News @ M-Media

Tag: EPL 2016-2017

  • စပါးအရှုံးကြောင့် ချယ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ၆ မှတ်သာ လိုတော့

    စပါးအရှုံးကြောင့် ချယ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ၆ မှတ်သာ လိုတော့

ေ၎ ၆၊ ၂၀၁၇
    M-Media

    – ယနေ့မနက် ပရီးမီးယားပွဲစဉ် ၃၅ တွင် ဒုတိယနေရာမှ စပါးက ၀က်စ်ဟမ်းကို ရှုံးနိမ့်သွားသောကြောင့် ထိပ်ဆုံးမှ ချယ်ဆီးမှာ နောက်ထပ် ၂ ပွဲနိုင်ရုံမျှဖြင့် ချန်ပီယံဖြစ်လာတော့မည်ဖြစ်သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် စပါးမှာ အပိုင်ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ၀က်စ်ဟမ်းဂိုးသမား၏ အကောင်းဆုံး လက်စွမ်းပြမှုကြောင့် ဂိုးပေါက် ပျောက်ခဲ့ရကာ အိမ်ရှင်တိုက်စစ်မှူး လန်ဇီနီ၏ သွင်းဂိုးဖြင့် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

    ထိုအရှုံးကြောင့် ပထမနေရာမှ ချယ်ဆီးနှင့် တစ်ပွဲပို ၄ မှတ် ကွာဟသွားခဲ့ကာ ချန်ပီယံဖြစ်ရေးအတွက် ချယ်ဆီးအသင်း၏ ခြေချော်မှုကိုသာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။

    ချယ်ဆီးမှာ မစ်ဒယ်ဘရော့၊ ၀က်စ်ဘရွန်း၊ ၀က်ဖို့၊ ဆန်းဒါးလန်းအသင်းတို့နှင့် လက်ကျန် ၄ ပွဲကစားရန် ကျန်ရှိနေသေးပြီး ၂ ပွဲအနိုင်ရရုံမျှဖြင့် အစောဆုံး မေလ ၁၂ ရက်နေ့တွင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရမည်ဖြစ်သည်။

    စပါးနည်းပြ ပိုချက်တီနိုကမူ မိမိတို့မှာ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်သော်လည်း ယခုအချိန်တွင် ချန်ပီယံဖြစ်ရေး ပိုမို ခက်ခဲသွားပြီဟု ၀န်ခံပြောကြားခဲ့သည်။

    Ref : BBC

  • အာဆင်နယ်နှင့်ပွဲတွင် အဓိကကစားသမားများကို မန်ယူ အနားပေးမည်

    အာဆင်နယ်နှင့်ပွဲတွင် အဓိကကစားသမားများကို မန်ယူ အနားပေးမည်

    မေ ၅၊ ၂၀၁၇
    M-Media

    – ကစားသမားများ ပွဲပမ်းသည့်ဒဏ်ကို ရှောင်ရှားနိုင်ရန်အတွက် လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနှင့်ပွဲတွင် ကစားသမားအချို့ကို အနားပေးသွားမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့တွင် မန်ယူမှာ ဆဲလ်တာဗီဂိုအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာ၌ ရပ်တည်နေသည့် မန်ယူအတွက် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ယူရိုပါလိဂ်က အကောင်းဆုံး အခွင့်အရေးဖြစ်နေသည်။

    မန်ယူမှာ ဧပြီ ၁ ရက်နေ့ကတည်းက ယနေ့အထိ ၁၀ ပွဲကစားထားရပြီး မော်ရင်ဟိုကမူ အာဆင်နယ်နှင့် အဝေးကွင်းပွဲတွင် ကစားသမားများကို အနားပေးသွားမည်ဟု ဆိုသည်။

    “မိနစ်တော်တော်များများ ကစားထားရတဲ့ ကစားသမားတွေဟာ ဒီတစ်ပတ်မှာ ကစားရမှာမဟုတ်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အကယ်၍ မန်ယူမှာ မေလ ၂၄ ရက်နေ့ စတော့ဟုမ်းတွင် ကစားမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပါက ထိုပွဲမှာ ၎င်းတို့အတွက် ယခုနှစ်ဘောလုံးရာသီ ၆၄ ပွဲမြောက် ဖြစ်လာမည်ဖြစ်သည်။

    Ref: BBC

  • ဒဏ်ရာမှသက်သာပြီး ပိုမိုသန်မာလာသည်ဟု အီဘရာဟီမိုဗစ် ပြော

    ဒဏ်ရာမှသက်သာပြီး ပိုမိုသန်မာလာသည်ဟု အီဘရာဟီမိုဗစ် ပြော

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – မိမိ၏ ဒူးဒဏ်ရာမှာ ပျောက်သွားပြီဖြစ်ပြီး ပိုမို သန်မာသည်ဟု ခံစားရကြောင်း မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဗစ်မှာ ဧပြီ ၂၀ ရက်နေ့က အန်ဒါလက်ခ်ျအသင်းအား အနိုင်ရရှိခဲ့သည့် ယူရိုပါပြိုင်ပွဲတွင် ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့ပြီး အမေရိကန်၌ ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

    မိုဗစ်ကမူ မိမိ၏ ဒဏ်ရာကို ကုသပြီးခဲ့ပြီဖြစ်ကာ ပိုမို သန်မာလာကြောင်း၊ မိမိကို အားပေးသည့် ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း၊ မကြာခင် ပွဲများကို ကစားနိုင်တော့မည်ဖြစ်ကြောင်း ၎င်း၏ Istagram စာမျက်နှာတွင် ယမန်နေ့က ရေးသားခဲ့သည်။

    အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက မိုဗစ်မှာ ဒဏ်ရာမှ လုံးဝ သက်သာလာပြီး ၎င်း၏ ဘောလုံးသမားဘ၀ကို ခြိမ်းခြောက်နိုင်သည့် ဒဏ်ရာမျိုးမဟုတ်ဟု ပြောကြားခဲ့သည်။

    ယခုနှစ်ဘောလုံးရာသီအစက တစ်နှစ်စာချုပ်ဖြင့် မန်ယူသို့ ပြောင်းရွှေ့လာခဲ့သည့် မိုဗစ်မှာ အသင်းအတွက် ၂၈ ဂိုး သွင်းယူပေးထားသည်။ သို့သော်လည်း စာချုပ်သက်တမ်း ထပ်တိုးမည့်ကိစ္စနှင့်ပတ်သက်၍ သဘောတူထားခြင်း မရှိသေးပေ။

    Ref: BBC

  • မန်ယူနည်းပြဟောင်း မိုယက်စ်၏ ဆန်းဒါးလန်းအသင်း တန်းဆင်း

    မန်ယူနည်းပြဟောင်း မိုယက်စ်၏ ဆန်းဒါးလန်းအသင်း တန်းဆင်း

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ တွင် ဘုန်းမောက်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး မန်ယူနည်းပြဟောင်း မိုယက်စ်ကိုင်တွယ်သည့် ဆန်းဒါးလန်းအသင်းမှာ တန်းဆင်းသွားခဲ့ပြီ ဖြစ်သည်။

    မိုယက်စ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဆန်းဒါးလန်းအသင်းအား စတင် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အသင်း၏ ၁၀ နှစ်တာ ပရီးမီးယားလိဂ်၌ ကျင်လည်မှုမှာလည်း အဆုံးသတ်သွားခဲ့သည်။

    ပရိတ်သတ်များက မိုယက်စ်အား ထုတ်ပယ်ရေး တောင်းဆိုနေကြကာ ၎င်းကမူ မကြာခင် အဖြေထွက်မည်ဟု တုန့်ပြန်ခဲ့သည်။

    “ဒါဟာ ၂ ပတ်၊ ဒါမှမဟုတ် ၃ ပတ်လောက် ကြာမယ် မေးခွန်းလို့ ထင်ပါတယ်။ အစကနေ အဆုံးအထိ အားလုံးကို ပြန်လှန်သုံးသပ်ဖို့လိုတယ်လို့လည်း ကျွန်တော် ထင်ပါတယ်”

    အသင်းအား ရာင်းချရန် ကြိုးစားနေသည့် ဥက္ကဌ အီလစ် ရှော့က ပရိတ်သတ်များကို တောင်းပန်ခဲ့ပြီး၊ အမှားများ လုပ်ခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။

    ဆန်းဒါးလန်းအသင်းမှာ ၂၀၁၁-၁၂ ရာသီမှစ၍ တန်းဆင်းရန်မည့် အန္တရာယ်နှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင် အမှန်တကယ် တန်းဆင်းသွားရသည်။

    Ref: BBC

  • ဘန်လေကွင်းလယ်လူ ဘောလုံးပွဲလောင်းမှုကြောင့် ၁ နှစ်ခွဲ ကစားခွင့် ပိတ်ပင်ခံရ

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းမှ ကွင်းလယ်လူ ဂျိုယေး ဘာတန်မှာ ဘောလုံးပွဲလောင်းသည့် ပြစ်မှုထင်ရှားသောကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၁၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    ဘာတန်မှာ ၂၀၀၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ၊ ၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့အထိ ဘောလုံးပွဲများ၊ ပြိုင်ပွဲများတွင် လောင်းကစားမှုပေါင်း ၁၂၆၀ ပြုလုပ်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၎င်းက အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။

    ဘာတန်ကမူ ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    FA က ထုတ်ပြန်သော ကြေငြာချက်တွင် အသက် ၃၄ နှစ်အရွယ် ဘာတန်ကို ဘောလုံးနှင့်ပတ်သက်သည့် ကိစ္စအားလုံးမှ ချက်ခြင်း ရပ်ဆိုင်လိုက်ပြီဖြစ်ပြီး၊ ဒဏ်ငွေ စတာလင်ပေါင် ၃ သောင်း ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။ ထို့ပြင် အနာဂတ်တွင် ထိုကဲ့သို့သော ကိစ္စများ မပြုလုပ်ရန်လည်း သတိပေးခဲ့သည်။

    သို့သော်လည်း ဘာတန်မှာ လုပ်ပွဲကိစ္စများတွင် ပါဝင်ခြင်းရှိသည်ဆိုသည့် မှတ်ချက်မျိုး FA ၏ ကြေငြာချက်တွင် မပါရှိခဲ့ပေ။

    ဘာတန်က ထုတ်ပြန်သောကြာငြာချက်တွင် ၎င်းအနေဖြင့် လောင်းကစား စွဲနေကြောင်း၊ မိမိကစားသည့်အသင်း ရှုံးနိမ့်မည်ဆိုသည့်ဘက်မှ လောင်းခဲ့မှု အနည်းငယ်ရှိသော်လည်း ထိုပွဲများတွင် မိမိ ပါဝင်ကစားခွင့် မရကြောင်း ဖော်ပြထားသည်။

    Ref: Alarabiya