News @ M-Media
Tag: EPL 2016-2017
  • အသင်းရလဒ်ဆိုးရွားမှုမှာ အသင်းသားများ လျှော့တွက်မှုကြောင့်ဟု ကွန်စီယဲလ်နီပြော
    အသင်းရလဒ်ဆိုးရွားမှုမှာ အသင်းသားများ လျှော့တွက်မှုကြောင့်ဟု ကွန်စီယဲလ်နီပြော
    ဇန်န၀ါရီ ၁၊ ၂၀၁၇
    M-Media
    arsenal
    – အာဆင်နယ်အသင်း၏ လတ်တလော ကျဆုံးမှုများ၏ အကြောင်းအရင်းမှာ အသင်းသားများက ပွဲတိုင်းကို လွယ်လွယ်ကူကူ အနိုင်ရမည်ဟု ထင်မြင်ယူဆခဲ့ခြင်းကြောင့် ဖြစ်သည်ဟု နောက်ခံလူ လော့ရင် ကွန်ဆီယဲလ်နီက ပြောကြားလိုက်သည်။
    အာဆင်နယ်အသင်းမှာ လီဗာပူးလ်အသင်းအား ပရီးမီးယားလိဂ်အဖွဲ့ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၁၀ ပွဲအနိုင်အပါအ၀င် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သော်လည်း ဒီဇင်ဘာတွင် အဲဗာတန်အသင်းနှင့် မန်စီးတီးတိုအား ရှုံးနိမ့်ခဲ့သည်။
    ကွန်စီယဲလ်နီကမူ ပုံစံကောင်းများကြောင့် အသင်းသားများမှာ ပေါ့လျော့ခဲ့သည်ဟု ဆိုသည်။
    “လီဗာပူးလ်ကိုရှုံးပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ဆက်တိုက် ရလဒ်ကောင်းတွေရပြီး တော်တော် အခြေအနေကောင်းခဲ့ပါတယ်။ ပြီးတော့ ပွဲတိုင်းကို နိုင်မယ်လို့ ကျွန်တော်တို့ထင်ခဲ့တယ်။ ဘောလုံးလောက က ဒါမျိုးမဟုတ်ဘူးဗျ။ ပါရမီရှင်တွေအားလုံး စုပေါင်းနိုင်ပေမယ့် အားထုတ်မှုမရှိရင်၊ အသင်းဖော်တွေကို ကူ
    ညီမှုမရှိရင် ရလဒ်ကလည်း ကောင်းမှာ မဟုတ်ပါဘူး။ ရှုံးခဲ့တဲ့ ၂ ပွဲမှာ ကျွန်တော်တို့ အသင်းလိုက်ကစားပုံ
    ပျောက်ဆုံးခဲ့ပါတယ်” ဟု ကွန်စီယဲလ်နီက ပြောကြားခဲ့သည်။
    သို့သော်လည်း Boxing Day တွင် ၀က်စ်ဘရွန်းအား အနိုင်ရခဲ့သည့်ပွဲစဉ် ခြေစွမ်းအတွက် ချီးကျူးမိသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref : Goal
  • ချယ်ဆီးကို ဖလားပေး၍ ရနေပြီဟု ဘောလုံးကျွမ်းကျင်သူတစ်ဦး ပြော
    ချယ်ဆီးကို ဖလားပေး၍ ရနေပြီဟု ဘောလုံးကျွမ်းကျင်သူတစ်ဦး ပြော
    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media
    chelsea
    – ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားနိုင်သည့် ချယ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလား ပေးသင့်နေပြီဟု ဘီဘီစီမှ ဘောလုံးရေးရာကျွမ်းကျင်သူ ရောဘီ ဆားဗေ့ဂ်ျက ပြောကြားလိုက်သည်။
    ချယ်ဆီးမှာ လက်ရှိတွင် အနီးစပ်ဆုံးပြိုင်ဘက် မန်စီးတီးအား ၇ မှတ် ဖြတ်ထားနိုင်သည်။ ဆားဗေ့ဂ်ျကမူ ရာသီတစ်ဝက်ကျန်သေးသော်လည်း ၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်နိုင်ပွဲ ရရှိထားသည့် ချယ်ဆီးမှလွဲ၍ ဖလားရနိုင်သည့် အခြားအသင်းကို မမြင်ဟု ဆိုသည်။
