News @ M-Media
Tag: EPL 2015-16
  • မန်စီးတီး ထိပ်ဆုံးနေရာကို ပြန်ယူနိုင်၊ လီဗာပူးလ်နိုင်ပွဲဆက်ခဲ့ပြီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄
    မန်စီးတီး ထိပ်ဆုံးနေရာကို ပြန်ယူနိုင်၊ လီဗာပူးလ်နိုင်ပွဲဆက်ခဲ့ပြီး၊ အာဆင်နယ်၊ ချယ်ဆီးတို့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄
    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးနေရာကို မန်စီးတီးက ပြန်ယူနိုင်ခဲ့ပြီး အာဆင်နယ်ကတော့ အဆင့် ၄ နေရာကို ရောက်သွားခဲ့ပါတယ်။
    ထိပ်ဆုံးနေရာကို တစ်ပတ်ကြာ ရယူထားနိုင်ခဲ့တဲ့ လက်စတာဟာ မန်ယူကို ခြိမ်းခြောက်နိုင်တဲ့အသင်းအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခံရပြီး အိမ်ကွင်းမှာ လက်ခံကစားရတာဖြစ်ပါတယ်။ အစကောင်းတဲ့ လက်စတာတို့ ၂၄ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ကာ တိုက်စစ်မှူး ဂျာမီဗာဒီက သွင်းယူပေးခဲ့တာပါ။
    ဒီဂိုးဟာ သူ့ရဲ့ ၁၁ ပွဲဆက်တိုက် သွင်းနိုင်ခဲ့တဲ့ဂိုးဖြစ်ပြီး မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းတင်ခဲ့တဲ့ ၁၀ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း နာကျင်အချိန်ပိုမှာ ရှဝိုင်းစတိုင်ဂါရဲ့ အားထုတ်မှုနဲ့ မန်ယူတို့ ချေပဂိုးရခဲ့ပြီး နောက်ပိုင်းမှာ အကြိတ်အနယ်ရှိခဲ့ပေမယ့် ရလဒ်ကတော့ မပြောင်းလဲခဲ့ပါဘူး။
    epl 2
    ပရီးမီးယားလိဂ်မှာ လီဗာပူးလ်၊ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်တို့ကို ဆက်တိုက်ရှုံးထားတဲ့ မန်စီးတီးက ဆောက်သက်တမ်နဲ့ဒီပွဲမှာ အမှားမခံတော့ပါဘူး။ ၉ မိနစ်မှာတင် ဒီဘရူနီရဲ့ဦးဆောင်ဂိုးရခဲ့ပြီး ဖာဘီယန် ဒဲလ်ဖ်က မိနစ် ၂၀ မှာ နောက်တစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ ဒါဟာ မန်စီးတီးအတွက် သူ့ရဲ့ပထမဆုံးပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ဂိုးလည်း ဖြစ်ပါတယ်။ ဆောက်သက်တမ်က ၄၉ မိနစ်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ကိုလာရော့ဗ်က ၆၉ မိနစ်မှာ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ထိပ်ဆုံးပြန်ရောက်ခဲ့ပါတယ်။
    epl 3
    နိုင်ပွဲဆက်နေတဲ့ လီဗာပူးလ် ကစားရခက်တဲ့ ဆွမ်ဆီးကို ဂျိမ်းစ်မီလ်နာရဲ့ ၆၂ မိနစ် ပင်နယ်တီနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာနဲ့ အာဆင်နယ်က နော်ဝစ်ခ်ျကွင်းမှာ ကံကောင်းစွာနဲ့ တစ်မှတ်ရခဲ့တာ ဖြစ်ပါတယ်။ အိုဇေးလ်က မိနစ် ၃၀ မှာ သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ဒုတိယြေepl 4မာက်ဂိုးသွင်းခဲ့ပြီး ဧည့်သည်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံပိုကောင်းခဲ့တဲ့ နော်ဝစ်ခ်ျက ၄၃ မိနစ်မှာ ချေပဂိုးသွင်းခဲ့ပြီး နောက်ပိုင်းမှာလည်း ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် အာဆင်နယ်က သက်သာရာရခဲ့ပါတယ်။
    စပါးနဲ့ချယ်ဆီး လန်ဒန်ဒါဘီပွဲမှာ ဂိုးမရှိသရေဖြစ်ခဲ့ပြီး စပါးက ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၂-၃ ၀က်ဖို့ဒ်
    ဘုန်းမောက် ၃-၃ အဲဗာတန်
    ခရစ္စတယ်ပဲလေ့စ် ၅-၁ နယူးကာဆယ်
    မန်စီးတီး ၃-၁ ဆောက်သက်တမ်
    ဆန်းဒါးလန်း ၂-၀ စတုတ်
    လက်စတာ ၁-၁ မန်ယူ
    စပါး ၀-၀ ချယ်ဆီး
    လီဗာပူးလ် ၁-၀ ဆွမ်ဆီး
    နော်ဝစ်ခ်ျ ၁-၁ အာဆင်နယ်
  • ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည့် အသင်း ၅ သင်းကို ဟင်နရီထုတ်ပြော
    ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည့် အသင်း ၅ သင်းကို ဟင်နရီထုတ်ပြော
    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media
    henry
    – ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သည့်အသင်းများမှာ ၅ သင်းအထိ ရှိနေသော်လည်း ထိုအထဲတွင် ချယ်ဆီးမပါဝင်ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီဟင်နရီက ပြောကြားလိုက်သည်။
    ထိုငါးသင်းထဲတွင် လက်ရှိအချိန် ခြေစွမ်းပြနေကာ ထိပ်ဆုံးမှ မန်စီးတီးနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာ ရောက်ရှိနေသည့် လက်စတာစီးတီးအသင်းကိုလည်း ဟင်နရီက ထည့်သွင်း တွက်ချက်ခဲ့ခြင်း မရှိပေ။
    “ကျွန်တော့်အတွက်တော့ စိန်ခေါ်နိုင်တဲ့အသင်းတွေဟာ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ စပါးနဲ့ လီဗာပူးလ်တို့ ဖြစ်နိုင်ပါတယ်။ ချယ်ဆီးကတော့ ဒီအထဲမှာ မပါပါဘူး။ တကယ်လို့ သူတို့ ထိပ်ဆုံးလေးသင်းထဲ ပြန်ရောက်ခဲ့ရင်တော့ ထိပ်ဆုံးက အသင်းတွေဟာ ဘယ်လောက်ကစားပုံဆိုးဝါးလဲဆိုတာ သက်သေပြလိုက်တာပါပဲ။ ပြီးခဲ့တဲ့နှစ် ခြေစွမ်းအတိုင်း ချယ်ဆီးက ကစားနိုင်မယ်ဆိုရင် အခုအချိန်မှာ ၁၀ မှတ်လောက် ဖြတ်ထားနိုင်ပြီး ဖလားဆီ လက်တစ်ဖက် လှမ်းနိုင်နေပါပြီ” ဟု ဟင်နရီက The Sun သတင်းစာသို့ ပြောကြားခဲ့သည်။
    Ref: Goal
  • လက်စတာတိုက်စစ်မှူး ဗာဒီ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ်တင်
    လက်စတာတိုက်စစ်မှူး ဗာဒီ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ်တင်
    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media
    verdy
    – ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူး ဂျာမီ ဗာဒီအား လက်စတာစီးတီးနည်းပြ ရာနီရေးရီက ချီးကျူးလိုက်ပြီး ဗာဒီမှာ မယုံနိုင်စရာကောင်းသည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။
    လက်စတာအသင်း၏ အိမ်ကွင်းတွင် ယမန်နေ့က မန်ယူအသင်းနှင့် ၁ ဂိုးစီသရေကျသည့်ပွဲ၌ ဗာဒီမှာ ၂၄ မိနစ်တွင် အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ထိုဂိုးမှာ ၎င်း၏ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ကာ မန်ယူတိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း တင်ထားသည့် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ခြင်းလည်း ဖြစ်သည်။
    “ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်နှစ်ခုရှိပြီး တစ်ခုက ပွဲနိုင်ဖို့နဲ့ တစ်ခုက ဗာဒီ စံချိန်တင်ဖို့ဆိုပြီး ပွဲမစခင်က ကစားသမားတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ တစ်မှတ်ရတယ်။ ဒါက အမှတ်ပေးဇယားအတွက် ကောင်းခဲ့ပြီး ဗာဒီကလည်း စံချိန်ချိုးနိုင်ခဲ့ပါတယ်။ သိပ်ကိုလှပတဲ့ ညနေခင်းလေးပါပဲ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။
    ယခုပွဲသရေကြောင့် လက်စတာမှာ အမှတ်တူဂိုးကွာခြားချက်ဖြင့် ပရီးမီးယားလိဂ်ဇယား၏ ဒုတိယနေရာတွင်ရှိနေပြီး တတိယနေရာမှ မန်ယူအား ၁ မှတ်ဖြတ်ထားနိုင်သည်။
    Ref: Goal
