News @ M-Media

Tag: EPL 2016-2017

  • အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး

    အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    winger

    – အာဆင်နယ်၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါး၏ နည်းပြဘ၀မှာ အံ့သြလောက်စရာဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြားလိုက်ပြီး အသင်းအား ထိပ်ဆုံးအဆင့်တွင် ရှိနေအောင် ဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။

    အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် FA ဖလား ၆ ကြိမ် ရယူပေးထားသည့် အာဆင်ဝင်းဂါးမှာ အောက်တိုဘာ ၁ ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် နည်းပြသက်တမ်း နှစ် ၂၀ ပြည့်မည်ဖြစ်သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အသင်းအား သိသာသည့် အောင်မြင်မှုမျိုး ရရှိအောင် မစွမ်းဆောင်ပေးနိုင်သောကြောင့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အာဆင်ဝင်းဂါးမှာ ‘ကျဆုံးမှု စပါယ်ရှယ်လစ်’ ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ကွန်တီကမူ ၀င်းဂါးလက်အောက် အသင်း၏ အခြေအနေကို ချီးကျူးရမည်ဟု ဆိုသည်။

    “အာဆင်နယ်မှာ သမိုင်းကြောင်းကောင်းရှိတယ်။ သူတို့ဟာ ထိပ်တန်းအသင်းတစ်သင်းပါ။ ၀င်းဂါးဟာ ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းတစ်သင်းမှာ နှစ် ၂၀ လောက်နေနိုင်တာဟာ အံ့သြလောက်စရာပါပဲ” ဟု ပြောကြားခဲ့သည်။

    အာဆင်နယ်နှင့် ချယ်ဆီးတို့မှာ စနေနေ့တွင် တွေ့ဆုံရမည်ဖြစ်ပြီး မိမိတို့နှစ်သင်းစလုံးမှာ ရေကုန်ရေခန်း ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Goal

  • ၃ ပွဲဆက်အရှုံးအတွက် ဝေဖန်သူများကို မော်ရင်ဟို တုန့်ပြန်

    ၃ ပွဲဆက်အရှုံးအတွက် ဝေဖန်သူများကို မော်ရင်ဟို တုန့်ပြန်

    စက်တင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    mor

    – ဘောလုံးလောကရှိ အိုင်းစတိုင်းများ (ဝေဖန်သူများ) က တစ်ပတ်တာ ရလဒ်ညံ့ဖျင်းမှုကိုကြည့်၍ မိမိ၏ အောင်မြင်မှုများ၊ အသင်း၏ အောင်မြင်မှုများကို ဖျက်ဆီးရန် ကြိုးစားနေကြသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်ကကစားခဲ့သည့် EFL Cup ပွဲ (ယခင်လိဂ်ဖလားပြိုင်ပွဲ) စတုတ္ထအဆင့်တွင် မန်ယူမှာ နော့သက်တမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ယူရိုပါတို့တွင် မန်စီးတီး၊ ဖီယင်နုနှင့် ၀က်ဖို့ဒ်တို့အား ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး နိုင်ပွဲရခြင်းလည်း ဖြစ်သည်။

    ပွဲအပြီးတွင် မော်ရင်ဟိုက မိမိတို့အသင်း ရှုံးပွဲများကြောင့် ပရိတ်သတ်က မကျေမနပ်ဖြစ်သည်ကို လက်ခံသော်လည်း ဘောလုံးပွဲ သုံးသပ်သူများက ထိုရလဒ်ဆိုးများကို အခြေပြု၍ မိမိနှင့် အသင်း၏ အတိတ်က အောင်မြင်ခဲ့မှုများကို ဖျက်ဆီးရန် ကြိုးပမ်းကြသည်ဟု ဝေဖန်ခဲ့သည်။

    “ပြီးခဲ့တဲ့တစ်ပတ်က ကိစ္စတွေအတွက် ပရိတ်သတ်တွေက စိတ်ပျက်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူတို့ အရင်ကလိုပဲ အသင်းနောက်မှာ အမြဲတမ်းရှိမယ်လို့ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ ဆိုးရွားတဲ့ သီတင်းပတ်ကို တွေ့ကြုံခဲ့ရပါတယ်။ ဘောလုံးလောကမှာ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတဲ့သူတွေ (အိုင်းစတိုင်းတွေ) ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘောလုံးလောကမှာ အိုင်းစတိုင်းတွေ အပြည့်ပါပဲ။ ဒီဆိုးရွားတဲ့ သီတင်းပတ်ကို ထောက်ပြပြီး ကျွန်တော်ရဲ့ ၁၆ နှစ်ကာလကို ဖျက်ဆီးဖို့၊ မန်ယူအသင်းရဲ့ မယုံနိုင်စရာ သမိုင်းကြောင်းကို ဖျက်ဆီးဖို့ သူတို့ ကြိုးစားကြပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    မော်ရင်ဟိုမှာ ပြီးခဲ့သည့် ရှုံးပွဲများအတွက်လည်း ဒိုင်လူကြီးများကို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သေးသည်။

    Ref: Goal

  • EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    man-u

    – EFL Cup (ယခင်လိဂ်ဖလား) အဖြစ် လိဂ်ဝမ်းကလပ်နှင့် ယှဉ်ပြိုင်ကစားရမည့် မန်ယူအသင်းမှာ ကားပါကင်တွင် သွေးပူလေ့ကျင့်ခန်းဆင်းနေရသည်ဟု ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့သည့် ဓာတ်ပုံများတွင် တွေ့မြင်ရသည်။

    ယနေ့ညတွင်ကစားမည့် ထိုပွဲတွင် မန်ယူမှာ Northampton အသင်း အိမ်ကွင်း Sixfields တွင် ကစားရမည်ဖြစ်သောကြောင့် နော့သ်အပ်တန်မြို့သို့ ရောက်ရှိနေသည်။ ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့မှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် မန်ယူမှာ ထိုပွဲအတွက် မြို့တွင်းရှိ ကားပါကင်တစ်ခုတွင် လေ့ကျင်ရမှုက ပရိတ်သတ်များအတွက် မကျေမနပ် ပိုဖြစ်စေမည်ဖြစ်သည်။

    မော်ရင်ဟိုဦးဆောင်သည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်နေရသည့် ဓာတ်ပုံများကို Tom ဟုအမည်ပေးထားသည့် Twitter အကောင့်တစ်ခုက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး “ဒီည Northampton အသင်းနဲ့ ကစားရမယ့်ပွဲအတွက် မန်ယူက ကားပါကင်မှာ လေ့ကျင့်နေရတယ်။ လိဂ်ဖလားရဲ့ လှည့်ကွက်လေလား” ဟု ရေးသားခဲ့သည်။

    ထိုဓာတ်ပုံများတွင် မန်အယူအသင်းသားများ သွေးပူလေ့ကျင်ခန်း လုပ်နေသည့်ပုံနှင့် မော်ရင်ဟိုက ကြီးကြပ်နေသည့်ပုံတို့ ပါဝင်ခဲ့သည်။

    Ref: Goal

  • ယာယာတိုးယေး နိုင်ငံတကာကစားသမားဘ၀မှ အနားယူ

    ယာယာတိုးယေး နိုင်ငံတကာကစားသမားဘ၀မှ အနားယူ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    tore

    – မန်ချက်စတာစီးတီးအသင်း၏ အိုက်ဗရီကို့စ်ကွင်းလယ်လူ ယာယာ တိုးယေးက ၎င်းအနေဖြင့် နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူလိုက်ပြီဟု ကြေငြာခဲ့သည်။

    အသက် ၃၃ နှစ်အရွယ်ရှိ တိုးယေးမှာ ၂၀၀၄ ခုနှစ်မှစ၍ အိုက်ဗရီကို့စ် လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခွင့် ရခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အိုက်ဗရီကို့စ်အသင်းက အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း နိုင်ငံအသင်းမှ အနားယူထားသည်။

    မတ်လက အသင်းလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယနေ့တွင်မူ တိုးယေးက အနားယူကြောင်း Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာခဲ့သည်။

    “ချမှတ်ဖို့ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မျိုးဆက်သစ်တွေကို လမ်းဖွင့်ပေးရပါမယ်။ နိုင်ငံအသင်းအတွက် ၁၄ နှစ်ကြာ ကစားပြီးတဲ့နောက်ပိုင်းမှာ အိုက်ဗရီကို့စ်နဲ့အတူ စွန်စားမှုကို ကျွန်တော် အဆုံးသတ်ပါတော့မယ်။ အားပေးသူတွေ၊ ကျွန်တော့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု တိုးယေးက ၎င်း၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် တိုးယေးမှာ မန်စီးတီးအသင်းတွင် ရုန်းကန်နေရပြီး နည်းပြသစ် ဂွာဒီယိုလာအောက်တွင် အရေးပါသည့်ပွဲ တစ်ပွဲသာ ပါဝင်ကစားခွင့် ရထားသည်။

    Ref: Goal

  • မော်ရင်ဟို၏ စီမံမှုကို မန်ယူနည်းပြဟောင်း ဝေဖန်

    မော်ရင်ဟို၏ စီမံမှုကို မန်ယူနည်းပြဟောင်း ဝေဖန်

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mori

    – အိုးထရက်ဖို့ဒ်တွင် အောင်မြင်လိုပါက မော်ရင်ဟိုအနေဖြင့် အသင်းသားများအား မယုံကြည်စိတ် ထည့်ပေး၍ မရဟု မန်ယူနည်းပြဟောင်း ရွန် အတ်ကင်ဆန်က ပြောကြားလိုက်သည်။

    မော်ရင်ဟိုကိုင်တွယ်သည့် မန်ယူမှာ ရာသီအစ ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၁၀ ရက်အတွင်း မြို့ခံပြိုင်ဘက် မန်စီးတီး၊ အသင်းငယ် ၀က်ဖို့ဒ်တို့ အပါအ၀င် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ မော်ရင်ဟိုကမူ ၎င်း၏ ယခင်ပေါ်လစီအတိုင်း မန်စီးတီးနှင့် ၀က်ဖို့ဒ်တို့အား ရှုံးနိမ့်မှုအတွက် ဒိုင်လူကြီးများကို အပြစ်တင်ခဲ့သည်။

    သို့သော်လည်း ၁၉၈၃ နှင့် ၁၉၈၅ ခုနှစ်များတွင် မန်ယူအသင်းအတွက် FA ဖလားများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဟောင်း အတ်ကင်ဆန်ကမူ မော်ရင်ဟို၏ အသင်းအား စီမံခန့်ခွဲမှုမှာ အလုပ်ဖြစ်မည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    “သူကိုင်တဲ့အသင်းတွေမှာ မယုံကြည်စိတ်ထည့်ပေးထားမျိုးကို ကျွန်တော် သဘောမကျပါဘူး။ အသင်းသားတွေကို ထိထိရောက်ရောက် ကာကွယ်လိုတာက အပြစ်မဟုတ်ပေမယ့် လူတိုင်းကို ရန်သူလို့ သဘောထားရမှာမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုချဉ်းကပ်မှုမျိုးဟာ မန်ယူမှာ အလုပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါမျိုးဟာ အသင်းမှာအကြပ်အတည်း ဖြစ်လာနိုင်လို့ပါ”

    ထို့ပြင် မန်ယူမှာ အသင်းကြီးတစ်သင်းဖြစ်သောကြောင့် အားလုံးကို ရန်သူကဲ့သို့ သဘောထားနေခြင်းမှာ အသင်းအတွက် မိတ်ဆွေများ ဆုံးရှုံးသွားစေနိုင်ကြောင်း အတ်ကင်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal