အောက်တိုဘာ ၁၉၊ ၂၀၁၅
M-Media
– မိမိ၏ အောင်မြင်မှုများ၊ ၀င်ငွေများကိုကြည့်၍ လူများက မိမိမှာ ပျော်ရွှင်နေသည်ဟု ထင်မြင်နေကြသော်လည်း တကယ်တမ်းတွင် မိမိမှာ မပျော်ရွှင်ဟု မန်စီးတီး၏ ကွင်းလယ်ဗိုလ်ချုပ် ယာယာတိုးယေးက ပြောကြားလိုက်သည်။
ဘာစီလိုနာမှ ၂၀၁၀ ပြည့်နှစ်တွင် မန်စီးတီးတို့ ရောက်ရှိလာခဲ့သည့် တိုးယေးမှာ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ FA ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးတို့ကို မန်စီးတီးနှင့်အတူ ဆွတ်ခူး ရရှိထားသည်။ လက်ရှိတွင် တစ်ပတ်ပေါင် ၂၂၀၀၀၀ ဖြင့် စာချုပ် ၁၈ လ ကျန်နေသေးပြီး တိုးယေးကမူ မီဒီယာများမှာ မိမိအား ဦးတည်၍ ဝေဖန်နေသည်ဟုလည်း ထင်မြင်နေသည်။
“တစ်ခါတစ်ရံကျရင် ကျွန်တော် တော်တော်လေး မပျော်ရွှင်ဘူးလို့ ခံစားရပါတယ်။ ၂၀၁၀ ခုနှစ်မှာ မန်စီးတီးကို ရောက်လာတဲ့အခါ ကျွန်တော်က ဘောလုံးလောကကို သတ်ပစ်မယ်လို့ လူတွေပြောတာ ကျွန်တော်ကြားခဲ့ပါတယ်။ ဂျာနယ်လစ်တွေကလည်း ကျွန်တော့်လစာအကြောင်း ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဒီကလပ်မှာရှိနေတာဟာ တိုးတက်ဖို့နဲ့ ဖလားတွေရအောင် ကူညီဖို့ပါ။ လူတော်တော်များများက ကျွန်တော်ဒါမျိုးပြောရင် ရယ်ကျဲ့ကျဲ့လုပ်ကြပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.