News @ M-Media
Tag: EPL 2015-16
  • မက်ဆီနှင့် ရော်နယ်ဒိုပြီးလျှင် အဂူရိုအကောင်းဆုံးဟု ပယ်လီဂရီနီပြော
    မက်ဆီနှင့် ရော်နယ်ဒိုပြီးလျှင် အဂူရိုအကောင်းဆုံးဟု ပယ်လီဂရီနီပြော
    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media
    manci
    – မိမိအသင်း၏ အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုထက် ပိုကောင်းသူမှာ မက်ဆီနှင့် ရော်နယ်ဒိုသာ ရှိတော့သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်ရာသီက ဂိုးအများဆုံးသွင်း၍ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရခဲ့သည့် အဂူရိုမှာ စနေနေ့က နယူးကာဆယ်အား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၅ ဂိုး သွင်းယူပေးခဲ့ပြီး ယခုနှစ် ဂိုးအများဆုံးသွင်းသူများ စာရင်းတွင် ၆ ဂိုးဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    “အဂူရိုဟာ တကယ့်ကို အဲဒီအဆင့်မှာရှိတယ်ဆိုတာ (နယူးကာဆယ်နဲ့ပွဲမှာ) ကျွန်တော့်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပြီးတဲ့နောက်မှာတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ သူ့တစ်ယောက်တည်း အတွက်သာမက အသင်းအတွက် အရေးကြီးတာက ကျွန်တော်တို့ မဖြစ်မနေ ဆက်လက်တိုးတက်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ဗိုလ်စွဲဖို့လိုအပ်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အဲဒီပြိုင်ပွဲမှာ အမြဲလိုလိုပါနေပြီး
    ကစားသမားတစ်ယောက်အတွက်လည်း အရမ်းအရေးကြီးပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    Ref: Goal
  • ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်
    ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်
    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media
    mrh
    – အသင်းက ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း ကစားသမားများထံမှ ယုံကြည်မှု ဆုံးရှုံးသွားပါက မိမိအနေဖြင့် ထွက်ခွာသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    စနေနေ့က ဆောက်သက်တမ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုနှစ် ပရီးမီးယားလိဂ်၌ ချယ်ဆီး၏ စတုတ္ထမြောက် ရှုံးပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၁၆ သို့ ရောက်ရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ထိုရလဒ်များအတွက် အလွန်အမင်း စိတ်ပျက်နေသော်လည်း မော်ရင်ဟိုအား ထုတ်ပယ်ရန် အလားအလာမရှိပေ။
    “ကစားသမားတွေဆီကို ဒဲ့သွားလိုက်ပါ။ တကယ်လို့များ သူတို့က ကျွန်တော့်ကို မယုံကြည်တော့ဘူးလို့ ပြောလာရင် ကျွန်တော်တစ်ခုတည်းသော လုပ်ရမှာက နှုတ်ထွက်ဖို့ပါပဲ။ ကစားသမားတွေကိုမေးပါ။ အလိမ်အညာသတင်းတွေနောက်ကို မလိုက်ပါနဲ့။ ကစားသမားက သူ့သူငယ်ချင်းကိုပြောတယ်။ သူ့သူငယ်ချင်းက အေးဂျင့်ကိုပြောမယ်။ ကျွန်တော်က သူ့ကစားသမားကိုမသုံးလို့ အေးဂျင့်က စိတ်မချမ်းမသာဖြစ်တယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်း၏ ရာထူးနေရာနှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်သက်တမ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Dailymail
  • မယုံနိုင်စရာခြေစွမ်းနဲ့မန်ယူ၊ အဂူရိုဂိုးမြူးခဲ့ပြီး၊ ကံကြမ္မာဆိုးကို မကျော်လွှားနိုင်သေးတဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈
    မယုံနိုင်စရာခြေစွမ်းနဲ့မန်ယူ၊ အဂူရိုဂိုးမြူးခဲ့ပြီး၊ ကံကြမ္မာဆိုးကို မကျော်လွှားနိုင်သေးတဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈
    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media
    epl 1
    – ချယ်ဆီးရဲ့ ရှုံးပွဲစံချိန်သစ်၊ အာဆင်နယ်က ခါးသီးတဲ့ပြိုင်ဘက် မန်ယူကို ဂိုးပြတ်နှိပ်ကွပ်မှုတွေနဲ့အတူ ဒီတစ်ပတ်
    ပရီးမီးယားလိဂ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။
    မော်ရင်ဟိုရဲ့ ချယ်ဆီးက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ နောက်တန်းဖရိုဖရဲဖြစ်မှုနဲ့အတူ ရာသီအစ ကျရှုံးမှုတွေကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ပွဲအစ ၁၀ မိနစ်မှာပဲ ၀ီယီယံက ဖရီးကစ်ကနေ လှလှပပ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ဆောက်သက်တမ်ရဲ့ ဂိုး ၃ ဂိုးကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရတာ ဆိုးရွားလွန်းလှပါတယ်။ ဒီအရှုံးဟာ မော်ရင်ဟိုလက်ထက်မှာ အိမ်ကွင်း အဆိုးဝါးဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး သူကိုတိုင်ကလည်း အသင်းဟာ နိုးထဖို့လိုနေပြီး ချန်ပီယံဆုကို ကာကွယ်ဖို့က တော်တော်လေး ခက်ခဲသွားပြီလို့ ပွဲအပြီးမှာ
    epl 2
    ပြီးခဲ့တဲ့ လေးပွဲဆက်အနိုင်ရထားပြီး အကောင်းဆုံးပုံစံရှိနေတဲ့ မန်ယူ မနေ့က အီမရိတ်မှာ မယုံနိုင်လောက်အောက် ညံ့ဖျင်းခဲ့ပါတယ်။ ပွဲစပြီး မိနစ် ၂၀ အတွင်းမှာပဲ ဂိုး ၃ ဂိုး ပေးလိုက်ရပြီး တစ်ပွဲလုံးမှာ အပိုင်ကန်သွင်းခွင့် တစ်ကြိမ်တောင် မရခဲ့ပါဘူး။ ဂိုးသွင်းစက် ဆန်းချက်ဇ်ရဲ့ ဂိုး ၂ ဂိုးက အဆင့်မြင့်သလို၊ အိုဇေးလ်ရဲ့ အဆုံးသတ်မှုကလည်း တည်ငြိမ်လွန်းလှပါတယ်။ ဗန်ဂါးလ်ကတော့ ဒီပွဲအတွက် အသင်းကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးခဲ့ပေမယ့် ဒီလောက်ကစားပုံဆိုးရွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘဲ ဒီလိုပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်ရတာပဲလို့ ပြောကြားခဲ့ပါတယ်။
    epl 3
    ပြီးခဲ့တဲ့ ၂ ပွဲမှာ ၀က်စ်ဟမ်းနဲ့ စပါးတို့ကိုရှုံးခဲ့တဲ့ မန်စီးတီး ဒီတစ်ပတ် အိမ်ကွင်းမှာတော့ ပေါက်ကွဲပြခဲ့ပါတယ်။ ဒါပေမယ့် ၁၈ မိနစ်မှာ နယူးကာဆယ်က မီထရိုဗစ်ရဲ့ ဦးဆောင်ဂိုးကိုတော့ ခွင့်ပြုလိုက်ရပြီး ဖိအားဝင်ခဲ့ပါသေးတယ်။ အနိုင်ရဖို့ မဖြစ်မနေ တင်ကစားလာတဲ့အတွက် နောက်ပိုင်းမှာတော့ မန်စီးတီးတို့ပွဲ ဖြစ်ခဲ့ပါတယ်။ အဂူရိုတစ်ယောက်တည်းကပဲ ၅ ဂိုးသွင်းပေးခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်တွေ့လာတဲ့ ဒီဘရူနီက တစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီအနိုင်ကြောင့် တစ်ပတ်တာ လက်လွှတ်ခဲ့ရတဲ့ အဆင့် ၁ နေရာကို မန်စီးတီးတို့ ပြန်ယူနိုင်ခဲ့ပါတယ်။
    မားဆေးဆိုက်ဒါဘီမှာ လီဗာပူးလ်က ဒန်နီ အင့်ဂ်စ်ရဲ့ ၄၁ မိနစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လေးမိနစ်အကြာမှာ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ နှစ်သင်းစလုံးရဲ့ နည်းပြတွေက သူတို့ဟာ ဒီပွဲမှာ အနိုင်င် ၃ မှတ်နဲ့ ထိုက်တန်တယ်လို့ ပြောခဲ့ကြပါတယ်။
    ခရစ္စတepl 4ယ်ပဲလေ့စ်နဲ့ လက်စတာတို့ကလည်း ဒီတစ်ပတ်မှာ ပြိုင်ဘက်တွေကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီး သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ခရစ်တယ်ပဲလေ့စ် ၂-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၁ စတုတ်
    ဘုန်းမောက် ၁-၁ ၀က်ဖို့ဒ်
    မန်စီးတီး ၆-၁ နယူးကာဆယ်
    နော်ဝစ်ခ်ျ ၁-၂ လက်စတာ
    ဆန်းဒါးလန်း ၂-၂ ၀က်စ်ဟမ်း
    ချယ်ဆီး ၁-၃ ဆောက်သက်တမ်
    အဲဗာတန် ၁-၁ လီဗာပူးလ်
