News @ M-Media

Tag: EPL 2015-16

  • အီတလီနည်းပြကွန်တီအား ချယ်ဆီးက ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူ

    အီတလီနည်းပြကွန်တီအား ချယ်ဆီးက ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူ

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    conte 1

    – ချယ်းဆီးအသင်းမှာ လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် အီတလီလက်ရွေးစဉ်အသင်းနည်းပြ အန်တိုနီယို ကွန်တီကို ယနေ့တွင် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။

    ထို့ကြောင့် ကွန်တီမှာ ချယ်ဆီးအသင်း၏ ၅ ယောက်မြောက် အီတလီနည်းပြ ဖြစ်လာခဲ့ကာ ယူရို ၂၀၁၆ အပြီးတွင် အသင်းသို့ လာရောက်မည်ဖြစ်သည်။ ဂျူဗင်တပ်အသင်းတွင် နည်းပြစဉ်က စီးရီးအေဖလား ၃ ကြိမ် ရရှိထားသူ ကွန်တီက ချယ်ဆီးသို့ လာရမည့်အတွက် စိတ်လှုပ်ရှားသည်ဟု ပြောကြားခဲ့သည်။

    “ချယ်ဆီးမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကို နည်းပြခွင့် ရခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ချယ်ဆီးရဲ့ နည်းပြနေရာကလည်း စိတ်ဝင်စားစရာနေရာတစ်ခုပါ။ အသင်းက လူတိုင်းကို တွေ့ဆုံသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ရမယ့် နေ့စဉ်အခက်အခဲတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ကွန်တီက ချယ်ဆီးအသင်း ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ရှေ့နှစ်အနည်းငယ်အထိ ခြေစွမ်းကောင်းကို ထိန်းသိမ်းနိုင်မည်ဟု ရူနီပြော

    ရှေ့နှစ်အနည်းငယ်အထိ ခြေစွမ်းကောင်းကို ထိန်းသိမ်းနိုင်မည်ဟု ရူနီပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    ronney

    – နိုင်ငံအသင်းနှင့် ကလပ်အသင်းတို့တွင် ပြိုင်ဘက်များ ပေါ်ထွက်လာနေသော်လည်း လာမည့်နှစ်အနယ်းငယ်အထိ မိမိမှာ အကောင်းဆုံးခြေစွမ်းဖြင့် ဆက်ကစားနိုင်သေးသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ဒူးအရွတ်ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူထားရသည့် ရူနီမှာ လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ဂျာမီ ဗာဒီတို့၏ ခြေစွမ်းပြနေမှု၊ ၀ဲလ်ဘတ်နှင့် စတားရစ်ခ်ျတို့ ရှိနေမှုကြောင့် ဇွန်လတွင်ကျင်းပမည့် ယူရို ၂၀၁၆ တွင် အင်္ဂလန်တိုက်စစ်မှူးနေရာအတွက် မရောမသေချာ ဖြစ်လာသည်။

    သို့သော်လည်း အသက် ၃၀ အရွယ် ရူနီကမူ လောလောဆယ်တွင် ဘောလုံးလောကမှ အနားယူရန် အစီအစဉ် မရှိသေးဟု ပြောကြားခဲ့သည်။

    “နှစ်အနည်းငယ်လောက် ဆက်ပြီး ခြေစွမ်းပြနိုင်အုံးမယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဆက်ပြီးလည်း ကြိုးစားသွားပါမယ်။ ပထမဆုံးအနေနဲ့ အသင်းကို အောင်မြင်အောင် ကူညီပေးချင်တယ်။ ကျွန်တော့်ဂိုးတွေနဲ့ အသင်းအောင်မြင်မယ်ဆိုရင်တော့ အတိုင်းမသိ ၀မ်းသာမိမှာပါ” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref: Goal

  • လက်စတာအတွက် ယခုနှစ်မှာ မှော်ဆန်သည့်နှစ်ဖြစ်သည်ဟု နည်းပြပြော

    လက်စတာအတွက် ယခုနှစ်မှာ မှော်ဆန်သည့်နှစ်ဖြစ်သည်ဟု နည်းပြပြော

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    leis

    – လက်စတာအသင်း၏ ခြေစွမ်ကောင်းများ ပြသနိုင်မှုအတွက် နည်းပြရာနီယေးရီက ချီးကျူးလိုက်ပြီး ယခုနှစ်မှာ မိမိတို့အတွက် မှော်ဆန်သည့်နှစ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အဖြစ် ယမန်နေ့က ဆောက်သက်တမ်အသင်းနှင့် ကစားသည့်ပွဲတွင် ထိပ်ဆုံးမှ လက်စတာမှာ ၀က်စ်မော်ဂန်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ရာသီပြီးဆုံးရန် ၆ ပွဲသာလိုတော့သည့် အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ် ဖြတ်ထားနိုင်သည်။

