News @ M-Media
Tag: EPL 2016-2017
  • ဗာဒီဂိုးပေါက်ပြန်တွေ့မည်ဟု ဟက်စကီး အာမခံ
    ဗာဒီဂိုးပေါက်ပြန်တွေ့မည်ဟု ဟက်စကီး အာမခံ
    နိုဝင်ဘာ ၁၀၊ ၂၀၁၆
    M-Media
    vardy
    – ယခုနှစ်တွင် ဂိုးပေါက်ပျောက်ပြီး ရုန်းကန်နေရသည့် လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီအနေဖြင့် မကြာမီ ဂိုးများ ပြန်သွင်းနိုင်လိမ့်မည်ဟု လက်စတာနှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အီမီလီ ဟက်စကီးက ပြောကြားလိုက်သည်။
    ဗာဒီမှာ ပြီးခဲ့သည့်နှစ်တွင် အသင်းအတွက် ၂၄ ဂိုးသွင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သည်။ နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းမှ ပေါင်း သန်း ၃၀ ဖြင့်ကမ်းလှမ်းမှုကို ငြင်းပယ်ကာ လက်စတာတွင်သာ ဆက်နေခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ်တွင် ၂ ဂိုးသာ သွင်းယူထားနိုင်ပြီး ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည်။
    ဟက်စကီးကမူ ဗာဒီအနေဖြင့် မနှစ်ကကဲ့သို့ ဂိုးများလိုချင်ပါက ဂိုးရှေ့တွင် ပိုမိုတည်ငြိမ်ရမည်ဟုဆိုသည်။
    “ဂိုးသွင်းဖို့ ရုန်းကန်နေရပေမယ့် စွမ်းဆောင်မှုကတော့ ကောင်းပါတယ်။ နည်းနည်းဂိုးမိုးခေါင်နေပြီး ကျွန်တော်ကတော့ သူ့အနေနဲ့ ဂိုးဧရိယာအတွင်မှာနေကာ ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးစေချင်ပါတယ်။ သူက နေရာမှန်မှာရှိတယ်။ နည်းနည်းတည်ငြိမ်ဖို့ လိုနေတာပါ။ ဒီလိုမှပဲ သူဟာ ယုံကြည်မှုပြန်ရမှာပါ” ဟု ဟက်စကီးက ပြောကြားခဲ့သည်။
    Ref: Goal
  • ဟယ်ရီကိန်း ပရီးမီးယားလိဂ်ဂိုးသွင်းရှင်ဖြစ်မည်ဟု စပါးနည်းပြဟောင်း ဟောကိန်းထုတ်
    ဟယ်ရီကိန်း ပရီးမီးယားလိဂ်ဂိုးသွင်းရှင်ဖြစ်မည်ဟု စပါးနည်းပြဟောင်း ဟောကိန်းထုတ်
    နိုဝင်ဘာ ၈၊ ၂၀၁၆
    M-Media
    kane
    – စပါးအသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ယခုနှစ် ပရီးမီးယားလိဂ်၏ ရွှေဖိနပ်ဆုရှင် ဖြစ်လာလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း စပါးနည်းပြဟောင်း ဟာရီရက်နပ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က သွင်းဂိုး ၂၂ ဂိုးဖြင့် ထိပ်တန်းဂိုးသွင်ဘုရင်ဖြစ်ခဲ့သူ ဟယ်ရီကိန်းမှာ ယခုနှစ်တွင် ဒဏ်ရာကြောင့် ခြေစွမ်းကောင်းများ မပြနိုင်သေးပေ။
    သို့သော်လည်း ဘောလုံးဝဘ်ဆိုက်တစ်ခုဖြစ်သည့် Goal မှ ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စာရင်းတွင် ကိန်းမှာ အဆင့် ၃၅ တွင် ရပ်တည်ခဲ့ပြီး ရက်နပ်ကမူ ကိန်းအပေါ် ယုံကြည်နေသည်။
    “ကိန်းဟာ ဒီနှစ် ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ပါဝင်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ၄၊ ၅ ပွဲလောက်ကစားပြီး လူတိုင်းက သူ့ကို ပယ်လိုက်ပါတယ်။ ပြီးတော့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့တယ်။ ဒီနှစ်လည်း ဒီထပ်အောက်မှာ မဟုတ်ဘူး၊ အမှားတွေလုပ်မှာ မဟုတ်ပါဘူး” ဟု ရက်နပ်က ပြောကြားခဲ့သည်။
    ထို့ပြင်မိမိအနေဖြင့် စပါးနည်းပြအဖြစ် တာဝန်ယူစဉ်ကတည်းက ကိန်း၏ ခြေစွမ်းခြေစကို သိရှိခဲ့ပြီး၊ ယနေ့ကဲ့သို့ ကစားသမားမျိုး ဖြစ်လာစေရန် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု လိုအပ်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal
  • အာဆင်နယ်ပွဲ လွဲသည့်အတွက် ပရိတ်သတ်ကို အီဗရာဟီမိုဗစ် တောင်းပန်
    အာဆင်နယ်ပွဲ လွဲသည့်အတွက် ပရိတ်သတ်ကို အီဗရာဟီမိုဗစ် တောင်းပန်
    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media
    arsenal
    – အ၀ါကဒ် ၅ ကဒ်ထိကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အာဆင်နယ်နှင့်ကစားမည့်ပွဲ၌ မပါဝင်နိုင်မှုအတွက် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က မန်ယူပရိတ်သတ်များကို တောင်းပန်လိုက်သည်။
    စနေနေ့က ဆွမ်ဆီးနှင့်ပွဲတွင် အ၀ါကဒ်ပြခံခဲ့ရသသည့် မိုဗစ်မှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် အ၀ါကဒ် ၅ အထိ ရှိခဲ့ပြီး အိုးထရက်ဖို့ဒ်တွင်ကစားမည့် အာဆင်နယ်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။
    မိုဗစ်ကမူ ထိုပွဲတွင် မပါဝင်နိုင်သည့်အတွက် စိတ်ပျက်ရသည်ဟု ဆိုသည်။
    “ပွဲတိုင်းကို မာမာထန်ထန်ကစားတော့ ကြမ်းတဲ့ပုံစံမျိုးပေါက်တယ်။ အ၀ါထိတယ်။ ကျွန်တော် သိပ်စိတ်ပျက်လွန်းတဲ့အတွက် ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ပါဘူး။ ဒိုင်လူကြီးအသံလည်း မကြားချင်ဘူး။ အင်္ဂလန်မှာ ဘောလုံးကစားရတာ ခက်တာဆိုတာ ဒါက ပြနေတာပါပဲ။ ရုပ်ပိုင်းကိုအားပြုတယ်။ ကျွန်တော်ကတော့ လက်ခံရမှာပါ။ ကျွန်တော်က ပရော်ဖက်ရှင်နယ် ဖြစ်ရမှာကိုး။ နောက်ပွဲ ပယ်ခံရတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော် တကယ့်ကို ကစားချင်တဲ့ပွဲမှာမှ မပါဝင်နိုင်တာပါ။ ဒါပေမယ့် အသင်းဖော်တွေကို ကျွန်တော်ယုံတယ်။ ကျွန်တော်မပါလည်း ကောင်းအောင်လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်” ဟု မိုဗစ်က ပြောကြားခဲ့သည်။
  • နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့
    နံပါတ် ၉ ဂျာစီ မ၀တ်ရသည့်အတွက် မာရှယ် စိတ်ထိခိုက်ခဲ့
    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media
    martial
    – မန်ယူက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို နံပါတ် ၉ ဂျာစီ ပေးလိုက်သည့်အတွက် မာရှယ်အနေဖြင့် ထိခိုက်နာကျင်ခဲ့ရသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
    မာရှယ်မှာ ၂၀၁၅ ခုနှစ်က မိုနာကိုမှ မန်ယူသို့ ရောက်ရှိလာပြီးနောက်ပိုင်း နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သော်လည်း အီဗရာဟီမိုဗစ်ရောက်လာပြီးနောက် နံပါတ် ၁၁ ဂျာစီကို ပြောင်းဝတ်ခဲ့ရသည်။ အေးဂျင့်ဖြစ်သူ ဖီးလစ် လမ်ဘိုလေးကမူ ၎င်း၏ကစားသမားမှာ ထိုအပြောင်းအလဲကြောင့် စိတ်ထိခိုက်ခဲ့သည်ဟု ဆိုသည်။
    “အမှန်ပြောရရင် မန်ယူက နံပါတ် ၉ ဂျာစီကို ပေးမ၀တ်တော့တာက သူ့ကို နာကျင်စေခဲ့ပါတယ်။ ဒီအတွက်လည်း သူက အံ့သြခဲ့ပြီး ရက်အနည်းငယ်လောက် စိတ်ဓာတ်ကျခဲ့ပါတယ်။ ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ် ကစားသမားယောက်ဖြစ်ပြီး ဒီနေရာအတွက် ပြန်လည် တိုက်ပွဲဝင်ရမယ်ဆိုတာ သိပါတယ်” ဟု အေးဂျင့်က ဆိုသည်။
    မာရှယ်မှာ မော်ရင်ဟိုလက်အောက်တွင် အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရပြီး၊ အသင်းတွင် မပျော်ရွှင်တော့ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
    သို့သော်လည်း လမ်ဘိုလေးကမူ ၎င်း၏ ကစားသမားမှာ အိုးထရက်ဖို့ဒ်တွင် ပျော်ရွှင်နေကြောင်း၊ မောင်ရင်ဟိုနှင့် ဆက်ဆံရေးဆိုးရွားနေသည်ဆိုသည့် သတင်းများမှာ မမှန်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ရမ်ဆေးမှာ လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟု ၀င်းဂါးပြော
    ရမ်ဆေးမှာ လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟု ၀င်းဂါးပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    ramsay
    – ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အာရွန်ရမ်ဆေးမှာ ဂိုးများပြန်သွင်းနိုင်ကာ အာဆင်နယ်အသင်း၏ လမ်းပတ် ဖြစ်လာမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်ရာသီများတွင် အာဆင်နယ်အသင်း၏ အဓိကအားထားရသော ကစားသမားဖြစ်ခဲ့သည့် ရမ်ဆေးမှာ လက်ရှိတွင် ဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်စနေနေ့ ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရဖွယ် ရှိနေသည်။
    “သူက အသင်းကိုမောင်းနှင်ပေးပြီး ရှေ့ဆက်ဖို့လည်း တွန်းအားပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်တာပါပဲ။ သူက လမ်းပတ်လိုပါ။ ဂိုးဧရိယာထဲ ၀င်ရတာနဲ့ အဝေးကနေ ကန်သွင်းရတာကို သူ နှစ်သက်ပါတယ်။ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အရည်အသွေးတွေ ရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal