News @ M-Media
Tag: EPL 2015-16
  • လက်စတာ၊ အာဆင်နယ်တို့ အမှတ်ဆုံးရှုံးခဲ့ရပြီး အက်စတွန်ဗီလာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄
    လက်စတာ၊ အာဆင်နယ်တို့ အမှတ်ဆုံးရှုံးခဲ့ရပြီး အက်စတွန်ဗီလာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄
    ဧပြီ ၁၈၊ ၂၀၁၆
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးကလက်စတာ၊ တတိယနေရာက အာဆင်နယ်တို့ အမှတ်တွေ ဆုံးရှုံးခဲ့ရပြီး မန်စီးတီးက ချယ်ဆီးကို ဂိုးပြတ်နှိပ်ကွပ်နိုင်ခဲ့ကာ မန်ယူကိုရှုံးတဲ့ အက်စတွန်ဗီလာကတော့ တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။
    နောက်ဆုံး ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တဲ့ လက်စတာ မနေ့က အိမ်ကွင်း ၀က်စ်ဟမ်းကို ရင်ဆိုင်ရာမှာ ဟန်ချက်မပျက်ခဲ့ဘဲ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၁၈ မိနစ်မှာ ဗာဒီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၅၅ မိနစ်မှာ ဗာဒီ နှစ်ဝါတစ်နဲ့ အထုတ်ခံရပြီးမှာတော့ လက်စတာတို့ သတိထားကစားခဲ့ရပြီး ၀က်စ်ဟမ်းကလည်း တင်ကစားခဲ့တာကြောင့် ၈၄ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုး၊ ၈၆ မိနစ်မှာ ဦးဆောင်းဂိုတွေကို ပေးလိုက်ရပါတယ်။ လက်စတာအတွက် ကံကောင်းတာက နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့တာဖြစ်ပြီး လီယိုနာဒို အူလိုအာက အမှားအယွင်းမရှိကန်သွင်းကာ အဖိုးတန်တစ်မှတ် ရယူပေးနိုင်ခဲ့ပါတယ်။
    epl 2
    အာဆင်နယ်ကလည်း အိမ်ကွင်းမှာ အခွင့်အရေးပေါင်းများစွာ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၁ မှတ်ခွဲပေးလိုက်ရပါတယ်။ ပွဲအစကတည်းက စိုးမိုးထားတဲ့ အာဆင်နယ်တို့ ဦးဆောင်ဂိုးကိုတော့ ပထမပိုင်း နာကျင်အချိန်ပိုမှာမှ ရရှိခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်း ဂိုးသွင်းခွင့်တော်တော်များများ ရခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့ရပြီး ဘိုလာစီရဲ့ ၈၁ မိနစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာကြောင့် အာဆင်နယ် သရေတစ်မှတ်သာ ရရှိကာ ထိပ်ဆုံး ၃ သင်းစာရင်းဝင်ရေး မျှော်လင့်ချက် အားနည်းလာခဲ့ရပါတယ်။
    epl 3
    စတမ်းဖို့ဒ်ဘရစ်ခ်ျက ချယ်ဆီးနဲ့ မန်စီးတီးတို့ပွဲမှာတော့ မန်စီးတီးက အဂူရိုရဲ့ ဟက်ထရစ်နဲ့ ပြတ်ပြတ်သားသား ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ မန်ယူကလည်း အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လူငယ်ကစားသမား မားကက်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအရှုံးကြောင့် အက်စတွန်ဗီလာက ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပါတယ်။
    တန်းဆင်းဇုန်က နယူးကာဆယ်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရေးမျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဘင်နီတက်ဇ် နယူးကာဆယ်ကို ကိုင်တွယ်ပြီးနောက်ပိုင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။
    epl 4ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၀-၃ ဆန်းဒါးလန်း
    အဲဗာတန် ၁-၁ ဆောက်သက်တမ်
    မန်ယူ ၁-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၃-၀ ဆွမ်ဆီး
    ချယ်ဆီး ၀-၃ မန်စီးတီး
    ဘုန်းမောက် ၁-၂ လီဗာပူးလ်
    လက်စတာ ၂-၂ ၀က်စ်ဟမ်း
    အာဆင်နယ် ၁-၁ ခရစ်တယ်ပဲလေ့စ်
  • တိုက်စစ်မှူးအဂူရို တစ်ဦးချင်းဆု မရသည့်အတွက် အံ့သြရသည်ဟု မန်စီးတီးနည်းပြဆို
    တိုက်စစ်မှူးအဂူရို တစ်ဦးချင်းဆု မရသည့်အတွက် အံ့သြရသည်ဟု မန်စီးတီးနည်းပြဆို
    ဧပြီ ၁၇၊ ၂၀၁၆
    M-Media
    aguro
    – မိမိ၏ တိုက်စစ်မှူး ဆာဂျီယိုအဂူရိုအနေဖြင့် အင်္ဂလန်၌ ကစားသည့် ကာလအတွင်း တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်မခံရမှုမှာ ထူးဆန်းသည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    အဂူရိုမှာ ပရီးမီးယားလိဂ်၌ ကျင်လည်နေသည်မှာ ၄ ရာသီရှိပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း PFA နှင့် ဘောလုံးအားကစားကလောင်ရှင်များအသင်း PWA တို့မှ ချီးမြှင့်သော ဆုများကို တစ်နှစ်မှမရခဲ့ဘဲ ယခုနှစ်တွင်လည်း ရရှိနိုင်မည့် အနေအထား မရှိပေ။
    မန်းစီးတီးအသင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြီးခဲ့သည့်နှစ်က ဂိုးအများဆုံးသွင်းသည့် ရွှေဖိနပ်ဆုကိုပင် ရရှိခဲ့သော်လည်း PFA တစ်နှစ်တာအကောင်းဆုံး အသင်းတွင်လည်း ၎င်းမှာ ပါဝင်ခဲ့ခြင်းမရှိပေ။ ပယ်လီဂရီနီကမူ ယမန်နေ့က ချယ်ဆီးအား ဟက်ထရစ်သွင်းခဲ့သည့် ၎င်း၏ တိုက်စစ်မှူး တစ်ဦးချင်းဆု မရရှိသည့်အတွက် အံ့အားသင့်နေသည်။
    “ဆာဂျီယို အဂူရိုဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်မှူးလို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူဒီမှာ ကစားတဲ့နှစ်တွေမှာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားအဖြစ် အရွေးမခံရတာကတော့ ထူးခြားပါတယ်။ တစ်ကယ်လို့ အကောင်းဆုံး မဟုတ်ဘူးဆိုရင်လည်း အဂူရိုဟာ အကောင်းဆုံးထဲက တစ်ယောက်ပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    Ref: Gaol
  • မိမိမှာ မှော်ဆရာမဟုတ်ဟု လက်စတာနည်းပြ ဖွင့်ဟ
    မိမိမှာ မှော်ဆရာမဟုတ်ဟု လက်စတာနည်းပြ ဖွင့်ဟ
    ဧပြီ ၁၆၊ ၂၀၁၆
    M-Media
    leister
    – မိမိမှာ မှော်ဆရာမဟုတ်ဘဲ အလုပ်ကြိုးစားသူတစ်ဦးသာဖြစ်ကာ မီဒီယာများက မိမိအား အကောင်းဘက်မှ ဖော်ပြခဲ့ခြင်းအတွက် ၀မ်းမြောက်မိသည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။
    ရာနီယေးရီ၏ လက်စတာမှာ လက်ရှိ ပရီးမီယားလိဂ်တွင် ဒုတိယမှနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ကာ ဦး ဆောင်ထားနိုင်ပြီး အမှတ်ပေးဖလား ဆွတ်ခူးနိုင်ရန် အခြေအနေကောင်းနေသည်။
    ရာနီယေးရီမှာ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ချယ်ဆီ၊ ဗလင်စီယာ၊ အက်သလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ်၊ အင်တာနှင့် မိုနာကိုတို့အပါအ၀င် အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသော်လည်း လက်စတာနှင့် ပရီးမီးယား လိဂ်ရရှိပါက ၎င်း၏ ပထမဆုံး အဓိကဆုဖလား ဖြစ်မည်ဖြစ်သည်။
    ရာနီယေးရီမှာ ယခင်က မီဒီယာများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး ယခုတွင်မူ ၎င်းအား အပြုသဘောဆောင်သည့် ဖော်ပြမှုများက နေရာယူလာခဲ့သည်။ ထိုအတွက် ရာနီယေးရီက ကျေနပ်နေသည်။
