News @ M-Media

Tag: EPL 2015-16

  • ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ရန် ၀င်းဂါးယုံကြည်နေဆဲ

    ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ရန် ၀င်းဂါးယုံကြည်နေဆဲ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    winger

    – ရာသီအစ မတည်ငြိမ်မှုများနှင့် ကြုံတွေ့ရသော်လည်း အာဆင်နယ်အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု နည်းပြအာဆင်ဝင်းဂါးက ယုံကြည်နေသည်။

    အာဆင်နယ်မှာ မနက်ဖြန်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် မန်ယူနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိတို့ နှစ်သင်းကြားရှိ အမှတ်ကွာဟမှုက ယခုကဲ့သို့ ရာသီအစပိုင်း တွေ့ဆုံမှုတွင် အကျိုးသက်ရောက်မှု မရှိနိုင်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ မန်ယူနဲ့ ၃ မှတ်ကွာနေတယ်။ သူတို့ကို အိမ်ကွင်းမှာကစားရမယ်။ ပရီးမီးယားလိဂ်ကို မရနိုင်ပါဘူးလို့ ကျွန်တော်ပြောရင် ခင်ဗျားဘာပြောမလဲ။ ခင်ဗျား ကျွန်တော့်ကို ဗျင်းမှာပေါ့။ ကျွန်တော်တို့ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲ ကစားမယ်။ ပြီးခဲ့တဲ့ပွဲမှာ လက်စတာကို ၅ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ လုံးဝ ကျသွားမယ်လို့ ကျွန်တော် မထင်ပါဘူး။ လိဂ်မှာ ၃၊ ၄ ပွဲလောက် ကျွန်တော်တို့ ကောင်းခဲ့ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    rodger

    – အသင်း၏ ကျဆင်းမှုများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည်ကို မိမိအနေဖြင့် စိုးရိမ်ခြင်းမရှိဘဲ၊ မိမိ၏ အလုပ်မှာ မည်သည့်အန္တရာယ်မှ မရှိဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက အဆင့် ၆ ဖြင့် ရာသီသိမ်းခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် စွမ်းဆောင်ရည် ကောင်းမွန်လာခြင်းမရှိဘဲ ရှုံးပွဲများနှင့်အတူ အဆင့် ၉ နေရာတွင် ရှိနေကာ ရော်ဂျာ၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်လုပ်နေတာနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တနင်္ဂနွေနေ့ပွဲမှာ အဲဗာတန်ကို နိုင်ဖို့ပါပဲ။ ဘုတ်အဖွဲ့က ကျွန်တော့်နေရာအတွက် အာမခံချက်မရှိတော့ဘူးလို့ ဖော်ပြတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ မက်ဆေ့ခ်ျတွေနဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ပြီး အမှုဆောင်အကြီးအကဲ အီယန် အိုရီနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ အပြောင်းအလဲ ဒါမှမဟုတ် ဘာထူးခြားမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goals

  • မော်ရင်ဟိုနှင့် ချယ်ဆီးတွင် ပြန်လည် လက်တွဲချင်သည်ဟု လူကာကူပြော

    မော်ရင်ဟိုနှင့် ချယ်ဆီးတွင် ပြန်လည် လက်တွဲချင်သည်ဟု လူကာကူပြော

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    luka

    – အနာဂတ်တွင် မော်ရင်ဟိုနှင့် ပြန်လက်တွဲကာ ချယ်ဆီးအသင်းအတွက် ကစားချင်သည်ဟု အဲဗာတန် တိုက်စစ်မှူး ရိုမဲလူ လူကာကူက ပြောကြားလိုက်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူမှာ မော်ရင်ဟို ချယ်ဆီးသို့ပြန်ရောက်သည့် ၂၀၁၃ ခုနှစ်တွင် ချယ်ဆီးကစားသမား ဖြစ်သော်လည်း မော်ရင်ဟိုက ၎င်းအား အဲဗာတန်အသင်းသို့ ၁၂ လတာ အငှားချကာ နောက်ပိုင်းတွင် အပြတ်ရောင်းချခဲ့သည်။

    “မော်ရင်ဟိုဟာ ကျွန်တော်အလုပ်လုပ်ချင်တဲ့ နည်းပြတစ်ယောက်ပါ။ သူပြီးရင်တော့ ပက်ဂွာဒီယိုလာနဲ့ အာဆင်ဝင်းဂါးတို့ပေါ့” ဟု လူကာကူက ပြောကြားခဲ့ပြီး ရူနီကိုလည်း လေးစားအားကျကာ ၎င်းနှင့်လည်း တွဲကစားချင်သည်ဟု ဆိုသည်။

    “၀ိန်းရူနီနဲ့ ကျွန်တော် တွဲကစားချင်ပါတယ်။ သူက တော်တော်လေးကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါ။ ခေါင်းတိုက်ကောင်းတယ်။ ပြီးတော့ ဂိုး Luck လည်းရှိပါတယ်။ ကျွန်တော်တို့ မကြာခဏ ရင်ဆိုင်ဖူးပါတယ်။ ဖာဂူဆန်ကို ဂုဏ်ပြုပွဲမှာ သူနဲ့တွဲကစားဖို့ အခွင့်အရေးရခဲ့ပေမယ့် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်တော် နောင်တရနေတုန်းပါပဲ”

    Ref: Goal

  • မန်ယူဂန္တ၀င်နှစ်ဦး လာမည့်လတွင် ပြန်လက်တွဲမည်

    မန်ယူဂန္တ၀င်နှစ်ဦး လာမည့်လတွင် ပြန်လက်တွဲမည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    fgs

    – နိုင်ဝင်ဘာ ၁၄ က်နေ့တွင် အိုးထရက်ဖို့ဒ်၌ ကစားမည့် ယူနီဆက်ဖ်၏ ရန်ပုံငွေဘောလုံးပွဲတွင် မန်ယူ ဆရာတပည့်နှစ်ဦးဖြစ်သော ဖာဂူဆန်နှင့် ဒေးဗစ်ဘက်ခမ်းတို့မှာ ပြန်လည်လက်တွဲရဖွယ် ရှိနေသည်။

    ဖာဂူဆန်မှာ ဂရိဗြိတိန်နှင့် အိုင်ယာလန်မှ ကစားသမားများပါဝင်သော အသင်းကို ကိုင်တွယ်ရမည်ဖြစ်ပြီး ထိုအသင်းတွက် ဘက်ခမ်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ၎င်းတို့နှင့် ယှဉ်ပြိုင်မည့်အသင်းမှာ အန်ဆယ်လော့တီကိုင်တွယ်ပြီး ဇီဒိန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်း ဖြစ်သည်။

    အဆိုပါပွဲအတွက် လက်မှတ်ရောင်းချမှုမှ ရရှိသည့် ငွေများနှင့် အလှူငွေများကို ကမ္ဘာ့အချို့တဲ့ဆုံး ကလေးငယ်များအား ကူညီရန်အတွက် ယူနီဆက်ဖ်သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

    “ကလေးတွေဟာ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတွေမှုနဲ့ တားဆီးလို့ရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးထားပြီး ကြီးပြင်းနိုင်တဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော် လိုချင်ပါတယ်။ ဒီပွဲက အသိပညာပေးဖို့နဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့ ကလေးတွေကို ကူညီရေး ရန်ပုံငွေရဖို့အတွက် ကျွန်တော့်အတွက် အပြည့်စုံဆုံး အခွင့်အလမ်းပါပဲ” ဟု ဘက်ခမ်းက ထိုပွဲအတွက် ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူနှင့်စာချုပ်ပြည်လျှင် ဗန်ဂါးလ် အနားယူတော့မည်

    မန်ယူနှင့်စာချုပ်ပြည်လျှင် ဗန်ဂါးလ် အနားယူတော့မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – မိမိမှာ မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်၊ အာဆင်နယ်မှ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးတို့နှင့် ပုံစံခြင်းမတူဘဲ မိမိ၏ကတိကို တည်သွားမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီက မန်ယူသို့ ရောက်ရှိလာခဲ့သည့် ဗန်ဂါးလ်မှာ ၂၀၁၇ ခုနှစ် အသင်းနှင့် စာချုပ်ပြည့်လျှင် နည်းပြဘ၀မှ အနားယူသွားရန် အစီအစဉ်ရှိသည်ဟု ယခင်က ပြောကြာခဲ့ဖူးပြီး ထိုစကားအတိုင်း လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်က ဖြစ်ချင်တာတွေကို သတ်မှတ်ထားပါတယ်။ ကလပ်အသင်းတွေ နိုင်ငံအသင်းတွေက ကျွန်တော့်ကိုလိုချင်တဲ့အတွက် ကျွန်တော် အရမ်း ကံကောင်းပါတယ်။ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ကတော့ အခြားပုံစံတစ်မျိုးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က အမြဲတမ်း များများလိုချင်တာပါ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို အမြဲတမ်း ပိုပိုသာသာချထားပါတယ်။ အခုလည်း အဲဒီလိုမျိုးပါပဲ။ ကျွန်တော်နားမှာပါ။ ကျွန်တော်ပြောတာကိုပဲ အမြဲတမ်း လုပ်ပါတယ်”

    Ref: Goal