News @ M-Media

Tag: EPL 2016-2017

  • မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော

    မန်ယူ အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်းပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    man-u

    – ပွဲထွက်လူစာရင်း ၁၁ ယောက်တွင် အပြောင်းအလဲမလုပ်ပါက မန်ယူမှာ ယခုနှစ်တွင် အဆင့် ၄ မ၀င်နိုင်ဟု ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ဘန်လေနှင့်ပွဲတွင် မန်ယူမှာ စံချိန်တင် ဂိုးသွင်းခွင့်ရခဲ့သော်လည်း ဂိုးရခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးကာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်း ဖြစ်သည်။ ဇယားတွင်လည်း ထိပ်ဆုံးမှ အသင်းများနှင့် ၈ မှတ် ကွာဟနေပြီး အဆင့် ၄ မှ ချယ်ဆီးနှင့်မူ ၇ မှတ် ကွာဟနေသည်။

    ဟားဂရေဗ့်ကမူ မန်ယူအနေဖြင့် ဆိုးရွားသည့် ပြဿနာအချို့ကို မဖြေရှင်းနိုင်ပါက ချန်ပီယံလိဂ် ၀င်ခွင့် လွဲချော်ဖွယ်ရှိသည်ဟု ဆိုသည်။

    “နောက်ခံလူ ၄ ယောက်က တော်တောင်လေးတောင့်တင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဂိုးသမားကလည်း တစ်နိုင်ငံလုံးမှာ အကောင်းဆုံးပါ။ အသင်းလိုက်ဆိုရင်တော့ မန်ယူဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းလောက်မဆို ကောင်းတယ်လို့ ကျွန်တော် အမှန်အကန်ယုံကြည်ပါတယ်။ ဒါပေမယ့် အခုလိုပုံမျိုးနဲ့တော့ ထိပ်ဆုံး ၄ သင်း မ၀င်နိုင်ပါဘူး” ဟု ဟားဂရေ့ဗ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကန်တီကို ယခင်က မကြားဖူးဟု ချယ်ဆီးနည်းပြ ပြော

    ကန်တီကို ယခင်က မကြားဖူးဟု ချယ်ဆီးနည်းပြ ပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media

    kante

    – အသင်းရှိ အားထားရသည့် ကွင်းလယ်ကစားသမား ကန်တီကို အင်္ဂလန်သို့ မရောက်ခင်အထိ မကြားဖူးခဲ့သော်လည်း ယခုတွင်မူ ၎င်း၏ အသင်းအတွက်ပေးဆပ်မှုများအတွက် အားရပ်ကျေနပ်မိသည်ဟု ချယ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်သည်။

    အသက် ၂၅ နှစ်အရွယ် အန်ဂိုလို ကန်တီမှာ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းတွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ချယ်ဆီးက ပေါင်း ၃၂ သန်းဖြင့် ခ်ါယူခဲ့ခြင်းဖြစ်သည်။

    လက်ရှိတွင် ကန်တီမှာ ချယ်ဆီး၌ ခြေစွမ်းကောင်းများကို ပြသနေပြီး အသင်း၏ ပင်တိုင်ကွင်းလယ်လူ ဖြစ်လာခဲ့သည်။ ကွန်တီကမူ ကန်တီအား ချီးကျူးခဲ့သည်။

    “ကျွန်တော် ဒီမရောက်ခင် သူ့ကိုသိလားဆိုရင်တော့ အဖြေက ‘နိုး’ ပါပဲ။ အခုတော့ ကျွန်တော်သိပါပြီ။ သူဟာ ကွင်းလယ်အဖျက်သာ မဟုတ်ပါဘူး။ ပြည့်စုံတဲ့ အလယ်တန်းလူ တစ်ယောက်ပါ။ ကျွန်တော်တို့ လက်ရှိကစားနေတဲ့စနစ်မှာ အန်ဂိုလိုက ဒီလို စကစားတာကို ကျွန်တော် တော်တော်လေးကြိုက်ပါတယ်။ အန်ဂိုလိုဟာ တော်တော်ကောင်းပါတယ်။ လက်စတာနဲ့မကစားခင် သူဟာ လက်စတာအတွက် ကစားခဲ့တဲ့အချိန် မနှစ်ကနဲ့နိုင်းယှဉ်ရင် ခြားနားသွားတယ်လို့ လူတော်တော်များများ ပြောကြတာကို ကျွန်တော် မှတ်မိပါသေးတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    Ref : Goal