    အာဆင်နယ် ၃-၀ မန်ယူ
    ဆွမ်ဆီး ၂-၂ စပါး
  • ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်
    ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်
    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media
    sund
    – ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတစ်ပွဲမှမရှိဘဲ အဆင့် ၁၉ သို့ ရောက်နေသည့် ဆန်းဒါးလန်အသင်း၏ နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ်မှာ နည်းပြရာထူးမှ ယနေ့တွင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ဖိအားများသည့် ပရီးမီးယားလိဂ်တွင် ယခုနှစ်၏ ပထမဆုံး နည်းပြရာထူး အပြောင်းအလဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
    မတ်လက စတင် တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပေါင် ၂၅ သန်း အသုံးပြု၍ ကစားသမားများကို ၀ယ်ကာ အသင်းအား အားဖြည့်ခဲ့သော်လည်း ဆိုးရွားသော ခံစစ်မှတ်တမ်းဖြင့် ဆန်းဒါးလန်းမှာ ယခုအချိန်အထိ ၁ မှတ်သာရရှိထားပြီး အဒ်ဗိုကတ်ကမူ အသင်းအား ပြောင်းလဲပစ်ရန် အချိန်အများအပြားလိုအပ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော့်အနောက်မှာ ရပ်တည်ပေးခဲ့ကြသူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီအသင်းဟာ ကြီးကျယ်တဲ့လူအများအပြားနဲ့ အလွန်ထူးခြားတဲ့အသင်းပါ။ ဒါပေမယ့် ဒီအချိန်ဟာ ဒီလိုလုပ်ဖို့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အသင်းအတွက်ပါ”
    Ref: Goal
  • ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း
    ဆောက်သက်တမ်ပွဲတွင် လူစားဝင်မာတစ်ကို ချက်ခြင်းပြန်ထုတ်မှု မော်ရင်ဟိုဖြေရှင်း
    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media
    chel
    – ယမန်နေ့က ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သောပွဲတွင် ကွင်းလယ်လူမာတစ် လူစားဝင်ကစားခဲ့ပြီးနောက် ချက်ခြင်း ပြန်လည်လူစားလဲခဲ့ခြင်းမှာ ၎င်းအား အရှက်ရအောင် ပြုလုပ်ခြင်းမဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ၀ီလီယံ၏ ဖရီးကစ်ဖြင့် ဦးဆောင်ဂိုးရခဲ့သည့် ချယ်ဆီးမှာ ၃ ဂိုးပြန်ပေးခဲ့ရကာ မော်ရင်ဟိုလက်ထက် အိမ်ကွင်း၌ ၃ ဂိုးပေး ရှုံးနိမ့်ရသည့် ပထမဆုံးပွဲလည်း ဖြစ်ခဲ့သည်။ ၁ ဂိုးစီသရေကျနေပြီးနောက် မာတစ်မှာ ဒုတိယပိုင်းတွင် ရာမီးရက်စ်အစား ၀င်ရောက်လာခဲ့ကာ ဆောက်သက်တမ်မှ ဂရာဇီယာနိုပီလီက ဒုတိယဂိုး သွင်းယူခဲ့ပြီးနောက် မော်ရင်ဟိုမှာ မာတစ်ကို ရီမီနှင့် ချက်ခြင်းဆိုသလိုပင် လူစားလဲခဲ့သည်။
    “ဒါဟာ အရှက်ရအောင်လုပ်တာ မဟုတ်ပါဘူး။ ဘောလုံးမှာရော၊ ကျွန်တော့်ဘ၀မှာပါ ဒီလိုမျိုး ဘယ်သူ့ကိုမှ မလုပ်ခဲ့ပါဘူး။ ကစားသမားတွေနဲ့ ဆက်ဆံရတယ်ဆိုတာက မလွယ်ပါဘူး။ သူတို့ကို ကျွန်တော်ချစ်တယ်။ ယုံတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့အထဲက တစ်ချို့က ခက်ခဲတဲ့အချိန် ရောက်နေပါတယ်။ မာတစ်ဟာ အဲဒီထဲက တစ်ယောက်ပါ။ သူ ကောင်းကောင်း မကစားနိုင်ပါဘူး။ ခံစစ်ကိုလည်း ကောင်းကောင်းမကူနိုင်ပါဘူး။ သူဟာ အမှားတွေလုပ်နေပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကိုလည်း မချနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် ရာမီးရက်စ်မှာ အ၀ါကဒ်ထိထားသောကြောင့် မာတစ်နှင့် လူစားလဲခဲ့ခြင်းဖြစ်ပြီး၊ ဂိုးပေးလိုက်ရပြီးနောက် တိုက်စစ်မှူးနောက်တစ်ဦး ထည့်ချင်သောကြောင့် မာတစ်ကို ထုတ်လိုက်ရခြင်းဖြစ်ပြီး အရှက်ခွဲခြင်းမဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal