အောက်တိုဘာ ၂၃၊ ၂၀၁၅
M-Media
– အင်္ဂလိပ်ဘောလုံးလောကတွင် ဆောင်းရာသီ အနားပေးမှုမရှိခြင်းက ဆိုးရွားသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်လိုက်ပြီး ယခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့တွင် ကစားသမားများ ထပ်မံ ဖြည့်တင်းသွားမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
ဥရောပလိဂ်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်မှာ ဆောင်းရာသီနားချိန်မပေးသည့် တစ်ခုတည်းသော လိဂ်ပြိုင်ပွဲဖြစ်ပြီး ဘောလုံးသမားများ ပင်ပန်းနွမ်းနယ်မှုကြောင့် ထိုကဲ့သို့ အနားပေးရန် အသင်းများမှ တောင်းဆိုမှုများလည်း နောက်ပိုင်းတွင် မြင့်တက်လာခဲ့သည်။
“ဆောင်းရာသီနားချိန်မရှိဘူး။ ဒီယဉ်ကျေးမှုဟာ အဆိုးဝါးဆုံးကိစ္စတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် မကောင်းပါဘူး။ ကလပ်အသင်းတွေ၊ နိုင်ငံအသင်းတွေအတွက်လည်း မကောင်းပါဘူး။ ဒါကို ပြောင်းလဲသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရတာ ဘယ်လောက်ကြာပြီလဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကစားသမားတွေဟာ ရာသီအဆုံးမှာ မောပမ်းနွမ်းနယ်နေလို့ ဖြစ်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.