    “သူတို့ကိုသာ အခု ဖလားပေးလိုက်ရမှာဗျ။ သူတို့ကို မီအောင်လိုက်နိုင်မယ့်အသင်းမျိုး ကျွန်တော် မတွေ့ပါဘူး။ ခံစစ်ကောင်းတယ်၊ တိုက်စစ်လည်း ကောင်းပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့မဆို ကစားနိုင်တယ်။ အသင်းတွေကို နိုင်အောင်ကစားနိုင်ပါတယ်” ဟု ဆားဗေ့ဂ်ျက ပြောကြားခဲ့သည်။
    ထို့ပြင် ဒီဇင်ဘာအစောပိုင်းက ၀စ်က်ဘရွန်းအသင်း၏ ခံစစ် ၆ ယောက်ထားကစားမှုအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရအောင် ကစားနိုင်ခဲ့ခြင်းကို ထောက်ပြ၍ ချယ်ဆီးအသင်းမှာ ခံစစ်အထိုင်ချကစားသော အသင်းများကိုလည်း ကျော်ဖြတ်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
    Ref : BBC
  • ဗာဒီ၏ပြစ်ဒဏ်အား ဆန့်ကျင်ရေး လက်စတာက မျက်နှာဖုံးလှုပ်ရှားမှု ပြုလုပ်
    ဗာဒီ၏ပြစ်ဒဏ်အား ဆန့်ကျင်ရေး လက်စတာက မျက်နှာဖုံးလှုပ်ရှားမှု ပြုလုပ်
    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media
    vardy
    – အသင်း၏ တိုက်စစ်မှူးဗာဒီ ပွဲပယ်ခံရမှုကို ဆန့်ကျင်ရန်အတွက် လက်စတာအသင်းက ဗာဒီ၏ မျက်နှာဖုံးအား ပရိတ်သတ်များကို ဝေငှမည်ဟု သိရသည်။
    ဗာဒီမှာ ဒီဇင်ဘာအစောပိုင်းက စတုတ်စီးတီးအသင်းနှင့် ၂ ဂိုးစီသရေကျသည့်ပွဲတွင် ပွဲပြီးကာနီး ဘီရမ် ဒီအုဖ်နှင့် အချင်းများခဲ့ပြီးနောက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထိုအဖြစ်အပျက်မတိုင်ခင် ဗာဒီမှာ ဂလင်းဂျွန်ဆင်နှင့်လည်း အချင်းများခဲ့သည်။
    FA က ထိုအနီကဒ်ပြစ်ဒဏ်အတွက် ဗာဒီကို ၃ ပွဲပယ်ခဲ့ပြီး လက်စတာနည်းပြ ရာနီယေးရီကမူ ဘောလုံးလောကအတွက် ၀မ်းနည်းဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထိုပွဲပယ်ပြစ်ဒဏ်ကို ဆန့်ကျင်သည့်အနေဖြင့် ယနေ့ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲတွင် လက်စတာစီးတီးမှာ ဗာဒီ၏ မျက်နှာဖုံးများကို ပရိတ်သတ်များထံ ဝေငှကာ ၀တ်ဆင်စေမည်ဖြစ်သည်။
    လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းမှာ ယခုရာသီတွင် ခြေစွမ်းကောင်းများကို မပြသနိုင်ဘဲ ၁၇ ပွဲကစား ၁၇ မှတ်ဖြင့် အဆင့် ၁၅ နေရာတွင် ရှိနေသည်။
    Ref: Goal
  • အလွန်အမင်းတုန့်ပြန်မှုကို မဖြုံတော့ဟု အာဆင်ဝင်ဂါးပြော
    အလွန်အမင်းတုန့်ပြန်မှုကို မဖြုံတော့ဟု အာဆင်ဝင်ဂါးပြော
    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media
    winger
    – မိမိအနေဖြင့် လိုအပ်သည်ထက်ပိုသည့် တုန့်ပြန်မှုများကို နေသားကျနေပြီး ထိုကဲ့သို့ ဝေဖန်မှုများက ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုအား သွေဖည်သွားစေမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    လက်ရှိ အဆင့် ၄ နေရာတွင်ရှိနေသည့် အာဆင်နယ်မှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၉ မှတ် ကွာဟနေပြီး၊ အာဆင်ဝင်းဂါးအပေါ် ဝေဖန်မှုများ၊ အမှတ်ကွာဟမှုလျှော့ချနိုင်မည်လားဆိုသည့် မေးခွန်းများ မြင့်တက်လာခဲ့သည်။
    “ဝေဖန်မှုတွေကို ကျွန်တော် လစ်လျူမရှုပေမယ့် အလွန်အမင်း တုန့်ပြန်မှုတွေကိုတော့ ကျွန်တော် မဖြုံတော့ပါဘူး။ အသင်းကိုချစ်တဲ့ ပရိတ်သတ်တွေ တနင်္လာနေ့မနက်မှာ စိတ်ပျက်ပြီး သူတို့ရဲ့ မကျေနပ်မှုတွေကို ပေါက်ကွဲထုတ်ပစ်လိုက်တဲ့ အခြေအနေမျိုးအဖြစ် ဥပေက္ခာပြုနိုင်လောက်အောင် ကျွန်တော် ဒီမှာ ကြာနေပါပြီ။ ဒါမျိုးတွေကို ကျွန်တော်တို့ ရှောင်လွှဲလို့ မရပါဘူး” ဟု ၀င်းဂါးက အာဆင်နယ်အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
    ထို့ပြင် မိမိ၏ ပရီးမီးယားလိဂ် သက်တမ်း နှစ် ၂၀ အတွင်း တစ်သင်းထဲက ရာသီအစမှ အဆုံးအထိ ဦးဆောင်နိုင်သည့် အခြေအနေမျိုး အနည်းငယ်သာ တွေ့ရကြောင်း၊ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရေး ဆက်လက် တိုက်ပွဲဝင်သသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal
  • မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော
    မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော
    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media
    mn-u
    – မိမိအနေဖြင့် အနာဂတ်မန်ယူအသင်းတွင် နေရာတစ်နေရာ ရရှိရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အသင်းတွင် မည်သူအတွက်မှ နေရာပုံသေရှိမနေဟု ကွင်းလယ်လူ အန်ဒရေ ဟာရဲရားက ပြောကြားလိုက်သည်။
    မော်ရင်ဟိုလက်အောက်တွင် ဟာရဲရားမှာ အသင်း၏ အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပြီး ကစားပုံ တက်လာသောအသင်းတွင် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ပါဝင်ခွင့် ရလာခဲ့သည်။
    မန်ယူသို့ လွန်ခဲ့သည့် ၂ နှစ်ခွဲအရင်က ရောက်လာခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဟာရဲရားက ကမ္ဘာ့ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်စွမ်း ရှိနေသည့် မန်ယူတွင် မည်သူ၏နေရာမှ မသေချာဟု ပြောကြားခဲ့သည်။
    “အသင်းက ဘယ်လိုကစားသမားမျိုးကိုမဆို ခေါ်ယူနိုင်တဲ့အစွမ်း ရှိနေတယ်။ ဒါ့ကြောင့် အသင်းမှာ ဆက်ကစားချင်ရင်တော့ ကစားသမားတစ်ယောက်ဟာ အမြဲတမ်း စွမ်းဆောင်မှု အမြင့်ဆုံးမှာ ရှိနေရမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်မယ်လို့ထင်တယ်။ အဲဒီအတွက်လည်း တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဟာရဲရားက ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်း ကစားသမားဘ၀ စတင်ခဲ့သည့် လာလီဂါနှင့် ပရီးမီးယားလိဂ်တို့၏ ကွာခြားချက်မှာ အမြန်နှုန်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။
    Ref: Goal