  • ခြေစွမ်းမပြနိုင်လျှင် ရူနီကိုမရွေးဟု ဗန်ဂါးလ်ပြော
    ခြေစွမ်းမပြနိုင်လျှင် ရူနီကိုမရွေးဟု ဗန်ဂါးလ်ပြော
    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    mu
    – အသင်းရှိ တိုက်စစ်မှူးရူနီ၏ ခြေစွမ်းမှာ လက်ခံနိုင်လောက်သည့် အဆင့်အတန်းတွင် မရှိပါက ၎င်းအား ရွေးချယ်မည်မဟုတ်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    အသင်းခေါင်းဆောင် ရူနီမှာ ယခုရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်ပြီး ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိသောကြောင့် ဝေဖန်မှုများကို ခံနေရသည်။ ယနေ့တွင်ကစားမည့် လက်စတာစီးတီးနှင့်ပွဲတွင် ရူနီမှာ ပါဝင်မည်ဟု မျှော်လင့်ရပြီး ဗန်ဂါးလ်ကမူ ရူနီအား နေရာပေးမှုအတွက် ကာကွယ်ပြောကြားခဲ့သည်။
    “၀ိန်းဟာ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အသင်းကိုလည်း အများကြီး အကူအညီပေးခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်လေးကျေနပ်ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ ရူနီမှာ နေရာပေးရန် တိုက်တန်လားဟု မေးမြန်းရာ ၎င်းက “တကယ် ထိုက်တန်တာပေါ့ဗျာ။ အဲဒီလိုမဟုတ်ရင် ချန်လှပ်ခံရမှာပေါ့။ အခုအချိန်မှာ သူဟာ အထောင်တိုက်စစ်မှူးနေရာမှာ မကစားပါဘူး။ မာရှယ်က အဲဒီနေရာမှာ ကစားနေတာပါ။ ဒါပေမယ့် နောက်ပွဲတွေမှာ သူအဲဒီနေရာမှာ ကစားရနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Goal
  • ဒရော့ဘာ၏ ချယ်ဆီးအား ဝေဖန်မှုကို မော်ရင်ဟို ပြန်လည်တုန့်ပြန်
    ဒရော့ဘာ၏ ချယ်ဆီးအား ဝေဖန်မှုကို မော်ရင်ဟို ပြန်လည်တုန့်ပြန်
    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    drogba
    – ချယ်ဆီးအသင်းတွင် ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်ကောင်းများ ပျောက်နေသည်ဟု ဒီဒီယာ ဒရော့ဘာ၏ ဝေဖန်မှုများ နည်းပြမော်ရင်ဟိုက ပယ်ချလိုက်ပြီး ဒရော့ဘာမှာ ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို ရောင်းကောင်းအောင် ဆောင်ရွက်နေခြင်ဟု တုန့်ပြန် ပြောဆိုလိုက်သည်။
    အဆိုပါ အထုပ္ပတ္တိစာအုပ်အား အရောင်းမြှင့်တင်ရေးအခမ်းအနား၌ မီဒီယာ၏ အင်တာဗျူးမှုတွင် ဒရော့ဘာက မိမိကစားသည့်ကာလတွင် ချယ်ဆီးအသင်း၏ အ၀တ်လဲခန်း၌ နာမည်ကြီးကစားသမားများနှင့် စိတ်ထားကောင်းများ ရှိခဲ့ပြီး ယခုအချိန်တွင် ထိုအုပ်စုထဲမှ ဂျွန်တယ်ရီတစ်ဦးတည်းသာ ကျန်ရှိတော့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ချယ်ဆီးကစားသမားများအနေဖြင့် ထိုကဲ့သို့ စိတ်ထားမျိုး ပြန်လည်ထားရှိရန်လည်း တိုက်တွန်းခဲ့သည်။
    “စာအုပ်ရောင်းကောင်းအောင် ဒီလိုပြောတာပါ။ ကျွန်တော်ကတော့ ဒီစာအုပ်ကို မဖတ်ပါဘူး။ ကောင်းမွန်တဲ့ အင်တာဗျူးတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဒီဒီယာလို နာမည်ကြီးကစားသမားတွေက ဂျာနယ်လစ်ကောင်းတွေ၊ သတင်းစာတွေ ဒါမှမဟုတ် ရုပ်သံတွေနဲ့ အင်တာဗျူးတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် ဒီအင်တာဗျူးမျိုးတော့ မဟုတ်ပါဘူး။ အဲဒါက စာအုပ်ရောင်းရဖို့ပါပဲ။ (အဲဒီမှတ်ချက်က) ကျွန်တော့်ကို စိတ်မပျက်စေပါဘူး။ အဲဒါဟာ စာအုပ်ရောင်းဖို့ပါပဲ” ဟု မော်ရင်ဟိုက ယမန်နေ့တွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal