News @ M-Media
Tag: EPL 2016-2017
  • နည်းပြသစ်အောက်တွင် ဂိုးပိုသွင်းနိုင်မည်ဟု အဂူရိုပြော
    နည်းပြသစ်အောက်တွင် ဂိုးပိုသွင်းနိုင်မည်ဟု အဂူရိုပြော
    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    aguro
    – နည်းပြ ဂွာဒီယိုလာ၏ ကစားကွက်က မိမိအား ပိုကောင်းသည့်ကစားသမား ဖြစ်စေခဲ့ပြီး ဂိုးများလည်း ယခုထက်ပို၍ သွင်းနိုင်လိမ့်မည်ဟု မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားလိုက်သည်။
    အဂူရိုမှာ ယနေ့မနက်က မိုချန်ဂလာဘက်ခ်ျအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး မန်စီးတီးအတွက် ကစားခဲ့သည့် ၅ ပွဲတွင် စုစုပေါင်း ၉ ဂိုး သွင်းယူထားနိုင်ခြင်းဖြစ်သည်။ ဂွါဒီယိုလာမှာ မန်စီးတီးသို့ မရောက်ခင်ကတည်းက အဂူရိုအနေဖြင့် ၎င်း၏ ကစားကွက်နှင့် အံဝင်ရန်အတွက် လုပ်အားနှုန်း တိုးမြှင့်ရမည်ဟု ပြောကြားခဲ့ဖူးသည်။
    အဂူရိုကမူ မိမိမှာ နည်းပြ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု ယုံကြည်နေသည်။
    “နည်းပြသစ်နဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်လေး ကျေနပ်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားသက်တမ်းမှာ အကူအညီဆုံးပေးနိုင်ဆုံး နည်းပြတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ဂိုးနားက ကျွန်တော့်ရဲ့ ကစားပုံဟာ တိုးတက်လာပြီး ဂိုးတွေ သွင်းနိုင်လာပါတယ်။ ဂွါဒီယိုလာနဲ့ဆို ကျွန်တော် ဂိုးတွေပိုသွင်းနိုင်မှာပါ” ဟု အဂူရိုက ပြောကြားခဲ့သည်။
    Ref: Goal
  • မဟ်ရက်ဇ်ကို ဘာစီလိုနာတွင် ကစားရန် ဇာဗီထောက်ခံ
    မဟ်ရက်ဇ်ကို ဘာစီလိုနာတွင် ကစားရန် ဇာဗီထောက်ခံ
    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media
    riyard
    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာအသင်း၏ အားထားရသည့် ကွင်းလယ်လူ ရီယာ့ဒ် မဟ်ရက်ဇ်မှာ ဘာစီလိုနာအသင်းတွင် ကစားနိုင်လောက်သည့် အခြေအနေမျိုး ရှိနေသည်ဟု ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဇာဗီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် မဟ်ရက်ဇ်မှာ ဘာစီလိုနာ၊ အာဆင်နယ်တို့နှင့် ဆက်သွယ်မှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်စတာ၌ပင် ကာလရှည် သက်တမ်းတိုးကာ ဆက်ရှိနေခဲ့သည်။
    ဘာစီလိုနာအသင်း၏ ကွင်းလယ်ဗိုလ်ချုပ် ဖြစ်ခဲ့ဖူးသူ ဇာဗီကမူ မဟ်ရက်ဇ်အနေဖြင့် လက်စတာတွင် ဆက်ရှိနေသည်ကို မြင်ရသည်မှာ ပျော်ရွှင်သော်လည်း ၎င်းမှာ ဘာစီလိုနာကဲ့သို့ အသင်းမျိုးတွင် ကစားကာ နောက်တစ်ဆင့်သို့ တက်လှမ်းရန် စွမ်းရည်ရှိနေသည်ဟု ဆိုသည်။
    “မဟ်ရက်ဇ်ဟာ ဘာစီလိုနာမှာ ကစားနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် လက်စတာမှာ သူဆက်ရှိဖို့ ရွေးချယ်တဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ သူ့မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်လို့ လက်စတာဟာ ဒီလိုအောင်မြင်မှုကြီး ရရှိပြီးနောက်မှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ဆုံးရှုံးရရင် သူတို့အတွက် ရှက်စရာဖြစ်မှာပါ။ ဒီနှစ် ဥရောပမှာ မဟ်ရက်ဇ်နဲ့ လက်စတာတော့ ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ” ဟု ဇာဗီက ပြောကြားခဲ့သည်။
    Ref: Goal
  • မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော
    မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော
    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media
    man u
    – အသင်းမှ ချန်လှပ်ခံရခြင်းမှာ နည်းပြမော်ရင်ဟိုနှင့် ပြဿနာရှိ၍ မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဘက်စတီယန် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်ပြီး၊ ပုံမှန်နေရာရရန် ကြိုးစားသွားမည်ဟု ဆိုသည်။
    ၂၀၁၅ ခုနှစ် ဇူလိုင်လက မန်ယူသို့ရောက်ရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ နည်းပြသစ် မော်ရင်ဟို၏ လက်အောက်တွင် နေရာမရဘဲ အရန်အသင်းနှင့်သာ လေ့ကျင့်ခန်းဆင်းနေရသည်။ မော်ရင်ဟို၏ ထိုလုပ်ရပ်ကြောင့် ဝေဖန်မှုများ ဖြစ်လာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ပြဿနာရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
    သို့သော်လည်း အသက် ၃၂ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါက ထိုသတင်းကို ငြင်းဆိုခဲ့သည်။
    “ကျွန်တော့်ရဲ့ အန္တိမအိပ်မက်က မန်ယူမှာ ကစားရဖို့ဖြစ်ပြီ၊ အသင်းရဲ့ရည်မှန်းချက်တွေအတွက် ကူညီပေးဖို့ပါ။ ဂျိုဆေးမော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်စွမ်းရည်ကို ကျွန်တော်ယုံတယ်။ အခွင့်အရေး ရမယ်ဆိုရင် မန်ယူကို ကျွန်တော် ကူညီနိုင်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ဘယ်လိုဖြစ်မလဲ၊ တိုးတက်လာမလားဆိုတာကို ကျွန်တော် စောင့်ကြည့်ရမယ်။ ကျွန်တော် ဘောလုံးကစားတာကို ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပြောကြားခဲ့သည်။
    ထို့ပြင် ပီယာလို၊ ဒေးဗစ်ဗီလာ၊ စတီဗင်ဂျရတ်တို့ရှိရာ အမေရိကန်မေဂျာလိဂ်သို့ အနာဂတ်တွင် ပြောင်းရွှေ့နိုင်ခြေ ရှိနေပြီး လက်တလောတွင် ဆုံးဖြတ်ချက် ချမည်မဟုတ်သေးဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • ဇာကာမှာ ပီတစ်လက်သစ်ဖြစ်လာမည်ဟု ၀င်းဂါး ဟောကိန်းထုတ်
    ဇာကာမှာ ပီတစ်လက်သစ်ဖြစ်လာမည်ဟု ၀င်းဂါး ဟောကိန်းထုတ်
    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media
    zhaka
    – အသင်းနှင့် ပထမဆုံးကစားရသည့်ပွဲများတွင် ခြေစွမ်းကောင်းများ ပြသခဲ့သည့် ဂရာနစ် ဇာကာမှာ အာဆင်နယ်အသင်း၏ ဂန္တ၀င်ကစားသမား ပီတစ်လက်သစ် ဖြစ်လာမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    နွေရာသီအပြောင်းအရွှေ့က ခေါ်ယူခဲ့သည့် ဆွစ်ဇာလန်လက်ရွေးစင်ကစားသမား ဇာကာမှာ လက်စတာ၊ ၀က်ဖို့ဒ်အသင်းတို့နှင့်ပွဲစဉ်တွင် ပါဝင်ခဲ့ပြီး အထင်ကြီးလောက်စရာ ခြေစွမ်းများကို ပြသနိုင်ခဲ့သည်။ ၀င်းဂါးကမူ ဇာကာ၏ ကစားပုံမှာ ၁၉၉၇-၉၈ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ် ဖလားရရှိခဲ့သူ ပီတစ်နှင့် တူသည်ဟု ဆိုသည်။
    “သူ (ဇာကာ) ကို ဘောလုံးကို သဘာဝအတိုင်း ကစားသူပါ။ သူကစားတဲ့ပုံစံက ပီတစ်ကစားတဲ့ပုံစံနဲ့ ဆင်ပါတယ်။ ဘောလုံးကိုင်ထားရတာကို ကြိုက်တယ်၊ အဝေးဘောကောင်းတယ်။ နောက်တန်းအလယ်လူအဖြစ်လည်း သုံးလို့လည်းရတယ်။ သူဟာ အတို၊ အရှည်ရော ပေါင်းပြီးကစားတာပါ။ အလယ်တန်းမှာ တစ်ခါတစ်ရံ နောက်တန်းဆင်းကစားဖို့အတွက်လည်း အရေးကြီးပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် ဇာကာမှာ ကြံ့ခိုင်ပြီး၊ ခန္ဓာကိုယ်တည်ဆောက်ပုံကောင်းကြောင်း၊ အမြင့်ဘောနိုင်ကာ ပွဲအခြေအနေကိုလည်း အကောင်းဆုံးအကဲခတ်နိုင်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : Goal
  • ချန်ပီယံနိုင်ပွဲစရပြီး အသင်းကြီးတွေ အရှိန်အဟုန်ဖြင့် ချီတက်နေဆဲ ပရီးမီးယားလိဂ် ပွဲစဉ် ၃
    ချန်ပီယံနိုင်ပွဲစရပြီး အသင်းကြီးတွေ အရှိန်အဟုန်ဖြင့် ချီတက်နေဆဲ ပရီးမီးယားလိဂ် ပွဲစဉ် ၃
    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ချန်ပီယံလက်စတာနဲ့ အာဆင်နယ်တို့ နိုင်ပွဲစရခဲ့ပြီး အသင်းကြီးအများစုလည်း ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပါတယ်။
    အဖွင့်ပွဲမှာ ဟားလ်စီးတီးကိုရှုံး၊ ဒုတိယပွဲမှာ အာဆင်နယ်ကို သရေကျခဲ့တဲ့ လက်ရှိချန်ပီယံတို့ အိမ်ကွင်းမှာကစားခဲ့တဲ့ ဆွမ်းဆီးနဲ့ပွဲမှာတော့ အမှားအယွင်းမရှိခဲ့ပါဘူး။ အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ လက်စတာတို့ ဂိုးသွင်းခွင့် ၁၃ ကြိမ်အထိ ရရှိခဲ့ပြီး ဂိုးတွေကိုတော့ ၃၂ မိနစ်မှာ ဗာဒီနဲ့ ၅၂ မိနစ်မှာ ၀က်စ်မော်ဂန်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၅၆ မိနစ်မှာ ပင်နယ်တီ ရခဲ့ပေမယ့် မဟ်ရက်ဇ်ရဲ့ကန်သွင်းမှုကို ဆွမ်ဆီးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။
    ချယ်ဆီးကတော့ အိမ်ကွင်းမှာ ဘန်လေကို အစစအရာရာ အသာစီးကစားနိုင်ခဲ့ပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ ဟဇာ့ဒ်၊ ၀ီလီယံနဲ့ ဗစ်တာမိုးဇက်တို့က သွင်းယူပေးခဲ့တာပါ။
    epl 2
    တစ်ပွဲရှုံး တစ်ပွဲသရေနဲ့ အဖွင့်မလှခဲ့တဲ့ အာဆင်နယ် ၀က်ဖို့ဒ်ကွင်းမှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် အိမ်ရှင်ရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံခဲ့ရတာဖြစ်ပါတယ်။ အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းမှာတင် ရခဲ့ပြီး ကာဇိုလာက ၉ မိနစ်မှာ ပင်နယ်တီ၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့က ၄၀ နဲ့ ၄၅ မိနစ်တွေမှာ သွင်းခဲ့တာဖြစ်ပါတယ်။
    epl 3
    အဖွင့်ပွဲ ၂ ပွဲစလုံးကို ခြေစွမ်းပြ အနိုင်ယူထားတဲ့ ဟားလ်စီးတီးကို အဝေးကွင်းမှာ ရင်ဆိုင်ရတဲ့ မော်ရင်ဟိုရဲ့ မန်ယူ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၆၀ ကျော်ခဲ့ပြီး ဂိုးသွင်းခွင့် ၂၉ ကြိမ်တိတိ ရခဲ့ပေမယ့် လူစားဝင်ကစားသမား ရက်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်သေချာခဲ့တာဖြစ်ပါတယ်။
    လီဗာပူးလ်က ဦးဆောင်ဂိုးရခဲ့ပေမယ့် မထိန်းနိုင်ခဲ့တာကြောင့် စပါးကို ၁ ဂိုးစီ သရေကျခဲ့ပြီ၊ မန်စီးတီးကတော့ ပထမပိုင်းမှာ စတာလင်၊ ဦးဆောင်ဂိုး ၂ ဂိုး ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၀က်စ်ဟမ်းကို တစ်ဂိုး ပြန်ပေးခဲ့ရပေမယ့် နာကျင် အချိန်ပိုမှာ စတာလင်က သူ့ရဲ့ ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့်  ၃ ဂိုး ၁ ဂိုးနဲ့ ၃ မှတ်ယူနိုင်ခဲ့ပါတယ်။
    epl 4ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    စပါး ၁-၁ လီဗာပူးလ်
    ချယ်ဆီး ၃-၀ ဘန်လေ
    ခရစ္စတယ်ပဲလေ့စ် ၁-၁ ဘုန်းမောက်
    အဲဗာတန် ၁-၀ စတုတ်
    လက်စတာ ၂-၁ ဆွမ်ဆီး
    ဆောက်သက်တမ် ၁-၁ ဆန်းဒါးလန်း
    ဟားလ်စီးတီး ၀-၁ မန်ယူ
    မန်စီးတီး ၃-၁ ၀က်စ်ဟမ်း