News @ M-Media

Tag: EPL 2016-2017

  • လစာမတိုးပါက ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို အာဆင်နယ် လက်လွှတ်ရဖွယ်ရှိ

    လစာမတိုးပါက ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကို အာဆင်နယ် လက်လွှတ်ရဖွယ်ရှိ

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    arsenal

    – တိုက်စစ်မှူး ဆန်းချက်ဇ်နှင့် ကွင်းလယ်လူ အိုဇေးလ်တို့၏ ကမ္ဘာအဆင့်ကို အသိအမှတ်ပြုကာ ဘဏ္ဍာရေး ခံစားခွင့်မျိုး မပေးပါက ၎င်းတို့နှစ်ဦးကို ဆုံးရှုံးမည့်အန္တရာယ် ရှိနေသည်ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျွန် ဟာ့တ်ဆန်က သတိပေးလိုက်သည်။

    ယခုနှစ်အတွင် အသင်း၌ အကောင်းဆုံးခြေစွမ်းများကို ပြသနေသည့် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့၏ သက်တမ်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ လက်ရှိတွင် အသင်းက သက်တမ်းတိုးရန် ဆောင်ရွက်နေကာ ၎င်းတို့၏ လုပ်ခလစာကို အဆင့်တစ်ခုအထိရောက်အောင် တိုးပေးရမည့် အခြေအနေ ရှိနေသည်။

    ဟာ့တ်ဆန်က ထိုကစားသမားနှစ်ဦးကို ထိုကဲ့သို့ မက်လုံးပေးရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဆုံးရှုံးမည်ဟု ဆိုသည်။

    “သူတို့ဟာ အကောင်းဆုံး အခြေအနေ ရှိနေပြီး အသင်းမှာလည်း ထိပ်တန်းနေရာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အခြားကလပ်တွေက ထိပ်တန်းကစားသမားတွေ ရရှိနေတဲ့ ခံစားခွင့်မျိုးကို လိုချင်နေကြပါတယ်။ ဒါမှအလုပ်ဖြစ်မှာဗျ။ သူတို့လိုချင်တာမပေးရင်၊ အခြားရတဲ့နေရာကို သူတို့ သွားပြီး ယူကြလိမ့်မယ်။ သူတို့နဲ့ ထိုက်တန်တယ်လို့ ထင်တာမျိုး ပေးကိုပေးရမှာပါ” ဟု ဟာ့တ်ဆန်က ပြောကြားခဲ့သည်။

    မန်ယူကွင်းလယ်လူ ပေါ့ဘာမှာ တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ရရှိနေပြီး ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ကလည်း ထိုပမာဏအတိုင်း ရရှိချင်သည်ဟု အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်သော Evening Standard က ဖော်ပြခဲ့သည်။

    Ref: Goal

  • ချယ်ဆီးပွဲလုပ်ရပ်အတွင် မန်စီးတီးကစားသမား ၃ ဦး ပွဲပယ်ခံရ

    ချယ်ဆီးပွဲလုပ်ရပ်အတွင် မန်စီးတီးကစားသမား ၃ ဦး ပွဲပယ်ခံရ

    ဒီဇင်ဘာ ၅၊ ၂၀၁၆
    M-Media

    aguro

    – စနေနေ့က ကစားခဲ့သည့် ချယ်ဆီးနှင့်ပွဲ အပြုအမူများကြောင့် မန်စီးတီးကစားသမား ၃ ဦးကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။

    ဆာဂျီယို အဂူရို၊ ဖာနန်ဒင်ဟိုနှင့် နီကိုလက်စ် အိုတာမန်ဒီတို့ဖြစ်ပြီး ၄ ပွဲ၊ ၃ ပွဲနှင့် ၁ ပွဲ အသီးသီး ပွဲပယ်ပြစ်ဒဏ်များ ကျခံခဲ့ရခြင်းဖြစ်သည်။

    မန်စီးတီးက ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲ နာကျင်အချိန်ပိုတွင် အဂူရိုမှာ ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်အား ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့ခြင်းအတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ဖာနန်ဒင်ဟိုကလည်း ဖာဘရီဂက်စ်ကို တွန်းထုတ်ခဲ့ခြင်းအတွက် အနီကဒ်ထိခဲ့သည်။

    အိုတာမန်ဒီကမူ ထိုပွဲတွင် အ၀ါကဒ်ထိခဲ့သောကြောင့် အ၀ါ ကဒ် ၅ ကဒ်ရှိလာကာ တစ်ပွဲပယ်ခံရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွဲပယ်ပြစ်ဒဏ်များ ချမှတ်သည့်အကြောင်းကို FA က ၎င်းတို့၏ ၀ဘ်ဆိုက်၌ ယနေ့တွင် ဖော်ပြခဲ့သည်။

