News @ M-Media

Tag: EPL 2015-16

  • ပင်နယ်တီမ၀င်သည့် ကာဇိုလာကို အပြစ်မတင်ဟု ၀င်းဂါးပြော

    ပင်နယ်တီမ၀င်သည့် ကာဇိုလာကို အပြစ်မတင်ဟု ၀င်းဂါးပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    arsen

    – ယမန်နေ့က ၀က်စ်ဘရွန်းနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့် ပင်နယ်တီကို လွဲချော်ခဲ့သော ကာဇိုလာအား မိမိအနေဖြင့် အပြစ်တင်သွားမည် မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချေပဂိုး တစ်ဂိုးရရန် လိုအပ်နေချိန်တွင် အာဆင်နယ်မှာ ပင်နယ်တီရခဲ့ပြီး ကာဇိုလာက ကန်သွင်းခဲ့ရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။

    “ကျွန်တော် ပင်နယ်တီအနည်းငယ်ကို မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး။ သူ့ကို (ကာဇိုလာကို) စကားပြောလို့ရပြီး သူကလည်း အရမ်း စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒီအတွက်တော့ သူ့ကို အပြစ်တင်ဖို့ ခက်ပါတယ်။ ပင်နယ်တီမ၀င်တာက ကျွန်တော်တို့အတွက် တော်တော် ဆိုးရွားပါတယ်။ ရလဒ်က ပွဲအခြေအနေကို ရောင်ပြန်ဟပ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကစားပုံကောင်းပြီးမှ အမှတ်ရအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒီအခြေအနေကိုတော့ ကျွန်တော်တို့ လက်ခံရမှာဖြစ်ပြီး နောက်ပွဲမှာ ပြန်လာနိုင်အောင် လုပ်ရပါလိမ့်မယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းမည်ဟု ကလော့ပ်ပြော

    အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းမည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    liver

    – အသင်းနေဖြင့် လာမည့်နှစ်များတွင် အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းသွားရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်ကို ထိန်းထားနိုင်ခြင်းမရှိခဲ့သည့် လီဗာပူးလ်မှာ ပြီးခဲ့သည့်နှစ်က ရဟီမ်းစတာလင်ကို မန်စီးတီးသို့ ပေါင် ၄၉ သန်းဖြင့် လက်လွှတ်ခဲ့ရသည်။ ယခုတစ်ပတ်တွင် စတာလင်မှာ လီဗာပူးလ်အသင်းနှင့် ပြန်လည် တွေ့ဆုံရမည်ဖြစ်သည်။

    “စတာလင်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိပါဘူး။ ဒါပေမယ့် အဲဒါမျိုးနဲ့တူညီတဲ့ ဇာတ်လမ်းမျိုးတွေကိုတော့ ကျွန်တော် ကြားဖူးပါတယ်။ ဘယ်ကစားသမားမှ ထွက်မသွားချင်တဲ့ ကလပ်အသင်းဖြစ်လာအောင် ကျွန်တော် ကြိုးစားချင်ပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ လုံးဝ လုပ်ရမယ့်အရာပါ။ ပြီးတော့ လုပ်လို့လည်း ရနိုင်ပါတယ်။ သွားရမယ့်ခရီးက ရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စလုပ်ရမှာဖြစ်ပြီး ဖြစ်လည်း ဖြစ်လာနိုင်မှာပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဘောလုံးလောက တားမြစ်ဆေး စစ်မှုမှာ အပေါ်ယံသာဖြစ်သည်ဟု ၀င်းဂါးဝေဖန်

    ဘောလုံးလောက တားမြစ်ဆေး စစ်မှုမှာ အပေါ်ယံသာဖြစ်သည်ဟု ၀င်းဂါးဝေဖန်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    winger