    “ဒါက ကောင်းပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ကျွန်တော်က အီတလီနဲ့ ဂရိက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ မကောင်းတဲ့အခြေအနေမျိုးနဲ့ပဲ ပါဝင်ခဲ့ပါတယ်။ အခုလည်း အဲဒီတုန်းကထက် ဘာမှ မပြောင်းလဲပါဘူး။ ဂရိအသင်းကို နည်းပြတုန်းကဆိုရင် လေးလအတွင်းမှာ ကစားသမားတွေနဲ့ ၁၅ ကြိမ်ပဲ ထိတွေ့ခဲ့ရပါတယ်။ ပွဲမတိုင်ခင် ၃ ရက်အလိုမှာ တွေ့ရတာပါ။ ခြေစမ်းပွဲလည်းမရှိဘူး။ ဘာမှ မရှိပါဘူး။ ကျွန်တော် ဘာမှ လုပ်လို့မရပါဘူး။ ကျွန်တော်က မှော်ဆရာမဟုတ်ဘူး။ အလုပ်ဖိလုပ်သူတစ်ဦးပါ” ဟု ရာနီယေးရီကပြောကြားခဲ့သည်။
    Ref: Goal
  • စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော
    စပါးကျော်တက်မည်ကို မစိုးရိမ်ဟု အာဆင်ဝင်းဂါးပြော
    ဧပြီ ၁၆၊၂၀၁၆
    M-Media
    winger 6
    – စပါးအသင်းအနေဖြင့် အမှတ်ပေးဇယားတွင် မိမိတို့အထက်ဖြင့် ရာသီသိမ်းမည်ကို မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    စပါးမှာ အာဆင်နယ်၏ ခါးသီးသော မြို့ခံပြိုင်ဘက်ဖြစ်ပြီး လက်ရှိတွင် တစ်ပွဲပိုကစားကာ တတိယနေရာမှ အာဆင်နယ်အား ၆ မှတ်ဖြတ်၍ ဒုတိယနေရာတွင် ရှိနေသည်။ အာဆင်နယ်ကို ၀င်းဂါးကိုင်တွယ်လာသည့် နှစ် ၂၀ အတွင်း စပါးမှာ အာဆင်နယ်၏အထက်ဖြင့် တစ်ကြိမ်မှ ရာသီမသိမ်းနိုင်ခဲ့ပေ။
    သို့သော်လည်း လက်ရှိတွင် အာဆင်နယ်အား ကျော်ဖြတ်ရန် အခြေအနေကောင်းနေသည်။
    “စပါးအနောက်ကို ကျွန်တော်တို့ မရောက်သေးပါဘူး။ ဒါပေမယ့် စပါးကတော့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ အနောက်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူတို့ ရုန်းကန်ခဲ့ရပါတယ်။ တစ်ကယ့်အမှန်တရားကတော့ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် လာမည့်အပြောင်းအရွှေ့တွင် အသင်းက ငွေကြေးအမြောက်အများသုံးစွဲမည်ဟု ပရိတ်သတ်များအနေဖြင့် မျှော်လင့်မထားရန်လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော
    အသင်းမအောင်မြင်သော်လည်း ကစားသမားများ ထွက်ခွာမည်မဟုတ်ဟု ဗန်ဂါးလ်ပြော
    ဧပြီ ၁၆၊ ၂၀၁၆
    M-Media
    man u
    – မန်ယူအနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းရှိ ကစားသမားများ အစုလိုက်အပြုံလိုက် ထွက်သွားမည်ဟု မိမိအနေဖြင့် မမျှော်လင့်ကြောင်း နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က အဆင့် ၄ ဖြင့် ရာသီသိမ်းခဲ့သည့် မန်ယူမှာ ကစားရန် ၆ ပွဲသာကျန်ရှိသည့် လက်ရှိအချိန်တွင် စတုတ္ထနေရာမှ မန်စီးတီးထက် ၄ မှတ်လျော့ကာ အဆင့် ၅ နေရာတွင် ရှိနေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ရုန်းကန်နေရသည်။
    ရာသီကုန်တွင် ဗန်ဂါးလ်နေရာ၌ မော်ရင်ဟိုဖြင့် အစားထိုးမည်ဟု သတင်းများထွက်ပေါ်နေပြီး မန်ယူအသင်းသမား အများအပြားမှာလည်း အသင်းမှ ထွက်ခွာချင်နေသည်ဟု သတင်းများက ဖော်ပြကြသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ ထိုကဲ့သို့ မယူဆပေ။
    “ဘယ်ကစားသမားကမှ အသင်းကနေ ထွက်မသွားချင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မန်ယူရဲ့ လိုက်လျောမှုကို မကျေနပ်နိုင်တဲ့ နာမည်ကြီးကစားသမာတွေကို အခြားအသင်းက ကမ်းလှမ်းလာတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါပေမယ့် ဒါကလည်း ဘုတ်အဖွဲ့အပေါ်မှာ မူတည်ပါတယ်။ ဘယ်ကစားသမားက အသင်းကနေ ထွက်သွားရမလဲဆိုတာကို သူတို့ ဆုံးဖြတ်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    Ref: Goal