News @ M-Media

Tag: EPL 2015-16

  • မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော

    မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    Van gal

    – မိမိလိုချင်သော အရည်အသွေးကို မပိုင်ဆိုင်သည့် လူစာရင်းနှင့် မိမိလုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ရာသီပြီးဆုံးရန် လေးပွဲ အလိုတွင် မန်ယူမှာ အဆင့် ၅ နေရာတွင် ရှိနေပြီး FA တွင် နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည်။ မန်ယူအသင်း၏ စွမ်းဆောင်ရည်မှာ ရှိသင့်သည်ထက် နိမ့်ပါးနေသောကြောင့် ဗန်ဂါးလ်မှာ တစ်ရာသီလုံး ဖိအားဒဏ်ကို ခံစားခဲ့ရပြီး၊ ၎င်းကမူ ကစားသမားများက လျင်မြန်မှု၊ ဖန်တီးနိုင်မှုတို့ မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

    “အရင်ကလည်း ကျွန်တော် အားလုံး ပြောပြီးပါပြီ။ ပြီးတော့ အပြောင်းအရွှေ့ကာလမှာလည်း ကျွန်တော် ဒါပဲ ပြောခဲ့ပါတယ်။ ကစားသမားတွေဆီကနေ ကျွန်တော်လိုချင်တဲ့ စွမ်းဆောင်ရည်မျိုး အမြဲတမ်းမရတာကြောင့် ကျွန်တော့်ကို ဝေဖန်မှုတွေဟာ စိတ်အနှောက်အယှက်ဖြစ်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီအခြေအနေမှာ ရှိနေပါတယ်။ အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေတယ်။ FA ဖလားမှာလည်း ကျွန်တော်တို့ နောက်ဆုံး ဗိုလ်လုပွဲကို ရာက်နေပါတယ်” ဟု ဗန်ဂါးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အိပ်မက်များကို အမှန်တကယ်ဖြစ်အောင် လုပ်ရမည်ဟု လက်စတာနည်းပြပြော

    အိပ်မက်များကို အမှန်တကယ်ဖြစ်အောင် လုပ်ရမည်ဟု လက်စတာနည်းပြပြော

    ဧပြီ ၂၅၊ ၂၀၁၆
    M-Media

    leis

    – ဆွမ်ဆီအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီးနောက် မိမိတို့မှာ အိပ်မက်ကို အမှန်တကယ်ဖြစ်အောင် လုပ်ဆောင်ရတော့မည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ယမန်နေ့က ထိုနိုင်ပွဲကြောင့် လက်စတာမှာ ရာသီပြီးဆုံးရန် ၃ ပွဲသာလိုတော့သည့်အချိန်တွင် ဒုတိယနေရာမှ စပါးအား တစ်ပွဲအသာဖြင့် ၈ မှတ်ဖြတ်ထားနိုင်ပြီး လက်ကျန်ပွဲများတွင် နောက်ထပ် ၅ မှတ် အရယူနိုင်ပါက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    ရာနီယေးရီကမူ မိမိတို့မှာ တတ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်သွားရမည်ဟု ဆိုသည်။

    “ပွဲမစခင်တုန်းက ကစားသမားတွေကို ‘အခု ငါတို့မှာ အိပ်မက်တစ်ခု ရှိနေတယ်။ ဒီအိပ်မက်ကို အမှန်တကယ်ဖြစ်အောင်လုပ်ပါ’ လို့ ကစားသမားတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ အခု ကျွန်တော်တို့ဟာ တတ်နိုင်သမျှအားလုံးကို အားထုတ်လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်တို့ နောင်တတော့ရမှာ မဟုတ်ပါဘူး။ တကယ်လို့ စပါးက ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုရင်လည်း ရပါတယ်။ ကျွန်တော်တို့ကတော့ ဆက်လက် တိုက်ပွဲဝင်သွားရမှာပါ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref : premierleague.com

  • အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင်

    အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင်

    ဧပြီ ၂၄၊ ၂၀၁၆
    M-Media

    passes

    – အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်တွင် ဖန်တီးပေးပို့မှု ပြုလုပ်နိုင်စွမ်းအရှိဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဟု သိရသည်။

    ယနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် အိုဇေးလ်မှာ ပထမပိုင်း ၄၅ မိနစ်အတွင်း ဖန်တီးပေးပို့မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယခုရာသီတွင် ဖန်တီးပေးမှု စုစုပေါင်း ၁၃၅ ကြိမ်ရှိလာကာ ပရီးမီးယားလိဂ် တစ်ရာသီကာလအတွင်း ဖန်တီးပေးနိုင်မှုအများဆုံး ကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    အိုဇေးလ်၏နောက်တွင် စပါးကစားသမား ခရစ္စတီယန် အဲရစ်ဆန်နှင့် ၀က်စ်ဟမ်းကစားသမား ဒီမီထရီပါယက်တို့က ၁၀၅ ကြိမ်နှင့် ၁၀၂ ကြိမ်တို့ဖြင့် အသီးသီး ရှိနေကြသည်။ အိုဇေးလ်၏ဖန်တီးပေးမှုကြောင့် ဂိုးရရှိမှုမှာ ယခုရာသီအတွင်း ၁၈ ဂိုးရှိခဲ့ပြီး၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီတင်ထားသည့် တစ်ရာသီအတွင်း ဂိုး ၂၀ ရရှိအောင် ဖန်တီးပေးနိုင်သည့် စံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီဖြစ်သည်။