    – လက်ရှိ ဘောလုံးလောကတွင် တားမြစ်ဆေး စစ်ဆေးမှုမှာ အပေါ်ယံသာဖြစ်နေပြီး အခြား အားကစားနည်းများတွင် ပြုလုပ်သကဲ့သို့ တင်းတင်းကြပ်ကြပ် စစ်ဆေးရန် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက တိုက်တွန်းပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကလည်း ၀င်းဂါးက မိမိ၏ အသင်းသားများအား မည်သည့်အချိန်ကမှ စွမ်းအင်ပိုကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်း မရှိသော်လည်း ထိုစည်းမျဉ်းကို မလိုက်နာသည့် ပြိုင်ဘက်အသင်းများက မိမိအား စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ၀င်းဂါးကို ဖြေရှင်းချက် တောင်းထားသည်။

    “FA နဲ့ ဆွေးနွေးဖို့ ကျွန်တော် တကယ် လမ်းဖွင့်ထားပါတယ်။ တားမြစ်ဆေးပြဿနာဟာ ဘောလုံးကွင်းတွေ၊ ပြေးလမ်းတွေမှာ ရုတ်တရက် ဖုံးလွှမ်းလာပါတယ်။ စက်ဘီးအားကစားမှာလည်း ဒီပြဿနာရှိတယ်။ အဲဒါဆိုရင် စဉ်းစားရမှာက ဘောလုံးကစားသမားတွေရှိတဲ့ ကျွန်တော်တို့ ဘောလုံးလောကမှာ ဒါမျိုးမရှိဘူးဆိုတာ လုံးဝ ယုတ္တိမရှိပါဘူး။ ကျွန်တော်ကတော့ ပိုပြီး သေသေချာချာစစ်ဆေးတာ လိုချင်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခုစစ်နေတာတွေက အပေါ်ယံပါပဲ။ ကျွန်တော်တို့လိုချင်တာက တားမြစ်ဆေး သုံးတာတွေ့ရင် အဲဒီသူကို အပြစ်ပေးဖို့ပါ။ ပြီးတော့ ကလပ်အသင်းကိုလည်း အပြစ်ပေးရပါမယ်”

    “ကျွန်တ်ာတို့ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီး မျက်လုံးပိတ်မထားသင့်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဘောလုံးမှာတော့ ဒီလိုပြဿနာမရှိဘူးလို့ ထင်နေတာဟာ သိပ်တော့ သဘာဝမကျဘူးလေ” ဟု ၀င်းဂါးက ၀က်စ်ဘရွန်းနှင့်ပွဲအတွက် ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူ၏ နံပါတ် ၇ ဂျာစီက ဖိအားမဟုတ်ဟု ဘက်ခမ်းပြော

    မန်ယူ၏ နံပါတ် ၇ ဂျာစီက ဖိအားမဟုတ်ဟု ဘက်ခမ်းပြော

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    dpay

    – မန်ယူအသင်း၏ နံပါတ် ၇ အင်္ကျီမှာ ကွင်းလယ်လူ မန်ဖစ် ဒီပေးအတွက် ၀န်ထုတ်ဝန်ပိုးထက် လေးစား အားကျစရာဖြစ်မည်ဟု မိမိယုံကြည်ကြောင်း ဂန္တ၀င်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

    မန်ယူ၏ နံပါတ် ၇ ဂျာစီအား အဲရစ်ကန်တိုနာ၊ ဂျော့ဂ်ျဘတ်စ်၊ ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ဘက်ခမ်းတို့ပါအ၀င် ကစားသမားကောင်းများ ၀တ်ဆင်ခဲ့သည့် သမိုင်းရှိသည်။ နယ်သာလန်ကွင်းလယ်လူ ဒီပေးမှာ မန်ယူသို့ ရောက်ရှိပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းကို ရရှိခြင်းမရှိသေးဘဲ ၎င်းဝတ်ဆင်သည့် နံပါတ် ၇ ဂျာစီ၏ ဖိအားကြောင့် ဖြစ်နိုင်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

