News @ M-Media

Tag: EPL 2015-16

  • ဆန်းဒါးလန်းနည်းပြသစ် ဆန်အလာဒိုက်စ်ဖြစ်လာ

    ဆန်းဒါးလန်းနည်းပြသစ် ဆန်အလာဒိုက်စ်ဖြစ်လာ

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    sund

    – နည်းပြအဒ်ဗိုကတ်အား ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်နေသော နည်းပြနေရာအတွက် ဆန်းဒါးလန်းအသင်းမှာ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ နည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။

    အဒ်ဗိုကတ်လက်ထက် ပြီးခဲ့သည့်နှစ်က ဆန်းဒါးလန်မှာ တန်းဆင်းဇုန်မှ ကံကောင်းထောက်မစွာ လွတ်ခဲ့သော်လည်း ရာသီသစ်တွင် ယခုအချိန်အထိ နိုင်ပွဲမရသေးဘဲ အဆင့် ၁၉ နေရာတွင် ရှိနေသည်။ အလာဒိုက်စ်မှာလည်း ၀က်စ်ဟမ်းအသင်းနှင့် ပြီးခဲ့သည့်ရာသီက လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

    “ဘောလုံးလောကကနေ ခဏနားလိုက်ရတာကို ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ အခုတော့ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်ဟာ အီလစ်(ဆန်းဒါးလန်းတာဝန်ရှိသူ) နဲ့ တွေဆုံခဲ့ပြီး အသင်းအကြောင်း တော်တော်ပြောဖြစ်ပါတယ်။ သူရဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြောခဲ့ပြီး ကျွန်တော်က အဲဒီရည်ရွယ်ချက်တွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်ခဲ့ပါတယ်။ အသင်းတည်ငြိမ်မှုနဲ့ အားလုံးလိုချင်နေတဲ့ အောင်မြင်မှုကို ကျွန်တော် ယူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Goal

  • လေးနှစ်အတွင်း ဖလားရမည်ဟု လီဗာပူးလ်နည်းပြသစ်ပြော

    လေးနှစ်အတွင်း ဖလားရမည်ဟု လီဗာပူးလ်နည်းပြသစ်ပြော

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    liver

    – လီဗာပူးလ်အသင်းအား လေးနှစ်အတွင်း ဖလားရစေမည်ဟု နည်းပြသစ်ကလော့ပ်က အခိုင်အမာ ဆိုခဲ့ပြီး ထိုကဲ့သို့ မလုပ်နိုင်ပါက ဆွစ်ဇာလန်သို့ ပြန်တော့မည်ဟု ပြောကြားခဲ့သည်။

    ယနေ့မနက် နည်းပြအဖြစ် မီဒီယာများနှင့် တရားဝင်တွေ့ဆုံမှုတွင် ကလော့ပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အသင်းအား ဖလားစိန်ခေါ်သူအဖြစ် ပုံသွင်းရေး စိတ်ရှည်ရန်နှင့် အချိန်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် မိမိ၏ လီဗာပူးလ်နည်းပြသက်တမ်းတွင် လီဗာပူးလ်အား အနည်းဆုံး ဆုဖလားတစ်ခုကို ရယူပေးသွားမည်ဟု ယုံကြည်ချက်ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “မနေ့ညက ကျွန်တော်တို့ စာချုပ်ကို လက်မှတ်ထိုးတယ်။ ဒီနေ့မနက်မှာတော့ လီဗာပူးအသင်းရဲ့ နည်းပြအဖြစ် ကျွန်တော် နိုးလာပါတယ်။ အလုပ်လုပ်ဖို့အတွက် ကျွန်တော်တို့ကို အချိန်ပေးကြပါ။ ဒါပေမယ့် ကျွန်တော် ဒီမှာ လေးနှစ်နေတဲ့အတွင်း ဖလားတစ်လုံးလောက်တော့ ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲလိုမှ မရရင်တော့ ဆွစ်ဇာလန်မှာပဲ ရတော့မှာပါ” ဟု ကလော့ပ်က ဆိုသည်။

    လီဗာပူးလ်ရုပ်သံနှင့် အင်တာဗျူးတွင် ကလော့ပ်က မိမိမှာ အသင်း၏ ယခုလူစာရင်းအား ကျေနပ်မိပြီး မက်ဆီနှင့် ရော်နဒိုတို့အား ခေါ်ယူရန် ဆောင်ရွက်သွားမည် မဟုတ်ဘဲ၊ ယခုအချိန်မှစ၍ ကြိုးစားအားထုတ်မှု စတင်ပြီဟု ပြောကြာဲး့သည်။

    “အခု ကျွန်တော်တို့ အလုပ်စလုပ်ပါပြီ။ ကျွန်တော်ဟာ စိတ်ကူးယဉ်သမားတစ်ယောက် မဟုတ်ပါဘူး။ ခရစ္စတီယာနို ဒါမှမဟုတ် လီယွန်နဲလ်တို့ကို ကျွန်တော် မလိုချင်ပါဘူး။ အသင်းမှာ အဲဒီနှစ်ယောက်စလုံးလည်း မရှိချင်ပါဘူး။ လက်ရှိ လူစာရင်းကိုပဲ လိုချင်ပါတယ်။ အသင်းသားတွေအတွက် ဒါဟာ ဆုံးဖြတ်ချက်ပါပဲ။ အခု ကျွန်တော်တို့ အလုပ်စပါပြီ”

    Ref: Goal

  • ဒေါ့မွန်နည်းပြဟောင်းကလော့ပ် လီဗာပူးလ်နှင့် စာချုပ်ချုပ်ဆို

    ဒေါ့မွန်နည်းပြဟောင်းကလော့ပ် လီဗာပူးလ်နှင့် စာချုပ်ချုပ်ဆို

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    liver

    – ဒေါ့မွန်အသင်း၏ နည်းပြဟောင်းဖြစ်သူ ဂျာဂန်ကလော့ပ်မှာ ယမန်နေ့က တစ်နှစ်လစာ ပေါင် ၆ သန်းဖြင့် လီဗာပူးအသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။

    ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဒေါ့မွန်မှ စင်းလုံးငှားလေယာဉ်ဖြင့် မာဆေးဆိုက်သို့ မိသားစုနှင့်အတူ ရောက်ရှိလာသည့် ကလော့ပ်မျာ စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် လီဗာပူးလ်ဥက္ကဌ တွမ်ဝါနာပါအ၀င် အသင်းတာဝန်ရှိသူများနှင် ညစာ စားခဲ့ကြသည်။

    ယနေ့မနက် ၁၀ နာရီတွင် ကလော့ပ်မှာ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။

    Ref: Dailymail

  • လီဗာပူးလ်နည်းပြသစ်ကို သောကြာနေ့တွင် တရားဝင်ခန့်အပ်မည်

    လီဗာပူးလ်နည်းပြသစ်ကို သောကြာနေ့တွင် တရားဝင်ခန့်အပ်မည်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    liver

    – အဲဗာတန်အား ၁ ဂိုးစီသရေကျပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းက ထုတ်ပယ်ခံလိုက်ရသည့် လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၏နေရာတွင် အစားထိုးရန် ဂျာမန်ကလပ် ဒေါ့မွန်အသင်းနည်းပြဟောင်း ဂျာဂန် ကလော့ပ်နှင့် လီဗာပူးလ်တို့ သဘောတူညီချက် ရရှိထားပြီး သောကြာနေ့တွင် တရားဝင် ခန့်အပ်သွားမည်ဟု သိရသည်။

    ကလော့ပ်အား လီဗာပူးလ်အသင်းက ဆက်သွယ်နေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်များကတည်းက သတင်းထွက်ပေါ်နေပြီး ၎င်းနှင့် လီဗာပူးလ်တို့အကြား စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်း မရှိသေးသော်လည်း အနည်းဆုံး ၃ နှစ်စာချုပ် ချုပ်ဆိုရန် ရှိနေသည်ဟု Dailymail သတင်းစာက ဖော်ပြခဲ့သည်။

    ဒေါ့မွန်တွင် အတူတွဲလုပ်ခဲ့သော လက်ထောက်နည်းပြ ဇဲလ်က်ဂျို ဘူဗက်စ်နှင့် ပီတာ ကရာဝစ်ဇ်တို့မှာ ကလော့ပ်နှင့်အတူ လီဗာပူးလ်သို့ ပါလာဖွယ် ရှိနေသည်။ လီဗာပူးလ်၏ ဂန္တ၀င်ကစားသမားဖြစ်ပြီး အသင်း၏ သံတမန်အဖြစ် ဆောင်ရွက်နေသူ ရော်ဘီဖောင်လာကလည်း မိမိအနေဖြင့် ကလော့ပ်နှင့် လက်တွဲချင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဖာဂူဆန်အနားမယူခင် မိမိနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု မော်ရင်ဟိုပြော

    ဖာဂူဆန်အနားမယူခင် မိမိနှင့် ဆွေးနွေးခဲ့ဖူးသည်ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    mrh

    – မန်ယူမှ ဖာဂူဆန် အနားယူမည့်အကြောင်း တရားဝင် ထုတ်ဖော်မပြောကြားခင် မိမိနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မိမိအနေဖြင့် မန်ယူထက် ချယ်ဆီးကိုသာ ရွေးချယ်လိုခဲ့ကြောင်း မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ရီးယဲလ်မှ ထွက်လာခဲ့သည့် မော်ရင်ဟိုမှာ မန်ယူမှ ဖာဂူဆန်ထွက်သွားပြီး တစ်လအကြာ ၂၀၁၃ ခုနှစ်ဇွန်လက ချယ်ဆီးသင်းနှင့် ၄ နှစ်စာချုပ်ချုပ်ကာ ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်ကမူ မိမိအား ၎င်း၏နေရာအတွက် အစားထိုးနိုင်မည့်သူအဖြစ် ယူဆသော်လည်း မိမိက ချယ်ဆီးကိုသာလျှင် သွားချင်ကြောင်း ဖာဂူဆန်ကိုယ်တိုင် သိနေသည်ဟု မော်ရင်ဟိုက ဆိုသည်။

    “ကမ္ဘာပေါ်က နည်းပြတိုင်းဟာ မန်ယူကို အသင်းကြီးတစ်သင်းလို့ မြင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်ဆီးကိုသာ နည်းပြချင်တာပါ။ ကျွန်တော်တို့ ဒီကိစ္စကို အကျေအလည် မဆွေးနွေးခဲ့ကြပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့ကြပြီး ကျွန်တော်နဲ့ ပတ်သက်ပြီးတော့လည်း သူ(ဖာဂူဆန်)က တော်တော် များများသိနေသလို၊ ရီးယဲလ်ကို စွန့်ခွာပြီး ချယ်ဆီးကို လာချင်တယ်ဆိုတာလည်း သူသိပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းအနားယူတော့မည်ဆိုသည့် လျှို့ဝှက်ချက်ကို ဖာဂူဆန်က မိမိအား ပြောပြခဲ့ကြောင်း၊ မိမိအနေဖြင့် ကြောက်ရွံ့မိခဲ့ပြီး မီဒီယာတွင် တရားဝင်ဖွင့်ပြောမှ စိတ်သက်သာရာရခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal