News @ M-Media
Tag: EPL 2015-16
  • ပရီးမီးယားလိဂ် ဆောင်းရာသီအနားမပေးမှုကို ဗန်ဂါးလ် ပြစ်တင်
    ပရီးမီးယားလိဂ် ဆောင်းရာသီအနားမပေးမှုကို ဗန်ဂါးလ် ပြစ်တင်
    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media
    mu
    – အင်္ဂလိပ်ဘောလုံးလောကတွင် ဆောင်းရာသီ အနားပေးမှုမရှိခြင်းက ဆိုးရွားသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်လိုက်ပြီး ယခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့တွင် ကစားသမားများ ထပ်မံ ဖြည့်တင်းသွားမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
    ဥရောပလိဂ်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်မှာ ဆောင်းရာသီနားချိန်မပေးသည့် တစ်ခုတည်းသော လိဂ်ပြိုင်ပွဲဖြစ်ပြီး ဘောလုံးသမားများ ပင်ပန်းနွမ်းနယ်မှုကြောင့် ထိုကဲ့သို့ အနားပေးရန် အသင်းများမှ တောင်းဆိုမှုများလည်း နောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။
    “ဆောင်းရာသီနားချိန်မရှိဘူး။ ဒီယဉ်ကျေးမှုဟာ အဆိုးဝါးဆုံးကိစ္စတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် မကောင်းပါဘူး။ ကလပ်အသင်းတွေ၊ နိုင်ငံအသင်းတွေအတွက်လည်း မကောင်းပါဘူး။ ဒါကို ပြောင်းလဲသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတာ ဘယ်လောက်ကြာပြီလဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကစားသမားတွေဟာ ရာသီအဆုံးမှာ မောပမ်းနွမ်းနယ်နေလို့ ဖြစ်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ
    ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ
    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media
    ronney
    – လာမည့် စနေနေ့တွင် အသက် ၃၀ ပြည့်မည်ဖြစ်သော်လည်း မိမိအနေဖြင့် လာမည့်နှစ်အတော်ကြာ ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    အသက် ၁၆ နှစ်အရွယ် ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့် ပွဲထွက်ခွင့်ရရှိခဲ့သော ရူနီမှာ အနိမ့်အမြင့် အတက်အကျများဖြင့် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ရသည်မှာ ၁၄ နှစ် ရှိလာခဲ့ပြီဖြစ်သည်။
    “ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်ဟာ အဆင်ပြေပြီး၊ အသက် ၃၀ ပြည့်မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာ ကြီးကျယ်တဲ့ မွေးနေ့တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့် ဘောလုံးသမားဘ၀အတွက်ဆိုရင်တော့ ကျွန်တော်ဟာ တော်တော်ငယ်သေးပြီး နောက်ထပ် နှစ်အတော်များများ ကစားလို့ရပါသေးတယ်” ဟု ရူနီက ပြောကြားခဲ့သည်။
    Ref: Goal
  • ကလော့ပ်ရောက်မည်ဟု သိပါက စတာလင် လီဗာပူးလ်တွင် ဆက်ရှိနိုင်သည်ဟု အေးဂျင့်ပြော
    ကလော့ပ်ရောက်မည်ဟု သိပါက စတာလင် လီဗာပူးလ်တွင် ဆက်ရှိနိုင်သည်ဟု အေးဂျင့်ပြော
    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media
    sterling
    – လီဗာပူးနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာ်၏ နေရာတွင် ဂျာဂန်ကလော့ပ်အား အစားထိုးမည်ဟု သိရှိရပါက ရဟီးမ် စတာလင်မှာ လီဗာပူးတွင် ဆက်ရှိကောင်း ဆက်ရှိနိုင်သည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ အေဒီ ၀ါ့ဒ်က ပြောကြားလိုက်ပြီး ကလော့ပ်မှာ စတာလင်နှင့် လုံးဝ လိုက်ဖက်မည်ဟု ဆိုသည်။
    အသက် ၂၀ အရွယ် အင်္ဂလန်တိုက်စစ်မှူးမှာ ယခုနှစ်နွေရာသီတွင် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်မှ ထွက်ခွာရသည့် အဓိကအကြောင်းအရင်းမှာ ရော်ဂျာရှိနေခြင်းကြောင့်ဟု ဆိုသည်။
    “လီဗာပူးလ်နည်းပြအသစ်က ရဟီးမ်နဲ့ လုံးဝ လိုက်ဖက်မှာပါ။ သူက ငြင်သာတယ်၊ စည်းကမ်းကြီးတယ်၊ အကြံသစ်ဥာဏ်သစ်ရှိတယ်၊ အသစ်အသစ်တွေကို စမ်းကြည့်ဖို့ မကြောက်ဘူး။ သူဟာ လီဗာပူးမှာ ကြီးကျယ်လာမှာပါ။ ကလော့လက်အောက်မှာ ရဟီးမ်ဟာ ကောင်းမွန်တဲ့ အခြေအနေ ရှိမလားဆိုလာရင်တော့ – ဟုတ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း ရှိမှာပါပဲ” ဟု အေးဂျင့် ၀ါ့ဒ်က ပြောခကြားခဲ့သည်။
    Ref: Goal
  • အောင်မြင်ကျော်ကြားသော်လည်း မိမိမှာ မပျော်ရွှင်ဟု တိုးယေးပြော
    အောင်မြင်ကျော်ကြားသော်လည်း မိမိမှာ မပျော်ရွှင်ဟု တိုးယေးပြော
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    toure
    – မိမိ၏ အောင်မြင်မှုများ၊ ၀င်ငွေများကိုကြည့်၍ လူများက မိမိမှာ ပျော်ရွှင်နေသည်ဟု ထင်မြင်နေကြသော်လည်း တကယ်တမ်းတွင် မိမိမှာ မပျော်ရွှင်ဟု မန်စီးတီး၏ ကွင်းလယ်ဗိုလ်ချုပ် ယာယာတိုးယေးက ပြောကြားလိုက်သည်။
    ဘာစီလိုနာမှ ၂၀၁၀ ပြည့်နှစ်တွင် မန်စီးတီးတို့ ရောက်ရှိလာခဲ့သည့် တိုးယေးမှာ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ FA ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးတို့ကို မန်စီးတီးနှင့်အတူ ဆွတ်ခူး ရရှိထားသည်။ လက်ရှိတွင် တစ်ပတ်ပေါင် ၂၂၀၀၀၀ ဖြင့် စာချုပ် ၁၈ လ ကျန်နေသေးပြီး တိုးယေးကမူ မီဒီယာများမှာ မိမိအား ဦးတည်၍ ဝေဖန်နေသည်ဟုလည်း ထင်မြင်နေသည်။
    “တစ်ခါတစ်ရံကျရင် ကျွန်တော် တော်တော်လေး မပျော်ရွှင်ဘူးလို့ ခံစားရပါတယ်။ ၂၀၁၀ ခုနှစ်မှာ မန်စီးတီးကို ရောက်လာတဲ့အခါ ကျွန်တော်က ဘောလုံးလောကကို သတ်ပစ်မယ်လို့ လူတွေပြောတာ ကျွန်တော်ကြားခဲ့ပါတယ်။ ဂျာနယ်လစ်တွေကလည်း ကျွန်တော့်လစာအကြောင်း ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဒီကလပ်မှာရှိနေတာဟာ တိုးတက်ဖို့နဲ့ ဖလားတွေရအောင် ကူညီဖို့ပါ။ လူတော်တော်များများက ကျွန်တော်ဒါမျိုးပြောရင် ရယ်ကျဲ့ကျဲ့လုပ်ကြပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။
    Ref: Dailymail
  • ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်နိုင်တဲ့ လီဗာပူးလ်၊ မော်ရင်ဟို ဖိအားလျော့ခဲ့ပြီး၊ ရူနီ ဂိုးပေါက်ပြန်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉
    ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်နိုင်တဲ့ လီဗာပူးလ်၊ မော်ရင်ဟို ဖိအားလျော့ခဲ့ပြီး၊ ရူနီ ဂိုးပေါက်ပြန်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉
    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ နည်းပြသစ်နဲ့ အားလုံးက စောင့်ကြည့်နေကြတဲ့ လီဗာပူးလ်အသင်း သရေသာ ရခဲ့ပြီး၊ ချယ်ဆီးကတော့ ဇယားအောက်နားက အက်စတွန်ဗီလာကို အနိုင်ရကာ အသက်ရှူချောင်ခဲ့ပါတယ်။
