပွဲတွင် နယူးကာဆယ်မှာ စကာတယ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှု၊ ဂျော်ဂီနီယို ၀စ်ဂ်ျနာလ်ဒမ်၏ သွင်းဂိုးတို့ဖြင့် ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နယူးကာဆယ်မှာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဇယား၌ အဆင့် ၁၈ နေရာတွင် ရှိနေပြီး ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် စပါးအသင်း၏ အိမ်ကွင်းသို့ သွားရောက်ကစားရမည် ဖြစ်သည်။
    “အနိုင်ရဖို့ အဓိကအကြောင်းအရာတွေထဲက တစ်ခုဟာ အလုပ်ကြိုးစားပြီး၊ အားသွန်ခွန်စိုက်ဖို့ပါ။ ပြီးခဲ့တဲ့တစ်ပတ်က အရာတော်တော်များများ ဖြစ်ပျက်ခဲ့တယ်။ ဒါပေမယ့် အဓိကအကြောင်းအရာကတော့ တည်ငြိမ်မှုနဲ့ နေရာလွတ်တွေအပါအ၀င် လီဗာပူးလ်ကို နေရာတိုင်းမှာ ကျောနိုင်ခဲ့ပါတယ်။ အသင်းက ဒါမျိုးလုပ်နိုင်တာ တိုက်ဆိုင်မှုမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုသာ ထပ်လုပ်နိုင်ရင် ပွဲတွေကိုနိုင်ဖို့ အခွင့်အရေးကောင်း ရှိလာမှာပါ” ဟု မက္ကလာရင်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal
  • မော်ရင်ဟို အထုတ်မခံရခြင်းမှာ အတိတ်မှ အောင်မြင်မှုကြောင့်ဟု ဆို
    မော်ရင်ဟို အထုတ်မခံရခြင်းမှာ အတိတ်မှ အောင်မြင်မှုကြောင့်ဟု ဆို
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    morinho
    – ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ၎င်း၏ အတိတ်က အောင်မြင်မှုများကြောင့် ရာထူးမှ အထုတ်မခံရခြင်းဖြစ်သည်ဟု ချယ်ဆီး ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်သူ ရေးဝီလ်ကင်က ပြောကြားလိုက်သည်။
    မော်ရင်ဟို၏ ကိုင်တွယ်မှုနှစ်ကြိမ်အတွင်း ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် လိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော်လည်း ယခုရာသီတွင် အိပ်မက်ဆိုးများနှင့် ရင်ဆိုင်နေရပြီး စနေနေ့က ဘုန်းမောက်အသင်းအား ရှုံးနိမ့်ခဲ့ကာ ချယ်ဆီးမှာ ၎င်းတို့၏ ပရီးမီးယားလိဂ် ၈ ပွဲမြောက်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ အသင်းမှာလည်း လက်ရှိအချိန်တွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းနှင့် ၁၇ မှတ် ကွာဟသွားပြီဖြစ်သည်။
    “တစ်ခြားနည်းပြတွေဆိုရင်တော့ လစ်ရပြီပေါ့။ ဒီလမ်းကလွဲလို့ တစ်ခြားလမ်း မရှိပါဘူး။ မော်ရင်ဟို အခုအချိန်အထိရှိနေတာက အတိတ်မှာ သူစွမ်းဆောင်ပေးခဲ့တာတွေကြောင့်ပါ။ မော်ရင်ဟိုအတွက် အရေးကြီးဆုံးက ဥရောပပါ။ သူဟာ ဥရောပပြိုင်ပွဲတွေကို နှစ်သက်ပြီး (ပိုင်ရှင်) အေဗရာမိုဗစ်ခ်ျကလည်း ဒါကို နှစ်သက်ပါတယ်။ တကယ်လို့ ပေါ်တိုနဲ့ပွဲ ရှုံးပြီဆိုရင်တော့ မော်ရင်ဟိုက သူ့လမ်းသူ လျှောက်ရတော့မှာပါ” ဟု ၀ီလ်ကင်က BelN Sports သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • လက်စတာမှာ ပရီးမီးယားလိဂ် ရနိုင်သည်ဟု ဖာဂူဆန်ပြော
    လက်စတာမှာ ပရီးမီးယားလိဂ် ရနိုင်သည်ဟု ဖာဂူဆန်ပြော
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    les
    – ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေသည့် လက်စတာအသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်သည်ဟု မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။
