News @ M-Media

Tag: EPL 2016-2017

  • မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    မော်ရင်ဟိုမှာ ဂွါဒီယိုလာကို ယှဉ်နိုင်သည်ဟု ဖာဂူဆန်ပြော

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    man-u

    – မန်ယူနည်းပြ မော်ရင်ဟိုမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ယှဉ်နိုင်သည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ပြောကြားလိုက်ပြီး ယခုနှစ် ပရီးမီးယားလိဂ်ဆုဖလားအတွက်မူ မန်စီးတီးကို တစ်ပေးခဲ့သည်။

    ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ် ကွာဟနေသော်လည်း မန်ယူမှာ ယနေ့မနက်က ကစားခဲ့သည့် FA ဖလားတွင် မန်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂွါဒီယိုလာ၏ အဆိုပါအရှုံးမှာ ပြိုင်ပွဲအားလုံးတွင် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့် ရလဒ်လည်း ဖြစ်သည်။

    ဖာဂူဆန်ကမူ ပရီးမီးယားလိဂ်ပြေးလမ်းရှိ အသင်း ၅ သင်းတွင် မန်စီးတီးမှာ ချန်ပီယံဆုရရှိရန် အဖြစ်နိုင်ဆုံးဟု ပြောကြားခဲ့ကာ မော်ရင်ဟိုမှာ ဂွါဒီယိုလာအား စိန်ခေါ်နိုင်သည်ဟု ဆိုသည်။

    “ဂွါဒီယိုလာရဲ့ အရည်အချင်းကို ငြင်းချက်ထုတ်စရာ မလိုပါဘူး။ ကွန်တီကလည်း ချယ်ဆီးကို လမ်းကြောင်းပေါ် ပြန်တင်ပေးတယ်။ ဒါပေမယ့် မော်ရင်ဟိုဟာ ဂွါဒီယိုလာကို ယှဉ်နိုင်မှာပါ။ သူဟာ မတူညီတဲ့ ကလပ်အသင်းနှစ်ခုနဲ့ ချန်ပီယံလိဂ်ဖလားကို ယူခဲ့ပြီး နိုင်ငံ ၃ နိုင်ငံက အမှတ်ပေးဖလားတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ရဲ့ အတွေ့အကြုံ၊ ပြိုင်ဆိုင်မှုတွက စိတ်လှုပ်ရှားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဖာဂူဆန်က Kicker သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဗာဒီနှင့် မဟ်ရက်ဇ်တို့ Ballon d’Or ဇကာတင်စာရင်းတွင် ပါဝင်မှုအတွက် ရာနီယေးရီ ဂုဏ်ယူ

    ဗာဒီနှင့် မဟ်ရက်ဇ်တို့ Ballon d’Or ဇကာတင်စာရင်းတွင် ပါဝင်မှုအတွက် ရာနီယေးရီ ဂုဏ်ယူ

    အောက်တိုဘာ ၂၇၊ ၂၀၁၆
    M-Media

    vardy

    – အသင်းရှိ တိုက်စစ်မှူးများဖြစ်သော ရီယာ့ဒ်မဟ်ရက်ဇ်နှင့် ဗာဒီတို့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဇကာတင်စာရင်းတွင် ပါဝင်လာသည့်အတွက် ဂုဏ်ယူမိသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    မဟ်ရက်ဇ်နှင့် ဗာဒီတို့မှာ ပြီးခဲ့သည့်နှစ်က လက်စတာ၏ အံ့သြဖွယ် ပရီးမီးယားလိဂ် ချိန်ပီယံဖြစ်မှုတွင် အရေးပါသည့် ကစားသမားများ ဖြစ်ခဲ့ပြီး ယနေ့တွင် ထုတ်ပြန်ခဲ့သည့် Ballon d’Or ဇကာတင် အယောက် ၃၀ စာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

    ဗာဒီမှာ ပြီးခဲ့သည့်နှစ်က ၂၄ ဂိုးသွင်းယူခဲ့ပြီး ၁၁ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် စံချိန်ကိုလည်း ရရှိခဲ့သည်။ မဟ်ရက်ဇ်မှာလည်း ပရီးမီးယားလိဂ်တွင် ၁၇ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    ရာနီယေးရီကမူ ၎င်းတို့ ထိုကဲ့သို့ အသိအမှတ်ပြုခံရမှုမှာ အသင်းအတွက် အထူးစပါယ်ရှယ် ဖြစ်သည်ဟု ဆိုသည်။

    “ဒီအောင်မြင်မှုက အကောင်းဆုံးထဲက တစ်ခုပါပဲ။ စကာတင်စာရင်းမှာ ထည့်သွင်းခံရတာကိုက အထူးစပါယ်ရှယ်ပါပဲ။ (သူတို့ရမလား၊ မရဘူးလား ဆိုတာကို) ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ရဖို့ မျှော်လင့်ပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော

    ပေါ့ဘာမှာ စိတ်ရှုပ်နေပုံရသည်ဟု နဗီးလ်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    pogba-2

    – အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ပေါ့ဘာမှာ စိတ်ရှုပ်ထွေးနေပုံရသည်ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပြီး မော်ရင်ဟိုမှာ မန်ယူအတွက် ဂုဏ်သိက္ခာများ ပြန်လည် ဆောင်ကျဉ်းပေးနိုင်မည်ဟု ဆိုသည်။

    မော်ရင်ဟိုမှာ ယမန်နေ့က မန်ယူနည်းပြအဖြစ် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပထမဆုံး သွားရောက် ရင်ဆိုင်ရခြင်းဖြစ်ပြီး ရလဒ်မကောင်းခဲ့ဘဲ ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ပေါ့ဘာမှာလည်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ထိုက်တန်သည့်ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပေ။

    “ပေါ့ဘာဟာ စိတ်ရှုပ်ထွေးနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ပြောင်းလာတဲ့သူ့ကို မနေ့က ကျွန်တော်ကြည့်ရတာဟာ သူ့မှာ အခက်အခဲ ရှိနေပုံပါပဲ။ အန်ဖီးလ်မှာလည်း နံပါတ် ၁၀ နေရာကနေ ကစားခဲ့တာ အဆင်မပြေပါဘူး။ ဂျိုဆေးမော်ရင်ဟိုအနေနဲ့ အခုအချိန်မှာ သူ့ကို အသင်းနဲ့ အံကျဖြစ်အောင် နည်းလမ်းရှာဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလောက် ငွေကြေးအများကြီးနဲ့ ကစားသမားတစ်ဦးကို ခေါ်ထားပြီဆိုရင် သူ အံဝင်ဖို့တော့ တစ်နည်းနည်းနဲ့ လုပ်ဆောင်ရမှာပါ” ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။

    ယခုအရှုံးမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၃ ပွဲမြောက်အရှုံးဖြစ်ပြီး ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ်အကွာ အဆင့် ၇ နေရာတွင် ရှိနေသည်။

    Ref : Goal

  • ပရီးမီးယားလိဂ်ယူရန် ချယ်ဆီးသို့ ပြန်လာခြင်းဟု လူးဝစ်ပြော

    ပရီးမီးယားလိဂ်ယူရန် ချယ်ဆီးသို့ ပြန်လာခြင်းဟု လူးဝစ်ပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    luiz

    – ပီအက်စ်ဂျီမှ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာသည့် အဓိကရည်ရွယ်ချက်မှာ ပရီးမီးယားလိဂ်ဖလား ရရှိရန် ဖြစ်သည်ဟု ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်က ပြောကြားလိုက်သည်။

    ချယ်ဆီးကစားသမားဟောင်း လူးဝစ်မှာ ပီအက်စ်ဂျီတွင် ၂ နှစ်ကြာ သွားရောက်ကစားခဲ့ပြီးနောက် ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် နောက်ဆုံးနေ့မှ ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

    ပထမအကြိမ် ချယ်ဆီးကစားသမားအဖြစ် လူးဝစ်မှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလားတို့ကို ရရှိခဲ့ပြီး ၎င်းကမူ ယခုအကြိမ်တွင် ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားနေသည်။

    “ချယ်ဆီးကို ကျွန်တော် တော်တော်လေး လွမ်းပါတယ်။ အရင်က ကျွန်တော် ဒီမှာပျော်ခဲ့တယ်။ ပဲရစ်မှာလည်း ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် အဲဒီမှာ တော်တော်ကောင်းမွန်တဲ့ အခြေအနေမျိုးကို ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စိန်ခေါ်မှုအသစ်တွေကို နှစ်သက်တယ်၊ ရည်မှန်းချက်ရှိတယ်ဆိုတာ ကျွန်တော့်ကိုကျွန်တော် သိပါတယ်။ ဒီကိုလာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရင်းတွေထဲတစ်ခုက ပရီးမီးယားလိဂ်ကို ကောင်းကောင်းကျွမ်းဝင်ပေမယ့် ဖလားရဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာ ကျွန်တော့်ကစားသမားဘ၀ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်”

    Ref: Goal

  • မန်စီးတီးမှာ ဘာကာနှင့်တူလာသည်ဟု ပီကေးပြော

    မန်စီးတီးမှာ ဘာကာနှင့်တူလာသည်ဟု ပီကေးပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    pep

    – ဂွါဒီယိုလာလက်အောက် မန်စီးတီးအသင်းမှာ ဘာစီလိုနာအသင်းနှင့် အလွန်တူလာသည်ဟု ဘကာနောက်ခံလူ ဂျရတ်ပီကေးက ပြောကြားလိုက်သည်။

    ဘိုင်ယန်အား စွန့်ခွာခဲ့သည့် ဂွါဒီယိုလာမှာ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူနျူယဲလ် ပယ်လီဂရီနီ၏ နေရာကို အစားထိုးကာ မန်စီးတီးအား ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ ဘာကာနည်းပြဟောင်းလည်းဖြစ်သည့် ဂွါဒီယိုလာမှာ ချန်ပီယံလိဂ် အုစ်စုပွဲစဉ်အဖြစ် နျူးကမ့်တွင် အသင်းဟောင်းအား ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

    ပီကေးကမူ ဂွါဒီယိုလာမှာ မန်စီးတီးအပေါ် သိသိသာသည့် သက်ရောက်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီပွဲတွေက ပွဲကြီးပွဲကောင်းတွေပါ။ ကျွန်တော်တို့ ရေကုန်ရေခန်း ပေးဆပ်ရမယ့် ပွဲတွေပါ။ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီး ကွဲပြားခြားနားတဲ့ မန်စီးတီးကို ကျွန်တော်တို့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပက် (ဂွါဒီယိုလာ) က တာဝန်ယူပြီးတဲ့နောက်မှာ ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ စီးတီးဟာ မနှစ်ကနဲ့ မတူဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ရဲ့ ကစားပုံက ခြားနားသွားပါပြီ။ ဖိအားကောင်းကောင်းပေးနိုင်တယ်။ ကျွန်တော်တို့လိုပဲ ကစားဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ ပက်က ကျွန်တော်တို့လိုပဲ ဘောလုံးအကြောင်းကို နားလည်တယ်။ သိပ်ပြီး ကြည့်ကောင်းမယ့်ပွဲပါပဲ။ ကျွန်တော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပီကေးက ပြောကြားခဲ့သည်။

    Ref: Goal