နိုဝင်ဘာ ၂၁၊ ၂၀၁၅
M-Media
– အသင်းနေဖြင့် လာမည့်နှစ်များတွင် အရည်အသွေးမြင့် ကစားသမားများကို ထိန်းသိမ်းသွားရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
ဆွာရက်ဇ်ကို ထိန်းထားနိုင်ခြင်းမရှိခဲ့သည့် လီဗာပူးလ်မှာ ပြီးခဲ့သည့်နှစ်က ရဟီမ်းစတာလင်ကို မန်စီးတီးသို့ ပေါင် ၄၉ သန်းဖြင့် လက်လွှတ်ခဲ့ရသည်။ ယခုတစ်ပတ်တွင် စတာလင်မှာ လီဗာပူးလ်အသင်းနှင့် ပြန်လည် တွေ့ဆုံရမည်ဖြစ်သည်။
“စတာလင်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိပါဘူး။ ဒါပေမယ့် အဲဒါမျိုးနဲ့တူညီတဲ့ ဇာတ်လမ်းမျိုးတွေကိုတော့ ကျွန်တော် ကြားဖူးပါတယ်။ ဘယ်ကစားသမားမှ ထွက်မသွားချင်တဲ့ ကလပ်အသင်းဖြစ်လာအောင် ကျွန်တော် ကြိုးစားချင်ပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ လုံးဝ လုပ်ရမယ့်အရာပါ။ ပြီးတော့ လုပ်လို့လည်း ရနိုင်ပါတယ်။ သွားရမယ့်ခရီးက ရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စလုပ်ရမှာဖြစ်ပြီး ဖြစ်လည်း ဖြစ်လာနိုင်မှာပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.