    Ref: Goal

  • အသင်းသားများကို ဂျူးလီယက်ဆီဇာနှင့် လက်စတာနည်းပြ နှိုင်းယှဉ်ပြောဆို

    အသင်းသားများကို ဂျူးလီယက်ဆီဇာနှင့် လက်စတာနည်းပြ နှိုင်းယှဉ်ပြောဆို

    ဧပြီ ၂၃၊ ၂၀၁၆
    M-Media

    leister 1

    – မိမိအသင်းရှိ ကစားသမားများအားလုံးမှာ ကမ္ဘာကျော် တိုက်တိုင်းအောင် အင်ပါယာရှင်ကြီး ဂျူးလီယက်ဆီဇာများဖြစ်သည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ချီးကျူးပြောဆိုလိုက်သည်။

    ရာသီပြီးဆုံးရန် ၄ ပွဲသာ လိုတော့သည့်အချိန်တွင် ဇယားထိပ်၌ ဒုတိယနေရာမှ စပါးအား ၅ မှတ် ဖြတ်ထားသည့် လက်စတာမှာ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်သည်ဟု ရာနီယေးရီက နောက်ဆုံးတွင် ၀န်ခံထားသည်။ ထို ၄ ပွဲတွင် ၃ ပွဲအနိုင်ရပါက လက်စတာမှာ အသင်းသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုးနိုင်မည်ဖြစ်သည်။

    ယခုတစ်ပတ် ဆွမ်ဆီးနှင့်တွေ့ဆုံရမည့် လက်စတာတွင် ဂိုးသွင်းစက် ဗာဒီမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်ဟုတ်ချေ။ သို့သော်လည်း ရာနီယေးရီကမူ အသင်းသားအားလုံးမှာ တိုက်တိုင်းအောင် သူရဲကောင်းများဖြစ်သည်ဟု အမွှမ်းတင်ခဲ့သည်။

    “ကျွန်တော့်မှာ ကြယ်ပွင့် ၂၄ ပွင့်ရှိနေပါတယ်။ ဂျူးလီးယက်စ်ဆီဇာ ၂၄ ယောက်ဖြစ်ပြီး ကျွန်တော်တို့အသင်းရဲ့ အင်အားပါပဲ။ ဆီဇာတစ်ယောက်လျော့သွားရင်လည်း နောက်ထပ် ၂၃ ယောက် ရှိနေပါသေးတယ်။ အခုအချိန်ဟာ ‘အေးဆေးပဲ။ ဆက်သွားစမ်းပါ’ လို့ ပြောရမယ့်အချိန်ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရသွားပါပြီ။ ဆက်ကြိုးစားမယ်။ ယုံကြည်ချက်ဆက်ထားမယ်။ နောက်ဆုံး ပရီးမီးယာလိဂ်ရရင်တော့ အောင်ပွဲခံရမှာပေါ့ဗျာ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော

    ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    winger 7

    – အာဆင်နယ်နည်းပြ အာဆင်းဝင်းဂါး အသင်းမှ ထွက်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ ပရိတ်သတ်များ၏ ကျောခိုင်းမှုပင် ဖြစ်သည်ဟု စပါးနည်းပြဟောင်း ဟယ်ရီ ရက်နပ်က ပြောကြားလိုက်သည်။

    ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပရိတ်သတ်များမှာ ၀င်းဂါးအပေါ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ညတွင် ကစားမည့် ၀က်စက်ဘရွန်းနှင့်ပွဲတွင်လည်း အီမရိတ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက် အနိမ့်ဆုံး အရေအတွက်ဖြစ်သည့် ပရိတ်သတ် ၂၀၀၀၀ အထိသာ လာရောက်မည်ဟု လက်မှတ်ရောင်းချမှုများအရ သိရသည်။

    Evening Standard သတင်းစာတွင်ရေးသားသည့် ရပ်နက်၏ ဆောင်းပါးတွင် ၀င်းဂါးအတွက် စာနာမိသော်လည်း ပရိတ်သတ်များ၏ သပိတ်မှောက်မှုကို လက်ခံသည်ဟု ဆိုသည်။

    “အာဆင်ဝင်ဂါးအတွက် အရေးအကြီးဆုံး ပြဿနာက ပရိတ်သတ်တွေ လျော့သွားတဲ့ အချိန်ပါပဲ။ အဲဒီအချိန်ကျရင် ပြန်လမ်းမရှိပါဘူး။ ဒီနေ့ ၀က်စ်ဘရွန်းနဲ့ပွဲကို သပိတ်မှောက်ဖို့ အာဆင်နယ်ပရိတ်သတ်တွေ စီစဉ်ထားတယ်ဆိုတာကို ကျွန်တော် တွေ့ရပါတယ်။ ဒီလိုမျိုး ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပရိတ်သတ်တွေဆီက အသံတွေကို အာဆင်နယ်က ကျယ်ကျယ်လောင်လောင် ကြားရမှာပါ။ အသင်းအတွက် အားလုံးပေးဆပ်ပြီးတဲ့နောက်ပိုင်းမှာ ပရိတ်သတ်တွေက သူ့ကို ကျောခိုင်းလာပြီဆိုရင်တော့ ဒီလောက်ဆို လုံလောက်ပြီဆိုတာ သူလည်း သိလာမှပါ” ဟု ရက်နပ်က ပြောကြားခဲ့သည်။

    Ref: Goal