    ရာနီရေးရီ ကိုင်တွယ်သည့် လက်စတာမှာ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားပြီးချိန်တွင် ဒုတိယနေရာမှ အာဆင်နယ်ကို ၂ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားသည်။ လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီမှာလည်း ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ်နှင့်အတူ ပရီးမီးယားလိဂ် ဂိုးအများဆုံးစာရင်းတွင် ဦးဆောင်နေသည်။
    “လက်စတာဟာ လျင်မြန်၊ ဖြတ်လတ်ပြီး အားကောင်းမောင်းသန် အသင်းပါ။ အခုအချိန်မှာတော့ ပရီးမီးယားလိဂ်မှာ လက်စတာဟာ အကောင်းဆုံးအသင်းဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် မေးခွန်းက ဘယ်လောက်ကြာကြာခံမလဲ ဆိုတာပါပဲ။ သူတို့ရဲ့ ဒီစွမ်းဆောင်ရည်တွေဟာ ရာသီတစ်လျှောက်လုံး ရှိနိုင်မလား။ ၁၉၉၂-၉၃ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ပထမဆုံး ဗိုလ်စွဲတုန်းက နော်ဝစ်ခ်ျဟာ မတ်လလောက်အထိ ဇယားကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ယူပြီး လိဂ်ချန်ပီယံဖြစ်ခဲ့တယ်။ ဒါ့ကြောင့် သမိုင်းတစ်လျှောက် အသင်းငယ်လေးဖြစ်ခဲ့တဲ့ လက်စတာဟာ စိန်ခေါ်မှုတစ်ခု ရှိနေပါတယ်။ လက်ရှိအနေအထားနဲ့ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာနဲ့၊ တစ်ရာသီလုံး ခံနိုင်ပါ့မလားဆိုတာပါပဲ” ဟု ဖာဂူဆန်က ယမန်နေ့က
    ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။
    ထို့ပြင်လက်စတာမှာ ဇန်န၀ါရီလတွင် လူအင်အားဖြည့်တင်းပါက ပရီးမီးယားလိဂ်ကို ရရှိနိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “တကယ်လို့ ကျွန်တော်သာ သူ့(ရာနီရေးရီ) နေရာမှာဆိုရင် ဇန်န၀ါရီမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပါပဲ။ သူတို့ ဒီလိုကစားပုံမျိုး၊ ဒီလိုဂိုးသွင်းပုံမျိုးနဲ့ဆိုရင် ပရီးမီးယားလိဂ်ကို ရနိုင်ပါတယ်”
    Ref: Goal
  • လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    liver
    – နယူးကာဆယ် အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲကို ကြည့်ရခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပြီး မိမိအသင်းမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။
    နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲအားလုံး ၈ ပွဲတွင် ၇ ပွဲတိတိ အနိုင်ကစားနိုင်ခဲ့သည့် လီဗာပူးလ်မှာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ အံ့အားသင့်ဖွယ် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။
    “တစ်ယောက်ယောက် စိတ်ပျက်မယ်ဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီရလဒ်အတွက် ရယ်ကောင်း ရယ်ကြပါလိမ့်မယ်။ ဒီပွဲကိုကြည့်တာထက် ဒီတနင်္ဂနွေမှာ လူတွေဟာ တစ်ခုခုလုပ်လိုက်တာကမှ ပိုကောင်းပါဦးမယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ယူရမှာဖြစ်ပြီး ပြန်လည်း ပြန်လာရပါမယ်။ အသင်းသားတွေဟာ ဒါမျိုး လုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ကလော့ပ်က BBC Sport သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • လက်စတာထိပ်ဆုံးရောက်ခဲ့ပြီး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅
    လက်စတာထိပ်ဆုံးရောက်ခဲ့ပြီး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    epl
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ လက်စတာက အဝေးကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ဇယားထိပ်ဆုံးကို ဦးဆောင်လိုက်ပါတယ်။
    ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ် တင်ထားတဲ့ ဂျာမီဗာဒီ ဂိုးသွင်းမှု ရပ်တန့်သွားပေမယ့် ရီယဒ် မဟ်ရက်ဇ်က ကစားသမားဘ၀ သူ့ရဲ့ ပထမဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာပါ။ နည်းပြရာနီရေးရီကတော့ ထိပ်ဆုံးရောက်တာထက်၊ ၃ ဂိုးသွင်းနိုင်တာ၊ စွမ်းဆောင်ရည်ကောင်းတာ၊ အခွင့်အရေးတွေအများကြီးရတာနဲ့ Clean Sheet ရခဲ့တာတွေက ပိုပြီး အရေးကြီးတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    epl 2
    မန်စီးတီးကတော့ အဝေးကွင်းမှာ စတုတ်ကို ပထမပိုင်း ၁၅ မိနစ်အတွင်း သွင်းခဲ့တဲ့ ဂိုး ၂ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ခံစစ်ကြောင်း ဖရိုဖရဲဖြစ်မှု၊ ကစားကွက်မတည်ငြိမ်မှုနဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်မှုတွေနဲ့အတူ မန်စီးတီးရဲ့ အရှုံးဟာ ထိုက်တန်ခဲ့ပြီး ပယ်လီဂရီနီကတော့ သူ့ကစားသမားတွေဟာ ပွဲပမ်းနေပြီလို့ ဆိုပါတယ်။
    epl 3
    ဒဏ်ရာရကစားသမား ၁၀ ဦးအထိရှိနေတဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ဆန်းဒါးလန်းကလည်း တော်တော်ကောင်းခဲ့ပြီး ဂိုးသွင်းမသေချာလို့သာ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ဂျိုး ကမ်းဘဲလ်၊ ဂျရူးနဲ့ ရမ်ဆေးတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆန်းဒါးလန်းရတဲ့ ချေပဂိုးကလည်း ဂျရူးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုက ရရှိခဲ့တာပါ။
    ချယ်ဆီးကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တန်းတက်ဘုန်းမောက်အသင်းကို ဂလန်းမာရေးရဲ့ ၈၂ မိနစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး ဒီရာသီ ၈ ပွဲမြောက် အရှုံးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တန်းတက်လာတဲ့ ပထမန်း ချန်ပီယံဟာ ပရီးမီးယားလိဂ် လက်ရှိချိန်ပီယံကို ပထမဆုံး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘုန်းမောက်ကတော့ ၃ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းနဲ့အတူ တန်းဆင်းဇုန်က လွတ်မြောက်လာခဲ့ပါတယ်။
    တောက်လျှောက်ခြေပျက်လာတဲ့ နယူးကာဆယ်ဟာ အိမ်ကွင်းစိန့်ဂျိမ်းစ်ပါ့ခ်မှာ လီဗာပူးလ်အသင်းကို အံအားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။ ၂ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ အဲဒီပွဲမှာ စကာတယ်ရဲ့ ၆၉ မိနစ်မှာ ကိုယ့်ဂိုးကိုသွင်းမှု၊ ဒုတိယပိုင်းနောက်ဆုံးမိနစ်မှာ ၀စ်ဂ်ျနာလ်ဒမ်ရဲ့ ဂိုးတွေနဲ့ နယူးကာဆယ် မျက်နှာပန်းလှခဲ့တာ ဖြစ်ပါတယ်။ ယာဂန်ကလော့ပ်ကတော့ သူ့အသင်းဟာ အနည်းဆုံး သရေနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။
    အဆုံးသတ်epl 4ပိုင်းညံ့ဖျင်းမှုနဲ့အတူ မန်ယူဟာ ၀က်စ်ဟမ်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး၊ စပါးကလည်း ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် ၀က်စ်ဘရွန်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုတော့ စပါးက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စတုတ် ၂-၀ မန်စီးတီး
    အာဆင်နယ် ၃-၁ ဆန်းဒါးလန်း
    မန်ယူ ၀-၀ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၁-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၀-၃ လက်စတာ
    ချယ်ဆီး ၀-၁ ဘုန်းမောက်
    နယူးကယ်ဆယ် ၂-၀ လီဗာပူးလ်