အောက်တိုဘာ ၉၊ ၂၀၁၅
M-Media
– လီဗာပူးလ်အသင်းအား လေးနှစ်အတွင်း ဖလားရစေမည်ဟု နည်းပြသစ်ကလော့ပ်က အခိုင်အမာ ဆိုခဲ့ပြီး ထိုကဲ့သို့ မလုပ်နိုင်ပါက ဆွစ်ဇာလန်သို့ ပြန်တော့မည်ဟု ပြောကြားခဲ့သည်။
ယနေ့မနက် နည်းပြအဖြစ် မီဒီယာများနှင့် တရားဝင်တွေ့ဆုံမှုတွင် ကလော့ပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အသင်းအား ဖလားစိန်ခေါ်သူအဖြစ် ပုံသွင်းရေး စိတ်ရှည်ရန်နှင့် အချိန်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် မိမိ၏ လီဗာပူးလ်နည်းပြသက်တမ်းတွင် လီဗာပူးလ်အား အနည်းဆုံး ဆုဖလားတစ်ခုကို ရယူပေးသွားမည်ဟု ယုံကြည်ချက်ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“မနေ့ညက ကျွန်တော်တို့ စာချုပ်ကို လက်မှတ်ထိုးတယ်။ ဒီနေ့မနက်မှာတော့ လီဗာပူးအသင်းရဲ့ နည်းပြအဖြစ် ကျွန်တော် နိုးလာပါတယ်။ အလုပ်လုပ်ဖို့အတွက် ကျွန်တော်တို့ကို အချိန်ပေးကြပါ။ ဒါပေမယ့် ကျွန်တော် ဒီမှာ လေးနှစ်နေတဲ့အတွင်း ဖလားတစ်လုံးလောက်တော့ ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲလိုမှ မရရင်တော့ ဆွစ်ဇာလန်မှာပဲ ရတော့မှာပါ” ဟု ကလော့ပ်က ဆိုသည်။
လီဗာပူးလ်ရုပ်သံနှင့် အင်တာဗျူးတွင် ကလော့ပ်က မိမိမှာ အသင်း၏ ယခုလူစာရင်းအား ကျေနပ်မိပြီး မက်ဆီနှင့် ရော်နဒိုတို့အား ခေါ်ယူရန် ဆောင်ရွက်သွားမည် မဟုတ်ဘဲ၊ ယခုအချိန်မှစ၍ ကြိုးစားအားထုတ်မှု စတင်ပြီဟု ပြောကြာဲး့သည်။
“အခု ကျွန်တော်တို့ အလုပ်စလုပ်ပါပြီ။ ကျွန်တော်ဟာ စိတ်ကူးယဉ်သမားတစ်ယောက် မဟုတ်ပါဘူး။ ခရစ္စတီယာနို ဒါမှမဟုတ် လီယွန်နဲလ်တို့ကို ကျွန်တော် မလိုချင်ပါဘူး။ အသင်းမှာ အဲဒီနှစ်ယောက်စလုံးလည်း မရှိချင်ပါဘူး။ လက်ရှိ လူစာရင်းကိုပဲ လိုချင်ပါတယ်။ အသင်းသားတွေအတွက် ဒါဟာ ဆုံးဖြတ်ချက်ပါပဲ။ အခု ကျွန်တော်တို့ အလုပ်စပါပြီ”
Ref: Goal


Leave a Reply
You must be logged in to post a comment.