News @ M-Media

Tag: EPL 2015-16

  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု သတင်းများထွက်ပေါ်

    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု သတင်းများထွက်ပေါ်

    နိုဝင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်နည်းပြ ဂွါဒီယိုလာမှာ အသင်းနှင့် သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီး ရာသီကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ဂွါဒီယိုလာမှာ ပြီးခဲ့သည့်လများအတွင်း မန်စီးတီးအသင်းနှင့် ဆက်သွယ်မှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် အသင်းပြောင်းတော့မည်ဟု ဂွာဒီယိုလာက ဆုံဖြတ်ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ မန်စီးတီး အသင်းပိုင်ရှင်များကမူ မန်နျူယဲလ် ပယ်လီဂရီနီအား ဇန်န၀ါရီတွင် ထုတ်ပယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    ဂွါဒီယိုလာ၏ ဘိုင်ယန်နည်းပြနေရာအား ဆက်ခံရန်အတွက် ချယ်ဆီးနှင့် ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ရေပန်းစားနေသည်။

    Ref: Goal

  • ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    ရူနီကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    rooney

    – အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရသည့် မန်ယူတိုက်စစ်မှူး ရူနီမှာ ခေါင်းဆောင်မှုစွမ်းရည်မရှိဟု အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ရှုတ်ချလိုက်ပြီး WWE နပန်းပွဲတွင် နပန်းသမားအား ပါးရိုက်ခဲ့သည့်အတွက်လည်း ဝေဖန်လိုက်သည်။

    ယနေ့မနက်တွင် ပီအက်စ်ဗီအသင်းအား ဂိုးမရှိသရေ ကျခဲ့ပြီးနောက် ဗန်ဂါးလ်၏မန်ယူမှာ အုပ်စုအဆင့်မှ တက်ရေးအတွက် မသေချာတော့ပေ။ ရူနီမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ မန်ယူအတွက် နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။

    “၀ိန်းဟာ စိတ်တည်ငြိမ်မှုမရှိသလို၊ ခေါင်းဆောင်မှု အရည်အချင်းလည်း မရှိပါဘူး။ ဒါပေမယ့် သူတစ်ယောက်တည်း အပြစ်ရှိတာတော့ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်မှာ ၀ိန်းရဲ့ သမိုင်းကိုကြည့်ရင်တော့ မယုံနိုင်စရာပါပဲ။ ဂိုးသွင်းနှုန်းကလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် အခုတော့ သူက အသင်းခေါင်းဆောင်ဖြစ်နေပြီး တာဝန်ခံနိုင်မှု ပိုရှိရပါမယ်။ ပြီးတော့ သူဟာ တော်တော်လေး ပိုလုပ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် နပန်းသမားတစ်ဦးအား ပါးရိုက်မှုနှင့် ပတ်သက်၍လည်း ရွိုင်ကိန်းက “ကွင်းပြင်ပမှာ ဘာတွေလုပ်လဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် ကစားသမားအချို့ကိုလောက်ပဲ မေးခွန်းထုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က သူ (ရူနီ) ဟာ နပန်းသမားတစ်ယောက်ပို ပါးရိုက်လိုက်တယ်။ ‘ဘာ့ကြောင့် သူ ဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေလုပ်လဲ’ ဆိုပြီး ကျွန်တော် စဉ်းစားပါတယ်။ သူ့အတွက် ဘာမှ အကျိုးမရှိဘူးလေ” ဟု ဝေဖန်ပြောကြားခဲ့သည်။

    Ref: Goal

  • ကစားသမားဖြည့်တင်းရန် တွန့်ဆုတ်နေသည်ဟူသော ဝေဖန်မှုများကို ၀င်းဂါး ပြက်ရယ်ပြု

    ကစားသမားဖြည့်တင်းရန် တွန့်ဆုတ်နေသည်ဟူသော ဝေဖန်မှုများကို ၀င်းဂါး ပြက်ရယ်ပြု

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    winger

    – ဒဏ်ရာအနာတရများနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်မှာ လာမည့် ဇန်န၀ါရီတွင် အင်အားဖြည့်တင်းဖွယ်မရှိဟု ပြောကြားနေမှုများအား နည်းပြ အာဆင်ဝင်းဂါးက ပြက်ရယ်ပြုလိုက်ပြီး မိမိအနေဖြင့် ငွေကြေးသုံးစွဲခြင်းကို ကြိုက်နှစ်သက်သည်ဟု ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် အာဆင်နယ်၏ အဓိက ကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၀င်းဂါးမှာ အသင်းအား အင်အားဖြည့်တင်းရန်အတွက် တွန့်ဆုတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

