News @ M-Media

Tag: EPL 2015-16

  • ချယ်ဆီးအနိုင်က သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဟု ဘုန်းမောက်နည်းပြ ပြော

    ချယ်ဆီးအနိုင်က သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဟု ဘုန်းမောက်နည်းပြ ပြော

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    chel– စတမ်းဖို့ဘရစ်ခ်ျတွင် ချယ်ဆီးအား အနိုင်ရခဲ့ခြင်းမှာ မိမိတို့အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ်ဖြစ်သည်ဟု ဘုန်းမောက်နည်းပြ အက်ဒီဟိုဝီက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် ဘုန်းမောက်မှာ ဂလန်း မာရေး၏ ၈၂ မိနစ် ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး ၆ ပွဲတွင် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သည်။ ချယ်ဆီးအတွက်မူ ယခုရာသီ၏ ၈ ပွဲမြောက်အရှုံး ဖြစ်ခဲ့သည်။

    “ဒါဟာ အသင်းရဲ့သမိုင်းတစ်လျှောက်မှာ တစ်ပွဲချင်းအလိုက် အကောင်းဆုံးရလဒ်အဖြစ် ရပ်တည်နေမှာပါ။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေကိုကြည့်ရင် ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး၊ အရင်ကထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းလာပါတယ်။ ထိုက်တန်တယ်လို့ ခံစားရတဲ့ နိုင်ပွဲကိုတော့ ကျွန်တော်တို့ မရခဲ့ပါဘူး” ဟု ဟိုဝီက ချယ်ဆီးနှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • အသင်းနှင့် ဆက်ဆံရေးမကောင်းပါက ထွက်ခွာမည်ဟု ဗန်ဂါးလ်ပြော

    အသင်းနှင့် ဆက်ဆံရေးမကောင်းပါက ထွက်ခွာမည်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    vnagal

    – ကစားသမားများနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိတော့ဟု ခံစားရပါက အသင်းမှထွက်ခွာမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်တွင် တတိယနေရာ ရှိနေသော်လည်း အသင်း၏ စွမ်းဆောင်ရည် မကောင်းမှု၊ ချန်ပီယံလိဂ်တွင် နောက်တစ်ဆင့်တက်ရေး မရေရာမသေချာ ဖြစ်နေမှုတို့ကြောင့် မန်ယူမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗန်ဂါးလ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

    “ကျွန်တော့်ရဲ့အမြင်မှာ အရေးကြီးဆုံးကတော့ အသင်းသားတွေ၊ ၀န်ထမ်းတွေနဲ့ ဆက်ဆံရေးပါပဲ။ ဒီဆက်ဆံရေးက အရေးအကြီးဆုံးပါ။ ဒါမျိုးရှိနေတယ်လို့ ခံစားနေရသမျှ ကျွန်တော်ဟာ အလုပ်လုပ်နေမှာပါ။ အကောင်းဆုံး အလုပ်လုပ်သွားမှာပါ။ ဒါမျိုးမရှိဘူးလို့ ခံစားလာရရင်တော့ ကျွန်တော်ဟာ အရင်ဆုံးထွက်သွားမယ့် နည်းပြပါပဲ။ ကျွန်တော့်ရဲ့ အရင်ကလပ်အသင်းတွေနဲ့ အရင်အလုပ်တွေမှာ ကျွန်တော် ဒါကို သက်သေပြခဲ့ပြီးပါပြီ။ ပိုက်ဆံကိစ္စကြောင့် အလုပ်ထွက်ဖို့ဆုံးဖြတ်ချက်ချတဲ့ နည်းပြမျိုး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲလိုနည်းပြမျိုးပါပဲ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ရှင်းပြခဲ့သည်။

    Ref: Goal

  • မန်စီးတီးမှာ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည်ဟု ပယ်လီဂရီနီပြော

    မန်စီးတီးမှာ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည်ဟု ပယ်လီဂရီနီပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    mancity

    – မိမိတို့အသင်းမှာ ဘောလုံးလောကမှ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည့် အနေအထားမျိုး ရှိသည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာတို့အား ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းထွက်ပေါ်နေသည်။

    “ဘောလုံးလောကမှာ အရေးပါဆုံးဖြစ်ချင်ရင် ဒါမှမဟုတ် အရေးပါဆုံးတွေထဲက တစ်သင်း ဖြစ်ချင်ရင် အသင်းကို အကောင်းဆုံးကစားသမားတွေ ခေါ်ယူနိုင်ရပါမယ်။ ကျွန်တော်တို့ဟာ ဒါမျိုးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီလိုကြိုးစားနေတဲ့အသင်းတွေ ၅ သင်း ၆ သင်းလောက်ရှိတာကြောင့် သိပ်တော့မလွယ်ပါဘူး။ ဒါက အလုပ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စတိုင်ပေါ်မှာ မူတည်ပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ကလော့ပ်ကြောင့် ယုံကြည်မှုရှိလာသည်ဟု လီဗာပူးလ်နောက်ခံလူဆို

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    liver

    – အသင်းသို့ ရောက်ရှိလာသည့် နည်းပြသစ် ဂျာဂန်ကလော့ပ်က မိမိအား ယုံကြည်မှုရှိစေခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ နသန်နီယဲလ် ကလိုင်းက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ကလိုင်းမှာ ပြီးခဲ့သည့် နွေရာသီက ဆောက်သက်တမ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ် ၁၄ ပွဲစလုံးတွင် ပါဝင်ကစားခွင့် ရထားသည်။ ကလိုင်းက မိမိမှာ လီဗာပူးလ်သို့ စရောက်သည့်အချိန်က ခြေစွမ်းအကုန်မထုတ်ခဲ့ဟု ဆိုသည်။

    “အသင်းသစ်ကို ရောက်တဲ့အချိန်မှာ လျှိုထားတတ်ပြီး အန္တရာယ်တွေကို သိပ်ပြီး မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် အခု ကျွန်တော် ပွဲနည်းနည်းကစားထားပြီး စိန်ခေါ်မှုတွေကို ကျွန်တော် ထပ်ပြီး ရင်ဆိုင်နိုင်တော့မှာပါ။ ကျွန်တော် ကွင်းထဲကိုဝင်လာပြီး စွမ်းရည်ပြသနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဘောလုံးလွတ်သွားလည်း သူ(ကလော့ပ်)က ယုံကြည်မှု မပျောက်ပါဘူး။ အဲဒါကြောင့် စိုးရိမ်စရာမလိုပါဘူး။ သူက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး ယုံကြည်မှုရှိလာအောင် ကြိုးစားပေးခဲ့ပါတယ်” ဟု ကလိုင်းက The Guardian သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်မှာ ကံဆိုးချိန်ရောက်နေသည်ဟု ၀င်းဂါးဝန်ခံ

    အာဆင်နယ်မှာ ကံဆိုးချိန်ရောက်နေသည်ဟု ၀င်းဂါးဝန်ခံ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ ကံဆိုးမိုးမှောင်ကျသည့်အချိန်နှင့် ကြုံတွေ့နေရသော်လည်း ပရီးမီးယားလိဂ်ဖလား ရယူရန် အခွင့်အရေး ရှိနေသေးသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်မှာ ၎င်းတို့၏ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲတွင် ၂ ပွဲ သရေကျကာ ၁ ပွဲရှုံးထားပြီး နိုင်ပွဲမရှိသေးချေ။ လက်ရှိအချိန်တွင် အာဆင်နယ်မှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၂ မှတ်အကွာ စတုတ္ထနေရာတွင် ရှိနေပြီး ၀င်းဂါးကမူ ရလဒ်များမှာ ပိုကောင်းသင့်သည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ဟာ ဒီကံမကောင်းတဲ့အချိန်ကို ကျော်ဖြတ်ရပါမယ်။ ၃ ပွဲလောက် ကျွန်တော်တို့ အကြောင်းမလှခဲ့ဘဲ ၂ မှတ်သာ ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ချန်ပီယံပြေးလမ်းနဲ့ သိပ်မဝေးတာကြောင့် အဆင်ပြေပါသေးတယ်။ လုံလောက်မှုတော့ မရှိပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်တဲ့အခွင့်အရေး ရှိနေပါသေးတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal