News @ M-Media
Tag: EPL 2016-2017
  • ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်လို၍ ပေါ့ဘာ မန်ယူရောက်ခြင်းဟု အေးဂျင့်ပြော
    ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်လို၍ ပေါ့ဘာ မန်ယူရောက်ခြင်းဟု အေးဂျင့်ပြော
    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media
    pogba
    – ပေါ့ဘာအနေဖြင့် ရီးယဲလ်ကို ရွေးချယ်ပါက ၎င်းအတွက် ပိုမိုလွယ်ကူမည်ဖြစ်သော်လည်း စိန်ခေါ်မှုများကို ရင်ဆိုင်လို၍ မန်ယူသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပြောကြားလိုက်သည်။
    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြသနိုင်ခဲ့သည့် ပေါ့ဘာကို ဥရောပထိပ်သီးအသင်းများက ခေါ်ယူရန် ကြိုးစားခဲ့ပြီး ထိုအထဲတွင် ရီးယဲလ်လည်း ပါဝင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မန်ယူက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။
    အေးဂျင့်ဖြစ်သူ ရိုင်အိုလာကမူ ပေါ့ဘာမှာ ရီးယဲလ်နှင့် ချန်ပီယံလိဂ်ကစားခွင့်ကို ရွေးချယ်နိုင်သော်လည်း မန်ယူမှာ ၎င်း၏ အသည်းနှလုံးထဲမှ ကလပ်ဖြစ်သောကြောင့် မန်ယူအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    “ဟုတ်ပါတယ်။ မန်ယူက ချန်ပီယံလိဂ်တော့ မကစားရဘူး၊ ချန်ပီယံလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ အလိုအပ်ဆုံးက ကျွန်တော်တို့ပါ။ ယူနိုက်တက်ဟာ ပေါ့ဘာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စကားပြောဆိုနေတာ ၂ နှစ် ရှိပါပြီ” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။
    ထို့ပြင် ဂျူဗင်တပ်စ်မှ ထွက်ခွာရန် ဆုံးဖြတ်သည့်အခါ မိမိတို့အနေဖြင့် မန်ယူနှင့် ချယ်ဆီးတို့မှ ကမ်းလှမ်းမှုများ ရရှိခဲ့ပြီး အပြင်မှ နှစ်ခုရရှိခဲ့ကြောင်း ပေါ့ဘာကမူ မန်ယူမှာ ၎င်း အရူးအမူးအားပေးရသည့် အသင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
    “ကစားသမားအတွက်ဆိုရင်တော့ ရီးယဲလ်မက်ဒရစ်က သူ့အတွက် ပိုလွယ်ကူမှာပါ။ လာလီဂါ၊ ချန်ပီယံလိဂ် ကစားရမှာပေါ့။ ဒါပေမယ့် သူက ပိုကြီးမားတဲ့ စိန်ခေါ်မှုကို လိုချင်တာပါ”
    ပေါ့ဘာမှာ မန်ယူတွင် ပုံမှန်ပွဲထွက်ခွင့်ရနေသော်လည်း ခြေစွမ်းမပြနိုင်မှုကြောင့် လက်ရှိတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး နည်းပြမော်ရင်ဟိုကမူ ၎င်းအား ကာကွယ်ပြောဆိုထားသည်။
    Ref: Goal
  • ၀က်ဖို့ဒ်အရှုံးမှာ ဒိုင်နှင့် ကံတရားကြောင့်ဟု မော်ရင်ဟိုပြော
    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    mor
    – ၀က်ဖို့ဒ်အသင်းအား ရှုံးနိမ့်ခဲ့မှုမှာ ဒိုင်လူကြီး၏အမှားနှင့် ကံမကောင်းမှုတို့ကြောင့် ဖြစ်သည်ဟု မန်ယူနည်းပြ ဂျိုဆေး မော်ရင်ဟိုက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ကစားပုံ ပိုကောင်းသင့်သည်ဟုလည်း ဆိုသည်။
    ယနေ့တွင် ကစားခဲ့သည့် ထိုပွဲတွင် မန်ယူမှာ ဦးဆောင်ဂိုး အရင်ပေးခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့သော်လည်း နောက်ဆုံး ၇ မိနစ်တွင် ၂ ဂိုးထပ်ပေးရကာ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုရှုံးပွဲမှာ မန်ယူ၏ ၃ ပွဲဆက်အရှုံး ဖြစ်ပြီး မော်ရင်ဟိုကလည်း ၂၀၀၁-၀၂ ပေါ်တိုတွင် ကိုင်တွယ်ခဲ့သည့်နောက်ပိုင်း ပထမဆုံး ၃ ပွဲဆက်အရှုံးနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