    စနေနေ့မှာ ပထမဆုံး ကစားခဲ့တဲ့ လီဗာပူးလ်တို့ ဒီရာသီမှာ မတွေ့ရသေးတဲ့ ကစားအားမျိုးကို ပြန်တွေ့ခဲ့ရပါတယ်။ ပထမပိုင်း စောစောပိုင်း အချိန်တွေမှာ ကစားပုံ တော်တော်လေးကောင်းခဲ့တဲ့လီဗာပူးလ် အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့ပါသေးတယ်။ ဒါပေမယ့် ဂိုးအဖြစ်တော့ မပြာင်းလဲနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ စပါးက သူတင်ကိုယ်တင် ပြန်ကစားနိုင်ခဲ့ပေမယ့် သရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
    epl 2
    ဒီယေဂိုကော်စတာရဲ့ဂိုး၊ အလန်ဟူတန်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ အက်စတွန်ဗီလာကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ချယ်ဆီးတို့ကစားပုံက လိုအပ်ချက်တွေအများကြီး ရှိနေတုန်းပါပဲ။ ပွဲအပြီးမှာလည်း မော်ရင်ဟိုက အသင်းသားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာလေ စွမ်းဆောင်ရည်က ကျသွားလေပဲလို့ ညည်းတွားခဲ့ပါတယ်။ ငါးပွဲဆက်တိုက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဗီလာနည်းပြ တင်ရှားဝုဒ်အပေါ်မှာတော့ ဖိအားတွေ များလာပြီဖြစ်ပါတယ်။
    epl 3
    ပြီးခဲ့တဲ့ပွဲမှာ အာင်ဆင်နယ်ကို အရှုံးပေးခဲ့ရတဲ့ မန်ယူတို့ အဲဗာတန်ကို အဝေးကွင်းမှာ ရှနိုက်ဒါလင်၊ ဟာရဲရားနဲ့ ရူနီတို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မန်ယူဂိုးသမား ဒီဂီယာဟာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပြီး လူကာကူ၊ ရော့စ်ကာကလေတို့ရဲ့ ကန်သွင်းချက်တွေအပါအ၀င် အိမ်ရှင်အသင်းရဲ့ အပိုင်ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့တာကြောင့်လည်း မန်ယူတို့ ရလဒ်ပြတ်သားခဲ့တာ ဖြစ်ပါတယ်။ ရူနီကတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း အသင်းဟောင်းဘက်ကို ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့တာပါပဲ။
    ဒီရာသီမှာ အသင်းကြီးတွေကို အဝေးကွင်းမှာ ဒုက္ခပေးတတ်တဲ့ ၀က်စ်ဟမ်းဟာ ဒီတစ်ပတ်မှာလည်း ခြေစွာနေတဲ့ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲရှုံးခဲ့ပြီး ခြေစွမ်းပျက် နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်က အံ့သြစရာကောင်းလောက်တဲ့ ကစားပုံကို ပြသခဲ့ပြီး နော်ဝစ်ခ်ျကို ဂိုးမိုးရွာခဲ့ပါတယ်။ အိမ်ရှင်တို့ရခဲ့တဲ့ ၆ ဂိုးမှာ ၄ ဂိုးကို ဂျီအော်ဂီနီယို ၀စ်ဂျနာလ်ဒမ်က သွင်းယူပေးခဲ့ပြီး အသင်းရဲ့ ဂန္တ၀င်တိုက်စစ်မှူး အလန်ရှီးယားရားပြီးနောက် တစ်ပွဲထဲမှာ ၄ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် နယူးကာဆယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
    ဇယားထိepl 4ပ်က မန်စီးတီးကတော့ အိမ်ကွင်းမှာ တန်းတက်ဘုန်းမောက်ကို သာသာယာယာပဲ ၅ ဂိုးသွင်းပြီး လိဂ်ကို ဆက်လက်ဦးဆောင်နေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၀-၀ လီဗာပူးလ်
    ချယ်ဆီး ၂-၀ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၁-၃ ၀က်စ်ဟမ်း
    အဲဗာတန် ၀-၃ မန်ယူ
    မန်စီးတီး ၅-၁ ဘုန်းမောက်
    ဆောက်သက်တမ် ၂-၂ လက်စတာ
    နယူးကာဆယ် ၆-၂ နော်ဝစ်ခ်ျ