  • မိုယက်စ်၏ ဆန်းဒါးလန်း လိဂ်သမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ရရှိ

    မိုယက်စ်၏ ဆန်းဒါးလန်း လိဂ်သမိုင်းတွင် အဆိုးရွားဆုံးမှတ်တမ်းတစ်ခု ရရှိ

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    sunder

    – ယနေ့တွင် အာဆင်နယ်အသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဆန်းဒါးလန်းအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး ရာသီအစမှတ်တမ်းကို ရရှိခဲ့သည်ဟု သိရသည်။

    အိမ်ကွင်းတွင်ကစားခဲ့သည့် ဆိုပါပွဲတွင် ဆန်းချက်ဇ်၏ဂိုးကို ဒီဖိုးက ပင်နယ်တီဖြင့် ပြန်လည်ချေပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂျရူးက ၂ ဂိုး၊ ဆန်းချက်ဇ်က ၁ ဂိုး အသီးသီး သွင်းယူခဲ့သည်။

    မန်ယူနည်းပြဟောင်းမိုယက်စ် ကိုင်တွယ်သည့် ဆန်းဒါးလန်းမှာ လက်ရှိတွင် ၁၀ ပွဲကစားပြီး ၂ မှတ်သာရရှိထားကာ ပရီးမီးယားလိဂ်ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။ ထိုမှတ်တမ်းမှာ ၁၉၉၅/၉၆ ဘောလုံးရာသီတွင် မန်စီးတီးအသင်းက ရရှိခဲ့သည့် ရာသီအစ အဆိုးဝါးဆုံးရလဒ်နှင့် သွားတူနေသည်။

    သို့သော်လည်း ဂိုးကွာခြားချက်ယှဉ်ပါက ဆန်းဒါးလန်းမှာ မန်စီးတီးထက် ပို၍ ဆိုးနေသည်။

    မိုယက်စ်မှာ အသင်း၏ ရလဒ်ဆိုးများကြောင့် ဖိအားများရှိနေပြီး ယခု အာဆင်နယ်အား ရှုံးနိမ့်ခဲ့မှုက ၎င်း၏အခြေအနေကို ပိုမိုဆိုးရွားစေပြီး အသင်းမှာလည်း တန်းဆင်းရရန် ပိုမို ရေပန်းစားလာခဲ့သည်။

    Ref: Goal

  • အာဆင်နယ်သို့ ပြန်မရောက်တော့ဟု ၀ီလ်ရှိုင်းယားထင်နေ

    အာဆင်နယ်သို့ ပြန်မရောက်တော့ဟု ၀ီလ်ရှိုင်းယားထင်နေ

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    will

    – ဒဏ်ရာများဆက်တိုက်ရကာ အာဆင်နယ်တွင် အပြည့်အ၀ အားမစိုက်နိုင်မှုများ ဖြစ်ခဲ့ပြီးနောက် မိမိမှာ အသင်းနှင့် အနာဂတ်တွင် ဆက်လက်ရှိနေမည်လားဆိုသည်ကို မသိရှိတော့ဟု အာဆင်နယ် ကွင်းလယ်လူဟောင်း ၀ီလ်ရှိုင်းယားက ပြောကြားလိုက်သည်။

    အသက် ၂၄ နှစ်အရွယ်ရှိ ၀ီလ်ရှိုင်းယားမှာ သြဂုတ်လက ဘုန်းမောက်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းပြနေသည့် ဘုန်းမောက်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။

    အာဆင်နယ်တွင်ကစားခဲ့စဉ်က ၀ီလ်ရှိုင်းယားမှာ ဒဏ်ရာအနာတရများနှင့် လုံးပမ်းခဲ့ရပြီး ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မိုဟာမက် အဲလ်နီနီနှင့် ဂရာနစ်ဇာဟာတို့ကို ခေါ်ယူပြီးနောက်ပိုင်း ၀ီလ်ရှိုင်းယား၏ အာဆင်နယ်အနာဂတ်မှာ မှေးမှိန်လာခဲ့သည်။

    အာဆင်နယ်နှင့် ၂၀၁၈ ခုနှစ်အထိ သက်တမ်းရှိနေသည့် ၀ီလ်ရှိုင်းယားကမူ အာဆင်နယ်တွင် ပြန်လည်ချေခြခွင့်မရတော့ဟု ယူဆနေသည်။

    “တစ်ရာသီလောက် အားထုတ်ပြီး ကစားသမားတစ်ယောက်အဖြစ် တိုးတက်အောင်လုပ်ပြီးတဲ့နောက်ပိုင်းမှာ အနာဂတ်နဲ့ပတ်သက်လို့ ကျွန်တော် တကယ့်ကို မစဉ်စားဖူးသေးပါဘူး။ အာဆင်နယ်၊ ဒါမှမဟုတ် တစ်နေရာမှာ အဆုံးသတ်မလားဆိုတာ ကျွန်တော်သေချာတောင် မသိပါဘူး။ ပြီးခဲ့တဲ့ ၂ လလောက်တုန်းက ကျွန်တော့်ကို အာဆင်နယ်မှာ အဆုံးသတ်မလားလို့မေးရင် ကျွန်တော် ‘အင်း – ဟုတ်တာပေါ့’ လို့ဖြေမိမှာပါ” ဟု ၀ီလ်ရှိုင်းယားက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ပရိသတ်များ၊ အာဆင်ဝင်းဂါးနှင့် အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ဖလားအကြောင်းပြောရန် စောလွန်းသည်ဟု ကွန်တီဆို

    ဖလားအကြောင်းပြောရန် စောလွန်းသည်ဟု ကွန်တီဆို

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    conte-2

    – ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်မည့်အသင်းအကြောင်းကို ပြောဆိုရန် ယခုအချိန်မှာ အလွန်စောလွန်းသည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က မန်ယူအသင်းအား စတမ်းဖို့ဘရစ်ခ်ျတွင် ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်း ချယ်ဆီးမှာ လက်ရှိတွင် ထိပ်ဆုံးမှ မန်စီးတီးနှင့် တစ်မှတ်အကွာ ဒုတိယနေရာတွင် ရှိနေသည်။

    မန်ယူဂန္တ၀င်နည်းပြ ဖာဂူဆန်မှာ ပရီးမီးယားလိဂ်နှင့်ပတ်သက်၍ ယခုတစ်ပတ်အတွင်း ပြောကြားမှုတွင် ဖလားအား စိန်ခေါ်နိုင်သည့်စာရင်း၌ ချယ်ဆီးကို ထည့်သွင်းခဲ့ခြင်းမရှိဘဲ မန်စီးတီးသာ ဖလားရနိုင်ခြေရှိသည်ဟုဆိုသည်။

    ကွန်တီကမူ မည်သူဖလားရမည်ဆိုသည်နှင့်ပတ်သက်၍ ယခုအချိန်ပြောရန်မှာ စောလွန်းနေသည်ဟု ဆိုသည်။

    “အနိုင်ရတာ၊ ဒါမှမဟုတ် ရှုံးနိမ့်တာတွေက ကျွန်တော့်ရဲ့အယူအဆတွေ၊ ကစားသမားတွေရဲ့ ယုံကြည်မှုကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ စနစ်က ကောင်းမွန်တဲ့အနေအထားမှာ ရှိပါတယ်။ ကျွန်တော်တို့ အမှတ်ပေးဇယားကို မကြည့်ပါဘူး။ လေ့ကျင့်မှုနဲ့ နောက်တစ်ပွဲမှာ တိုးတက်ဖို့အတွက်ပဲ အာရုံစိုက်ပါတယ်။ လိဂ်က တော်တော်လေး ခက်ခဲပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အလုပ်မှာ တည်ငြိမ်ဖို့ ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ အမှတ်ကပ်နေတဲ့ အသင်း ၅ သင်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဇယားကို မကြည့်ပါဘူး။ ဇယားနဲ့ ဖလားအတွက် ဆွေးနွေးဖို့ သိပ်စောလွန်းပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်တွင် ပေးဂိုးမရှိဘဲ အနိုင်ရရှိခဲ့ပြီး ယခုတစ်ပတ်တွင် ဆော်သက်တမ်အသင်းနှင့်အဝေးကွင်းတွင် ကစားရမည်ဖြစ်သည်။

    Ref: Goal