    မော်ရင်ဟိုကမူ မိမိတို့မှာ ပထမပိုင်းတွင် ကစားပုံ မကောင်းခဲ့ဟု ဆိုသည်။
    “ပထမပိုင်း မိနစ် ၂၀၊ ၃၀ လောက် ကျွန်တော်တို့ ကစားပုံမကောင်းခဲ့ဘူး။ ကျွန်တော်တို့ ထိန်းချုပ်ရမယ့်အချိန်ပါ။ နောက်ပိုင်း ကျွန်တော်တို့ တိုးတက်ခဲ့တယ်။ လုပ်လည်း လုပ်နိုင်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တို့ရဲ့ အမှားကတော့ ကျွန်တော် ဘာမှ လုပ်လို့မရပါဘူး။ သူတို့ တိုးတက်ဖို့အတွက် ကျွန်တော် ဘာမှ မလုပ်ပေးနိုင်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ဒုတိယပိုင်းတွင် မိမိတို့ ကစားပုံကောင်းခဲ့သော်လည်း ကံမကောင်းခဲ့ကြောင်း၊ ဒိုင်လူကြီးများကလည်း မှားယွင်းခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ယခုအရှုံးကြောင့် မန်ယူမှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၆ မှတ် ကွာဟသွားပြီ ဖြစ်သည်။
    Ref: Goal
  • ရက်ရှ်ဖို့ဒ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်သည်ဟု အင်ဒီကိုးလ်ပြော
    ရက်ရှ်ဖို့ဒ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်သည်ဟု အင်ဒီကိုးလ်ပြော
    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    rsh
    – မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မားက်စ် ရက်ရှ်ဖို့ဒ်မှာ ၎င်း၏ ပြေးအား၊ လှုပ်ရှားမှုများနှင့် မည်သူ့ကိုမဆို ဒုက္ခပေးနိုင်သည်ဟု မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ် ဗန်ဂါးလ်လက်ထက်တွင် အသင်း၌ နေရာရလာသည့် လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်မှာ ယခုနှစ်တွင်လည်း ပုံမှန်ကစားခွင့်ရပါက ခြေစွမ်းပြနိုင်မည့် အခြေအနေတွင် ရှိနေသည်။
    သြဂုတ်လက ဟားလ်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်လာသည့် ရက်ရှ်ဖို့ဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့က နော်ဝေအသင်းနှင့် ကစားခဲ့သည့် အင်္ဂလန် ယူ ၂၁ အသင်း၏ ပွဲတွင်လည်း ဟက်ထရစ် သွင်းယူခဲ့သည်။
    “ရက်ရှ်ဖို့ဒ်အတွက် အသင်းမှာ ပါဝင်နေရပြီး သူကလည်း ဒါကို တော်တော်လေး ကျေနပ်နေပုံရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ သူ့မှာ ဖိအားမရှိတာကြောင့် သူ့ရဲ့ ဘောလုံးသမားဘ၀ကို ကောင်းကောင်း ကျေနပ်နိုင်ပါတယ်။ ပြီးတော့ အခုအချိန်မှာလည်း သူ ဒီလိုအနေခြေအနေမျိုး ရှိနေပါတယ်” ဟု အင်ဒီကိုးလ်က ပြောကြားခဲ့သည်။
    ထို့ပြင် ပြီးခဲ့သည်ရာသီက ဒဏ်ရာများကြောင့် အသင်းတွင် ပုံမှန်မပါဝင်နိုင်သော်လည်း ယခုရာသီတွင် ပြသခဲ့သည့် ခြေစွမ်းကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Goal
  • ချယ်ဆီးမှာ အသင်းကြီးစိတ်ဓာတ်မျိုးမရှိဟု နည်းပြ ကွန်တီပြော
    ချယ်ဆီးမှာ အသင်းကြီးစိတ်ဓာတ်မျိုးမရှိဟု နည်းပြ ကွန်တီပြော
    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    conte-2