    “အဲဒီဂျာစီက ခြိမ်းခြောက်မှုလို့ ကျွန်တော် မထင်ပါဘူး။ ဒါက ဂုဏ်ယူစရာတစ်ခုပါ။ နံပါတ် ၇ ဂျာစီကို ၀တ်ဆင်ခွင့်ရတဲ့အခါ အတိတ်မှာ ဒီဂျာစီက ဘယ်သူဝတ်ခဲ့တာ၊ ဒါမှမဟုတ် အဲဒီကစားသမားက ဘယ်လိုအောင်မြင်ခဲ့တာတွေဟာ ကိစ္စမရှိပါဘူး။ ဒီအင်္ကျီဝတ်ဆင်ရတာဟာ ထူးခြားပါတယ်။ ဒါပေမယ့် ကျွန်တော့် ကိုယ်ပိုင်အမြင်အရတော့ ဒါဟာ ဖိအားဖြစ်တယ်လို့ မထင်ပါဘူး။ ကျွန်တော့်အတွက်တော့ ဒါဟာ လေးစားအားကျစရာ ဖြစ်ပါတယ်” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဂျာစီမှာ မိမိ၏ ဂျာစီမဟုတ်ဘဲ ဂျော့ဘတ်စ်၊ ဘရိုင်ယန် ရော့ဘ်ဆန်၊ အဲရစ်ကန်တိုနာတို့ ၀တ်ဆင်ခဲ့သည့် ဂျာစီသာဖြစ်ကြောင်း၊ ၎င်းတို့ကြောင့် မိမိမှာ ထိုအင်္ကျီကို ၀တ်ဆင်လိုခြင်းသာ ဖြစ်ကြောင်း ဘက်ခမ်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လိင်တူချစ်သူဘောလုံးသမားများ သရုပ်မှန်ကို ထုတ်ပြောရန် ပရီးမီးယားလိဂ်အကြီးအကဲ တိုက်တွန်း

    လိင်တူချစ်သူဘောလုံးသမားများ သရုပ်မှန်ကို ထုတ်ပြောရန် ပရီးမီးယားလိဂ်အကြီးအကဲ တိုက်တွန်း

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    epl

    – လက်ရှိဘောလုံးအသိုင်းအ၀ိုင်းမှာ မိန်းမလျာကစားသမား ၎င်းတို့၏ သရုပ်မှန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောရန် သင့်လျော်သည့် အသိုင်းအ၀ိုင်းဖြစ်သည်ဟု မိမိထင်ကြောင်း ပရီးမီးယားလိဂ် အကြီးအကဲ ရစ်ချက် စကူဒါမိုးက ပြောကြားလိုက်သည်။

    ၁၉၉၀ ခုနှစ်တွင် ဂျက်တင် ဖက်စ်ဟာနူဆိုသည့် ဘောလုံးသမားက ၎င်းမှာ လိင်တူချစ်သူတစ်ဦးဖြစ်သူဟု ၀န်ခံခဲ့ပြီး ဘောလုံးသမားများတွင် ထိုကဲ့သို့ ပြောကြားမှုမှာ ပထမဆုံး ဖြစ်ခဲ့သည်။ ၎င်း၏ နောက်ပိုင်းတွင် လိင်တူချစ်သူ ကစားသမား အချို့ကသာ ၎င်းတို့၏ သရုပ်အမှန်ကို လူသိရှင်ကြား ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင်မူ အမေရိကန်လက်ရွေးစင် ကစားသမား ရော်ဘီ ရော်ဂျာက ၎င်းမှာ လိင်တူချစ်သူဟု ဖွင့်ဟခဲ့ပြီး၊ အက်စတွန်ဗီလာနှင့် အဲဗာတန်ကွင်းလယ်လူ သောမက်စ် ဟစ်ဇ်ပါဂါကလည်း ဘောလုံးလောကမှ အနားယူပြီး နောက်တစ်နှစ်တွင် ထိုကဲ့သို့ ၀န်ခံပြောကြားခဲ့သည်။

    “အခုခေတ်ဘောလုံးလောကဟာ သူတို့ (လိင်သူချစ်သူတွေ) လူသိရှင်ကြား ပြောကြားဖို့အတွက် သင့်လျော်ပါတယ်။ သူတို့ ကြိုဆိုခံရမှာဖြစ်ပြီး၊ အဲဒီအတွက်လည်း သည်းခံနိုင်စွမ်း ရှိနေကြပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒီအချိန်ဟာ ဒီလို လူသိရှင်ကြားပြောကြားဖို့ အချိန်ကောင်းပါပဲ” ဟု စကူဒါမိုးက ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    Ref: Goal