News @ M-Media
Tag: EPL 2016-2017
  • အာဆင်နယ်မှထွက်ပါက အခြားအသင်းတွင် နည်းပြနိုင်သည်ဟု ၀င်းဂါး ဖွင့်ဟ
    အာဆင်နယ်မှထွက်ပါက အခြားအသင်းတွင် နည်းပြနိုင်သည်ဟု ၀င်းဂါး ဖွင့်ဟ
    အောက်တိုဘာ ၁၃၊ ၂၀၁၆
    M-Media
    winger
    – အာဆင်နယ်အသင်းတွင် မိမိ၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍ မိမိကိုယ်ကို ဆန်းစစ်မှုက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုမည့် ကိစ္စအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပြီး၊ အာဆင်နယ်မှ ထွက်ခွာပါက အခြားနေရာတွင် နည်းပြအဖြစ် ဆောင်ရွက်နိုင်သည်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    အသင်းတွင် နည်းပြသက်တမ်း နှစ် ၂၀ အတွင်း ပရီးမိးယားလိဂ်ဖလား ၃ လုံးနှင့် FA ဖလား ၆ လုံး ရယူပေးထားသည့် ၀င်းဂါးမှာ ယခုရာသီကုန်လျှင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မရေရာမှုများလည်း ရှိနေသည်။
    ပြီးခဲ့သည့် ၁၀ စုနှစ်တစ်ခုအတွင်း ကြီးမားသည့် အောင်မြင်မှုမျိုး ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် ပရိတ်သတ်များက ၀င်းဂါးအပေါ် ဝေဖန်မှုများ ပြုလုပ်လာခဲ့ကြသည်။
    “ကျွန်တော် အသင်းမှာ ဆက်နေမှာလား၊ မနေဘူးလားဆိုတာကိုတော့ ဒီမှာ ဆက်နေဖို့ ဆန္ဒရှိလား၊ မရှိဘူးလား၊ အသင်းက အလိုရှိလား၊ မရှိဘူးလား၊ ကျွန်တော်ရဲ့ စွမ်းဆောင်မှုက ကောင်းမွန်လား၊ မကောင်းမွန်ဘူးလားဆိုတဲ့ သုံးသပ်မှု စတာတွေနဲ့ ဆုံးဖြတ်သွားမှာပါ။ ဆုံးဖြတ်ဖို့အတွက် အဓိက အကြောင်းအရင်းကတော့ ကျွန်တော့်အနေနဲ့ ကောင်းကောင်း စွမ်းဆောင်နိုင်လား။ အသင်းနဲ့ ကျွန်တော်လိုချင်တဲ့ အောင်မြင်မှုမျိုး ရရှိလား ဆိုတာပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် ကောင်းမွန်သည့် စွမ်းဆောင်မှုမျိုး မရှိဟု ထင်ပါက အသင်းမှ ထွက်ခွာသွားမည်ဖြစ်ပြီး အခြားနေရာတွင် နည်းပြအဖြစ် ဆောင်ရွက်မှုမှာလည်း ဖြစ်နိုင်ချေရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal
  • ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော
    ပွဲတိုင်းအတွက် ရေကုန်ရေခန်း ပေးဆပ်သည်ဟု ပေါ့ဘာပြော
    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media
    pogba
    – မိမိ၏ ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို မိမိအနေဖြင့် နားလည်ပြီး၊ အသင်းအတွက် အမြဲတမ်း ရေကုန်ရေခန်း ပေးဆပ်နေသည်ဟု မန်ယူအသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။
    ပေါ့ဘာမှာ ယမန်နေ့က နယ်သာလန်အသင်းအား ပြင်သစ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသော ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူပေးနိုင်ခဲ့သည်။ မန်ယူသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိပြီးကတည်းက ကလပ်နှင့် နိုင်ငံအသင်းတို့တွင် ခြေစွမ်းကောင်းများ မပြသနိုင်မှုအတွက် ပေါ့ဘာမှာ ဝေဖန်ခံနေရသည်။
    “ကျွန်တော် ပြင်သစ်အသင်းအတွက် ကစားတာဖြစ်ပြီး အဲဒီအသင်းက ပေါ့ဘာတစ်ယောက်တည်းနဲ့ ကစားတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးကောင်းတစ်ယောက်ကောင်းအကြောင်း ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် အသင်းအတွက် ကစားတယ်၊ အမြဲတမ်း ရေကုန်ရေခမ်းကစားပေးတာပါ” ဟု ပေါ့ဘာက Canal+ သို့ ပြောကြားခဲ့သည်။
    ထို့ပြင် မိမိအနေဖြင့် ဝေဖန်မှုများ ခံနေရသော်လည်း ပွဲများတွင်သာ အာရုံစိုက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကမူ ပေါ့ဘာအား ဝေဖန်မှုမှာ မဖြစ်သင့်သော်လည်း ဘောလုံးလောကမှာ ထိုကဲ့သို့ပင်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။
    Ref : Goal
  • ကွန်တီမှာ ချယ်ဆီးအတွက် ဖလားပြန်ယူပေးမည်ဟု မီခေးလ်ပြော
    ကွန်တီမှာ ချယ်ဆီးအတွက် ဖလားပြန်ယူပေးမည်ဟု မီခေးလ်ပြော
    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media
    conte
    – နည်းပြသစ်ကွန်တီအနေဖြင့် အ၀တ်လဲခန်းအတွင်း ကြီးမားသည့် လွှမ်းမိုးမှု ရှိနေပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဂုဏ်သိက္ခာရှိသော နေ့ရက်များကို ပြန်လည်ဆောင်ကျဉ်းပေးရန် အဆင်သင့်ဖြစ်နေသည်ဟု ချယ်ဆီးကွင်းလယ်လူ ဂျွန် အိုဘီလ် မီခေးလ်က ပြောကြားလိုက်သည်။
    ၂၀၀၆ ခုနှစ်က ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည် မီးခေးလ်အတွက် ကွန်တီမှာ ၁၃ ယောက်မြောက် နည်းပြဖြစ်ပြီး နည်းပြသစ်ဖြင့် ယခုအချိန်အထိ ပွဲထွက်ခွင့် မရသေးပေ။ သို့သော်လည်း ကွန်တီမှာ အသင်းသို့ အောင်မြင်မှု ပြန်လည် ယူဆောင်လာနိုင်လောက်သည့် နည်းပြဖြစ်သည်ဟု ၎င်းက ယုံကြည်နေသည်။
    “ဒီနည်းပြနဲ့ ချယ်ဆီးဟာ ဖလားတွေ ရမယ်ဆိုတာကို ကျွန်တော် မြင်နေပါတယ်။ ဒီလို ရရှိမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ နည်းပြက သူဘာလိုချင်လဲဆိုတာ သိတယ်။ ကျွန်တော်တို့က သူ့နောက်မှာ ရှိနေပါတယ်။ ကစားသမားတွေဖြစ်တဲ့ ကျွန်တော်တို့ သူ့ကို ထောက်ခံတယ်။ သူနဲ့အတူ ကျွန်တော်တို့ ရှေ့ဆက်ရမယ်။ ဒါ့ကြောင့် လူတိုင်းက ရှေ့ကိုပဲ ဆက်မျှော်ကြည့်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မီခေးလ်က ပြောကြားခဲ့သည်။
    ထို့ပြင် မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ အဲဗာတန် အစရှိသဖြင့် အသင်းတိုင်းက ငွေကြေးအမြောက်အများ သုံးစွဲထားခြင်းကြောင့် ယခုရာသီမှာ စိတ်ဝင်စားဖွယ်ကောင်းသည့်ရာသီ ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အာဆင်နယ်၏ ကမ်းလမ်းမှုကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ချခြင်းဟု မဟ်ရက်ဇ်ပြော
    အာဆင်နယ်၏ ကမ်းလမ်းမှုကို မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပယ်ချခြင်းဟု မဟ်ရက်ဇ်ပြော
    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media
    mah
    – ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်က မိမိကို ခေါ်ယူရန် ချဉ်းကပ်ခဲ့သော်လည်း မိမိအနေဖြင့် အသင်း၌သာ ဆက်နေရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟု လက်စတာတိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။
    လက်စတာစီးတီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သော မဟ်ရက်ဇ်ကို အာဆင်နယ်က ခေါ်ယူရန် သိသိသာသာ ကြိုးစားခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်မလာခဲ့ပေ။
    “အာဆင်နယ်က ကျွန်တော့်အတွက် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာက ကျွန်တော့်ကို ဆက်ထိန်းထားချင်တယ်။ ကျွန်တော်ကလည်း တော်တော်ဈေးကြီးနေပြီလေ။ ကမ်းလှမ်းမှုလာတဲ့အချိန်မှာ ကျွန်တော် စိတ်ကသိကအောက် ဖြစ်တာမျိုး မဖန်တီးချင်ပါဘူး။ ဆက်နေတာ ကောင်းတယ်လို့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် ကျွန်တော် သက်သေပြရမှာပါ” ဟု မဟ်ရက်ဇ်က Canal ootball Club သို့ ပြောကြားခဲ့သည်။
    မဟ်ရက်ဇ်မှာ နောက်ဆုံးတွင် လက်စတာ၌ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေမည့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ၃၉ ပွဲကစား ၁၈ ဂိုးသွင်းယူနိုင်ခဲ့သည့် မဟ်ရက်ဇ်မှာ လက်ရှိတွင် ၁၀ ပွဲကစား ၃ ဂိုး သွင်းယူထားသည်။
    Ref: Goal
  • အာဆင်ဝင်းဂါး အင်္ဂလန်နည်းပြ ဖြစ်မည်မဟုတ်ဟု တပည့်ဟောင်းပြော
    အာဆင်ဝင်းဂါး အင်္ဂလန်နည်းပြ ဖြစ်မည်မဟုတ်ဟု တပည့်ဟောင်းပြော
    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media
    winger-2
    – အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါးမှာ အသင်းအား စွန့်ခွါကာ အင်္ဂလန်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်တော့မည်ဆိုသည့် သတင်းများမှာ အမှန်တကယ် ဖြစ်မလာနိုင်ဟု ၀င်းဂါး၏ တပည့်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ရောဘက် ပီရက်စ်က ပြောကြားလိုက်သည်။
    ၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ပြည့်မည်ဖြစ်ပြီး ၎င်း၏ နောက်ဆုံးနှစ်ဖြစ်မည်ဟုလည်းကောင်း၊ မကြာသေးမီက အင်္ဂလနည်းပြရာထူးမှ နှုတ်ထွက်သွားသည့် ဆမ်အလာဒိုက်စ်၏ နေရာကို ဆက်ခံမည်ဟုလည်းကောင်း သတင်းများထွက်ပေါ်နေသည်။
    သို့သော် အာဆင်ဝင်းဂါးလက်အောက်တွင် အဓိကကစားသမားအနေဖြင့် ကစားခဲ့ဖူးသည့် ပီရက်စ်ကမူ ၀င်းဂါးအနေဖြင့် နိုင်ငံအသင်းနည်းပြအဖြစ် သင့်တော်မည်မဟုတ်ဟု ဆိုသည်။
    “သူ အာဆင်နယ်မှာ ဆက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းက သူ့ကို လိုချင်တယ်ဆိုတာကလည်း ဟုတ်ပါတယ်။ ဒါက ကျွန်တော့အမြင်ပါ။ သူဟာ မနက်တိုင်း ဘောလုံးကွင်းထဲမှာ ရှိတာကို သဘောကျတယ်။ ကလပ်အသင်းတစ်သင်းနဲ့ လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်တာဟာ တကယ်တော့ မတူပါဘူး” ဟု ပီရက်စ်က ပြောကြားခဲ့သည်။
    Ref: Goal