    – အမှတ်ပေးပြိုင်တွင် ပထမဆုံးအရှုံးနှင့် ကြုံတွေ့ခဲ့ရသည့် ချယ်ဆီးအနေဖြင့် အသင်းကြီးတစ်သင်းတွင်ရှိရမည့် အာရုံစူးစိုက်မှုမျိုး မရှိသေးဟု နည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။
    ယမန်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတမ်းဖို့ဘရစ်ခ်ျတွင် လီဗာပူးလ်နှင့် ကစားခဲ့ရာ ပထမပိုင်းတွင်ပင် ၂ ဂိုး ပေးခဲ့ရပြီး တစ်ဂိုးသာ ပြန်သွင်းနိုင်ကာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။ ချယ်ဆီးမှာ ပြီးခဲ့သည့်တစ်ပတ် ဆွမ်းဆီးနှင့်ပွဲတွင်လည်း နောက်မှလိုက်ကစားကာ ၂ ဂိုးစီ သရေကျခဲ့သည်။
    ကွန်တီကမူ မိမိတို့အသင်းမှာ တစ်ခါတစ်ရံတွင် မိမိကိုယ်ကို အားရကျေနပ်မှု လွန်ကဲနေသည်ဟု ဆိုသည်။
    “အရှုံးကိုရှာရတာ တစ်ခါတစ်ရံမှာ လွယ်ကူပြီး တစ်ခါတစ်ရံမှာ ခက်ခဲပါတယ်။ (လီဗာပူးလ်နဲ့ပွဲမှာ) ပေးလိုက်ရတဲ့ဂိုးတွေက ထူးဆန်းပါတယ်။ ကျွန်တော်တို့ အန္တရာယ်ကို သိရမှာဖြစ်ပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ သိအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီပွဲကနေပြီးတော့ ကျွန်တော်တို့ သင်ခန်းစာ ယူရမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့ရာသီကလို ဆိုးရွားတဲ့ အခြေအနေမျိုးကို မလိုချင်ဘူးဆိုရင်တော့ ဒါကို နားလည်ဖို့ လိုပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။
    Ref: Goal
  • ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်
    ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်
    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    pb
    – ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သော်လည်း ခြေစွမ်းမပြနိုင်သေးသည့် ပေါ့ဘာအား နည်းပြမော်ရင်ဟိုက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏ တန်းဖိုးကို မေ့ထားရန်လည်း တိုက်တွန်းခဲ့သည်။
    ပေါ့ဘာမှာ ၂၀၁၂ ခုနှစ်က မန်ယူမှ ဂျူဗင်တပ်စ်သို့ ထွက်ခွာပြီးနောက် ယခုနွေရာသီတွင် ပေါင် ၈၉ သန်းဖြင့် မန်ယူသို့ ပြန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ဆောက်သက်တမ်နှင့် ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သည်။ သို့သော်လည်း မန်စီးတီး၊ ယူရိုပါတွင် ဖီယင်နုတို့အား ရှုံးနိမ့်ခဲ့သည့်ပွဲများတွင် ၎င်း၏ ခြေစွမ်းမှာ ထိပ်တန်းအဆင့် မရှိခဲ့သောကြောင့် ဝေဖန်မှုများကို ခံနေရသည်။
    သို့သော်လည်း မော်ရင်ဟိုကမူ ပေါ့ဘာ၏ တန်ဖိုးမှာ အသင်း၏ အမြတ်နှင့်ယှဉ်လျှင်လည်းကောင်း၊ အခြားသော အသင်းနှင့်လည်းကောင်း နှိုင်းယှဉ်ပါက ကြီးမားသည့် ပမာဏမဟုတ်ဟု ဆိုသည်။
    “မန်ယူက ပေါ့ဘာအတွက် ပေးတာထက်ကို ပိုပြီး ပေါင် သန်း ၂၀၊ ၃၀၊ ၄၀ ပေးတဲ့ အသင်းတွေရှိပါတယ်။ အသင်းရဲ့အမြတ်၊ ကျွန်တော်တို့ပေးတာနဲ့ နှိုင်းယှဉ်ရင် မန်ယူက သုံးတာထက် အခြားအသင်းတွေက ပေါင်း သန်း ၂၀၊ ၃၀၊ ၄၀ လောက် ပိုသုံးနေတာကို ခင်ဗျားတို့ မြင်လာမှာပါ။ ပေါ့ဘာအနေနဲ့ အဲဒီတန်ဖိုးကြီးကို မေ့ထားပြီးတော့ ဘောလုံးမှာပဲ အာရုံစိုက်စေချင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    မန်ယူမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ၅၁၅.၃ သန်း ရရှိခဲ့သည်။
    Ref: Goal