    အဂူရိုမှာ ယခုနှစ်အတွင်း နှစ်ကြိမ်မြောက် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရခြင်းဖြစ်ပြီး သြဂုတ်လကလည်း ၀က်စ်ဟမ်းမှ ၀စ္စတန် ရီဒ်ကို တံတောင်ဖြင့် တွတ်ခဲ့မှုအတွက် အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည်။

    Ref: Goal

  • ဂွါဒီယိုလာ၏ စွမ်းဆောင်ရည်ကို လေးစားသည်ဟု ကွန်တီပြော

    ဂွါဒီယိုလာ၏ စွမ်းဆောင်ရည်ကို လေးစားသည်ဟု ကွန်တီပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media

    conte-2

    – ပက်ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းတွင် ၎င်း၏ ဒဿနကို အလျင်အမြန် အကောင်အထည်ဖော်နိုင်သည့်အတွက် မိမိအနေဖြင့် ချီးကျူးမိပြီး ၎င်းနှင့် တွေ့ဆုံရန်လည်း စိတ်လှုပ်ရှားနေသည်ဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ဇယားအား ရမှတ် ၃၁ မှတ်ဖြင့် ဦးဆောင်ထားနိုင်သည့် ချယ်ဆီးအသင်းမှာ တစ်မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရှိနေသည့် မန်စီးတီးအသင်းကို ယနေ့တွင် အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။ ကွန်တီနှင့် ဂွါဒီယိုလာတို့မှာ ယခုနှစ်တွင်မှ ချယ်ဆီးနှင့် မန်စီးတီးတို့ကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သော်လည်း အကောင်းဆုံး ပုံစံများရအောင် စွမ်းဆောင်ထားနိုင်သည်။

    ကွန်တီကမူ ဂွါဒီယိုလာနှင့် ရင်ဆိုင်ရန်အတွက် စိတ်လှုပ်ရှားနေသည်ဟု ဆိုသည်။

    “ပက်က ဘောလုံးမှာ လေ့လာသင်ယူရတာ ကြိုက်သလို၊ အမြဲတမ်း အဖြေအသစ်တွေ ရှာဖွေရတာ၊ အသင်းမှာ အယူအဆသစ်တွေ ထည့်ပေးရတာကို နှစ်သက်တာကြောင့် ကျွန်တော် သူ့ကို တအား လေးစားပါတယ်။ ပွဲနည်းနည်းနဲ့ ကိုယ့်ရဲ့အယူအဆကို အောင်မြင်အောင် ထည့်ပေးဖို့ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ လက်ဖျားခါလောက်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး၊ မန်စီးတီးနဲ့လည်း အံ့သြစရာတွေကို လုပ်ဆောင်နေပါတယ်။ သူ့အသင်းကိုကြည့်တာနဲ့ သူ့ရဲ့ အယူအဆကို တွေ့ရမှာပါ” ဟု ကွန်တီက ပြောကြားခဲ့သည်။

    မန်စီးမှာ လက်ရှိတွင် ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးကာ ကစားနေပြီး ကွန်တီကမူ မိမိအနေဖြင့် ထိုအခြေအနေအတွက် စိုးရိမ်းမှုမရှိဘဲ ဂိုးရှေ့သို့ လျင်လျင်မြန်မြန်နှင့် တိုက်ရိုက်ရောက်ရှိစေသည့်နည်းဖြင့် ရင်ဆိုင်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Goal

  • ကော်စတာမှာ အတိတ်ဆိုးမှ လွန်မြောက်ပြီဟု ကွန်တီပြော

    ကော်စတာမှာ အတိတ်ဆိုးမှ လွန်မြောက်ပြီဟု ကွန်တီပြော

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    conte

    – တိုက်စစ်မှူးဒီယေဂိုကော်စတာ ပြောင်းလဲသွားသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိပြီး ၎င်း၏ အတိတ်ဆိုးများမှာလည်း လွန်မြောက်သွားခဲ့ပြီဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    ကွန်တီမှာ ရာသီအစက စည်းကမ်းလိုက်နာမှုအားနည်းသည့် ဒီယေဂိုကော်စတာကို ပြုပြင်ရန် သတိပေးခဲ့ပြီး၊ လက်ရှိတွင် ကော်စတာမှာ ပြိုင်ပွဲအားလုံး၌ အ၀ါကဒ် မပြခံရသည်မှာ ၈ ပွဲအထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် ခြေစွမ်းပိုင်းကလည်း ပိုမိုကောင်းမွန်လာခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးဖြင့် ပရီးမီးယား ဂိုးသွင်းဇယားကို အဂူရိုနှင့်အတူ ဦးဆောင်ထားသည်။