    ရာနီယေးရီကမူ အသင်းအတွက် ကျေနပ်နေသည်။

    “ကျွန်တော် တော်တော်လေး စိတ်ကို တည်ငြိမ်အောင်ထားပါတယ်။ ကျွန်တော်တို့ လုပ်နေတာတွေအပေါ်မှာ ယုံကြည်မှုရှိပါတယ်။ ဒီနှစ်ဟာ မှော်ဆန်တဲ့နှစ်ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ နောက်နှစ်မှာ ဒီလိုမျိုး ဖြစ်မှာမဟုတ်တာကြောင့် ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဂိုးမပေးရတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    လီဗာပူးလ်နှင့်ပွဲတွင် ၂ မှတ်ဆုံးရှုံးခဲ့သည်ဟု စပါးနည်းပြ ပြော

    ဧပြီ ၃၊ ၂၀၁၆
    M-Media

    spur 3

    – လီဗာပူးလ်အသင်းနှင့်ပွဲတွင် မိမိတို့မှာ ကစားပုံကောင်းခဲ့ပြီး အမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့ကကစားခဲ့သည့် အဆိုပါပွဲတွင် ဖိလစ်ကော်တင်ဟိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဟယ်ရီကိန်းက စပါးအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသရေရလဒ်က ထိပ်ဆုံးမှ လက်စတာကို အမှီလိုက်နေသည့် စပါးအတွက် အထိနာခဲ့ပြီး လက်စတာက ယနေ့ကစားမည့် ဆောက်သက်တမ်နှင့်ပွဲတွင် အနိုင်ရပါက ၇ မှတ် ကွာဟမည်ဖြစ်သည်။

    ပိုချက်တီနိုကမူ ထိုရလဒ်အတွက် စိတ်ပျက်နေသည်။

    “ပွဲအပြီးမှာတော့ ကျွန်တော်တို့ ၂ မှတ် ဆုံးရှုံးခဲ့တယ်လို့ ခံစားရပါတယ်။ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ ကျွန်တော် တော်တော်လေး ပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းမှာ သူမသာကိုယ်မသာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတယ်။ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ လီဗာပူးလ်လည်း အခွင့်အရေးတွေ ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ တော်တော်ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြသခဲ့ပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • နယူးကာဆယ်တန်းမဆင်းရရေး အသင်းသားများကို ဘင်နီတက်ဇ် သတိပေး

    နယူးကာဆယ်တန်းမဆင်းရရေး အသင်းသားများကို ဘင်နီတက်ဇ် သတိပေး

    ဧပြီ ၂၊ ၂၀၁၆
    M-Media

    benitez

    – ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရပါက မည်သည့်အခြေအနေမျိုး ဖြစ်လာနိုင်သည်ကို စဉ်းစားထားကြရန် နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က ကစားသမားများအား သတိပေး ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် နယူးကာဆယ်မှာ တန်းဆင်းဇုန်နှင့် ၃ မှတ်သာ ကွာနေပြီး ယနေ့ည၌ နော်ဝစ်ခ်ျအသင်း၏ကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ကာ ထိုပွဲမှာ ၎င်းတို့၏အနာဂတ်အတွက် အရေးပါသောပွဲလည်း ဖြစ်သည်။ ဘင်နီတက်ဇ်ကမူ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆင်းကစားရပါက ကြုံတွေ့ရမည့် အခြေအနေအတွက် အသင်းအား သတိပေးခဲ့သည်။

    “ပရီးမီးယားလိဂ်မှာ ကျန်ရှိနေဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို ခေါင်းထဲထည့်ထားဖို့ ကျွန်တော် သူတို့အားလုံးကို ပြောပြီးပါပြီ။ ဒီအခြေအနေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကိုလည်း သူတို့ သိကြပါတယ်။ အခြေအနေတွေပြောင်းလဲဖို့အတွက် သူတို့ အကောင်းဆုံး လုပ်ဆောင်ရပါလိမ့်မယ်။ ‘သူတို့ မစွမ်းဆောင်နိုင်လို့ ကျွန်တော် ထွက်ရပါတယ်’ ဆိုတာ ပြောဖို့ မလွယ်ပါဘူး။ အောက်တန်းကိုဆင်းရရင် လူတိုင်းအတွက် ကောင်းမှာမဟုတ်ပါဘူး” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်၏ နယူးကာဆယ်အသင်းနှင့် စာချုပ်တွင် အသင်းတန်းဆင်းရပါက ၎င်းအား အသင်းမှ ထွက်ခွာခွင့် ပေးရမည်ဟု ပါရှိထားသည်။

    Ref: Goal