    “ကျွန်တော့်မိတ်ဆွေတွေကတော့ ဒီလိုမထင်ပါဘူး။ တစ်ည ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ပြီး ကျွန်တော် ငွေသုံးတာ ကြိုက်တယ်ဆိုတာကို မြင်ရစေမယ်” ဟု ထိုဝေဖန်မှုများနှင့် ပတ်သက်၍ ၀င်းဂါးက တုန့်ပြန်ပြောဆိုလိုက်သည်။

    အာဆင်နယ်မှာ လက်ရှိအချိန်တွင် ၀ီလီယံ ကာဗာလ်ဟိုနှင့် လာစ် ဘန်ဒါတို့ကဲ့သို့ ကစားသမားများ အပါအ၀င် နောက်ခံလူများကို ဆက်သွယ်နေကာ ဇန်ဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူရန် ကြိုးစားနေသည်။

    Ref: Goal

  • ဗန်ဂါးလ်ကို ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု လက်စတာနည်းပြပြော

    ဗန်ဂါးလ်ကို ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု လက်စတာနည်းပြပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    van

    – စပိန်တွင် ရှိစဉ်အခါက ဗန်ဂါးလ်ကိုင်တွယ်သည့် အသင်းအား မိမိက ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    လက်ရှိတွင် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေသည့် လက်စတာစီးတီးအသင်းမှာ စနေနေ့တွင် မန်ယူအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ရာနီရေးနီမှာ ၁၉၉၉ ခုနှစ်က ဗလင်စီယာအား ကိုင်တွယ်နေသည့်အချိန် ဗန်ဂါးလ်ကိုင်တွယ်သည့် ဘာစီလိုနာအသင်းကို ၁၀ ရက်အတွင်း ၃ ပွဲတိတိ ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်။

    “ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ၂၄ ရက်နေ့မှာ မက်စ်တဲလားကွင်းမှာ ဒုတိယအကျော့ အဖြစ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၂၇ ရက်နေ့မှာလည်း နျူးကမ့်က လာလီဂါပွဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဖိုင်နယ်မှာ အက်သလက်တီကိုကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ကစားပြီး ရာသီအဆုံးမှာ ကျွန်တော်တို့ ဘုရင့်ဖလားကို ရရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အသင်းက တော်တော် တောင့်တင်းပါတယ်” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    လက်စတာမှာ ပရီးမီးယားလိဂ် ၁၃ ပွဲတွင် တစ်ပွဲသာရှုံးထားပြီး မန်ယူအား ၁ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားသည်။

    “ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ မန်ယူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အင်အားကြီးအသင်း ဖြစ်တယ်။ ပြီးတော့ ဗန်ဂါးလ်ကလည်း အကောင်းဆုံးနည်းပြထဲက တစ်ဦးပါပဲ”

    Ref: Goal

  • ဒဏ်ရာရသော်လည်း ကစားအားလျော့မည်မဟုတ်ဟု အဂူရိုပြော

    ဒဏ်ရာရသော်လည်း ကစားအားလျော့မည်မဟုတ်ဟု အဂူရိုပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    man

    – အကင်းမသေသေးသော ဒဏ်ရာအားများ ပျောက်ကင်းရန်အတွက် မိမိ၏ ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။

    အဂူရိုမှာ မန်စီးတီးသို့ ရောက်ရှိလာကတည်းက ဒူးနှင့် တံကောက်ကြောဒဏ်များကြောင့် ရာသီတိုင်းတွင် အနားယူရလေ့ရှိသည်။ သို့သော်လည်း အဂူရိုကမူ မိမိ၏ အင်တိုက်အားတိုက်ကစားပုံကို လျော့သွားမည်မဟုတ်ဟု ဆိုသည်။

    “တွန်းတွန်းတိုက်တိုက် ကစားပုံကို ကြည့်ပြီးတော့ တိုင်းတာလို့ မရပါဘူး။ ကျွန်တော်ဟာ အမြဲတမ်း အမြင့်ဆုံး အင်အားနဲ့ပဲ ကစားပါတယ်။ အခြားနည်းလမ်းနဲ့ကစားဖို့ ကျွန်တော် မစဉ်းစားဖူးပါဘူး။ တစ်ခါတစ်ရံမှာ ကံမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဆုံးစွန်ဆုံး ဆုလာဘ်က အကောင်းဆုံးပေးဆပ်မှ ရတာပါ။ ဒဏ်ရာရတာကတော့ ကျွန်တော့အတွက် ရှက်စရာပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ကြွက်သားဒဏ်ရာ မရတာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် ဖြစ်ရင်လည်းဖြစ်ပါစေ ကျွန်တော်တို့ရဲ့ ကစားအားကိုတော့ မလျော့ပါဘူး” ဟု အဂူရိုက ပြောကြားခဲ့သည်။

    Ref: Goal