    ကွန်တီကမူ ကော်စတာ၏ လက်ရှိပုံစံအတွင် ကျေနပ်သည်ဟု ဆိုသည်။

    “ဒီယေဂိုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ သူဟာ လေးစားလောက်စရာ ဖြစ်လာခဲ့ပြီး၊ ဒီပွဲတွေအတွင်း လမ်းကြောင်းမှန်မှာလည်း ရှိနေပါတယ်။ ဒါဟာ သူ့အတွက်၊ ကျွန်တော့်အတွက်၊ အသင်းသားတွေအတွက်၊ အသင်းအတွက် အားလုံး အတွက် ကောင်းပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    ထို့ပြင် ကော်စတာကို ဆိုးရွားသည့်အခြေအနေမျိုးဖြင့် မဟုတ်ဘဲ ကောင်းမွန်သည့် အခြေအနမျိုးဖြင့် မြင်ရသည်မှာ ကောင်းမွန်ကြောင်း၊ ၎င်း၏ ဖြစ်ရပ်ဆိုးများမှာ အတိတ်တွင် ကျနေခဲ့ပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • မန်ယူ-အာဆင်နယ်ပွဲကြည့်ရန် ကျောင်းသားနှစ်ဦးက အိုးထရက်ဖို့တွင် ခိုး၍ ညအိပ်ခဲ့

    မန်ယူ-အာဆင်နယ်ပွဲကြည့်ရန် ကျောင်းသားနှစ်ဦးက အိုးထရက်ဖို့တွင် ခိုး၍ ညအိပ်ခဲ့

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    mu

    – စနေနေ့က ကစားခဲ့သည့် မန်ယူနှင့် အာဆင်နယ်ပွဲကို ကြည့်ရှုရန်အတွက် နိုင်ငံခြားကျောင်းသားနှစ်ဦးမှာ အိုးထရက်ဖို့ ကွင်းအတွင်း မည်သူမှမသိအောင် အိပ်စောင့်ခဲ့သည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် အိုးထရက်ဖို့ကွင်း၏ လုံခြုံရေးအတွက် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

    အမည်ဖော်ပြခြင်းမရှိခဲ့သည့် အဆိုပါ ကျောင်းသား ၂ ဦးမှာ သောကြာနေ့က အိုးထရက်ဖို့ဒ်ကွင်းသို့ လာရောက်လည်ပတ်သည့်အဖွဲ့နှင့် လိုက်ပါလာခဲ့ကာ ထိုအဖွဲ့အပြန်တွင် လိုက်ပါမသွားဘဲ ကွင်းအတွင်း နေခဲ့ခြင်းဖြစ်သည်။ ထို့နောက် မန်ယူ-အာဆင်နယ်ပွဲ ကြည့်ရန်အတွက် လုံခြုံရေးများကို ရှောင်ရှားကာ၊ ၂ ဒီဂရီ ဆဲလ်စီးယက်စ်အောက်ရှိသည့် အပူချိန်ကို အာခံကာ ကွင်းအတွင်း ညအိပ်ခဲ့ကြသည်။

    “အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲကြည့်ဖို့အတွက် လူတွေက ဘယ်လိုမဆို အကြံအဖန်ထုတ်ကြမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီလူတွေကတော့ တော်တော်လွန်ပါတယ်။ သူတို့တွေရှိနေတာကို ပရိတ်သတ်တွေမလာခင် ရှာနိုင်ခဲ့တာက ကျွန်တော်တို့မှာ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးဆိုတဲ့ ယုံကြည်မှုကို ရရှိစေပါတယ်” ဟု မန်ယူအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံခြားကျောင်းသားနှစ်ဦးကို ပွဲမကစားမည့် မနက်ပိုင်းတွင် အိမ်သာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သော်လည်း ဖမ်းဆီးရန် ငြင်းဆန်ခဲ့သည်။

    ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကလည်း အိုးထရက်ဖို့ဒ်ကွင်းတွင် ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်မှုရှိခဲ့သောကြောင့် မန်ယူမှာ မျက်နှာပျက်ခဲ့ရသည်။

    Ref: Goal